ဒေသတွင်းသတင်း

တာချီလိတ်မှာ အဖမ်းအဆီးများလို့ ကျားဖြန့်လုပ်ငန်းတွေ မိုင်းဆတ်၊ မိုင်းတုံဘက် ပြောင်းရွေ့နေ

မဲခေါင် 30 Jan - 2024
ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ တာချီလိတ်ဖက်မှာ အဖမ်းအဆီးများနေတာကြောင့် မိုင်းဆတ်၊ မိုင်းတုံ ဖက်သို့ ပြောင်းရွှေ့နေကြတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၀

ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ တာချီလိတ်ဖက်မှာ အဖမ်းအဆီးများနေတာကြောင့် မိုင်းဆတ်၊ မိုင်းတုံ ဖက်သို့ ပြောင်းရွှေ့နေကြတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

တာချီလိတ်မှာ ကျားဖြန့်လုပ်ငန်းလုပ်ဆောင်နေသူ ၅၀၀ နီးပါး ဖမ်းဆီးခံထားရပြီးနောက် လုပ်ငန်းခေါင်းဆောင်တွေက မိုင်းဆတ် ၊ မိုင်းတုံဖက်သို့ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ ပြောင်းရွှေ့နေကြတယ်လို့သိရပါတယ်။

“ကားအကောင်းတွေနဲ့ လွယ်ဆမ်ဆွန်က ရာဘာခြံကို ဖြတ်ဆင်းပြီး မိုင်းဆတ်၊ ဝမ်ဟုန် အဲဒီကနေ ဟိုပန်ဟိုရွက်၊ မိုင်းကျွတ်၊ ဟွေအောဖက်ကို သွားကြတယ်၊ မိုင်းဆတ်၊ နဲ့ မိုင်းတုံ မြို့တွေကို ဝင်စရာမလိုတဲ့ လမ်းတွေက သွားတာ၊ တစ်ခါသွားရင် ၂၀ ၊ ၃၀ ရှိတယ်၊ မိုင်းကျွတ်မှာ ထိုင်နေတယ်လို့လဲသိရတယ်” လို့ ပြောပါတယ်။

ကျားဖြန့်တွေအနက် တစ်ကယ့် ငွေကြေးတတ်နိုင်သူတွေက ကျိုင်းတုံ ဖက်မပြေးဘဲ မိုင်းဆတ်၊ မိုင်းတုံ ဖက်ပြေးတာလို့ပြောပါတယ်။

တာချီလိတ်မှာလည်း အိမ်ငှားပြီးလုပ်ငန်းတွေ လုပ်ကြကြောင်း၊ အရင်ကတော့ ဟိုတယ်အလတ်စားတွေကို ငှားပြီးလုပ်ကြပေမယ့် နောက်ပိုင်း အဖမ်းအဆီးများလာတော့ ခုလို လူသိပ်မသိနိုင်တဲ့ဂိုထောင်လိုနေရာတွေမှာ ပိတ်လှောင်ထားပြီး လုပ်ငန်းတွေ လုပ်ကိုင်ခိုင်းတာလို့ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၂၉ ရက် နံက်အစောပိုင်းက တာချီလိတ်၊ ဆေခမ်းရပ်ကွက်ကို စစ်တပ်နဲ့ရဲပူးပေါင်းပြီး ဝင်ရောက်စီးနင်းရှာဖွေတာမှာ တရုတ်နိုင်ငံသား ၄၇၅ ဦးနဲ့ အမျိုးသမီး ၂၀ တို့ ဖမ်းဆီးခံခဲ့တယ်လို့သိရပါတယ်။

ဖမ်းမိတဲ့သူတွေကို တာချီလိတ်ကနေ ကျိုင်းတုံကို ပို့ပြီးနောက် ကျိုင်းတုံကတဆင့် မိုင်းလားကို ဆက်ပို့တယ်လို့ ဆိုပါတယ်။

`မိုင်းလားမှာ ကားပေါ်က ခုန်ချထွက်ပြေးတာတွေ၊ ခုန်ချလို့ ကားဘီးနဲ့ကြိတ်မိတာတွေတွေ့ရတယ်၊ နမ့်စန်ဘက်ကလည်း ထောင်ကျော်ပို့တာ” လို့ မိုင်းလားကို ကားဆွဲနေတဲ့ တာချီလိတ်က ကားသမားတစ်ဦးက ပြောပါတယ်။

အထောက်အထားမဲ့တရုတ်နိုင်ငံသားတွေဟာ တာချီလိတ်ဖက်ကို ပါလျိုး၊ ကျိုင်းလပ်၊ ဝမ်ပုံဖက်က ရောက်ရှိလာကြတာဖြစ်ပြီး ဟိုတယ်၊ လုံးချင်းအိမ် စတာတွေကို ဆေခမ်း၊ ဟောင်လိတ်၊ ဝိန်းကျောက်၊ ဝမ်လုံး၊ ဖမ်မင်ကျေးရွာစတဲ့ နေရာတွေမှာ ငှားရမ်းကာ လုပ်ငန်းတွေလုပ်နေကြတာလို့ သိရပါတယ်။

MK – 012

#MeKongNews

#ကျားဖြန့်

#တာချီလိတ်

#မိုင်းတုံ

#မိုင်းဆတ်

#ပြောင်းရွေ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် ပြည်သူတွေ စိုးရိမ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သာလေးကျေးရွာမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် စစ်မှုထမ်း အကြုံးဝင်သူတွေရဲ့ မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေရတယ်လို့ စုံစမ်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now