စစ်ရေးသတင်း

နောင်ချို သရက်ကုန်းရွာတိုက်ပွဲ စစ်ကောင်စီ ၂၁ ယောက်သေ၊ မန္တလေး PDF ဘက်ကလည်း ကျဆုံးမှုတွေရှိ

မဲခေါင် 17 Apr - 2024
စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဧပြီ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၁ ယောက်သေတယ်လို့ မန္တလေး PDF က ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၁၆

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဧပြီ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၁ ယောက်သေတယ်လို့ မန္တလေး PDF က ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကူလာတဲ့ စစ်ကြောင်း ၂ ခုကိုလည်း မန္တလေး PDF ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး အကျအဆုံးများစွာနဲ့ ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

“မနေ့က ညနေပိုင်း စခန်းကို အပြီးသတ်ရရှိခဲ့တာပါ၊ ရန်သူ့ဘက်ကထိခိုက်မှု တော်တော်များနိုင်တယ်ဗျ၊ စကစအလောင်းချည်းပဲ (၂၁) လောင်းရတယ်၊ လက်နက်ငယ်ကလည်း (၄၀) ကျော်ရတာဆိုတော့ သူတို့တော်တော်ထိနိုင်တယ်ဗျ၊ MDY PDF ဘက်မှာလည်း ထိခိုက်ကျဆုံးမှု အချို့ရှိခဲ့ပါတယ်” လို့ မန္တလေး PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မန္တလေး PDF ဘက်ကလည်း ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ ကိုအော်စမွန်က မပြောပြပါဘူး။

တိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁) ခု၊ ခဲယမ်းအမြောက်အများ သိမ်းမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က သရက်ကုန်းရွာကို ပြန်ရဖို့ ကြိုးစားနေပြီး လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ် နေတာကြောင့် ပြည်သူ့နေအိမ်တွေ ထိခိုက်မှုရှိပေမယ့် အသေးစိတ်စုံစမ်းနေဆဲဖြစ်တယ်လို့ ကိုအော်စမွန်က ပြောပါတယ်။

“ (စစ်ကောင်စီဘက်က) လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ရှိခဲ့ပါတယ်” လို့ သူက ဆက်ပြောပါတယ်။ ဒီတိုက်ပွဲမှာ မန္တလေး PDF ချည်းပဲ တိုက်ပွဲဝင်ခဲ့တာလို့လည်း သိရပါတယ်။

သရက်ကုန်းကျေးရွာမှာ စစ်ကောင်စီက သာသနာ့နယ်မြေဖြစ်တဲ့ စေတီပေါ်နဲ့စာသင်ကျောင်းတွေမှာပါ အခိုင်အမာ တပ်စွဲခံစစ်ပြင်ထားတာ တွေ့ရှိရတယ်လို့ မန္တလေး PDF က ဓာတ်ပုံတွေနဲ့ ဒီနေ့ ဧပြီ ၁၆ မှာ ထုတ်ပြန်ပါတယ်။

မန္တလေး PDF ဟာ ဧပြီ ၁၄ ရက် ည ၉ နာရီအချိန်ကလည်း ပြင်ဦးလွင်မြို့ရှိ DSA ကျောင်းကို ရှော့တိုက်ဒုံးအလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ ရှော့တိုက်ဒုံးတွေဟာ ကျောင်းဝင်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

နှစ်သစ်ကူးကာလမှာ ရန်သူရဲ့ အသဲနှလုံးမြို့တော်ကို ပစ်ခတ်တိုက်ခိုက်တာနဲ့ စခန်းတစ်ခုသိမ်းပိုက်ခဲ့ခြင်းဟာ ပြည်သူကိုပေးတဲ့ နှစ်သစ်ကူးလက်ဆောင်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆင်ဘို ခလရ – ၁၄၁ စစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဧရာဝတီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ၁၄ မိုင်ခန့်အကွာမှာ ရှိတဲ့ ဆင်ဘိုမြို့ အနီးက စစ်ကောင်စီ ခလရ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်က ရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် စစ်မှုထမ်းဖို့ လူသစ်စု

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ မက်ကျန်ပြည်သူ့စစ် အဖွဲ့တွေဟာ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းပြီး ပအိုဝ်းပြည်သူ့စစ် စစ်ဆေးရေးဂိတ်နဲ့ပူးပေါင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်မှာ စစ်အာဏာသိမ်း ကာလကတည်းက အထိုင်ချထားတဲ့ ကံကြီး-သံလမ်း စစ်ဆေးရေးဂိတ်ကို အပြီးတိုင်ဖျက်သိမ်းလိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် တစ်အိမ်ကို ငွေကျပ် ၄၀,၀၀၀ နီးပါး ကောက်ယူနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်မှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တစ်အိမ်ကို ငွေကျပ် ၃၆,၅၀၀ ကျပ် ကောက်ယူနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီးမော့ဆိုက စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ မိုးကာလိုအပ်နေ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ရှောင်‌နေရတဲ့ စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ မိုးကာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ဧပြီလ ၂၈ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် သဘက်ချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ကျေးရွာက သဘက်ချောင်းတံတားဟာ ဧပြီလ ၂၇ရက်ညပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် တစ်အိမ်ကို ငွေကျပ် ၄၀,၀၀၀ နီးပါး ကောက်ယူနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်မှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တစ်အိမ်ကို ငွေကျပ် ၃၆,၅၀၀ ကျပ် ကောက်ယူနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး၀န်ကြီးဌာနက ဒီနေ့ ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now