ဒေသတွင်းသတင်း

လားရှိုးမြို့မစျေးက ဇွဲထက်ရွှေဆိုင် ဗုံး​ပေါက်၊ ဝန်ထမ်း ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

မဲခေါင် 15 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မစျေးက ဇွဲထက်ရွှေဆိုင်မှာ ဒီကနေ့မနက် ၈ နာရီ ဝန်းကျင်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဆိုင်ဝန်ထမ်းတွေ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မစျေးက ဇွဲထက်ရွှေဆိုင်မှာ ဒီကနေ့မနက် ၈ နာရီ ဝန်းကျင်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဆိုင်ဝန်ထမ်းတွေ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။

ဆိုင်ဖွင့်ပြီး မကြာခင် အခုလို ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး စျေးသွားစျေးလာတွေတော့ ထိခိုက်မှုမရှိပေမဲ့ ဆိုင်တွင်းက ဝန်ထမ်းတွေတော့ အတော်များများထိခိုက်သွားတယ်လို့ သူကဆိုပါတယ်။

“ ကျွန်မတို့နဲ့က နီးနီးလေး။ အဲ့အချိန်က ကျွန်မလည်း အိပ်နေတုန်း။ အမေကတော့နိုးနေပြီ စျေးသွားဖို့လုပ်နေတာ။ အသံအကျယ်ကြီးပဲ။ အိပ်ချင်မူးတူးဆိုတော့ လန့်ပါ လန့်တယ်။ အပြေးသွားကြည့်တော့ ဆိုင်ရှေ့မှာ ရစရာမရှိဘူး။ ပြောတာတော့ ဆိုင်ရှေ့က ဆိုင်ကယ်နားကနေ ကွဲတယ်ပြောတာပဲ” လို့ သူကရှင်းပြပါတယ်။

ပေါက်ကွဲမှုကြောင့် ဇွဲထက်ရွှေဆိုင်မျက်နှာရှေ့က ဆိုင်ကယ်တစ်စီးအပါအဝင် ဆိုင်ခန်းနဲ့ ဝန်ထမ်းအများအပြားလည်း မိုင်းစ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

လာရှိုးမြို့ဟာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေသာ အဓိက လှုပ်ရှားနေတာဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့လဲဆိုတာကိုတော့ မဲခေါင်သတင်းအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ထိခိုက်ဒဏ်ရာရတဲ့ ဝန်ထမ်းတွေကိုတော့ ဆေးရုံကားတွေနဲ့ တင်ဆောင်သွားကာ မျက်မြင်တွေ့သူရဲ့အဆိုအရ ၅ ဦးထက်မနည်းရှိတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်သားတစ်ချို့ရောက်နေပြီး စစ်ဆေးမှုတွေပြုလုပ်နေတာကြောင့် မြို့မစျေးတစ်ဝိုက်မှာ လူသွားလူလာမရှိတော့ဘူးလို့ ဆိုပါတယ်။

MK-007

#လားရှိုး

#ဇွဲထက်

#ဗုံးပေါက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် ပြည်သူတွေ စိုးရိမ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သာလေးကျေးရွာမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် စစ်မှုထမ်း အကြုံးဝင်သူတွေရဲ့ မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေရတယ်လို့ စုံစမ်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now