ဆောင်းပါး

စစ်ကောင်စီရဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ မှောင်ခိုမှုတွေမှာ ပါဝင်ပတ်သက်ခြင်း

မဲခေါင် 9 Jul - 2023
ဘာသာပြန် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတာနဲ့ NLD အစိုးရလက်ထက်က ဘိန်းနဲ့ မူးယစ်ဆေးကုန်သွယ်မှု စောင့်ကြည့်ရေးတိုးမြှင့်လုပ်ဆောင်ထားမှုတွေအားလုံး ရပ်ဆိုင်းသွားခဲ့ပါတယ်။

ဘာသာပြန်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတာနဲ့ NLD အစိုးရလက်ထက်က ဘိန်းနဲ့ မူးယစ်ဆေးကုန်သွယ်မှု စောင့်ကြည့်ရေးတိုးမြှင့်လုပ်ဆောင်ထားမှုတွေအားလုံး ရပ်ဆိုင်းသွားခဲ့ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုမှာ မြန်မာ စစ်တပ်ရဲ့ သွေးချောင်းစီးသတ်ဖြတ်မှုတွေ မြင့်တက်လာသလိုပဲ တစ်ဖက်မှာလည်း အမျိုးမျိုးသော မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေနဲ့ ပြည်ပကို တင်သွင်းဖြန့်ဖြူးမှုတွေလည်း မြင့်တက်လာပြီး တိုင်းပြည်ဟာ နှစ်ဖက်နာဘဝကို ချက်ချင်းရောက်ရှိသွားတယ်။

အများအားဖြင့် ထုတ်လုပ်လာတဲ့ မူးယစ်ဆေးဝါးတွေက‌တော့ အမ်ဖီတမင်းအမျိုး အစား (ATS) စိတ်ကြွဆေးအနွယ်တွေဖြစ်တဲ့ YABA နဲ့ World is Yours ဆိုတာမျိုးတွေပေါ့။ နေရာဒေသအလိုက် ခေါ်ဆိုမှု အမျိုးမျိုးကွဲလွဲတဲ့ မူးယစ်ဆေးတွေပါ။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ အင်မတန်အမြတ်အစွန်းများတဲ့ တရားမဝင်မူးယစ်မှောင်ခို လုပ်ငန်းထဲ မြန်မာစစ်ဘက်အရာရှိတွေပါ ထဲထဲဝင်ဝင်ပါဝင်နေခဲ့တယ်လို့ အတည်ပြုဖော်ပြထားတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ မတ်လတုန်းက မြန်မာနိုင်ငံရဲ့ ချင်းနဲ့စစ်ကိုင်းတိုင်းအတွင်း ကျွန်တော်ကိုယ်တိုင်သွားရောက် လေ့လာတော့ ဘက်ပေါင်းစုံက လူတွေနဲ့တွေ့ခဲ့ရတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လုပ်၊ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့သူ စစ်ဘက်အရာရှိဟောင်း တစ်ယောက်လည်းပါတယ်။

သူတို့ဟာ အိန္ဒိယ နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်ခိုလှုံနေကြရသူတွေဖြစ်ပြီး မူးယစ်ဆေးဝါးကုန်သွယ်မှုမှာ မြန်မာစစ်တပ်အရာရှိတွေ တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်ပါဝင်နေကြောင်း CDM စစ်အရာရှိဟောင်းက အတည်ပြုပြောဆိုပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ပြောင်းမှုမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ကျေနပ်သင့်တဲ့ အတိုင်းအတာအထိတိုးတက်ခဲ့တယ်။ ၂၀၂၁ မှာ အာဏာသိမ်းပြီးတော့ တိုးတက်မှုနှုန်း ၁၈ ရာခိုင်နှုန်း ကျဆင်းသွားတယ်။ ၂၀၂၂ မှာ တိုးတက်မှုနှုန်းက ၃ ရာခိုင်နှုန်းပဲရှိပြီး တိုင်းပြည်ရဲ့ ကျပ်ငွေတန်ကြေးက ၁၆ ရာခိုင် နှုန်းဖောင်းပွလို့ တစ်ဝက်လောက်အထိ တန်ဖိုးကျဆင်းသွားတယ်။

ဒီလို စီးပွားရေး ဇောက်ထိုးဆင်းတော့ စိုက်ပျိုးမှု အရမ်းကျဆင်းသွားခဲ့ပြီဖြစ်တဲ့ ဘိန်းစိုက်ပျိုးမှုလုပ်ငန်းပြန်ခေါင်းထောင်လာတယ်။ အဓိက ထုတ်လုပ်တာကတော့ ဘိန်းဖြူဆက်စပ်စိုက်ပျိုးမှုတွေပါ။

၂၀၂၂ မှာ မြန်မာနိုင်ငံရဲ့ ဘိန်းဖြူစိုက်ပျိုးမှုက ၃၃ ရာခိုင်နှုန်းအထိ ချက်ချင်းပြန်မြင့်တက်လာပြီး စိုက်ပျိုးမြေပျမ်းမျှ ၄၀၁၀၀ ဟက်တာအထိ ရှိလာတယ်။ ၂၀၂၁ ကထက် ဟက်တာ ၁၀၀၀၀ မြင့်တက်စိုက်ပျိုးလာကြတာဖြစ်တယ်။ ၂၀၁၄ ကစလို့ စိုက်ပျိုးမှုနှုန်းကျဆင်းသွားတဲ့ ဘိန်းစိုက်ခင်းတွေ တစ်ဟုန်ထိုးပြန် ကျယ်ပြန့်လာရတာပဲ။

UNODC အစီရင်ခံစာမှာ ဘိန်းစိုက်ပျိုးမှုပြန်လည်မြင့်တက်လာကြောင်းကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ကလေးပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ အိန္ဒိယနယ်စပ် မီဇိုရမ်ဒေသက ခိုလှုံသူတွေအားလုံးကတည်း အတည်ပြုခဲ့တယ်။

အိန္ဒိယနယ်စပ် ချင်းပြည်နယ် တွန်ဇံမြို့ မြောက်ဘက် တောင်ကြောတွေမှာ ဘိန်းစိုက်ပျိုးမှုတွေ များပြားစွာတည်ရှိလာတယ်။ ချင်းပြည်နယ်အပြင် အိန္ဒိယရဲ့ မဏိပူရနယ်စပ်နဲ့ကပ်လျက် စစ်ကိုင်းတိုင်းဒေသတွေမှာပါ ဘိန်းတွေ စိုက်လာကြတယ်။ ဒီစိုက်ပျိုးမှုတွေမှာ ရင်းနှီးမြှုပ်နှံသူအမျိုးမျိုးအပြင် မြန်မာစစ်တပ်ရဲ့ တစ်စိတ်တစ်ဒေသကလည်း ပါဝင်ပတ်သက်နေခဲ့တယ်။

မနှစ်က အိန္ဒိယလူမှုသိပ္ပံသုတေသနကောင်စီ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ စိုက်ပျိုးထုတ်လုပ်လိုက်တဲ့ ဘိန်းတွေကို ချက်လုပ်ဖို့ မြန်မာနိုင်ငံတွင်းက ဓာတ်ခွဲခန်းအသီးသီးဆီ ပို့ဆောင်စေတယ်လို့ ပါရှိတယ်။

မြန်မာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက စစ်တပ်က အသစ်မွေးလိုက်တဲ့ ပျူစောထီးတပ်တွေဟာ စစ်တပ်နဲ့ မဟာမိတ်ဖွဲ့ထားသူတွေဖြစ်လို့ ဘိန်းတွေကို ဓာတ်ခွဲခန်းတွေပို့ဖို့ သယ်ဆောင်ရေးနဲ့ ဘိန်းဖြူထုတ်လုပ်ပြီးချိန် နေရာနယ်ပယ်အသီးသီးဆီ ပြန်လည်ဖြန့်ဖြူးရေးမှာ အဓိက ပါဝင်လှုပ်ရှားကြတယ်လို့ ဆိုတယ်။

တွန်းဇံမှာ ဇိုမီးတော်လှန်ရေးတပ်မတော်-အရှေ့တိုင်းစစ်ဌာနချုပ် (ZRA-EC) က ဘိန်းစိုက်ပျိုးရေး၊ ပို့ဆောင်ရေးနဲ့ ရှမ်းပြည်နယ်ထဲက ဓာတ်ခွဲခန်းတွေမှာ ဘိန်းထုတ်ဖို့ စီစဉ်တဲ့အပိုင်းမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲမှုတွေရှိတယ်။ ZRA-EC တပ်ဟာ စစ်ကောင်စီ ဆန့်ကျင်တော်လှန်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ခဲ့တဲ့ တပ်ပါ။

ကလေး PDF ထူထောင်သူ ပူဗီလာ (Pu Vela) က “ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုက ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်။ တွန်းဇံမှာ ZRA က စစ်အစိုးရကို ထောက်ပံ့ပေးနိုင်ရေးအတွက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ အဓိက ပါဝင်ပတ်သက်တယ်” လို့ ပြောပြသွားတယ်။

ပူဗီလာပြောစကားကို ကိုယ်တိုင်အတည်ပြုပြီး မှန်ကန်ကြောင်းမပြောနိုင်ပေမယ့် အိန္ဒိယအစိုးရ စီနီယာအရာရှိကြီးတစ်ဦးက သူတို့နိုင်ငံအရှေ့မြောက်ဘက်စွန်း မဏိပူရ ပြည်နယ် ချာရာချန်ပါခရိုင်က ဘိန်းစိုက်ခင်းတွေကြီးထွားလာမှုရဲ့ တစ်စိတ်တစ်ဒေသ ဦးဆောင်အဖွဲ့ခွဲတစ်ခုဖြစ်တယ်လို့ အတည်ပြုထားတာနဲ့ယှဉ်ရင် ဖြစ်နိုင်ချေအများကြီးရှိနေပါတယ်။

ရှမ်းပြည်နယ်ကလည်း ရွှေတြိဂံကို ဗဟိုပြုပြီး ဟီးရိုးအင်းနဲ့ ATS မူးယစ်ဆေးဝါးတွေကို ထုတ်မြဲထုတ်နေတာပါပဲ။ ၂၀၂၁ အာဏာမသိမ်းမီ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဒီဒေသက ဘိန်းနဲ့ မူးယစ်ဆေးအမျိုးမျိုးအဓိက ထုတ်လုပ်ဖြန့်ဖြူးရာဒေသဖြစ်တယ်။ အရင်ကတည်းက ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်တယ်။ ဒါကို ဘိန်းဖြူချက်ဖို့ နိုင်ငံတခြားဒေသတွေကနေ လိုအပ်တဲ့ဓာတုပစ္စည်းတွေရယူပြီး ဘိန်းချက်တယ်။ မူးယစ်ဆေးဝါးမျိုးစုံ ထုတ်ခဲ့တယ်။

စစ်ကိုင်းက တမူး PDF နဲ့ ပူးပေါင်းခဲ့တဲ့ မြန်မာ စစ်တပ်ပြေးတစ်ဦးက မြန်မာနိုင်ငံမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဟာ နိုင်ငံတွင်း ဟီးရိုးအင်းနဲ့ ATS တွေ အဓိက ထုတ်လုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့လို့ ပြောပြတယ်။

RCSS ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် NCA ကို ၂၀၁၅ မှာ လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ထဲမှာ ပါဝင်ပါတယ်။ တခြား EAOs တွေလို မြန်မာစစ်တပ်နဲ့ ပဋိပက္ခအသွင်ဆောင်တဲ့သူတွေကိုလည်း မကူညီ၊ ပါဝင်ပတ်သက်မှုမရှိတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

“RCSS ဟာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဘိန်းဘုရင် ခွန်ဆာနဲ့လည်း ပတ်သက်တယ်။ အခုတော့ ခွန်ဆာက ဆုံးသွားပါပြီ။ သူတပ်က Mong Tai Army။ ဒီကနေ ဆင်းသက်လာတဲ့ RCSS က မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ပတ်သက်တာ မဆန်းပါဘူး။ ခွန်ဆာလက်ထက်ကတည်းက မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ်ဆက်သွယ်ပေါင်းသင်း ခဲ့ကြတယ်။ တပ်ပြေးက ကျွန်တော်တမူးရောက်တုန်း မတ် ၂၄ ရက်နေ့က ပြောပြတယ်။

RCSS ဟာ ရှမ်းပြည်နယ်ထဲက မူးယစ်ဆေးဝါးထုတ်လုပ်သူများစွာထဲက တစ်ဖွဲ့အပါအဝင်ဖြစ်တယ်လို့ ပြောပြသွားတယ်။ ဒါဟာ မြန်မာ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှုမှာ တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်ပါဝင်ပတ်သက်ခြင်းဖြစ်ပါ တယ်။

“ရှမ်းပြည်ကနေ မြန်မာနိုင်ငံအနှံအပြားကို ထုတ်လုပ်ပြီးသား ဘိန်းနဲ့ မူးယစ်ဆေးတွေက နည်းလမ်းပေါင်းများစွာ၊ လမ်းကြောင်းပေါင်းများစွာနဲ့ ပျံ့နှံ့တယ်။ ဒါကို NLD အစိုးရလက်ထက်က စောင့်ကြည့်စနစ်တွေတိုးမြှင့်ပြီး ပိတ်ဆို့ တားဆီးနိုင်ဖို့ ကြိုးစားခဲ့တယ်။ စစ်အာဏာသိမ်းပြီးချိန်မှာတော့ ဒီလုပ်ငန်းစဉ်တွေ ရပ်တန့်သွားခြင်းနဲ့အတူ မူးယစ်မှောင်ခိုလုပ်ငန်းတွေဟာ အဆမတန်ကြီးထွားလာတော့တာပါပဲ။

“အာဏာမသိမ်းခင်က NLD အစိုးရဟာ မူးယစ်မှောင်ခိုလမ်းကြောင်းရဲ့ အဓိက အဝေးပြေးလမ်းမကြီး ၃ ရပ်မှာ X Ray စက်ကြီးတွေတပ်ဆင်ပြီး မူးယစ်ဆေးသယ်ဆောင်မှုကို တားမြစ်ဖို့ ညွှန်ကြားခဲ့တယ်။ တစ်ခါကဆို မူးယစ်ဆေးမှောင်ခိုသမားတွေက သူတို့ လုပ်ငန်းအနှောင့်အယှက်ဖြစ်လို့ စက်တစ်လုံးကို ဖျက်ဆီးပစ်ခဲ့ကြသေးတယ်။ အာဏာသိမ်းအပြီးမှာတော့ ဒီ X Ray စက်တွေဟာ တော်လှန်သူတွေ လက်နက်မသယ်ဆောင်နိုင်ဖို့အတွက်သာ သီးသန့် စောင့်ကြည့်တဲ့ အလုပ်ကို လုပ်စေပါတော့တယ်။ မူးယစ်မှောင်ခိုသမားကြီးတွေကို မစစ်တော့ဘူး” လို့ CDM လုပ်ပြီး NUG နဲ့ လက်တွဲခဲ့တဲ့ ကလေးမြို့မြောက်ပိုင်း ရဲစခန်းမှူး ဟန်သာဦးက ပြောပြခဲ့တယ်။

ဒီစခန်းမှူးရဲ့ ထွက်ဆိုချက်က စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် လွှတ်တော်အမတ် သန်ဆိုင်းရဲ့ အဆိုနဲ့လည်း ထပ်တူကျပါတယ်။ သန်ဆိုင်းက “မူးယစ်ဆေး အလုံးအရင်းသွင်းတဲ့ မှောင်ခိုမှုဟာ စစ်တပ်မပါဘဲ ဖြစ်လာနိုင်စရာမရှိပါဘူး။ PDF တွေ ဖမ်းမိခဲ့တဲ့ မူးယစ်မှောင် ခိုသမားတစ်ချို့က သူတို့ စစ်တပ်နဲ့ ဆက်နွယ်ပတ်သက်တာကိုလည်း ဝန်ခံထားကြတယ်” လို့ ကျွန်တော့်ကို ပြောပြခဲ့ကြပါတယ်။

လက်ရှိ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တပ်မှူး၊ အာဏာမသိမ်းမီက ၂ နှစ်ကြာ မြန်မာစစ်တပ်ရဲ့ ကားမောင်းသမားဘဝနဲ့ရှင်သန်ခဲ့ရသူ လိုင်သန်းမာဝိုင်းဟာ အာဏာမသိမ်းမီကတည်းက သူ့အလုပ်ကို မနှစ်မြို လို့ တပ်က ထွက်ခဲ့သူပါ။

“ကျွန်တော်တပ်ကထွက်တာ အာဏာသိမ်းတဲ့အကြောင်းတရားကြောင့်မဟုတ်ဘူး။ ကျွန်တော်က လက်ဝှေ့သမားဖြစ်ချင်ခဲ့တာ။ ဒါပေမဲ့ စစ်တပ်က အရာရှိတချို့ရဲ့ ဆက်ဆံပုံတွေက မိုက်ရိုင်းလို့ ထွက်ခဲ့တာပါ။ စစ်အရာရှိက မြန်မာနိုင်ငံအနောက်ဘက်ခြမ်းက ရခိုင်ကို ကားတစ်စီးနဲ့ မူးယစ်ဆေးတွေ သယ်ခိုင်းတယ်။ ချင်းပြည်နယ်တောင်ကြောတွေကို ၃ ရက်ကြာဖြတ်မောင်းရတယ်။ ကျော်ဖြတ်အိတ်ငယ် အလုံး ၂၀ ကို ဘောနပ်ဖုံးထဲ၊ ထိုင်ခုံတွေအောက်ထဲသယ်ပြီး ၃ ရက်ခရီးသွားခိုင်းတာ။ နံပါတ် ၄ ဘိန်းဖြူတွေပဲဖြစ်မှာပါ။ အဲဒီအချိန်က စစ်ကားဆိုရင် ဘယ်သူကမှ တားဆီးစစ်ဆေးတာ မရှိဘူးလေ။ ဘယ်တော့မှလည်း စစ်ဆေးခံရမှာ မဟုတ်ဘူး” လို့ လိုင်သန်းမာဝိုင်းက ဇန်နဝါရီ ၂၅ ရက် ကလေးမြို့မှာ အင်တာဗျူးတော့ ပြောပြသွားပါတယ်။

မာဝိုင်းဟာ ဒီမူးယစ်ဆေးတွေကို ပလက်ဝမြို့ က မူးယစ်ကုန်သည် လူလတ်ပိုင်းအမျိုးသားတစ်ဦးဆီ ပေးခဲ့တယ်။ ကလေးမြို့ကို ပြန်လာတော့လည်း မင်းလုပ်ရည်ကိုင်ရည်ကောင်းတယ်။ နောက်ထပ် နေရာအနှံ့ ထပ်ခရီးသွားရဦးမယ်ပြောတာနဲ့ သူလည်း တပ်ကနေ ထွက်ပြေးခဲ့တာလို့ ပြောပြသွားတယ်။ သူ့အရာရှိလိုပဲ စစ်တပ်ထဲမှာ မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်နေတဲ့ အရာရှိနောက်ထပ် အများကြီးရှိနေဦးမယ်ဆိုတာလည်း မာဝိုင်းတစ် ယောက် ကောင်းကောင်း သိရှိနားလည်ခဲ့တယ်။

NUG အောက် ခိုလှုံခဲ့တဲ့ ကလေးမြောက်ပိုင်း ရဲစခန်းတပ်ကြပ်ကြီး Nginzakap ဆိုသူကလည်း ကလေးမြို့က စစ်တပ်အရာရှိတွေဟာ မူးယစ်မှောင်ခိုသမားတွေ၊ စိုက်ပျိုးသူတွေ နဲ့ အရင်းနှီးဆုံးဆက်စပ်လုပ်ကိုင်နေခဲ့ကြတာ ကြာခဲ့ပြီလို့လည်း ပြောပြသွားခဲ့တယ်။

ATS ဆိုတဲ့ ဓာတုမူးယစ်ဆေးဝါးတွေ ထွန်းကားလာတော့ ဟီးရိုးအင်းပုံစံခွဲတွေလည်း ဈေးအမျိုးမျိုးနဲ့ ဈေးကွက်ထဲ ပိုမိုပျံ့နှံ့လာတာပါပဲ။ ကလေးကထွက်တဲ့ ဟီးရိုးအင်းတွေထဲမှာ အရင်ကလို အဖြူရောင်သာမဟုတ်ဘဲ အနီရောင်အမှုန့်တွေပါ နယ်စပ်ဖြတ်ကျော်ပြီး မီဇိုရမ်နဲ့ နာဂလန်းပြည်နယ်တွေထဲအထိ ဝင်ရောက်လာတယ်။ ဒီအကြောင်းကို အိန္ဒိယရဲတွေရော၊ မြန်မာဘက်က တော်လှန်ရေးတပ်ဖွဲ့တွေကပါ အတည်ပြုနိုင်ကြတယ်။

မေ ၂၆ ရက်နေ့က မူးယစ်မှောင်ခိုခေါင်းဆောင်တစ်ယောက်က နာဂလန်းမှာ ကျောင်းသားခေါင်းဆောင်တစ်ယောက်ကို ဈေးပေါတဲ့ အဖြူအနီရော ဟီးရိုးအင်းတွေ ရောင်းချသုံးစွဲစေခဲ့ပြီး ဒီကျောင်းသားခေါင်းဆောင် နေအိမ်မှာ သေဆုံး နေခဲ့တာကို တွေ့ရှိရတယ်။ ဆေးတွေကို စစ်လိုက်တော့ တမူးနဲ့ ကလေးမှာ PDF တွေ သိမ်းဆည်းရမိတဲ့ ဟီးရိုး အင်းတွေဖြစ်နေတာ သိရှိခဲ့ရတယ်။ တံဆိပ်ကတော့ Sunflower လို့ခေါ်တဲ့ Shan Flower ဟီးရိုးအင်းတံဆိပ်ပါ။ ရိုးရိုးဟီးရိုးအင်းထက် ဈေးပေါရောင်းပြီး အရည်အသွေးက အညံ့စားဓာတုပစ္စည်းတွေ သုံးထားတဲ့ ဆေးဝါးမျိုးပါ။ မြင်းတွေကို ကျွေးတဲ့ဆေးမျိုးပါပဲ။

တမူးနဲ့ကလေးက မူးယစ်မှောင်ခိုလုပ်သူတွေဟာ လူငယ်လေးတွေ၊ မိန်းကလေးငယ်လေးတွေပဲ များပါတယ်။ သူတို့ကိုယ်တိုင်လည်း ဒီလိုဆေးစွဲနေလို့ သုံးဖို့ငွေရရေး ဆေးရောင်းရသူတွေပါ။ ရှမ်းပြည်နယ်က မူးယစ်ဆေးတွေ ရဖို့ အေးဂျင့်တွေနဲ့ သူတို့ချိတ်ဆက်အလုပ်လုပ်ရတယ်။ အခုတော့ မျိုးကွဲ အပေါစားဟီးရိုးအင်းနဲ့ ATS တွေဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်တစ်နံတစ်လျား ပျံနှံ့ရောက်ရှိနေပါပြီ။

မီဇိုရမ်ပြည်နယ်တစ်ခုထဲမှာပဲ သိမ်းဆည်းရမိတဲ့ ဟီးရီုးအင်းပမာဏက ရူပီး ၂ . ၇၁ ဘီလီယံ (ဒေါ်လာ ၃၃ သန်း) ဖိုးရှိတယ်။ ဒါ ၂၀၂၃ခုနှစ် နဝါရီလေနောက်ပိုင်း ဖမ်းမိရရှိတာတဲ့ ပမာဏပါ။ အာသံရိုင်ဖယ် နယ်ခြားစောင့်တပ်ရဲ့ မနှစ်ကတစ်နှစ်တာ အတွင်း အိန္ဒိယအရှေ့မြောက်ပိုင်းမှာ ဖမ်းဆီးရမိတဲ့ World Is Yours စိတ်ကြွရူးသွပ်ဆေးပြားက အလုံးပေါင်း ၁၂၁၂၃၅၀ ရှိတယ်။ တခြား ယာဘ၊ ဘိန်းနဲ့ သကြားညိုလို ဆေးဝါးတွေလည်း မနည်းမနောပဲ။

အိန္ဒိယ အရှေ့မြောက်ပိုင်းကို မြန်မာနိုင်ငံက စီးဝင်တဲ့ မူးယစ်ဆေးဝါးတွေအားလုံးက အိန္ဒိယနိုင်ငံ ဗဟိုချက်တစ်ခု တည်းအတွက် မှောင်ခိုသွင်းတာမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ကို တစ်ဆင့်သွားတာဖြစ်ပြီး ပြည်ပနိုင်ငံတွေကို တစ်ဆင့် သွားတာမျိုးတွေရှိတယ်။ အာသံနဲ့ ထရိုင်ပူရနယ်တွေကနေ အိန္ဒိယနိုင်ငံ မြို့ကြီးတွေဆီ တစ်ဆင့် တင်ပို့ကြတယ်။

ထိုင်းအစိုးရက မြန်မာနယ်စပ်ဒေသတွေမှာ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းကြီးတွေကို ကမ္ဘာ့အေဂျင်စီအသီးသီးနဲ့ အထူးအားထုတ်ပြီး ဖမ်းဆီးတိုက်ဖျက်နေတာကြောင့် မူးယစ်မှောင်ခိုလမ်းကြောင်းက အိန္ဒိယနယ်စပ်ကနေ ဖောက်ထွက်လမ်းအဖြစ် ပိုလုပ်ဆောင်လာကြတာပဲဖြစ်ပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာရွှေခါး (Dr. Sui Khar) က “ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဈေးကွက်ဖြန့်ဖြူးရေး မူးယစ်မှောင်ခို လမ်းကြောင်းက ပုံစံပြောင်းသွားပါပြီ။ ထိုင်းအစိုးရရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်တွေတိုးမြှင့်လုပ်ဆောင်လာမှုဟာ မှောင်ခိုသမားတွေကို ကြပ်တည်းလာစေလို့ ဒီလူတွေက စစ်ကောင်စီ မဟာမိတ်တွေနဲ့ပေါင်းပြီး အိန္ဒိယနဲ့ အစ္စလာမ္မစ်နိုင်ငံတွေက ဈေးကွက်ကို ပြောင်းလဲ ဦးတည်လို့ ပစ်မှတ်ထားလုပ်ဆောင်လာကြတာပဲဖြစ်တယ်” လို့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

(The Deplomat သတင်းဌာနမှ အိန္ဒိယအနောက်မြောက်ပိုင်း အာသံပြည်နယ် စီနီယာဂျာနယ်လစ် Rajeev Bhattacharyya ရေးသားပြီး ၂၀၂၃ ဇွန် ၂၉ ရက်နေ့မှာ ဖော်ပြလိုက်တဲ့ Myanmar Junta’s Drug Trafficking Links ကို ဘာသာပြန်ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်)

MKF-001

#MeKongNews

#စစ်ကောင်စီ

#ဘိန်း

#မှောင်ခို

#အာသံပြည်

#မြန်မာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now