ဆောင်းပါး

တရုတ်နိုင်ငံ၏ “မပြိုပျက်နိုင်သော” ဆည်ကြီး ပျက်စီးခြင်း (သို့မဟုတ်) မျက်မှောက်ခေတ်အတွက် သတိပေးချက်များ

မဲခေါင် 19 Jun - 2026
~ လင်းမောင် ~ တရုတ်ကွန်မြူနစ်ပါတီ (CCP) က ကာလရှည်ကြာ ဖုံးကွယ်ထားခဲ့သော ၁၉၇၅ ခုနှစ် ဘန်ချောင် (Banqiao) ဆည်ပြိုကျမှုသည် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျရှုံးမှုများအနက် တစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ ၎င်းမှာ သဘာဝဘေးအန္တရာယ်တစ်ခုထက် ပိုမိုလွန်ကဲပြီး အာဏာရှင်ဆန်မှု၊ ကျွမ်းကျင်သူများ၏ အသံကို ပိတ်ပင်မှုနှင့် ဘေးကင်းလုံခြုံရေးထက် ဝါဒဖြန့်မှုကို ဦးစားပေးမှုတို့မှ ပေါင်းစပ်ပေါ်ထွက်လာသည့် နိုင်ငံရေးဆိုင်ရာ ကပ်ဘေးတစ်ခု ဖြစ်သည်။ ယနေ့ခေတ်အထိ ယင်း၏သင်ခန်းစာများသည် အလွန်ပင် သက်ဆိုင်နေဆဲ ဖြစ်သည်။ တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှု၊ လျင်မြန်သော မြို့ပြဖြစ်ထွန်းမှုနှင့် အိုမင်းရင့်ရော်လာသော အခြေခံအဆောက်အအုံများကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရပြီး တစ်နိုင်ငံလုံးတွင် ဆည်ပေါင်း ၈၀,၀၀၀

~ လင်းမောင် ~

တရုတ်ကွန်မြူနစ်ပါတီ (CCP) က ကာလရှည်ကြာ ဖုံးကွယ်ထားခဲ့သော ၁၉၇၅ ခုနှစ် ဘန်ချောင် (Banqiao) ဆည်ပြိုကျမှုသည် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျရှုံးမှုများအနက် တစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ ၎င်းမှာ သဘာဝဘေးအန္တရာယ်တစ်ခုထက် ပိုမိုလွန်ကဲပြီး အာဏာရှင်ဆန်မှု၊ ကျွမ်းကျင်သူများ၏ အသံကို ပိတ်ပင်မှုနှင့် ဘေးကင်းလုံခြုံရေးထက် ဝါဒဖြန့်မှုကို ဦးစားပေးမှုတို့မှ ပေါင်းစပ်ပေါ်ထွက်လာသည့် နိုင်ငံရေးဆိုင်ရာ ကပ်ဘေးတစ်ခု ဖြစ်သည်။ ယနေ့ခေတ်အထိ ယင်း၏သင်ခန်းစာများသည် အလွန်ပင် သက်ဆိုင်နေဆဲ ဖြစ်သည်။ တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှု၊ လျင်မြန်သော မြို့ပြဖြစ်ထွန်းမှုနှင့် အိုမင်းရင့်ရော်လာသော အခြေခံအဆောက်အအုံများကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရပြီး တစ်နိုင်ငံလုံးတွင် ဆည်ပေါင်း ၈၀,၀၀၀ ကျော် တည်ရှိနေသည်။ ဘန်ချောင်၏ အဖြစ်ဆိုးကို ကြီးထွားစေခဲ့သည့် အုပ်ချုပ်ရေးပုံစံများဖြစ်သော ဗဟိုချုပ်ကိုင်မှုရှိသော ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် ဂေဟစနစ်ဆိုင်ရာ ဟန်ချက်ညီမှုကို လျစ်လျူရှုခြင်းတို့သည် ယနေ့ထက်တိုင် ယင်းမူဝါဒများအတိုင်း ရှိနေဆဲ ဖြစ်သည်။ ဆည်များ၏ ဘေးကင်းလုံခြုံရေး၊ မရေရာသော စီးပွားရေးအချက်အလက်များနှင့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများအပေါ် လတ်တလော စိုးရိမ်ပူပန်းမှုများသည် အတိတ်က ကျရှုံးမှုများကို ပြန်လည်ရောင်ပြန်ဟပ်နေပြီး၊ ငြင်းပယ်ခြင်းနှင့် ပုံရိပ်ကောင်းတည်ဆောက်ခြင်းတို့က စွန့်စားမှုများကို ကပ်ဘေးကြီးများအဖြစ် မည်သို့ ပြောင်းလဲပစ်နိုင်သည်ကို မီးမောင်းထိုးပြနေသည်။ ဘန်ချောင်သည် သမိုင်းမှတ်စုတစ်ခုမျှသာ မဟုတ်ဘဲ၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် ကျွမ်းကျင်မှုကို လေးစားမှုတို့ မရှိပါက တရုတ်နိုင်ငံအနေဖြင့် ပိုမိုပြင်းထန်လာသော စိန်ခေါ်မှုသစ်များနှင့် ရင်ဆိုင်ရသည့်အခါ သမိုင်းကို ပြန်လည်ဦးတည်သွားမည့် သတိပေးချက်တစ်ခု ဖြစ်သည်။

“သံမဏိဆည်ကြီး” ၏ ဒဏ္ဍာရီ

၁၉၅၂ ခုနှစ်တွင် ဆိုဗီယက်အကူအညီဖြင့် တည်ဆောက်ခဲ့သော ဘန်ချောင်ဆည်ကို ဆိုရှယ်လစ် အင်ဂျင်နီယာပညာရပ်၏ အောင်ပွဲတစ်ခုအဖြစ် ချီးမွမ်းခဲ့ကြသည်။ ၎င်းသည် “နှစ်ပေါင်း ၁၀,၀၀၀ အတွင်း ကြုံတွေ့ရမည့် ရေကြီးမှုကို ခံနိုင်ရည်ရှိသည်” ဟု အရာရှိများက ဝါဒဖြန့်ချိရေးတွင် အကြိမ်ကြိမ် ကြွားဝါခဲ့ကြသည်။ သို့သော် ထိုကြွေးကြော်သံများနောက်ကွယ်တွင် ကြီးမားသော ချို့ယွင်းချက်များ ရှိနေခဲ့သည်။ တရုတ်နိုင်ငံ၏ ထိပ်တန်းရေအရင်းအမြစ် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ရေအားဗေဒပညာရှင် (Hydrologist) က အဆိုပါ ဒီဇိုင်းမှာ မလုံလောက်ကြောင်း သတိပေးခဲ့သည်။ ကြီးမားသော ရေလှောင်တမံများအပေါ် အလွန်အကျွံ မှီခိုခြင်းသည် ဂေဟစနစ်ဆိုင်ရာ ဟန်ချက်ညီမှုကို လျစ်လျူရှုရာရောက်ပြီး ရေကြီးမည့်အန္တရာယ်ကို ပိုမိုမြင့်တက်စေသည်ဟု သတိပေးခဲ့သည်။ ရေလျှံပေါက် (Spillways) များ ပိုမိုထားရှိရန်နှင့် ပိုမိုကောင်းမွန်သော ဘေးကင်းလုံခြုံမှု ဘောင်များသတ်မှတ်ရန် ၎င်း၏တောင်းဆိုချက်များကို မဟာခုန်ပျံကျော်လွှားမှု (Great Leap Forward) ကာလအတွင်း စက်မှုစွမ်းအားကို ပြသလိုသော ပါတီအရာရှိများက “အလွန်အကျွံ ရှေးရိုးစွဲဆန်လွန်းသည်” ဟုဆိုကာ ပယ်ချခဲ့ကြသည်။

ကျွမ်းကျင်မှုအပေါ် ယခုကဲ့သို့ ပယ်ချခြင်းမှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘဲ သိပ္ပံပညာကို သဘောတရားရေးရာအောက်တွင် လက်အောက်ခံထားလိုသည့် CCP ၏ သဘောထားကို ရောင်ပြန်ဟပ်နေခြင်း ဖြစ်သည်။ ဆည်ကြီးသည် စနစ်တကျ ဒီဇိုင်းထုတ်ထားသော ဘေးကင်းရေး အကာအကွယ်တစ်ခု မဟုတ်တော့ဘဲ အမျိုးသားဂုဏ်ဆောင် ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။ ၁၉၇၅ ခုနှစ် ဩဂုတ်လတွင် ဟီနန် (Henan) ပြည်နယ်သို့ တိုင်ဖွန်းမုန်တိုင်း နီနာ (Typhoon Nina) ဝင်ရောက်တိုက်ခတ်ချိန်တွင် မိုးရေချိန်သည် ဆည်၏ခံနိုင်ရည်ထက် နှစ်ဆကျော် ပိုမိုများပြားခဲ့သည်။ ဆက်သွယ်ရေး အားနည်းမှုများ၊ သေးငယ်လွန်းသော ရေလျှံပေါက်များနှင့် အရေးပေါ်စီမံကိန်း အားနည်းမှုတို့ကြောင့် ကပ်ဘေးသင့်ကာ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ဘန်ချောင်ဆည် ပြိုကျခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာပင် အခြားဆည်ပေါင်း ၆၂ ခု ဆက်တိုက် ပြိုကျပျက်စီးခဲ့ရသည်။

လူသားများ ပေးဆပ်ရမှုနှင့် ဖုံးကွယ်ထားခြင်း

ရေလှိုင်းကြီးများ၏ ဒဏ်မှာ ကမ္ဘာပျက်သကဲ့သို့ ပြင်းထန်ခဲ့သည်။ အိမ်ခြေသန်းပေါင်းများစွာ ပျက်စီးခဲ့ရပြီး စတုရန်းကီလိုမီတာ ၁၂,၀၀၀ ကျော်ရှိသော မြေပြင်မှာ ရေအောက်သို့ ရောက်ရှိသွားကာ မြို့ရွာများမှာ မြေပုံပေါ်မှ ပျောက်ကွယ်သွားခဲ့ရသည်။ လွတ်မြောက်လာသူများသည် မိနစ်ပိုင်းအတွင်း ကျေးရွာများကို တိုက်စားသွားသည့် ရေတံတိုင်းကြီးများအကြောင်းကို ပြောပြခဲ့ကြသည်။ လွတ်မြောက်ခဲ့သူများသည်လည်း ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယများနှင့် အိုးအိမ်မဲ့ဖြစ်ခြင်းတို့နှင့် ရင်ဆိုင်ခဲ့ကြရသည်။ သောင်းနှင့်ချီသော ပြည်သူများ ချက်ချင်း သေဆုံးခဲ့ကြရပြီး ၁၀၀,၀၀၀ ကျော်မှာ ဘေးဒုက္ခအပြီးတွင် ငတ်မွတ်မှုနှင့် ကူးစက်ရောဂါများကြောင့် သေဆုံးခဲ့ကြရသည်။

သို့သော်လည်း CCP ၏ တုံ့ပြန်မှုမှာ နှုတ်ဆိတ်နေခြင်းသာ ဖြစ်သည်။ ဤကပ်ဘေးကို နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ခဲ့သည်။ မိသားစုများမှာ အမှန်တရားကို သိပိုင်ခွင့် မရရှိခဲ့ကြသလို လွတ်မြောက်လာသူများလည်း နှုတ်ပိတ်ခြင်း ခံခဲ့ရကာ ဤအဖြစ်ဆိုးကို ကျောင်းသုံးစာအုပ်များမှ ချန်လှပ်ဖျက်ဆီးခဲ့သည်။ ၂၀၀၅ ခုနှစ်သို့ ရောက်ရှိမှသာ စာရွက်စာတမ်းများကို အစိတ်အပိုင်းအချို့ လျှို့ဝှက်ချက်အဆင့်မှ ပယ်ဖျက်ပေးခဲ့ပြီး ပျက်စီးမှုအတိုင်းအတာကို သိရှိခဲ့ကြရသည်။ ထိုအချိန်သို့ ရောက်ရှိချိန်တွင် ဆယ်စုနှစ်များစွာကြာ ငြင်းပယ်ထားခဲ့မှုများကြောင့် တာဝန်ယူမှုနှင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့တော့ပေ။

အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကျရှုံးမှုများ

ဘန်ချောင်ဆည်ပြိုကျမှုသည် ပြင်းထန်သော ရာသီဥတုကြောင့်သက်သက် မဟုတ်ဘဲ နိုင်ငံရေးဆိုင်ရာ ကျရှုံးမှု၏ တိုက်ရိုက်ရလဒ် ဖြစ်သည်။ CCP ၏ အုပ်ချုပ်ရေးပုံစံသည် ကပ်ဘေးကြီး ဖြစ်ပေါ်လာရန် အခြေအနေများကို ဖန်တီးပေးခဲ့ပြီး မဟာခုန်ပျံကျော်လွှားမှု ကာကွယ်အတွင်း ဘေးကင်းရေးထက် ဂုဏ်သိက္ခာပြ စီမံကိန်းများကို ဦးစားပေးကာ လွယ်ကူသောနည်းလမ်းများကိုသာ အသုံးပြုခဲ့ကြသည်။ “Learn from Dazhai” (တာကျန့်ထံမှ သင်ယူပါ) ကဲ့သို့သော လှုပ်ရှားမှုများက သစ်တောပြုန်းတီးမှုနှင့် ဂေဟစနစ် ပျက်စီးမှုများကို ဖြစ်စေခဲ့ပြီး ရေကြီးမည့် အန္တရာယ်ကို ပိုမိုဆိုးရွားစေခဲ့သဖြင့် မူဝါဒပိုင်းဆိုင်ရာ ပေါ့ဆမှုများက စွန့်စားမှုများကို ပိုမိုကြီးထွားစေခဲ့သည်။ အစိုးရက ချို့ယွင်းချက်များကို ဖုံးကွယ်ပြီး ယုံကြည်မှုများကို ဖျက်ဆီးခဲ့ကာ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့သလို ပြည်သူတို့၏ ဆင်းရဲဒုက္ခများကို ဝါဒဖြန့်မှုအောက်တွင် ထားရှိခဲ့သဖြင့် လူသားများ ပေးဆပ်ရမှုကို လျစ်လျူရှုခဲ့သည်။ အရှိတရားကို ရင်ဆိုင်ရန် ငြင်းပယ်ခြင်းက တိုင်ဖွန်းမုန်တိုင်း နီနာ ကို စိတ်ကူးမယဉ်နိုင်လောက်သော အတိုင်းအတာရှိသည့် ကပ်ဘေးကြီးအဖြစ် ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။

လျစ်လျူရှုထားသော သင်ခန်းစာများနှင့် ထပ်ခါတလဲလဲ ဖြစ်နေသော ပုံစံများ

ဘန်ချောင်၏ အဖြစ်ဆိုးသည် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကျပ်အတည်းများကို ကြိုတင်ဖော်ပြနေခဲ့သည်။ ၂၀၀၈ ခုနှစ် စီချွမ်ငလျင်အတွင်း ညံ့ဖျင်းစွာ ဆောက်လုပ်ထားသော စာသင်ခန်းများ ပြိုကျမှုကြောင့် ကျောင်းသူကျောင်းသား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ၎င်းမှာ အဂတိလိုက်စားမှုနှင့် ပေါ့ဆမှုများအပေါ် စွပ်စွဲချက်များကို ဖြစ်ပေါ်စေခဲ့သည်။ ယနေ့ခေတ် စီးပွားရေးနယ်ပယ်တွင်လည်း တရားဝင်ထုတ်ပြန်သည့် GDP ကိန်းဂဏန်းများ၏ တိကျမှုအပေါ် မေးခွန်းထုတ်ခံနေရလေ့ရှိပြီး ၎င်းမှာ လက်တွေ့ဘဝထက် ပုံရိပ်ကို ဦးစားပေးသည့် ပုံစံတူပင် ဖြစ်သည်။ CCP ၏ အုပ်ချုပ်ရေးပုံစံသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတို့ထက် ထိန်းချုပ်မှုနှင့် ဝါဒဖြန့်မှုကိုသာ ဆက်လက်ဦးစားပေးနေဆဲ ဖြစ်သည်။

ယနေ့ခေတ်တွင်ပင် တရုတ်နိုင်ငံ၏ ဆည်ဆိုင်ရာ ဘေးကင်းရေးမှတ်တမ်းမှာ စိုးရိမ်စရာများ ရှိနေဆဲ ဖြစ်သည်။ နိုင်ငံအတွင်း ဆည်ပေါင်း ၈၀,၀၀၀ ကျော် ရှိနေပြီး အများစုမှာ အိုမင်းရင့်ရော်နေကာ ရာသီဥတုပြောင်းလဲမှုနှင့် လျင်မြန်သော စက်မှုလုပ်ငန်း ချဲ့ထွင်မှုတို့ကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ပြုပြင်ပြောင်းလဲမှုများ မရှိဘဲနှင့်မူ အလားတူ ကပ်ဘေးမျိုး ပြန်လည်ဖြစ်ပွားနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးကြသည်။ ဘန်ချောင်၏ အမွေအနှစ်သည် သမိုင်းသက်သက် မဟုတ်ဘဲ ပစ္စုပ္ပန်အတွက် သတိပေးချက် ဖြစ်သည်။

CCP ၏ ကျရှုံးမှုများအပေါ် ဝေဖန်ဆန်းစစ်ချက်

ဘန်ချောင်ပြိုကျမှုသည် တရုတ်ကွန်မြူနစ်ပါတီ၏ အခြေခံကျရှုံးမှု သုံးရပ်ကို မီးမောင်းထိုးပြနေသည်။ ပထမအချက်မှာ နားထောင်ရန် ပျက်ကွက်ခြင်းဖြစ်ပြီး ရေအားဗေဒပညာရှင် ချန်ရှင်း (Chen Xing) ၏ ကြိုတင်သတိပေးချက်များကို နှုတ်ပိတ်ခဲ့ကာ ကျွမ်းကျင်မှုကို သဘောတရားရေးရာအောက်တွင် ထားရှိခဲ့သည်။ ဒုတိယအချက်မှာ ပြောင်းလဲရန် ပျက်ကွက်ခြင်းဖြစ်ပြီး၊ ခေတ်နောက်ကျသော ဒီဇိုင်းများ၊ သေးငယ်သော ရေလျှံပေါက်များနှင့် မလုံလောက်သော ဆက်သွယ်ရေးစနစ်များကြောင့် ဆည်ကြီးကို ခံနိုင်ရည်မဲ့စေခဲ့သည်။ တတိယအချက်မှာ နိုင်ငံသားများကို ကာကွယ်ရန် ပျက်ကွက်ခြင်းဖြစ်ပြီး CCP သည် အမှန်တရားကို ဖုံးကွယ်ကာ လွတ်မြောက်လာသူများ၏ တရားမျှတမှုကို ငြင်းပယ်ခဲ့ပြီး နိုင်ငံတော်၏ တာဝန်ခံမှုကို ဖျက်ဆီးခဲ့သည်။ ဤကျရှုံးမှုများသည် စနစ်တကျဖြစ်သော ချို့ယွင်းချက်များ – ဗဟိုချုပ်ကိုင်မှုရှိသော ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ဆင်ဆာဖြတ်တောက်ခြင်းနှင့် လူသားတို့၏ အသက်အပေါ် လျစ်လျူရှုခြင်းတို့ကို ရောင်ပြန်ဟပ်နေပြီး အာဏာရှင်အုပ်ချုပ်ရေးသည် အမှားများကို ဝန်ခံရန် သို့မဟုတ် အတိုက်အခံများကို လက်ခံရန် ငြင်းပယ်ခြင်းအားဖြင့် ကပ်ဘေးများကို မွေးထုတ်ပေးနေခြင်း ဖြစ်သည်။

ခေတ်သစ်အလားတူ ဖြစ်ရပ်များ

တရုတ်နိုင်ငံသည် စိန်ခေါ်မှုသစ်များနှင့် ရင်ဆိုင်နေရသဖြင့် ဘန်ချောင်ကပ်ဘေးသည် ယနေ့ခေတ်တွင်လည်း ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုက ပြင်းထန်သော ရေကြီးမှုအန္တရာယ်ကို မြင့်တက်စေပြီး လျင်မြန်သော မြို့ပြဖြစ်ထွန်းမှုက သန်းပေါင်းများစွာသော ပြည်သူများကို ထိခိုက်လွယ်သော နယ်ပယ်များအတွင်းသို့ ရောက်ရှိစေသည်။ တစ်ချိန်တည်းမှာပင် CCP ၏ အုပ်ချုပ်ရေးပုံစံမှာ မပြောင်းလဲဘဲ ရှိနေဆဲ ဖြစ်သည် – ဗဟိုချုပ်ကိုင်မှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် ဝေဖန်မှုများကို တွန်းလှန်ခြင်းတို့ ဖြစ်သည်။ ဘန်ချောင်၏ သင်ခန်းစာများဖြစ်သော ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် ကျွမ်းကျင်မှုကို လေးစားရန် လိုအပ်ချက်များမှာ ယနေ့တိုင် သင်ယူနိုင်ခြင်း မရှိသေးပေ။

နိုင်ငံတကာတွင်လည်း ဤကပ်ဘေးသည် တရုတ်၏ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရများသည် CCP ၏ ဖုံးကွယ်မှုကို စနစ်တကျရှိသော မရိုးသားမှု၏ သက်သေအဖြစ် ရှုမြင်ခဲ့ကြသည်။ ယနေ့ခေတ်တွင်လည်း စီးပွားရေးအချက်အလက်များ၊ ကြွေးမြီကိန်းဂဏန်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သတင်းပို့ချက်များအပေါ် အလားတူ စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်နေသည်။ ပုံစံမှာ ရှင်းလင်းလှသည် – လက်တွေ့ဘဝသည် ဝါဒဖြန့်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့်အခါ CCP သည် ဝါဒဖြန့်မှုကိုသာ ရွေးချယ်လေ့ရှိသည်။

နိဂုံး

၁၉၇၅ ခုနှစ်တွင် ဘန်ချောင်ဆည်နှင့် အခြားဆည် ၆၂ ခု ပြိုကျမှုသည် သဘာဝဘေးအန္တရာယ်သက်သက် မဟုတ်ဘဲ နိုင်ငံရေးဆိုင်ရာ ကပ်ဘေးတစ်ခု ဖြစ်သည်။ သိပ္ပံပညာဆိုင်ရာ သတိပေးချက်များကို လိုက်နာရန် CCP ၏ ငြင်းပယ်မှု၊ အမှန်တရားကို နှိမ်နင်းမှုနှင့် ဘေးကင်းရေးထက် သဘောတရားရေးရာကို ဦးစားပေးမှုတို့က တိုင်ဖွန်းမုန်တိုင်း နီနာ ကို သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရေကြီးမှုကြီးအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ဤအဖြစ်ဆိုးသည် ကျွမ်းကျင်မှုကို နှုတ်ပိတ်ပြီး လက်တွေ့ဘဝထက် ဝါဒဖြန့်မှုကို ဦးစားပေးသော အာဏာရှင်အုပ်ချုပ်ရေးသည် ကပ်ဘေးများကိုသာ မွေးထုတ်ပေးသည်ဟူသော အချက်ကို ပြတ်ပြတ်သားသား သတိပေးချက်အဖြစ် တည်ရှိနေသည်။

ဘန်ချောင်၏ သင်ခန်းစာများသည် နာကျင်စွာဖြင့် သက်ဆိုင်နေဆဲ ဖြစ်သည်။ စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ၊ တာဝန်ယူမှုများနှင့် ကျွမ်းကျင်မှုကို လေးစားမှုတို့ မရှိဘဲနှင့်မူ တရုတ်နိုင်ငံသည် သမိုင်းကို ပြန်လည်ဦးတည်သွားမည့် အန္တရာယ်များ ရှိနေသည်။ ဟီနန်တွင် ဖြစ်ပွားခဲ့သော CCP ၏ ကျရှုံးမှုများသည် သီးခြားဖြစ်ရပ်များ မဟုတ်ဘဲ ယနေ့ခေတ် တရုတ်၏ အုပ်ချုပ်ရေးပိုင်းကို ဆက်လက်ခြောက်လှန့်နေဆဲဖြစ်သော ငြင်းပယ်ခြင်းနှင့် လွဲမှားစွာ စီမံခန့်ခွဲခြင်းဟူသည့် ပိုမိုကျယ်ပြန့်သော ပုံစံကို ရောင်ပြန်ဟပ်နေခြင်း ဖြစ်သည်။ “မပြိုပျက်နိုင်သော” ဆည်ကြီးသည် သဘာဝတရားတစ်ခုတည်းကြောင့် ပျက်စီးခဲ့ခြင်း မဟုတ်ဘဲ လက်တွေ့ဘဝကို ရင်ဆိုင်ရန် ငြင်းပယ်ခဲ့သည့် နိုင်ငံရေးစနစ်ကြောင့်ပါ ပျက်စီးခဲ့ရခြင်း ဖြစ်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Binance ကို ဒူးထောက်သွားစေခဲ့တဲ့ ကမ္ဘာ့အဆင့် ဟက်ကာတွေကို မြောက်ကိုရီးယား ဘယ်လို မွေးထုတ်သလဲ

~ ဒင်းဒင်း ~ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံ ကောက်စားသွားခဲ့တဲ့ Binance ခရစ်ပ်တို ဖောက်ထွင်းမှုတွေလို
ဆောင်းပါး

China’s BRI crisis in South Asia

~ Sumit Kumar ~ China Merchants Port Holdings, a state-owned Chinese port

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကြွေးမြီထောင်ချောက်ဖြင့် တည်ဆောက်နေသော တရုတ်၏ အလယ်အာရှဩဇာ

~ လင်းမောင် ~ အလယ်အာရှဒေသတွင် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခု အသံတိတ် ဖြစ်ပေါ်နေပြီး၊ ၎င်းမှာ စစ်အင်အားဖြန့်ကြက်မှု သို့မဟုတ် နိုင်ငံရေး မဟာမိတ်ဖွဲ့မှုများကြောင့် မဟုတ်ဘဲ ငွေကြေးအရင်းအနှီးဖြင့် မောင်းနှင်နေခြင်း ဖြစ်သည်။ ယွမ်ငွေအခြေပြု ဘဏ္ဍာငွေရှာဖွေမှုအပေါ် ကာဇက်စတန်၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကမ္ဘောဒီးယားက တရုတ်ကျားဖြန့်တွေ ဘယ်ကိုစားကျက်ပြောင်းသွားသလဲ

~ ဒင်းဒင်း ~ မဒါဂါစကာနိုင်ငံက အွန်လိုင်းလိမ်လည်ရေးစင်တာတွေကို စီးနင်းမှုတွေ လုပ်ဆောင်ရာကနေပြီး အဲဒီစင်တာ​တွေဟာ အာဖရိကတိုက်သားတွေကိုလူကုန်ကူးပြီး  ကမ္ဘောဒီးယားနိုင်ငံမှာ အလားတူလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရာဇဝတ်မှုအုပ်စုနဲ့ ဆက်စပ်နေတယ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်လို့ အာဏာပိုင်‌တွေက ပြောကြပါတယ်။ အချစ်ရေး၊ အွန်လိုင်းငွေကြေး (cryptocurrency)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မြန်မာ့အရေးမှာ အာဆီယံ နောက်ကောက်ကျခဲ့ပြီ

~ ထက်ခိုင် ~ အမှတတမဲ့ဆိုရင်တော့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်အတွက် နိုင်ငံတကာသံတမန်ရေးရာမှာ တော်တော်လေး အောင်မြင်တဲ့နှစ်တစ်နှစ် ဖြစ်နေပုံပါပဲ။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို အဆင့်မြင့်ခရီးစဉ်တွေ ဆက်တိုက်သွားရောက်နိုင်ခဲ့ပါတယ်။ အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Yuan, Loans and Leverage: How China Is Expanding Its Reach Across Central Asia

~ Linn Maung ~ A quiet but significant shift is taking place in Central Asia, and it is being driven

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စီအိုင်အေ၊ ကူမင်တန် လျှို့ဝှက်တပ်မတော်နဲ့ တချိန်တုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း “ရွှေတြိဂံ”

~ CWM ~ ၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင်းစစ်မှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန် တရုတ်မျိုးချစ်တပ်တွေက မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးတပ်တွေကို ရှုံးနိမ့်ပြီး အတော်များများ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားကြပေမယ့် တချို့တဝက်က ယူနန်ပြည်နယ် အနောက်ဘက်၊ ရှမ်းပြည်နယ်အရှေ့ဘက်ကို ဝင်ရောက်ခြေကုပ်ယူပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်ဒေသန္တရအစိုးရများ၏ ဒဏ်ကြေးများဖြင့် ကျားကန်ထားသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ

~ လင်းမောင် ~ တရုတ်နိုင်ငံ၏ ခမ်းနားထည်ဝါသော အစိုးရအဆောက်အအုံများနှင့် ကြီးမားလှသော စီးပွားရေးပစ်မှတ်များ၏ နောက်ကွယ်တွင် ကြီးထွားလာနေသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ သည် ဒေသဆိုင်ရာ အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် သာမန်နိုင်ငံသားများအကြား ဆက်ဆံရေးကို ပြန်လည်ပုံဖော်နေသည်။ အိမ်ခြံမြေကဏ္ဍ ကျဆင်းမှုသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now