စီးပွားရေး

အင်းလေးဒေသမှာ စက်သုံးဆီပြတ်လပ်၊ သိုလှောင်ထားတဲ့ ဆိုင်တွေ ဓာတ်ဆီ တစ်လီတာ ၆,၀၀၀ ကျပ်အထိ ဈေးတင်ရောင်းချ

မဲခေါင် 8 Dec - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ကျေးရွာ အများစုမှာ စက်သုံးဆီ ပြတ်လပ်နေပြီး သိုလှောင်ထားတဲ့ ဆိုင်တွေက ဓာတ်ဆီ တစ်လီတာ ၆,၀၀၀ ကျပ်အထိ ဈေးတင် ရောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ကျေးရွာ အများစုမှာ စက်သုံးဆီ ပြတ်လပ်နေပြီး သိုလှောင်ထားတဲ့ ဆိုင်တွေက ဓာတ်ဆီ တစ်လီတာ ၆,၀၀၀ ကျပ်အထိ ဈေးတင် ရောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ပထမပတ်ကစပြီး တစ်နိုင်ငံလုံး စက်သုံးဆီ ပြတ်လပ်မှုနဲ့အတူ အင်းလေးဒေသမှာ ပြတ်လပ်လာတာဖြစ်ပြီး ခရီးသွား ဧည့်သည်တွေကို ၀န်ဆောင်မှု ‌ပေးနေတဲ့ စက်လှေမောင်းသူတွေ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ဓါတ်ဆီက ရမရ ကြိုမသိနိုင်ဘူး။ မရတဲ့ရက်ဆို စက်လှေက ထွက်လို့ မရဘူး။ တခါတလေ ရွာပေါင်းစုံ ပတ်ရှာရတယ်။ ကိုယ်ရောက်မှ ဆီကုန်သွားရင်တော့ အရင်းရှုံးတယ်” လို့ အင်းလေးဒေသက စက်လှေမောင်းသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ အင်းလေးဒေသမှာ ဒီဇယ် တစ်ဂါလန် ၂၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ ဓါတ်ဆီ တစ်လီတာ ၆,၀၀၀ ကျပ်ဝန်းကျင် စျေးပေါက်နေပြီး ညောင်ရွှေမြို့က တစ်ဆင့် ယူရောင်းရတာကြောင့် အခုလို ဈေးမြင့်နေတာလို့ စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင်တွေက ဆိုပါတယ်။

“ဒီနောက်ပိုင်း တိုးတက်လာတော့ ရိုးရိုးလှော်ရတဲ့ လှေတွေမှာ Honda အင်ဂျင် တပ်မောင်းကြတာ။ ဒေသအခေါ် အောက်ပိုင်းရှည်ပေါ့။ အရင်ကဆို တစ်လီတာ ရှစ်ရာ တစ်ထောင်ပဲ။ ဟိုသွားဒီသွား ၂ ရက်လောက်က အေးဆေးရတယ်။ အခုက ၆,၀၀၀ ဆိုတော့ လှေပဲ ပြန်လှော်နေရတယ်။ အချိန်တွေ ပိုကုန်ပြီး လူပင်ပန်းတာပေါ့” လို့ အင်းလေးဒေသခံ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အင်းလေး-ညောင်ရွှေ ခရီးသည် တစ်ဦးကို စက်လှေခ ၂,၅၀၀ ကျပ် သတ်မှတ်ထားရာ လက်ရှိ ခရီးစဥ် တစ်ခေါက် ဒီဇယ် တစ်ဂါလန် ၂၀,၀၀၀ ကျပ် ကုန်ကျလို့ စက်လှေသမားတွေ တွက်ခြေမကိုက် ဖြစ်နေပြီး စက်လှေခ ဈေးထပ်တက်ပါက ခရီးသည် မရတော့မှာလည်း စိုးရိမ်နေရတယ်လို့ စုံစမ်း သိရပါတယ်။

CJ-007

#MeKongNews

#အင်းလေးဒေသ

#စက်သုံးဆီ

#စက်လှေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် ပြည်သူတွေ စိုးရိမ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သာလေးကျေးရွာမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် စစ်မှုထမ်း အကြုံးဝင်သူတွေရဲ့ မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေရတယ်လို့ စုံစမ်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now