ဆောင်းပါး

အာဖရိက စစ်ရေးလစ်ဟာသွားမှုတွင် တရုတ်ကို မျက်နှာသာပေးသည့် လက်နက်စျေးကွက် ဖြစ်တည်လာခြင်း

မဲခေါင် 26 Feb - 2026
~ လင်းမောင် ~ အနောက်နှင့်ဗဟိုအာဖရိက ၁၀ နိုင်ငံပေါင်းစည်းထားသည့် ဆာဟယ်ဒေသ (Sahel) မှ ပြင်သစ်တပ်များ ပြန်လည်နှုတ်ထွက်သွားခြင်းနှင့် ယူကရိန်းစစ်ပွဲကြောင့်ရုရှား၏ အဆိုပါ ဒေသသို့ လက်နက်တင်ပို့နိုင် စွမ်းလျော့ကျသွားခြင်းက စစ်ရေးလစ်ဟာမှုနယ်ပယ်တစ်ခုကို ဖြစ်စေခဲ့ပြီး တရုတ်သည် ထိုလစ်ဟာမှု ကို ကြာရှည်မထားဘဲ ရပ်တည်ချက်ခိုင်မာစေရန် အလျင်အမြန်စျေးကွက် ဝင်ယူသွားခဲ့သည်။ အဆိုပါအရွေ့သည် ၂၀၂၀ ပြည့်နှစ်မှ ယနေ့အထိ ဘာကီနာဖာဆို၊ မာလီနှင့် နိုင်ဂျာတို့တွင် စစ်အာဏာ သိမ်းမှုများ လှိုင်းအလိုက်ဖြစ်ပွားခြင်းမှ စတင်ပေါက်ဖွားလာသည်။ ထိုမတည်ငြိမ်မှုများသည် တစ်ချိန် က အဆိုပါဒေသအတွင်း လုံခြုံရေးဗိသုကာအဖြစ် အဓိကနေရာမှ ပါဝင်ခဲ့သည့် ပြင်သစ်၏ အကြမ်း ဖက်တန်ပြန်တိုက်ဖျက်ရေးမစ်ရှင် အဆုံးသတ်သွားခြင်းကြောင့် ပါရီနှင့် အဆိုပါဒေသတွင်း နိုင်ငံများ

~ လင်းမောင် ~

အနောက်နှင့်ဗဟိုအာဖရိက ၁၀ နိုင်ငံပေါင်းစည်းထားသည့် ဆာဟယ်ဒေသ (Sahel) မှ ပြင်သစ်တပ်များ ပြန်လည်နှုတ်ထွက်သွားခြင်းနှင့် ယူကရိန်းစစ်ပွဲကြောင့်ရုရှား၏ အဆိုပါ ဒေသသို့ လက်နက်တင်ပို့နိုင် စွမ်းလျော့ကျသွားခြင်းက စစ်ရေးလစ်ဟာမှုနယ်ပယ်တစ်ခုကို ဖြစ်စေခဲ့ပြီး တရုတ်သည် ထိုလစ်ဟာမှု ကို ကြာရှည်မထားဘဲ ရပ်တည်ချက်ခိုင်မာစေရန် အလျင်အမြန်စျေးကွက် ဝင်ယူသွားခဲ့သည်။

အဆိုပါအရွေ့သည် ၂၀၂၀ ပြည့်နှစ်မှ ယနေ့အထိ ဘာကီနာဖာဆို၊ မာလီနှင့် နိုင်ဂျာတို့တွင် စစ်အာဏာ သိမ်းမှုများ လှိုင်းအလိုက်ဖြစ်ပွားခြင်းမှ စတင်ပေါက်ဖွားလာသည်။ ထိုမတည်ငြိမ်မှုများသည် တစ်ချိန် က အဆိုပါဒေသအတွင်း လုံခြုံရေးဗိသုကာအဖြစ် အဓိကနေရာမှ ပါဝင်ခဲ့သည့် ပြင်သစ်၏ အကြမ်း ဖက်တန်ပြန်တိုက်ဖျက်ရေးမစ်ရှင် အဆုံးသတ်သွားခြင်းကြောင့် ပါရီနှင့် အဆိုပါဒေသတွင်း နိုင်ငံများ အကြား ရည်ရှည်တည်တံ့ခဲ့သော လုံခြုံရေးမိတ်ဖက်မှုများကို ပြိုကွဲစေခဲ့သည်။ တစ်ပြိုင်တည်းမှာပင် ယူကရိန်းတွင် ၎င်း၏စစ်ပွဲကြိုးပမ်းမှုကို ဆက်လက်ထိန်းသိမ်းရန် အာရုံစိုက်နေရသည့် ရုရှားသည် ပြည်ပဖောက်သည်များအား လက်နက်ပို့ဆောင်မှုနှင့် ပံ့ပိုးမှုအဆင့်များကို ယခင်လို တင်ပို့နိုင်ရေး ရုန်းကန်နေရသည်။

ရှာဟယ်မှ ပြင်သစ် ထွက်ခွာသွားခြင်းက တရုတ်စစ်ရေးကုန်သွယ်မှုကို ချဲ့တွင်နိုင်ရေးအတွက် နေရာလွတ်ကို ဖန်တီးရရှိသွားစေသည်ဟု အမျိုးသားကာကွယ်ရေး နိုင်ငံတော်သိပ္ပံ၊ နည်းပညာနှင့် စက်မှုလုပ်ငန်းစီမံခန့်ခွဲရေး၏ ကမကထပြုမှုအောက်တွင် တရုတ်နိုင်ငံစစ်ဘက်မှ အရပ်ဘက်သို့ ဇန်နဝါရီလတွင် တင်ပြသည့် အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ နိုင်ငံတော်လက်နက်တင်ပို့သူ China National Aero-Technology Import & Export Corporation ကို ရည်ညွှန်းသည့် အဆိုပါ အစီရင်ခံစာ တွင် ပေကျင်းသည် အာဖရိကဈေးကွက်များကို ထိုးဖောက်ရန် ကုန်ကျစရိတ်သက်သာ သောစနစ်များ နှင့် ပြောင်းလွယ်ပြင်လွယ်ရှိသော ငွေကြေးထောက်ပံ့မှုကို အသုံးချကြောင်း ထည့်သွင်း ဖော်ပြထားသေးသည်။

စျေးကွက်အစားထိုးခြင်း လှုပ်ရှားမှု

တရုတ် လေ့လာသုံးသပ်မှု၏ စကားလုံးအသုံးအနှုန်း “ စျေးကွက်အစားထိုးမှု” ဆိုသည်က အရေးပါလှသည်။ ပြင်သစ်နှင့် ရုရှား စစ်လက်နက်များကို အားထားဝယ်ယူတင်သွင်းမှုများ ကျဆင်းပြီး နောက် ဝယ်ယူမှုပုံစံများသည် အထူးသဖြင့် ဒရုန်းများ၊ သံချပ်ကာယာဉ်များနှင့် လက်နက်ငယ်များ ကဲ့သို့သော ကဏ္ဍများတွင် တရုတ်ပစ္စည်းများဆီသို့ ဦးတည်ပြောင်းလဲလျက်ရှိသည်။

စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) မှ အချက်အလက်အရ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ အနောက်အာဖရိကသို့ လက်နက်တင်ပို့မှုတွင် တရုတ်က အများဆုံးအဖြစ် ၂၆ ရာခိုင်နှုန်းတင်ပို့ခဲ့သည်ကို သိရှိရသည်။ တရုတ်ပြီးမှ ပြင်သစ်က ၁၄ ရာခိုင်နှုန်း၊ ရုရှားနှင့် တူရကီက ၁၁ ရာခိုင်နှုန်းစီ တင်ပို့ခဲ့သည်ဟု ဆိုသည်။ SIPRI အချက်အလက်ပြဇယားအရ ထိုကာလအတွင်း အနောက်အာဖရိကသို့ တရုတ်လက်နက်တင်ပို့မှုသည် စံချိန်တင်မြင့်တက်ခဲ့သည်ဟုလည်း ဆိုသည်။

အရေးကြီးသည်မှာ တရုတ်၏ ချဲ့ထွင်မှုသည် ပါရီမှ ဝေးကွာသွားသော နိုင်ငံများအတွက်သာဟု သီးသန့် ကန့်သတ်မထားပေ။ သမိုင်းစဉ်ဆက် ပြင်သစ်နှင့်အနောက်တိုင်း လုံခြုံရေးပါတနာများအဖြစ် မဟာ မိတ်ဆက်ဆံရေးရှိခဲ့သော ဆီနီဂေါနှင့် ဂါနာနိုင်ငံများသည်လည်း တရုတ်စစ်ရေးလက်နက်နှင့် စနစ်များ ကို ဝယ်ယူမှု မြှင့်တင်ခဲ့ကြသည်။ ဘာကီနာဖာဆိုနှင့် မာလီတို့တွင် စစ်အာဏာသိမ်းပြီး ပြင်းထန်သော ပုန်ကန်စစ်ပွဲများတွင် နှိမ်နင်းနိုင်ရေး တရုတ်လက်နက်များ ဝယ်ယူမှုသည်လည်း မြင့်တက်ခဲ့သည်။

ဆာဟယ်ဒေသကို မဟာဗျူဟာမြောက် စမ်းသပ်ချက်

ပြန်လည်ချိန်ညှိမှုများက ဆာဟယ်တွင် အထင်ရှားဆုံးမြင်တွေ့နိုင်သည်။ အဆက်မပြတ် ပုန်ကန်မှုများ နှင့် ရင်ဆိုင်နေရသော စစ်အစိုးရများသည် တတ်နိုင်စွမ်းသော၊ လျင်မြန်စွာ ဖြန့်ကျက်နိုင်သော၊ ထိန်းသိမ်းရလွယ်ကူသော ပစ္စည်းကိရိယာများ လိုအပ်သည်။ တရုတ်မှ လက်နက်တင်သွင်းသူများသည် ထိုအထူးပြုနယ်ပယ်ကို ပစ်မှတ်ထားခဲ့ကြသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး လက်နက်ထုတ်လုပ်သည့် Norinco သည် နိုင်ဂျီးရီးယားနှင့် ဆီနီဂေါတို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီး ရေရှည်ကုန်သွယ်ရေး မဟာဗျူဟာကို အလေးပေးဖော်ဆောင်သည်။ ၂၀၂၄ ခုနှစ်တွင် မာလီ၏ အသွင်ကူးပြောင်းရေး သမ္မတ အာဆီမီ ဂွိုင်တာသည် ပေကျင်းသို့ သွားရောက် လည်ပတ်ခဲ့ပြီး Norinco နှင့် ကာကွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကာ တရုတ်စစ်လက်နက်ပစ္စည်းများအပေါ် အာရုံစိုက်မှုကို အားကောင်းစေခဲ့သည်။ ဘာကီနာဖာဆို နိုင်ငံသည် အလားတူလမ်းကြောင်းကို လိုက်ခဲ့ပြီး ပုန်ကန်မှုတန်ပြန်စစ်ဆင်ရေးများအတွက် သံချပ်ကာ လူတင်ယာဉ်များနှင့် နည်းဗျူဟာမြောက်ဒရုန်းများ ဝယ်ယူခဲ့သည်။ နိုင်ဂျာနိုင်ငံသည်လည်း တရုတ်နှင့် ထိုနည်းလည်းကောင်း လက်နက်ဝယ်ယူရေးနည်းလမ်းကို အသုံးပြုခဲ့သည်။

အဆင့်မြင့်တိုက်လေယာဉ်များ၊ အဆင့်မြင့် ဒုံးကျည်စနစ်များတွင် စျေးကွက်ကို အမေရိကန်နှင့် ရုရှား ကသာ စီးမိုးထားနိုင်ချိန် အဆိုပါ အာဖရိကနိုင်ငံများ၏ စစ်ရေးလိုအင်များက ထိုမျှ အဆင့်မြင့်စရာမလို သော ပြည်တွင်းနှိမ်နင်းရေးဆိုင်ရာ အသေးစားလက်နက်အမျိုးအစားများသာဖြစ်နေခြင်းက တရုတ်ကို ပိုပြီး အားသာမှုဖြစ်စေခဲ့သည်။ ယှဉ်ပြိုင်နိုင်စွမ်းသော စျေးသက်သာမှု၊ ဘဏ္ဍာရေးအရ ရုန်းကန်နေရ သော အာဖရိကနိုင်ငံအစိုးရများအတွက် ငွေကြေး တတ်နိုင်စွမ်းကန့်သတ်ချက်များရှိမှုနှင့် ပုန်ကန်သူ မျှလောက်သာ နှိမ်နင်းမှုများအတွက် တရုတ်လက်နက်များက ပိုမိုဆွဲဆောင်နိုင်သည်။

Hardware ထက်ကျော်လွန်၍- အဖွဲ့အစည်းဆိုင်ရာ ခိုင်မာမှု

လက်နက်လွှဲပြောင်းမှုများသည် ပေကျင်း၏ တိုးချဲ့လာသော ခြေရာများထဲမှ အစိတ်အပိုင်းတစ်ခု သာဖြစ်သည်။ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (FOCAC) အောက်ရှိ ၂၀၂၄-၂၀၂၇ ပေကျင်း လုပ်ဆောင်ချက်အစီအစဉ်တွင် အာဖရိကမှ စစ်ဘက်ဝန်ထမ်း ၆၅၀၀ ကို လေ့ကျင့်ပေးရန် ကတိကဝတ်များ ပါဝင်ခြင်းက ပိုမိုနက်ရှိုင်းသော အဖွဲ့အစည်းဆိုင်ရာ ပါဝင်ဆောင်ရွက်မှုကို မီးမောင်း ထိုးပြနေသည်။

အဆိုပါ သဘောတူညီချက်က အလုံးအရင်းနှင့် စစ်အင်အားတပ်ဖြန့်ချထားမှုအသွင်မရောက်စေသော တိုးတိတ်သည့် မဟာဗျူဟာအဖြစ် ရှောင်ရှားနိုင်သည်။ ကာကွယ်ရေးချိတ်ဆက် ကွန်ရက်များကို ပိုမို အားကောင်းစေပြီး စစ်ရေးအပြန်အလှန်စေလွှတ်လေ့ကျင့်မှုအသွင်ကိုလည်း ဆောင်သည်။ တစ်ဆက် တည်း အဆိုပါ အာဖရိကနိုင်ငံများတွင် ရှိနေသော တရုတ်လုံခြုံရေးဆိုင်ရာ ပုဂ္ဂလိက အဖွဲ့အစည်းများ က ၎င်းတို့စီးပွားရေးစီမံကိန်းများကိုလည်း ကာကွယ်ပေးပြီးသားဖြစ်စေသည်။
ထို ကျင့်ထုံးသည် အာဖရိက၏ အစိတ်အပိုင်းအချို့တွင် ရုရှား၏ ပိုမိုသော တိုက်ရိုက် လုံခြုံရေးပါဝင် ပတ်သက်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်သလို ပြင်သစ်၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုသည့် မူနှင့်အတူ တွဲလိုက်ပါလာသော နိုင်ငံရေးအရ ထိလွယ်ရှလွယ်မှုများကို ရှောင်ရှားနိုင်စေသည်။

ယှဉ်ပြိုင်မှုအခင်းအကျင်း

တရုတ်သည် အာဖရိကနိုင်ငံများတွင် ပြိုင်ဘက်ကင်း လည်ပတ်နေခြင်းမဟုတ်ပေ။ တူရကီသည် ဒရုန်းများနှင့် သံချပ်ကာယာဉ်များစျေးကွက်တွင် သိသာထင်ရှားသော ပြိုင်ဘက်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် အဆင့်မြင့်စနစ်များနှင့် လေ့ကျင့်ရေးမိတ်ဖက် များတွင် ဩဇာလွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားသည်။ ရုရှား၏ လုံခြုံရေးကွန်ရက်များသည် တင်းမာနေသော်လည်း အချို့သောကဏ္ဍများတွင် အမြစ်တွယ်နေဆဲဖြစ်သည်။

တရုတ်နိုင်ငံ၏ ဈေးကွက်ဝေစုသည် တဖြည်းဖြည်း တိုးချဲ့နေသော်လည်း လွှမ်းမိုးနိုင်မှုမှာ အာမခံချက် မရှိဟု လေ့လာသုံးသပ်သူများက သတိပေးကြသည်။ ဆာဟယ်ဒေသ၏ မတည်ငြိမ်မှုသည် ဝယ်လို အားကို ဖြစ်ပေါ်စေသော်လည်း မတည်ငြိမ်မှုနှင့် နိုင်ငံရေးအန္တရာယ်များကိုလည်း ဖြစ်ပေါ်စေသည်။

အကူးအပြောင်းကာလအတွင်း လုံခြုံရေးသရုပ်ဆောင်တစ်ဦး

လက်ရှိအခြေအနေကို ခွဲခြားသိမြင်စေသည်မှာ လက်နက်ရောင်းချမှု တိုးမြှင့်လာရုံသာမက ပိုမိုကျယ် ပြန့်သော ပြန်လည်နေရာချထားမှုလည်းဖြစ်သည်။ ပေကျင်းသည် ပေါ်လွင်သော နိုင်ငံရေးစွက်ဖက်မှု အခြေအန‌ေများမပါဘဲ ကုန်သွယ်ရေး၊ လေ့ကျင့်ရေးနှင့် ငွေကြေးထောက်ပံ့မှုတို့ကို ပေါင်းစပ်ထား သော ဘက်စုံ လုံခြုံရေးမိတ်ဖက်အဖြစ် မိမိကိုယ်ကိုယ် ပုံဖော်နေသည်။

ဆာဟယ်တွင် ပြင်သစ်၏ စစ်ဆင်ရေးတည်ရှိမှု ယိုယွင်းလာခြင်းကြောင့် ခိုင်မာသော လုံခြုံရေး အစီအစဉ်များ မတည်ငြိမ်ဖြစ်လာခဲ့သည်။ ထိုမတည်ငြိမ်သော နေရာတွင် တရုတ်နိုင်ငံသည် စာချုပ်များ၊ လေ့ကျင့်ရေးအစီအစဉ်များနှင့် စက်မှုလုပ်ငန်းတည်ရှိမှုများမှတစ်ဆင့် လွှမ်းမိုးမှုကို သိသိသာသာထက် တဖြည်းဖြည်းချင်း တည်ဆောက်ယူနေသည်။

အခြားသော ပါဝါရှိနိုင်ငံများ မရှိတော့သဖြင့် တရုတ်သည် စစ်ရေးလစ်လပ်မှုများနေရာများတွင် အစားထိုးလာခြင်းဟု ချဲ့ကားပြောဆိုနေနိုင်သည့် ဇာတ်ကြောင်းဖြစ်သည်။ သို့သော် အချက်အလက်များ က ဆင်သွားရာလမ်းဖြစ်ဆိုသလို တရုတ်၏ ရည်ရွယ်ချက်ကို အထင်းသားမြင်တွေ့ရသည်။ အနောက်နိုင်ငံများ၏ ခြေရာများ ကျဉ်းမြောင်းလာပြီး ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများ တင်းကျပ်လာသည်နှင့်အမျှ အနောက်နှင့်အလယ်အာဖရိက၏ ကာကွယ်ရေးကဏ္ဍ အခင်းအကျင်းတွင် တရုတ်၏ အခန်းကဏ္ဍသည် စနစ်တကျ၊ စီးပွားဖြစ်နှင့် ရေရှည် မဟာဗျူဟာမြောက် ရည်ရွယ်ချက်ဖြင့် တိုးချဲ့လာနေခြင်းသာ ဖြစ်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now