မဲခေါင်၊ ဖေဖော်ဝါရီ ၁၀
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ နှစ်မြောက်နေ့မှာ အသံတိတ်သပိတ်ပြုလုပ်တာ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံရေးသီချင်းတွေသီဆိုခဲ့တာကြောင့် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက် ဖိနှိပ်မှု့တွေပြုလုပ်နေတယ်လို့ ကျိုက်မရောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ ဒီအာဏာသိမ်း နှစ်ပတ်လည်မှာ နိုင်ငံရေးတေးသီချင်းတွေ ဆိုလို့ဆိုပြီးထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေကို တင်းကြပ်ဖိနှိပ်မှု့တွေရှိနေပါတယ်” လို့ သူက ပြောပါတယ်။
ကျိုက်မရောအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ နီးပါ အကျဉ်းကျနေတာဖြစ်ပါတယ်။
စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ထိနိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ကောက်ယူထားခဲ့ထားခဲ့တဲ့ စာရင်းများအရ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံရသူစုစု ပေါင်းဟာ ၁၃၈၇၀ ဦးထိရှိနေပြီး ၂၃၉၉ ဦးဟာထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရပါတယ်။
#MeKongNews
#ကျိုက်မရောထောင်
#နိုင်ကျဉ်း