ဆောင်းပါး

ဟူသီတွေ ဘာလိုချင်နေသလဲ

မဲခေါင် 27 Sep - 2026
~ ဒင်းဒင်း ~ အီရန် ထောက်ခံမှုရထားပြီး ယီမင်နိုင်ငံမှာ လူဦးရေထူထပ်တဲ့ အနောက်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့က လျင်မြန်တဲ့ ထိုးစစ်တစ်ရပ်နဲ့ မဟာဗျူဟာမြောက် အရေးပါတဲ့ ပင်လယ်နီ ကမ်းရိုးတန်းကို ထိန်းချုပ်လိုက်တာကြောင့် မကြာသေးခင် သီတင်းပတ်တွေမှာ ယီမင်မှာ ပြည်တွင်းစစ်မီး ပြန်တောက်လောင်လာခဲ့ပါတယ်။ သူတို့သိမ်းလိုက်တဲ့ နယ်မြေတွေထဲမှာ ကမ္ဘာ့ရေလမ်းကြောင်းမှာ အရေးပါတဲ့ ကျဥ်းမြောင်းတဲ့ ဘက်အယ်လ်မန်းဒက်ဘ် ရေလက်ကြားကို အုပ်မိုးထားတဲ့ မိုခါ ဆိပ်ကမ်းလည်းပါဝင်ပါတယ်။ အီရန်နဲ့ အမေရိကန်၊ အစ္စရေးတို့ကြားက စစ်ပွဲ ၆ လ ကြာပြီးတဲ့နောက်မှာ ကမ္ဘာ့စီးပွားရေး ထပ်မံထိခိုက်လာမလားဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ရေနံဈေးတွေလည်း တက်သွားခဲ့ပါတယ်။ တရားဝင်မဟုတ်တဲ့ ၄ နှစ်ကြာ အပစ်ရပ်စဲမှု ပြိုကွဲသွားလို့ ပြန်ဖြစ်လာခဲ့တဲ့

~ ဒင်းဒင်း ~

အီရန် ထောက်ခံမှုရထားပြီး ယီမင်နိုင်ငံမှာ လူဦးရေထူထပ်တဲ့ အနောက်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့က လျင်မြန်တဲ့ ထိုးစစ်တစ်ရပ်နဲ့ မဟာဗျူဟာမြောက် အရေးပါတဲ့ ပင်လယ်နီ ကမ်းရိုးတန်းကို ထိန်းချုပ်လိုက်တာကြောင့် မကြာသေးခင် သီတင်းပတ်တွေမှာ ယီမင်မှာ ပြည်တွင်းစစ်မီး ပြန်တောက်လောင်လာခဲ့ပါတယ်။

သူတို့သိမ်းလိုက်တဲ့ နယ်မြေတွေထဲမှာ ကမ္ဘာ့ရေလမ်းကြောင်းမှာ အရေးပါတဲ့ ကျဥ်းမြောင်းတဲ့ ဘက်အယ်လ်မန်းဒက်ဘ် ရေလက်ကြားကို အုပ်မိုးထားတဲ့ မိုခါ ဆိပ်ကမ်းလည်းပါဝင်ပါတယ်။ အီရန်နဲ့ အမေရိကန်၊ အစ္စရေးတို့ကြားက စစ်ပွဲ ၆ လ ကြာပြီးတဲ့နောက်မှာ ကမ္ဘာ့စီးပွားရေး ထပ်မံထိခိုက်လာမလားဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ရေနံဈေးတွေလည်း တက်သွားခဲ့ပါတယ်။

တရားဝင်မဟုတ်တဲ့ ၄ နှစ်ကြာ အပစ်ရပ်စဲမှု ပြိုကွဲသွားလို့ ပြန်ဖြစ်လာခဲ့တဲ့ ဟူသီတို့ရဲ့ ထိုးစစ်ကြောင့် နှစ်ဖက်စလုံးမှာ လူတွေ ရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ ပြန်ပြီး မြင့်တက်လာတဲ့ တိုက်ခိုက်မှုတွေကြားမှာ လူပေါင်း ၁၂၀၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂ က ဆိုပါတယ်။

ဟူသီအဖွဲ့ကို ဆန့်ကျင်ပြီး ယီမင်ရဲ့နိုင်ငံတကာ အသိအမှတ်ပြု အစိုးရအဖွဲ့ကို ထောက်ခံတဲ့ အိမ်နီးချင်း ဆော်ဒီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟူသီတို့က ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ဆော်ဒီအနောက်တောင်ပိုင်းကို ပြန်လည်တိုက်ခိုက်ပါတယ်။သူတို့က ပင်လယ်နီမှာ သွားလာနေတဲ့ ဆော်ဒီဆက်စပ် ကုန်တင်သင်္ဘောတွေကိုလည်း တိုက်ခိုက်ပါတယ်။

ဟူသီဆိုတာ ဘယ်သူတွေလဲ

ဟူသီတွေဆိုတာ ယီမင်မြောက်ပိုင်းက လက်နက်ကိုင်ထားတဲ့ နိုင်ငံရေးနဲ့ ဘာသာရေး ရောယှက်အဖွဲ့ဖြစ်ပြီး နိုင်ငံရဲ့ ရှီးယားလူနည်းစု ဇိုင်ဒီမျိုးနွယ်ဝင်တွေ ဖြစ်ပါတယ်။ဟားမားစ်နဲ့ လက်ဘနွန်က ဟဇ်ဘိုလာ အဖွဲ့တွေနဲ့အတူ အမေရိကန်နဲ့ အနောက်တိုင်းကို ဆန့်ကျင်တဲ့ အီရန်ဦးဆောင်တဲ့ “တော်လှန်ရေးဝင်ရိုးတန်း” အဖွဲ့မှာ ပါဝင်တယ်လို့ သူတို့ကိုယ်တိုင် ကြေညာထားပါတယ်။

သူတို့အဖွဲ့က ၁၉၉၀ ကျော်နှစ်တွေမှာ ပေါ်လာပြီး အဖွဲ့နာမည်ကိုလည်း ကွယ်လွန်ပြီးဖြစ်တဲ့ တည်ထောင်သူ ဟူစိန်အယ်လ်ဟူသီကို အစွဲပြုမှည့်ခေါ်ခဲ့ပြီး သူ့ရဲ့ညီ အဗ္ဗဒူမာလစ်အယ်လ်ဟူသီ ဟာ အဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် ၂၀၀၄ ခုနှစ်ကတည်းက ဦးဆောင်နေပါတယ်။

၂၀၀၀ ပြည့်လွန်နှစ်တွေမှာ ဟူသီအဖွဲ့က ယီမင်နိုင်ငံမှာ အာဏာရှင်အဖြစ်ကြာမြင့်စွာ အုပ်ချုပ်ခဲ့သူ သမ္မတ အဗ္ဗဒူဆာလေး အစိုးရကို ပုန်ကန်ထကြွခဲ့ပါတယ်။ ယီမင်မြောက်ပိုင်းက သူတို့အုပ်စုဒေသမှာ ပိုပြီးလွတ်လပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုချင်ခဲ့ကြတာပါ။ ၂၀၁၁ အာရပ်နွေဦး လူထုအုံကြွမှုကာလမှာ သမ္မတ ဆာလေးက သူ့ရဲ့လက်ထောက်ကို အာဏာလွှဲပေးလိုက်ရပြီး ဟူသီအဖွဲ့က မြို့တော် ဆာနားကို သိမ်းပိုက်လိုက်ကြပါတယ်။

ဟူသီအဖွဲ့က တနေ့တခြားအင်အား ကြီးထွားလာခဲ့ကြပြီး ပြီးခဲ့တဲ့ ၂၀၂၅ မှာ သူတို့ရဲ့တပ်ဖွဲ့အင်အားက ၃ သိန်းခွဲအထိရှိလာခဲ့ကာ အခုဆိုရင် ယီမင်နိုင်ငံရဲ့ ၄ ပုံတစ်ပုံနဲ့ ၃ ပုံတစ်ပုံကြားကို ထိန်းချုပ်ထားပေမယ့်လည်း အဲဒီနေရာဒေသတွေမှာ နိုင်ငံရဲ့ လူဦးရေ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းအထိရှိတဲ့ လူဦးရေ သန်း ၃၀ လောက်နေထိုင်ကြတာ ဖြစ်ပါတယ်။

သူတို့အုပ်စုဟာ ဆော်ဒီက ပိတ်ဆို့ထားတာတွေ အဆုံးသတ်တာကို လိုချင်ကြပြီး ယီမင်တစ်နိုင်လုံးကို ထိန်းချုပ်လို့ နိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဝင်ငွေတွေကိုလည်း ရယူချင်ကြပါတယ်။

အမေရိကန်နဲ့ ဆော်ဒီ ဘယ်လိုပါဝင်ပတ်သက်နေတာလဲ

ဟူသီတွေ ယီမင်နိုင်ငံမှာ အာဏာယူပြီး သူတို့ရဲ့ဒေသတွင်းပြိုင်ဘက် အီရန်ရဲ့ အပေါင်းပါ ဖြစ်လာမှာကို ယီမင်နဲ့အိမ်နီးချင်း ဆော်ဒီက စိုးရိမ်ပါတယ်။ ၂၀၁၅ မှာ အာရပ်နိုင်ငံတွေနဲ့ မဟာမိတ်အဖွဲ့ကို ဆော်ဒီက ထူထောင်ခဲ့ပြီး သူတို့က ယီမင်က နိုင်ငံတကာ အသိအမှတ်ပြုအစိုးရ ကိုယ်စား ကြားဝင်ကိုင်တွယ်ပါတယ်။
ဒါပေမယ့်လည်း နှစ်နဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မြေပြင်ထိုးစစ်တွေက ဟူသီတွေကိုသူတို့ထိန်းချုပ်ထားတဲ့ ပိုင်နက်အများစုကနေ မဖယ်ထုတ်နိုင်ခဲ့ဘဲ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတစ်ခုကိုသာ ဖြစ်လာစေခဲ့ပါတယ်။ ၂၀၂၂ မှာ ယာယီအပစ်အခတ်ရပ်စဲမှုတစ်ခုကို ကြားဝင်စေ့စပ်သူတွေကြောင့် ရခဲ့ပါတယ်။

၂၀၂၃ အောက်တိုဘာမှာ ဂါဇာစစ်ပွဲ စတင်ပြီး သိပ်မကြာခင်မှာ အစ္စရေးနိုင်ငံနဲ့ ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့က ကုန်တင် သင်္ဘောတွေကိုဟူသီအဖွဲ့က ဒုံးကျည်တွေ ဒရုန်းတွေ စတင်ပစ်လွှတ်ပါတော့တတေယ်။ ပါလက်စတိုင်းတွေနဲ့ သွေးစည်းညီညွတ်မှု ပြတာလို့ သူတို့က ဆိုပါတယ်။ အနောက်နိုင်ငံတွေက စစ်သင်္ဘောတွေ စေလွှတ်ပြီး အမေရိကန်၊ ဗြိတိန်နဲ့ အစ္စရေးတို့က လေကြောင်းကနေ တိုက်ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတစ်ခုမှာ သူတို့ဘာသာကြေညာထားတဲ့ အစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါ ဟူသီ ထိပ်တန်းလူ အများအပြား သေဆုံးခဲ့ပါတယ်။ ၂၀၂၅ မှာတော့ အပြန်အလှန် ပစ်မှတ်ထားတာတွေကို ရပ်တန့်ကြဖို့ အမေရိကန်နဲ့ ဟူသီတို့ သဘောတူကြပါတယ်။ ဒါပေမယ့်လည်း ၂၀၂၆ မှာ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်တဲ့အချိန်မှာတော့ ဟူသီတွေက ဒုံးကျည်နဲ့တိုက်ခိုက်တာတွေကို ပြန်လုပ်ပါတယ်။

မကြာခင်က စစ်ရှိန်မြင့်တာတွေ ဘယ်လို ဖြစ်လာတာလဲ

တရားဝင် မဟုတ်ခဲ့တဲ့ ဟူသီနဲ့ ဆော်ဒီကြားက အပစ်အခတ်ရပ်စဲမှုဟာ ဒီနှစ် ဇူလိုင်လမှာ စပြီး ပြိုကွဲလာခဲ့တာပါ။ ဆော်ဒီအပေါ် ရေကြောင်းပိတ်ဆို့မှုကို ဟူသီအဖွဲ့ကကြေညာပြီး ဆော်ဒီလေဆိပ်တွေ၊ ရေနံလုပ်ငန်းတွေနဲ့ ပင်လယ်နီသွား ရေနံတင်သင်္ဘောတွေကို ဒုံးကျည်တွေနဲ့ ပစ်ပါတယ်။ ဆော်ဒီရဲ့ နှစ်ပေါင်းများစွာ ပိတ်ဆို့မှုတွေနဲ့ ဆာနားလေဆိပ်တိုက်ခိုက်မှုတစ်ခုကို လက်တုန့်ပြန်တာလို့ သူတို့က ဆိုပါတယ်။

အဲဒီနောက်မှာတော့ စက်တာဘာလထဲမှာ ဟူသီတွေရဲ့ လျင်မြန်လှတဲ့ ထိုးစစ်နဲ့အတူ သူတို့က ယီမင်နိုင်ငံရဲ့ ၈၁ မိုင်ရှည်တဲ့ ပင်လယ်နီ ကမ်းရိုးတန်းနဲ့ အရေးပါတဲ့ပီရင်ကျွန်းကိုပါ သိမ်းပိုက်သွားခဲ့ပါတယ်။

အဲဒီထိုးစစ်ကြောင့်ပဲ ဟူသီအဖွဲ့က ပင်လယ်နီတောင်ဘက် ထွက်ပေါက် ကျဥ်းမြောင်းတဲ့ ဘက်အယ်လ်မန်းဒက်ဘ် ရေလက်ကြားကို ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆော်ဒီဆက်စပ် သင်္ဘောတွေကလွဲပြီး နိုင်ငံတကာ ရေကြောင်းသွားလာမှုအတွက် အန္တရာယ်မရှိဘူးလို့ သူတို့က အခိုင်အမာဆိုပါတယ်။

ဟူသီအဖွဲ့ရဲ့ လုပ်ရပ်တွေက ကမ္ဘာ့ရေနံကုန်သွယ်ရေးမှာ ပြတ်တောက်မှုတွေ ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ပြန်ဖြစ်လာစေခဲ့ပါတယ်။

အာရေဗျကျွန်းဆွယ် တခြားတစ်ဖက်မှာ ရှိတဲ့ ဟော်မုဇ်ရေလက်ကြားက အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ စစ်ပွဲကြောင့် ရေကြောင်းသွာလာမှုကို ကန့်သတ် ခံထားရချိန်မှာ ဘက်အယ်လ်မန်းဒက်ဘ် ရေလက်ကြားဟာ ဆော်ဒီရေနံတွေကို ပြည်ပတင်ပို့နိုင်ဖို့ ပိုပြီး အရေးပါလာခဲ့တာ ဖြစ်ပါတယ်။

ဟူသီအဖွဲ့က ဆော်ဒီတို့ရဲ့ ရေနံလုပ်ငန်းတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ အီရန်ကထောက်ပံ့ထားတဲ့ အီရတ်စစ်သွေးကြွတွေကို အပြစ်တင်ကြတဲ့ ဆော်ဒီအရှေ့-အနောက်ရေနံပိုက်လိုင်း တိုက်ခိုက်မှုတွေ ဖြစ်လာတော့ အခြေအနေက ပိုဆိုးလာပြီး အနောက်တိုင်းက တစ်ဖန်ဝင်ပါရမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ထိုးစစ်ဆင်မှု ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာ ဟူသီအဖွဲ့ကို တိုက်ခိုက်ဖို့ ဆော်ဒီမှာ အာဏာအရှိဆုံး အိမ်ရှေ့မင်းသား မိုဟမ်မက်ဘင်ဆယ်လ်မန်နဲ့ ယီမင်အစိုးရကပါ သမ္မတ ထရမ့်ကို တောင်းဆိုခဲ့တယ်လို့ မီဒီယာသတင်းတွေက ဆိုပါတယ်။ သို့ပေမယ့် ဟူသီတွေက အမေရိကန်ပစ်မှတ်တွေကို တိုက်ခိုက်တာ မရှိဘူးဆိုပြီး ထရမ့်က တိုက်ဖို့ငြင်းဆန်ခဲ့ပါတယ်။ ဗြိတိန်ကတော့ ဆော်ဒီတိုက်လေယာဥ်တွေ ဆီပြန်ဖြည့်ဖို့ စစ်လေယာဥ်တွေ စေလွှတ်ပေးဖို့ ဆော်ဒီတောင်းဆိုမှုကို ခံစစ်အတွက်သက်သက်ဆိုပြီး သဘောတူခဲ့ပါတယ်။

ဟူသီတွေကို ဘယ်သူက ငွေကြေးထောက်ပံ့ အကူအညီပေးနေတာလဲ

ယီမင်ပြည်တွင်းစစ်ကာလအတွင်းမှာ ကုလသမဂ္ဂရဲ့ လက်နက်တင်ပို့မှု ပိတ်ပင်မှုတွေကို ချိုးဖောက်ပြီး ဒရုန်းတွေ ၊တာလတ်ပစ် နဲ့ ပဲ့ထိန်းဒုံးကျည်တွေကို အီရန်က ယီမင်နိုင်ငံဆီ ခိုးကြောင်ခိုးဝှက်ပို့ခဲ့တယ်လို့ ဆော်ဒီနဲ့ အနောက်နိုင်ငံတွေက ဆိုကြပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၊ လက်ဘနွန်က ဟဇ်ဘိုလာလှုပ်ရှားမှု နဲ့ အီရန် စပါယ်ရှယ်လစ်တွေဆီက ရရှိခဲ့တဲ့ ပစ္စည်းကိရိယာ အကူအညီနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကနေ ဟူသီအဖွဲ့ဟာ အင်အားကြီးမားတဲ့ စစ်ရေးအဖွဲ့အစည်းအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်လို့ ၂၀၂၄ မှာ ကုလကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အတိတ်ကာလတုန်းက အီရန်က ဟူသီအဖွဲ့ဆီ အပြည့်အစုံ ထုတ်လုပ်တပ်ဆင်ပြီးသား လက်နက်တွေကို ပေးပို့ခဲ့ပေမယ့်လည်း အခုအချိန်မှာ ယီမင်ဟူသီတွေက သူတို့ဘာသာ တပ်ဆင်နေနိုင်ပြီဖြစ်တာကြောင့် လက်နက်အစိတ်အပိုင်းတွေကို အီရန်ဘက်က ပို့ဆောင်မှုများလာခဲ့ပြီး အဆင့်မြင့် ဒုံးကျည်နည်းပညာတွေကိုပါ လွှဲပေးနေတယ်လို့ ၂၀၂၆ မေလ ပဋိပက္ခလက်နက်တပ်ဆင်မှုသုတေသနအဖွဲ့ (CAR) က အီရန်စစ်ပွဲအစမှာ ထုတ်ပြန်ပြောကြ ားပါတယ်။

အီရန်ကတော့ ဟူသီတွေကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတာကို ငြင်းဆိုပြီး သူတို့ကို နိုင်ငံရေးအရ ထောက်ခံမှုပဲ ပေးတယ်လို့ ဆိုပါတယ်။

BBC
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Binance ကို ဒူးထောက်သွားစေခဲ့တဲ့ ကမ္ဘာ့အဆင့် ဟက်ကာတွေကို မြောက်ကိုရီးယား ဘယ်လို မွေးထုတ်သလဲ

~ ဒင်းဒင်း ~ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံ ကောက်စားသွားခဲ့တဲ့ Binance ခရစ်ပ်တို ဖောက်ထွင်းမှုတွေလို
ဆောင်းပါး

China’s BRI crisis in South Asia

~ Sumit Kumar ~ China Merchants Port Holdings, a state-owned Chinese port

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကြွေးမြီထောင်ချောက်ဖြင့် တည်ဆောက်နေသော တရုတ်၏ အလယ်အာရှဩဇာ

~ လင်းမောင် ~ အလယ်အာရှဒေသတွင် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခု အသံတိတ် ဖြစ်ပေါ်နေပြီး၊ ၎င်းမှာ စစ်အင်အားဖြန့်ကြက်မှု သို့မဟုတ် နိုင်ငံရေး မဟာမိတ်ဖွဲ့မှုများကြောင့် မဟုတ်ဘဲ ငွေကြေးအရင်းအနှီးဖြင့် မောင်းနှင်နေခြင်း ဖြစ်သည်။ ယွမ်ငွေအခြေပြု ဘဏ္ဍာငွေရှာဖွေမှုအပေါ် ကာဇက်စတန်၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကမ္ဘောဒီးယားက တရုတ်ကျားဖြန့်တွေ ဘယ်ကိုစားကျက်ပြောင်းသွားသလဲ

~ ဒင်းဒင်း ~ မဒါဂါစကာနိုင်ငံက အွန်လိုင်းလိမ်လည်ရေးစင်တာတွေကို စီးနင်းမှုတွေ လုပ်ဆောင်ရာကနေပြီး အဲဒီစင်တာ​တွေဟာ အာဖရိကတိုက်သားတွေကိုလူကုန်ကူးပြီး  ကမ္ဘောဒီးယားနိုင်ငံမှာ အလားတူလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရာဇဝတ်မှုအုပ်စုနဲ့ ဆက်စပ်နေတယ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်လို့ အာဏာပိုင်‌တွေက ပြောကြပါတယ်။ အချစ်ရေး၊ အွန်လိုင်းငွေကြေး (cryptocurrency)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မြန်မာ့အရေးမှာ အာဆီယံ နောက်ကောက်ကျခဲ့ပြီ

~ ထက်ခိုင် ~ အမှတတမဲ့ဆိုရင်တော့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်အတွက် နိုင်ငံတကာသံတမန်ရေးရာမှာ တော်တော်လေး အောင်မြင်တဲ့နှစ်တစ်နှစ် ဖြစ်နေပုံပါပဲ။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို အဆင့်မြင့်ခရီးစဉ်တွေ ဆက်တိုက်သွားရောက်နိုင်ခဲ့ပါတယ်။ အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Yuan, Loans and Leverage: How China Is Expanding Its Reach Across Central Asia

~ Linn Maung ~ A quiet but significant shift is taking place in Central Asia, and it is being driven

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စီအိုင်အေ၊ ကူမင်တန် လျှို့ဝှက်တပ်မတော်နဲ့ တချိန်တုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း “ရွှေတြိဂံ”

~ CWM ~ ၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင်းစစ်မှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန် တရုတ်မျိုးချစ်တပ်တွေက မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးတပ်တွေကို ရှုံးနိမ့်ပြီး အတော်များများ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားကြပေမယ့် တချို့တဝက်က ယူနန်ပြည်နယ် အနောက်ဘက်၊ ရှမ်းပြည်နယ်အရှေ့ဘက်ကို ဝင်ရောက်ခြေကုပ်ယူပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်ဒေသန္တရအစိုးရများ၏ ဒဏ်ကြေးများဖြင့် ကျားကန်ထားသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ

~ လင်းမောင် ~ တရုတ်နိုင်ငံ၏ ခမ်းနားထည်ဝါသော အစိုးရအဆောက်အအုံများနှင့် ကြီးမားလှသော စီးပွားရေးပစ်မှတ်များ၏ နောက်ကွယ်တွင် ကြီးထွားလာနေသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ သည် ဒေသဆိုင်ရာ အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် သာမန်နိုင်ငံသားများအကြား ဆက်ဆံရေးကို ပြန်လည်ပုံဖော်နေသည်။ အိမ်ခြံမြေကဏ္ဍ ကျဆင်းမှုသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now