မြန်မာ့နွေဦး

ကျောက်တံခါးမြို့နယ် နံဇတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၁ ဦးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရတယ်လို့ NUG ဆို

မဲခေါင် 24 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၄ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာမှာ ဇူလိုင်လ ၁၉ ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ၄၁ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ အမျိုးသား ညီညွှတ်ရေး အစိုးရ- NUGက ဒီကနေ့ အသိပေး ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၄

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာမှာ ဇူလိုင်လ ၁၉ ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ၄၁ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ အမျိုးသား ညီညွှတ်ရေး အစိုးရ- NUGက ဒီကနေ့ အသိပေး ထုတ်ပြန်လိုက်ပါတယ်။

နံဇ ကျေးရွာဟာ ရန်ကုန်-မန္တလေး လမ်းဟောင်းအနီးမှာ ရှိတာဖြစ်ပြီး ရန်ကုန်မြို့နဲ့ မိုင် ၁၀၀ ကျော်သာ ကွားဝေးတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဇူလိုင်လ ၁၉ ရက်၊ ည ၁၁ နာရီခန့်က ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာ အနီး စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီး အင်အား ၄၀၀ ခန့်က စစ်ကြောင်း ၂ ကြောင်းဖြန့် ဝင်ရောက်လာရာက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒီလို စစ်ကြောင်းခွဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF ၊ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဗိုလ်ကြီးအဆင့် အပါအဝင် ၃၃ ဦး သေဆုံးကာ တပ်ရင်းမှူး အပါအဝင် ၄၈ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ NUG ကပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ ၄၈ ဦးအနက် ၂၀ ဦးကို အတွင်းလူနာအဖြစ် တောင်ငူဆေးရုံမှာ ကုသနေပြီး ဒဏ်ရာ ပြင်းထန်တဲ့ စစ်သား ၈ ဦး ထပ်မံ သေဆုံးခဲ့တာကြောင့် စုစုပေါင်း ၄၁ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း KNLA/PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တစ်ဦး ကျဆုံးကာ တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ နံဇ ကျေးရွာ အနီးတစ်ဝိုက်မှာ တိုက်လေယာဥ်နဲ့ ခြိမ်းခြောက် ပျံသန်းမှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

MK-007

#MekongNews

#ကျောက်တံခါး

#နံဇကျေးရွာ

#NUG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုံးကိုးမြို့က KIA ရုံးကို MNDAA ချိတ်ပိတ် စာကပ်

၊ မုံးကိုးမြို့ထဲက ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA) ရဲ့ မြို့နယ်ရုံးကို ကိုးကန့် MNDAA တပ်ဖွဲ့က ချိပ်ပိတ် စာလာကပ်ထားကြောင်း ‌KIA အသိုင်းအဝိုင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖာပွန်အခြေစိုက် ခမရ-၄၃၄ တပ်ရင်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ-၄၃၄ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now