ဆောင်းပါး

ရှမ်းပြည်၏ ဖယ်ဒရယ်အိမ်မက်သစ်လား၊ အကျိုးစီးပွား မဟာမိတ်လားဆန်းစစ်ခြင်း

မဲခေါင် 14 Feb - 2026
ဆောင်းပါးရှင် – ကာလွန် ရှမ်းပြည်၏ လက်နက်ကိုင်တော်လှန်ရေး သမိုင်းကြောင်းကို ပြန်ကြည့်လျှင် အင်အားကြီးအဖွဲ့အစည်းများက “ရှမ်းပြည်နယ်လုံးဆိုင်ရာ” စုစည်းမှုကို အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် Mong Tai Army (MTA) ခေါင်းဆောင် ခွန်ဆာသည် ရှမ်းပြည်လွတ်လပ်ရေး ကြေညာကာ နယ်မြေအတွင်းရှိ အဖွဲ့အစည်းအားလုံးကို “ပေါင်းမလား၊ တိုက်မလား” ဆိုသည့် ပေါ်လစီဖြင့် ဖိအားပေးခဲ့ဖူးသည်။ ထိုစဉ်က ရလလဖ (SNPLO) ရှမ်းပြည်လွတ်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့  ကဲ့သို့ အဖွဲ့များ ခဏတာ ပေါင်းစည်းခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ခွဲထွက်ခဲ့ကြသည်။ ရှမ်း-ကယားနယ်စပ်အခြေစိုက် ကယန်းပြည်သစ်ပါတီမှ အတွင်းရေးမှူး ဟန်းတလောသည် အဖွဲ့မှ ခွဲထွက်၍ ခွန်ဆာ၏ MTA နှင့် ပူးပေါင်းခဲ့ဖူးသည်။

ဆောင်းပါးရှင် – ကာလွန်

ရှမ်းပြည်၏ လက်နက်ကိုင်တော်လှန်ရေး သမိုင်းကြောင်းကို ပြန်ကြည့်လျှင် အင်အားကြီးအဖွဲ့အစည်းများက “ရှမ်းပြည်နယ်လုံးဆိုင်ရာ” စုစည်းမှုကို အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။

၁၉၉၃ ခုနှစ်တွင် Mong Tai Army (MTA) ခေါင်းဆောင် ခွန်ဆာသည် ရှမ်းပြည်လွတ်လပ်ရေး ကြေညာကာ နယ်မြေအတွင်းရှိ အဖွဲ့အစည်းအားလုံးကို “ပေါင်းမလား၊ တိုက်မလား” ဆိုသည့် ပေါ်လစီဖြင့် ဖိအားပေးခဲ့ဖူးသည်။ ထိုစဉ်က ရလလဖ (SNPLO) ရှမ်းပြည်လွတ်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့  ကဲ့သို့ အဖွဲ့များ ခဏတာ ပေါင်းစည်းခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ခွဲထွက်ခဲ့ကြသည်။

ရှမ်း-ကယားနယ်စပ်အခြေစိုက် ကယန်းပြည်သစ်ပါတီမှ အတွင်းရေးမှူး ဟန်းတလောသည် အဖွဲ့မှ ခွဲထွက်၍ ခွန်ဆာ၏ MTA နှင့် ပူးပေါင်းခဲ့ဖူးသည်။ ခွန်ဆာလက်နက်ချလိုက်သောအခါ SSS ငြိမ်းချမ်းရေးအဖွဲ့အမည်ဖြင့် ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးတွင် နေရာချပေးခြင်းခံခဲ့ရပါသည်။

ယခု ၂၀၂၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးယွက်စစ်၏ RCSS သည် “ရှမ်းပြည်နယ်ဖယ်ဒရယ်တပ်မတော်” ထူထောင်ရန်နှင့် “ရှမ်းပြည်အမျိုးသားညီလာခံ” ကျင်းပရန် ကြိုးပမ်းလာခြင်းသည် သမိုင်းတစ်ပတ်လည်လာခြင်းလောဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ယခု RCSS ကျင်းပသော အခမ်းအနားကို တက်ရောက်လာကြသည့် အဖွဲ့အစည်းများကို ကြည့်လျှင် SNA (ရှမ်းနီ)၊ ပအိုဝ်းပြည်သူ့စစ် – PNA၊ DKBA နှင့် လားဟူ အဖွဲ့များ ပါဝင်နေသည်ကိုတွေ့ရသည်။ ဤအဖွဲ့အစည်းအများစုမှာ လက်ရှိ မြေပြင်အခြေအနေအရ စစ်ကောင်စီနှင့် နီးစပ်သော ဆက်ဆံရေးရှိခြင်း သို့မဟုတ် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေခြင်းများ ရှိနေသည့်အဖွဲ့များဖြစ်သည်။

ဤစုစည်းမှုသည် စစ်ကောင်စီကို တော်လှန်ရန်ထက် မိမိတို့၏ လက်ရှိထိန်းချုပ်နယ်မြေနှင့် အကျိုးစီးပွားကို ကာကွယ်ရန် “ကြားနေအုပ်စု” သို့မဟုတ် စစ်ကောင်စီလိုလားသော အင်အားစုများ၏ စုရပ်တစ်ခု ဖြစ်လာနိုင်ခြေရှိသည်ဟု ယူဆမိသည်။

ကယန်းပြည်သစ်ပါတီ (KNLP) သည် ကရင်နီ (ကယား) အခြေစိုက် KNDF နှင့် သဘောထားကွဲလွဲမှုများ ရှိနေပါသည်။ ကရင်နီတော်လှန်ရေး အင်အားစုများအောက်တွင် မနေလိုဘဲ သီးခြား “ကယန်းပြည်နယ်” အိမ်မက်ကို အကောင်အထည်ဖော်လိုသောKNLP(ကယန်းပြည်သစ်) အတွက် RCSS ၏ ဖက်ဒရယ်တပ်မတော်သည် ခိုလှုံရာတစ်ခု ဖြစ်လာနိုင်သည်။ UKSA (ညီညွတ်သောကရင်နီပြည်နယ်တပ်မတော်) ထက် RCSS ကို ရွေးချယ်ခြင်းက ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် နယ်မြေအာမခံချက်ကို ပိုမိုရရှိနိုင်သည်ဟု ယူဆကာပူးပေါင်းလာနိုင်သည်။

ယခင်က ခွန်ဆာ – MTA နှင့် ပေါင်းခဲ့ဖူးသော ဟန်းတလော၏ လမ်းစဉ်ဟောင်းအတိုင်း နယ်မြေတည်မြဲရေးအတွက် အင်အားကြီးအဖွဲ့ကို မှီခိုခြင်းမျိုးဖြစ်လာနိုင်သည်။

၁၉၈၈ လူထုအုံကြွမှုကြီးကြောင့် ရှမ်းပြည်နယ်တောင်ကြီးမြို့ဖက် မှ PNA(ပအိုဝ်း)သို့ တောခိုလာသည့် လူငယ်များသည် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု အလယ်ပိုင်းစစ်ကြောင်းအဖြစ် PNA ဂွင်သို့ရောက်ရှိနေသည့် KNPPမှ တပ်မှူးစောအယ်မွေးနှင့် လိုက်ပါပြီး ကရင်နီ ဗဟိုသို့ ရောက်ရှိခဲ့သည်။ စစ်သင်တန်းတက်ရန်နှင့် လက်နက်တပ်ဆင်နိုင်ရန်ဖြစ်သည်။

၁၉၈၉ခုနှစ်တွင် ကရင်နီဒေသမှ လူငယ်များနှင့် စစ်သင်တန်းတက်စဥ် ပြဿနာတက်ရာ တောင်ကြီးမှတောခိုသည့် လူငယ်တချို့သည် ခွန်ဆာအားကိုးနှင့် ကရင်နီမှထွက်ခွာလာပြီး ခွန်ဆာ၏ MTA သို့ ဆက်သွယ်ရာ ရှမ်းပြည်သား လူငယ်များထဲမှ ရှမ်းလူမျိုး၂ဦးကိုသာ လက်ခံခေါ်ယူပြီး အများစုကို မခေါ်သဖြင့် အားလုံး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်စခန်းမှ မြန်မာပြည်ပြန် လက်နက်ချခဲ့ကြသွားခဲ့သည့် အတွေ့အကြုံမျိုး ရှိခဲ့ဖူးသည်။

SSNDF (ရှမ်းတောင်ကာကွယ်ရေးတပ်ဖွဲ့ -နွေဉီးတော်လှန်ရေးမှပေါ်ထွက်လာသောတပ်ဖွဲ့) ကဲ့သို့ နယ်မြေနှင့် အင်အားမရှိသော အဖွဲ့များ RCSS အနားသို့ ကပ်လာခြင်းသည် သမိုင်းကြောင်းတချို့အရ မဟာမိတ် ဆိုသည်ထက် လက်အောက်ခံ (သို့) ကောက်စားခြင်း ဖြစ်ရန် ပိုများသည်။

ခွန်ဆာလက်ထက်က MTA ထဲသို့ အင်အားနည်းအဖွဲ့များကို ပေါင်းထည့်ကာ အရည်ဖျော်ပစ်ခဲ့သကဲ့သို့ပင် RCSS သည်လည်း ရှမ်းပြည်၏ တစ်ခုတည်းသော ကိုယ်စားလှယ်ဖြစ်ကြောင်း ပြသရန် ဤအဖွဲ့ငယ်များကို အသုံးချဖွယ်ရှိသည်။ ယခု ၂၀၂၆ တွင် RCSS ကစားနေသော အခင်းအကျင်းသည်- မြောက်ပိုင်းညီနောင်မဟာမိတ်များ၏ အရှိန်အဟုန်ကို တန်ပြန်ရန်ဖြစ်နိုင်သည်ဟု ရှမ်းပြည်လက်နက်ကိုင်တော်လှန်ရေး ဖြတ်သူခဲ့ဖူးတချို့သုံးသပ်နေသည်။ အထူးသဖြင့် စစ်ကောင်စီနှင့် ရင်ဆိုင်ရချိန်တွင် နိုင်ငံရေးအရ အသက်ရှူပေါက် ရှာရန်၊ ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးစုငယ်များကို စုစည်း၍ မိမိ၏ ဩဇာအာဏာကို ပြန်လည်တည်ဆောက်ရန် ဖြစ်သည်။

သို့သော် ဤစုစည်းမှုတွင် တကယ့်တော်လှန်ရေးအင်အားစုများ (ဥပမာ- KNDF, ညီနောင် (၃) ဖော်) မပါဝင်ဘဲ စစ်ကောင်စီနှင့် နီးစပ်သူများသာ ပါဝင်နေခြင်းက ဤ “ဖယ်ဒရယ်တပ်” သည် ရှမ်းပြည်၏ ငြိမ်းချမ်းရေးအတွက်လား သို့မဟုတ် သူ့အာဏာတည်မြဲရေးအတွက်လားဆိုသည်မှာ စောင့်ကြည့်ရမည့် အချက်ပင် ဖြစ်သည်။

သေချာသည်မှာ ယခင်က RCSS သွားခဲ့သည့် CSSU (Committee For Shan State Unity) ရှမ်းပြည်ညီညွတ်ရေးကော်မတီ ဆိုသည့် အခင်းအကျင်းကို ပြောင်းပြန်လှန်လိုက်သည်ဟု တွေးမြင်မိသည်။

CSSU တွင် လက်နက်ကိုင်တပ် ၂တပ်ဖြစ်သည့် SSPP နှင့် RCSS၊ ပါတီ၂ပါတီဖြစ်သည့် SNLD နှင့် SNDP၊ အရပ်ဖက်အဖွဲ့အစည်းအချို့တို့ ပူးပေါင်းလုပ်ကိုင်နိုင်မည့်လမ်းကြောင်း ရှားပါးခြင်းပင် ဖြစ်သည်။

ယခုတော့SSPP ကဲ့သို့ ရှမ်းအရေးလုပ်နေသည့် အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်တော့ဟု အဆုံးသတ်ကာ နောက်အင်အားစုတစ်ခု ဖန်တီးလာသည်ကို တွေ့ရသည်။

ခွန်ဆာလက်ထက်တွင် MTA ကို ယှဉ်နိုင်သည်မှာ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာသည့် UWSA “ဝ” အဖွဲ့သာ ရှိခဲ့သည်။ သို့သော် ယခု ၂၀၂၆ တွင် ရှမ်းပြည်မြောက်ပိုင်း၌ MNDAA နှင့် TNLA တို့က နယ်မြေအမြောက်အမြားကို ထိန်းချုပ်ထားပြီး စစ်ရေးအရ အင်အားအကောင်းဆုံး အခြေအနေ ရောက်နေသည်။ RCSS အနေဖြင့် ဒီအဖွဲ့များကို စစ်ရေးအရ မယှဉ်နိုင်သည့်အတွက် “နိုင်ငံရေးအရ စုစည်းမှု” (Political Legitimacy) ကို အသုံးချပြီး ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ အဖွဲ့ငယ်များကို စုစည်းကာ “တတိယအုပ်စု” တစ်ခုအနေဖြင့် ရပ်တည်ရန် ကြိုးစားခြင်း မျိုးဖြစ်နိုင်လာနိုင်သည်။

KNLP(ကယန်းပြည်သစ်) သည် ကရင်နီ (KNDF) ၏ လွှမ်းမိုးမှုကို မခံလိုသည်က ထင်ရှားသည်။ အထူးသဖြင့် ရှမ်းပြည်တောင်ပိုင်း (ဖယ်ခုံ၊ ပင်လောင်း) ဘက်တွင် ကယန်းလူမျိုးများ ရှိနေ၍ ၎င်းတို့အတွက် “ရှမ်းပြည်ဖယ်ဒရယ်” ဆိုသည့် ခေါင်းစဉ်အောက်တွင် နေရခြင်းက ကရင်နီတပ်များအောက်တွင် နေရခြင်းထက် ပို၍လွတ်လပ်ခွင့်ရမည်ဟု တွက်ပုံရသည်။

သတိထား မေးစရာရှိသည်က – RCSS သည် ကယန်းပြည်သစ်ကို တကယ်ပင် နယ်မြေခွဲပေးမည်လား၊ သို့မဟုတ် ခွန်ဆာလက်ထက်ကကဲ့သို့ ခဏတာ မဟာမိတ်အဖြစ် အသုံးချပြီး နောက်ပိုင်းတွင် လက်အောက်ခံအဖွဲ့ အဆင့်တွင်သာ ထားမည်လား ဆိုတာပင်။

ယခု RCSS လုပ်သည့်ပွဲသို့ တက်လာသည့် SNA, PNA, DKBA အဖွဲ့များသည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားသည့်အပြင် မြေပြင်တွင်လည်း စစ်ကောင်စီနှင့် ပူးပေါင်းနေသည့်အဖွဲ့များ ဖြစ်နေသည်။

ယခုအခင်းအကျဥ်းသည် စစ်ကောင်စီက ၎င်းတို့ မထိန်းချုပ်နိုင်သည့် ရှမ်းပြည်ကို “တော်လှန်ရေးတပ်တွေ လက်ထဲ မရောက်သွားအောင်” RCSS ကို ကြားခံထားပြီး Proxy (ကိုယ်စားလှယ်) အနေဖြင့် အသုံးချခွင့် ပေးလိုက်သည်များ ဖြစ်နိုင်မည်လော? တနည်းအားဖြင့် “ဖယ်ဒရယ်” ဆိုသည့် စကားလုံးကို သုံးပြီး တော်လှန်ရေးအရှိန်ကို လမ်းကြောင်းလွှဲတာမျိုးလည်း ဖြစ်နိုင်သည်လို့သုံးသပ်မိသည်။

ခွန်ဆာ လက်နက်ချပြီးနောက် ဖြစ်လာသည့် SSS အဖွဲ့သည် ယခုချိန်တွင် အင်အားသိပ်မရှိတော့သော်လည်း ၎င်းတို့၏နယ်မြေအနေအထားမှာ RCSS အတွက် ဗျူဟာကျနေဆဲဖြစ်သည်။ အခု RCSS ၏ စုစည်းမှုမှာ SSS နှင့် အခြား ရှမ်းပြည်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ငယ်များပါ ပါဝင်လာမည်ဆိုလျှင် ယင်းမှာ “စစ်မှန်သည့် ဖယ်ဒရယ်” ထက် “အကျိုးစီးပွားကာကွယ်ရေး မဟာမိတ်” တစ်ခု ပိုဖြစ်သွားနိုင်သည်။

ရွက်ဆစ်၏ RCSS သည် အခုကဲ့သို့ အဖွဲ့စုံကို စုစည်းလိုက်ခြင်းအားဖြင့် ရှမ်းပြည်တောင်ပိုင်းရှိ စစ်အုပ်စုကို တိုက်နေကြသည့် တကယ့် PDF များနှင့် တော်လှန်ရေး အင်အားစုများကို နယ်မြေကျော်လာသူများအဖြစ် သတ်မှတ်ပြီး တိုက်ထုတ်ရန် အကြောင်းပြချက် ရှာနေတာလား ဆိုသည့် အချက်ကိုမူ ဆက်လက်စောင့်ကြည့်ရန် လိုအပ်ပါပေလိမ့်မည်။

ကာလွန်
၁၀ – ၂ – ၂၀၂၆

ဆောင်းပါးရှင် ကာလွန် သည် ရှမ်းပြည်သား ၈၈ မျိုးဆက်တစ်ဦးဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးထဲတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ ပါဝင်ဆဲလည်း ဖြစ်သည်။

အယ်ဒီတာအဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now