ဒေသတွင်းသတင်း

လောက်ကိုင်တွင် နေထိုင်ခွင့်ကဒ်ရှိသူတွေပါ အဖမ်းခံနေရ

မဲခေါင် 26 Mar - 2024
MNDAA အုပ်ချုပ်ရေးမှာ နေထိုင်ခွင့်ကဒ်ရှိသူတွေပါ ဖမ်းခံနေရတယ်လို့ မတ်လ၂၄ ရက်က အဖမ်းခံရပြီး ပြန်လွတ်လာတဲ့ နမ္မတူ မြို့သူ ၁ ဦးက အများပြည်သူသိစေရန် လူမှုကွန်ရက်ပေါ်တင်တဲ့ ရုပ်သံဖိုင်အရ သိရပါတယ်။

မဲခေါင်၊ မတ် ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ MNDAA အုပ်ချုပ်ရေးမှာ နေထိုင်ခွင့်ကဒ်ရှိသူတွေပါ ဖမ်းခံနေရတယ်လို့ မတ်လ၂၄ ရက်က အဖမ်းခံရပြီး ပြန်လွတ်လာတဲ့ နမ္မတူ မြို့သူ ၁ ဦးက အများပြည်သူသိစေရန် လူမှုကွန်ရက်ပေါ်တင်တဲ့ ရုပ်သံဖိုင်အရ သိရပါတယ်။

အဖမ်းခံရသူတွေဟာ နေထိုင်ခွင့်ရရှိပေမယ့် ကဒ်မရှိသူတွေနဲ့ အတူတူသွားလာလို့ ဆိုပြီး မတ်လ ၁၉ ရက်က ဖမ်းခံထားရပြီး မတ်လ ၂၄ ရက်နေ့တွင်မှ ပြန်လည်လွှတ်ပေးခံရတယ်လို့ ပြောပါတယ်။

“လောက်ကိုင်ကို မလာကြနဲ့အုံးလို့၊ တိုင်းရင်းသားဖြစ်ဖြစ် ဗမာလူမျိုးဖြစ်ဖြစ် လောက်ကိုင်အဝင်မှာ အရမ်းအဖမ်းအဆီးများတယ်၊ ကဒ်မရှိတဲ့ သူနဲ့ရှိတဲ့သူတွဲသွားရင်လဲ ဖမ်းတယ်၊ အဆင်းလဲကဒ်မရှိရင်ဖမ်းတယ်၊ ပေးမထွက်ဘူး” လို့ ပြောပါတယ်။

ဒီနေ့မှာလည်း လောက်ကိုင်က ဗမာတန်းကို စက်ယန္တရားတွေနဲ့ ဖျက်ဆီးနေပြီလို့ မြေပြင်သတင်းတွေအရ မဲခေါင်းသတင်းဌာနက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်က ရှမ်းပြည်နယ်အထူးဒေသ(၁) စစ်ရေးအုပ်ချုပ်မှုကော်မတီရဲ့ အထူးဒေသအတွင်း ဒေသပြန်လည်တည်ဆောက်ရေးအတွက် အလုပ်သမားတွေနဲ့ နည်းပညာရှင်တွေ အမြောက်အများလိုအပ်နေပြီး လုပ်ငန်းပိုင်ရှင်က မိမိသဘောနဲ့ အလုပ်သမားတွေကို ခေါ်ယူခွင့်ပြုသော်လည်း လုံခြုံရေးအတွက် စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

အလုပ်သမားတွေအားလုံး အထူးဒေသရဲတပ်ဖွဲ့မှာ နေထိုင်ခွင့်ကဒ်လုပ်ရမှာဖြစ်ပြီး ရပ်ကွက်ပြောင်းရွေ့နေထိုင်ခွင့် မပြုဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ယခု အဖမ်းခံထားရတဲ့သူတွေအခြေအနေနဲ့ နေထိုင်ခွင့်ကိစ္စရပ်များကို မေးမြန်းအတည်ပြုနိုင်ရန် MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းအား မဲခေါင်က ဆက်သွယ်ပေမယ့် ဆက်သွယ်ခွင့် မရခဲ့ပါဘူး။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုံးကိုးမြို့က KIA ရုံးကို MNDAA ချိတ်ပိတ် စာကပ်

၊ မုံးကိုးမြို့ထဲက ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA) ရဲ့ မြို့နယ်ရုံးကို ကိုးကန့် MNDAA တပ်ဖွဲ့က ချိပ်ပိတ် စာလာကပ်ထားကြောင်း ‌KIA အသိုင်းအဝိုင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖာပွန်အခြေစိုက် ခမရ-၄၃၄ တပ်ရင်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ-၄၃၄ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now