တာချီလိတ်၊ ရန်အောင်မြေ၊ ပါလျှံ (၁) ရပ်ကွက်ရှိ အိမ်ခန်းတစ်ခုမှာ နေထိုင်တဲ့ လူတွေဟာ ပုံမှာပါတဲ့ ချောကလပ် အလုံးတွေစားပြီး အော့အန်လာတဲ့အတွက် ဆေးရုံကို ပို့ဆောင်ပေးခဲ့တာလို့ သိရပါတယ်။
ခေါင်းမူးဝေ အော့အန်သူတွေထဲက အသက် တစ်နှစ်ကျော်အရွယ်နဲ့ အသက် ၂နှစ်ကျော်အရွယ် ကလေးငယ် ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။
အခုဖြစ်ပွားတာနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကလည်း တာချီလိတ်မြို့မှာ ကော်ဖီ အဖြစ် ပုံဖျက်ထားတဲ့ မူးယစ်ဆေးဝါး တစ်မျိုးကို ဆရာတော် တစ်ပါးနဲ့ ဒကာ ၄ ဦးတို့ သောက်သုံးမိတဲ့အတွက် သတိလစ်မေ့သွားခဲ့ပါသေးတယ်။