ဆောင်းပါး

တရုတ်၏ အခွန်ကင်းလွတ်ခွင့်အစီအစဉ် – စီးပွားရေး ရက်ရောမှုအဖြစ် ဟန်ဆောင်ထားသော နိုင်ငံရေး မဟာဗျူဟာ

မဲခေါင် 24 Jan - 2026
~ လင်းမောင် ~ လူသိရှင်ကြားထုတ်ပြန်ထားသော တရုတ်၏ အာဖရိကနိုင်ငံများအပေါ် အခွန်ကင်းလွတ်ခွင့် (သုည အကောက်ခွန်) အစီအစဉ်သည် အာဖရိကနိုင်ငံများ တိုးတက်ကြီးပွားလာရေးဆိုသည်ထက် ကမ္ဘာတောင်ဘက်ခြမ်းတွင်တရုတ်၏ နိုင်ငံရေးချုပ်ကိုင်မှုကို ပိုမိုအားကောင်းစေရေးအတွက်သာ ရည်ရွယ်သည်။ တရုတ်သမ္မတရှီကျင့်ဖျင်က အာဖရိက ၅၅ နိုင်ငံကို အခွန်း ရာနှုန်းပြည့် ကင်းလွတ်ခွင့် ပြုသည့်မူဝါဒ ချမှတ်ပေးမည်ဟု ကမ်းလှမ်းသည့် အစီအမံသစ်သည် ပို့ကုန်တိုးချဲ့ရန် ရုန်းကန်နေရသော အာဖရိကစီးပွားရေးများအတွက် အသက်ကယ်လမ်းကြောင်းတစ်ခုဟု ထင်ရသော်လည်း အမှန်တကယ် အကျိုးခံစားခွင့်ရှိသူမှာ တရုတ်နိုင်ငံကိုယ်တိုင်သာဖြစ်သည်။ ယခုနောက်ဆုံးသော အစီအစဉ်သည် အာရှနှင့် အာဖရိကတစ်လွှား အခြေခံအဆောက်အအုံနှင့် ကုန်သွယ်ရေးချိတ်ဆက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်သည့် တရုတ်နိုင်ငံ၏ခါးပတ်လမ်းစီမံကိန်း Belt and Road Initiative (BRI) နှင့်

~ လင်းမောင် ~

လူသိရှင်ကြားထုတ်ပြန်ထားသော တရုတ်၏ အာဖရိကနိုင်ငံများအပေါ် အခွန်ကင်းလွတ်ခွင့် (သုည အကောက်ခွန်) အစီအစဉ်သည် အာဖရိကနိုင်ငံများ တိုးတက်ကြီးပွားလာရေးဆိုသည်ထက် ကမ္ဘာတောင်ဘက်ခြမ်းတွင်တရုတ်၏ နိုင်ငံရေးချုပ်ကိုင်မှုကို ပိုမိုအားကောင်းစေရေးအတွက်သာ ရည်ရွယ်သည်။ တရုတ်သမ္မတရှီကျင့်ဖျင်က အာဖရိက ၅၅ နိုင်ငံကို အခွန်း ရာနှုန်းပြည့် ကင်းလွတ်ခွင့် ပြုသည့်မူဝါဒ ချမှတ်ပေးမည်ဟု ကမ်းလှမ်းသည့် အစီအမံသစ်သည် ပို့ကုန်တိုးချဲ့ရန် ရုန်းကန်နေရသော အာဖရိကစီးပွားရေးများအတွက် အသက်ကယ်လမ်းကြောင်းတစ်ခုဟု ထင်ရသော်လည်း အမှန်တကယ် အကျိုးခံစားခွင့်ရှိသူမှာ တရုတ်နိုင်ငံကိုယ်တိုင်သာဖြစ်သည်။

ယခုနောက်ဆုံးသော အစီအစဉ်သည် အာရှနှင့် အာဖရိကတစ်လွှား အခြေခံအဆောက်အအုံနှင့် ကုန်သွယ်ရေးချိတ်ဆက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်သည့် တရုတ်နိုင်ငံ၏ခါးပတ်လမ်းစီမံကိန်း Belt and Road Initiative (BRI) နှင့် ကိုက်ညီသည်။ သုညအကောက်ခွန်နှုန်း သတ်မှတ်ပေးခြင်းသည် အာဖရိကရှိ ထုတ်လုပ်သူများအတွက် စျေးကွက်အခွင့်အလမ်းတချို့ကို ဖွင့်ပေးခြင်းဖြစ်သော်လည်း တစ်ဖက်တွင် ပိုကြောက်စရာ ကောင်းသော ပေကျင်းအပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ ပိုမိုနက်ရှိုင်းစွာ မှီခိုအားထားရစေသည့် အန္တရာယ်အတွင်း သက်ဆင်းရစေပြန်သည်။ တရုတ် – အာဖရိကအရေး နှစ်ပေါင်းများစွာ လေ့လာနေခဲ့သူများက တရုတ်အစိုးရ၏ နောက်ကွယ်မှ အရင်းခံရည်ရွယ်ချက်များကို အာဖရိကအစိုးရများ အထူးသဖြင့် ဆင်းရဲပြီးဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံမှ အစိုးရများက နားမလည်နိုင်ကြခြင်းဖြစ်သည်ဟု သတိပေး သုံးသပ်ကြသည်။

တရုတ်အစိုးရက မိတ်ဖက်ဆက်ဆံရေးဟု အသံကောင်းဟစ်နေသော်လည်း ပေကျင်းနှင့်အာဖရိကတို့ အကြား ကုန်သွယ်မှုမှာ မညီမျှပေ။ အာဖရိကနိုင်ငံများ တရုတ်သို့ တင်ပို့သမျှထဲမှ ၇၀ ရာခိုင်နှုန်းမှာ ထုတ်ယူရရှိသော ကုန်စည်များသာဖြစ်သည်။ အခြားသော ဒေသများနှင့်တရုတ်၏ ကုန်သွယ်မှုကို ယှဉ်လျှင်လည်း မဖြစ်စလောက်ကုန်သွယ်မှုမျှသာ ဖြစ်သည်။ အာဖရိကသည် ပေကျင်း၏ ထိပ်တန်း ကုန်သွယ်ဖက်များထဲတွင် မပါဝင်ပေ။ သမုဒ္ဒရာပိုင်းဇုန် အထက်အနည်းငယ်မျှသာ ပိုသာသော အဆင့် တွင်ရှိသည်။ ၂၀၂၄ ခုနှစ်က တရုတ်နှင့် အာဖရိကတို့ အပြန်အလှန်ကုန်သွယ်မှုပျမ်းမျှ တန်ကြေးသည် ဒေါ်လာ ဘီလီယံ ၃၀၀ သာရှိသည်။ တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆ . ၁ ထရီလီယံနှင့်ယှဉ်လျှင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု၏ ၅ ရာခိုင်နှုန်းပင် မပြည့်ပေ။ ထို့ကြောင့် တန်းတူညီမျှမှုဆက်ဆံရေးကို ထင်ဟပ်စေနိုင်ရန်မှာ အလွန်ခက်ခဲစေသည်။

အာဖရိကမှ တရုတ်သို့ တင်ပို့မှုများမှာ ကုန်ကြမ်းများသာဖြစ်ပြီး တရုတ်ထံမှ ကုန်ချောများကို ပြန်လည် တင်သွင်းယူရသည်။ ထို့ကြောင့် တရုတ်ထုတ်လုပ်ရေးလုပ်ငန်းရှင်းများကသာ ကုန်ချောထုတ်ရာမှ ပိုမို အကျိုးအမြတ်များစွာရရှိသည်။ ပေကျင်းသည် အာဖရိကမှ ရေနံ၊ တွင်းထွက်နှင့် သစ်စသည့် ထုတ်ကုန် များကို မှီခိုခြင်းမပြုပေ။ ထိုအရင်းအမြစ်များကို ရုရှားနှင့် ဘရာဇီးထံမှသာ အဓိက တင်သွင်းသည်။ အာဖရိကမှ တစ်ခုတည်းသော တင်သွင်းရသည့် ကုန်စည်မှာ cobalt ဆိုသည့် အက်တမ် နံပါတ် ၂၇ ဓာတုဒြပ်စင်ဖြစ်သော ငွေဖြူသတ္တုသာရှိသည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ cobalt များကို အများအပြား တင်သွင်းခြင်းဖြစ်သည်။

အမှန်တကယ် အာဖရိကမှ တရုတ်အလိုချင်ဆုံးသောအရာများသည် နိုင်ငံရေးလိုဘများ သာဖြစ်သည်။ ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာဖိုရမ်များတွင် အာဖရိကနိုင်ငံများသည် ကုလအဖွဲ့ဝင် နိုင်ငံများထဲ၌ ၃ ပုံ ၁ ပုံအထိ အင်အားရှိသည်။ ထို့ကြောင့် နိုင်ငံတကာ သဘောတူညီချက်များ မဲခွဲရာတွင် အာဖရိကနိုင်ငံများ၏ ထောက်ခံမှုရခြင်းက တရုတ်အတွက် အဖိုးမဖြတ်နိုင်ပေ။ အထူး သဖြင့် ထိရှလွယ်သည့် လူ့အခွင့်အရေးအကြောင်းတရားများ၊ ဒစ်ဂျစ်တယ်အုပ်ချုပ်မှုစနစ်များ၊ နည်းပညာဆိုင်ရာ စည်းမျဉ်းစည်းကမ်းချမှတ်မှုများတွင် အာဖရိကမှ အင်အားသည် ပေကျင်းအတွက် အလွန် အဖိုးထိုက်တန်စေသည်။ တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများကို လိုသလို ပုံသဏ္ဍန် ပြောင်းလဲပုံဖော်နိုင်ရေး ကြိုးစားနေသည့် နိုင်ငံဖြစ်သည့်အလျှောက် အာဖရိက၏ ထောက်ခံမှုရရှိခြင်း က မဟာဗျူဟာအရ အလွန်အရေးပါသည်။

ထိုမဟာမိတ်ပူးပေါင်းမှုများ ရရှိရေး တရုတ်သည် အာဖရိကနိုင်ငံများသို့ အကျိုးသက်ရောက်မှု အနည်း ငယ်မျှသာရှိသော မက်လုံးများအား ရက်ရောလွန်းဟန်ဖြင့် ကမ်းလှမ်းပေးအပ်နေခြင်းသာဖြစ်သည်။ ကြွေးများ ပြန်မဆပ်ခိုင်းတော့ခြင်း၊ ပညာတော်သင်များပေးခြင်း၊ ယခု အခွန်ကင်းလွတ်ခွင့်ပေးခြင်း ကဲ့သို့သော အပြုအမူများဖြင့် အာဖရိကကို စည်းရုံးနေခြင်းသာဖြစ်သည်။ မဆိုစလောက် ကုန်ကျခံရမှု မှ အာဖရိကတစ်တိုက်လုံးအပေါ် ဩဇာလွှမ်းမိုးနိုင်မှုကို ရစေသည်။ အာဖရိကနှင့်တရုတ်ဆက်ဆံရေး သည် ဥတုရာသီမရွေးသော မိတ်ဆွေဆိုသည့် ပုံရိပ်ပြကာ ထောက်ခံမှုများကို ရယူနေခြင်းဖြစ်သည်။

ကံဆိုးသည်မှာ ကျွမ်းကျင်သူအများအပြားက ထောက်ပြသည့်အတိုင်း အာဖရိကအစိုးရများသည် ပိုမိုကောင်းမွန်သော စည်းကမ်းချက်များကို ညှိနှိုင်းရန် ၎င်းတို့၏ စုပေါင်းသြဇာအာဏာကို ရှားရှားပါးပါးသာ အသုံးပြုလေ့ရှိခြင်းဖြစ်သည်။ ယင်းအစား တရုတ်၏ မကြာခဏ အခမဲ့ ထောက်ပံ့မှုများ မျက်နှာကိုကြည့်နေရသည်။ ဤပုံစံသည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု အစီအစဉ် စတင်ချိန်တွင် ထင်ရှားခဲ့ပြီး အာဖရိကတိုက်ကြီး၏ အကျိုးစီးပွားများကို တိုက်ရိုက် မဖြည့်ဆည်းပေးသည့်တိုင် အာဖရိက ထောက်ခံမှုများက တရုတ်ဘက်သို့ အလွယ်တကူ စီးဆင်းခဲ့သည်။

ကျွမ်းကျင်သူများက အာဖရိကအပေါ် အခွန်ကင်းလွတ်ခွင့်ပေးသည့် တရုတ်မူဝါဒသည် အာဖရိက၏ စီးပွားရေးအချုပ်အခြာအာဏာပိုင်မှုကို သူ့အတိုင်း မဖြစ်တည်စေတော့ဘဲ တရုတ်စျေးကွက်ကိုသာ မှီခိုအားထားရသည့် အဖြစ်သို့ရောက်စေခြင်းဖြစ်သည်ဟု ထောက်ပြကြသည်။ တရုတ်မှ စျေးပေါ့လှ သည့် ကုန်စည်များက အာဖရိကနိုင်ငံများအတွင်းသို့ ဒလဟောဝင်ရောက်လာခြင်းက ဒေသတွင်း ပင်မ စက်ရုံများကို ပိတ်သိမ်းရစေခြင်းများ၊ အလုပ်သမားများ အလုပ်ပြုတ်ရခြင်းများကိုသာ ဖြစ်စေသည်။ အကျိုးဆက်က စီးပွားရေးနယ်နိမိတ်ထက် ပိုကျော်လွန်သက်ရောက်စေသည်။ ပေကျင်းသည် ၎င်း၏ စီးပွားရေးခြေရာကို ခိုင်မာအောင်လုပ်ဆောင်လာသည်နှင့်အမျှ အာဖရိကနိုင်ငံများသည် အထူးသဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံရေး သို့မဟုတ် မဟာဗျူဟာမြောက် အကျိုးစီးပွားရှာမှုများအတွင်း အန္တရာယ်ကျရောက်စေပြီး တရုတ်ရင်းနှီးထားရာ နေရာများ၌ ကိုယ်ပိုင်မူဝါဒလွတ်လပ်ခွင့် လျော့နည်းလာ‌ခြင်းမျိုး ကြုံတွေ့လာရသည်။

တရုတ်၏ အာဖရိကတွင် ဩဇာချဲ့တွင်လာခြင်းသည် အမေရိကန်၌ ၂၀၂၅ ခုနှစ်အတွင်း သမ္မတ အဖြစ် ဒေါ်နယ်ထရမ့်တက်လာပြီးနောက် ကမ္ဘာ့အရေးများစေ့စပ်သည့်လုပ်ငန်းစဉ်များစွာကို ရပ်ဆိုင်းစွန့်လွှတ် ချိန်နှင့်တစ်ပြိုင်နက်တည်းဖြစ်နေသည်။ ထိုနယ်ပယ်အနေအထားကြောင့် အာဖရိကတွင် ကုန်သွယ်မှုအတွက်သာမက ဩဇာလွှမ်းမိုးမှုနှင့် စိုးမိုးခြယ်လှယ်နိုင်စွမ်းတွင်ပါ တရုတ်သည် အရှိန် အဟုန်ကောင်းစွာဖြင့် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ ကုန်သွယ်မှုတွင်သာမက နည်းပညာနှင့် လုံခြုံ ရေးပူးပေါင်းဆောင်ရွက်မှုများတွင်ပါ တရုတ်သည် အာဖရိကမြေပေါ် ခြေကုပ်ယူလာနိုင်ခဲ့သည်။ တရုတ် နည်းပညာကုမ္ပဏီကြီးများဖြစ်သော Huawei နှင့် ZTE တို့သည်အာဖရိကရှိ အများဆုံးသော အင်တာနက် 3G နှင့် 4G ကွန်ရက်အခြေခံအဆောက်အအုံများကို ဆောက်လုပ်ပေးခဲ့သည်။ အာဖရိကတိုက်၏ ဒစ်ဂျစ်တယ်အခင်းအကျင်းတွင် ခြေကုပ်ရယူသွားနိုင်သည်။ အာဖရိကရှိ IT စနစ်များသည် အမျိုးမျိုးကွဲပြားတည်ရှိနေသည်ဆိုသော်လည်း တရုတ်၏ နည်းပညာပိုင်းဆိုင်ရာ စံနှုန်းများ အဓိက ခြေကုပ်ယူလိုက်နိုင်ခြင်းက အလွန်စွမ်းအားရှိသော ပထဝီနိုင်ငံရေးအသာစီးရမှုကိုပါ ဖြစ်တည်စေခဲ့သည်။

အာဖရိကနိုင်ငံများက တရုတ်ရန်စွယ်ကို သိနိုင်ရန် ခက်ခဲနေချိန် အက်စ်ဝါတီနီ (ဆွာဇီလန်) တစ်နိုင်ငံမှ လွဲပြီး တရုတ်နှင့်သံတမန်ဆက်ဆံရေးကောင်းများ ထူထောင်ထားကြသည်။ ကုလသမဂ္ဂတွင် အာဖရိကနိုင်ငံများက တရုတ်ဘက်မှ ထောက်ခံရပ်တည်ပေးနေခြင်းက ကမ္ဘာတစ်ခုလုံးအပေါ် တရုတ် ၏ စိုးမိုးခြယ်လှယ်နိုင်စွမ်းကို ပိုမိုအားကောင်းစေသည်။ စီးပွားရေးလွှမ်းမိုးခြယ်လှယ်မှုအတိုင်းအတာ ကိုလည်း ပိုမိုကျယ်ပြန့်စေသည်။

တရုတ်ရော အာဖရိကနိုင်ငံများအားလုံးနီးပါးသည် အနောက်နိုင်ငံများနှင့်အမေရိကန်အပေါ် စံနှုန်း နှစ်မျိုးထားရှိသူများဟု မကြာခဏစွပ်စွဲနေကြသည်။ ရာသီဥတုပြောင်းလဲနေခြင်း၊ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီပေးခြင်းနှင့် ပါလက်စတိုင်းအရေး မေးခွန်းထုတ်မှုများတွင်ပါ တရုတ်နှင့် အာဖရိကတို့၏ အသံများက ထပ်တူကျနေသည်။ ထိုင်ဝမ်၊ ဟောင်ကောင်၊ တိဗက်၊ ရှင်းကျန်းနှင့် တောင်တရုတ် ပင်လယ်အစရှိသည့် နယ်မြေအငြင်းပွားမှုကိစ္စများတွင်လည်း အာဖရိကအစိုးရများက တရုတ်ဘက်မှ ရပ်တည်ထောက်ခံပေးကြသည်။
အာဖရိကနိုင်ငံတိုင်းက တရုတ်၏ One China မူဝါဒကိုပါ အသိအမှတ်ပြုပေးပြီး ထိုင်ဝမ်သည် တရုတ်နှင့်ခွဲထွက်မရနိုင်သည့် ကျွန်းဟူသော မူကိုပါ လက်ခုပ်တီးအားပေးကာ ဝင်သိမ်းပိုက်လျှင်ပင် ထောက်ခံပေးကြမည့်သဘောရှိနေသည်။
ဝီဂါမွတ်ဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက် ဖိနှိပ်နေသည့် တရုတ်လုပ်ရပ်အပေါ် နိုင်ငံတကာ က ဝေဖန်နေကြသော်လည်း အာဖရိကအစိုးရအများစုက တရုတ်မူဝါဒများအပေါ် ဝေဖန်ရမည်ကို ရှောင်ကြဉ်နေကြသည်။ ထိုသို့ တရုတ်၏မကောင်းမှုများအပေါ် အသံတိတ်နေပေးခြင်းများကြောင့် တရုတ်၏ အာဏာရှင်ဆန်သော နိုင်ငံရေးအမူအကျင့်သည် ကမ္ဘာ့အဆင့်သို့ပင် ခြိမ်းခြောက်လာနေပြီ ဖြစ်သည်။

နောက်ထပ် တရုတ်၏ စိုးမိုးမှုအမြင်တစ်ခုကလည်းရှိသည်။ ပါတီသံတမန်ရေးနည်းဖြင့် ဩဇာလွှမ်းမိုး မှု ရယူနေခြင်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန (CCP-ID) က နိုင်ငံတကာ ပါတီ သံတမန်ရေးရာ ကိစ္စများကို တာဝန်ယူ ထိန်းချုပ်လုပ်ဆောင်နေသည်။ အာဖရိကနိုင်ငံများရှိ အာဏာရ နှင့် အတိုက်အခံပါတီပေါင်းစုံတို့နှင့် တိုက်ရိုက်ဆက်ဆံသည်။ သံတမန်ရေး လမ်းကြောင်းများနှင့် ထိုပါတီများထံ ဆက်ဆံရာတွင် တရုတ်၏ အတွေးအခေါ်ဆိုင်ရာ သွပ်သွင်းမှုနှင့်အတူ Soft Power သုံး ကာ ဩဇာလွှမ်းမိုးမှုကို တည်ဆောက်သည်။

နိုင်ငံရေးတွင် တစ်ပါတီတည်းက ကြီးစိုးသောနိုင်ငံများ၌ တရုတ်ကွန်မြူနစ်ပါတီ သံတမန်ရေးရာ ချဉ်းကပ်မှုက အထူးပင်ပိုမို ကောင်းမွန်းဖြစ်ထွန်းစေသည်။ သံတမန်ရေးနှင့် နိုင်ငံရေး ကူညီပံ့ပိုးမှု များအကြားရှိ စည်များကို မမြင်သာ ဝေ့ဝါးသွားစေသည်။
အာဖရိကသည် ၎င်း၏ ပထဝီနိုင်ငံရေးစခန်းချမှုတွင် “သဘာဝအတိုင်း ပါဝင်ပတ်သက်သည်” ဟူသော တရုတ်၏ သတင်းစကားကို သတိထားကိုင်တွယ်သင့်သည်။ အခွန်ကင်းလွတ်ရေး အစီအစဉ်သည် ကုန်သွယ်ရေးအခွင့်အလမ်းတစ်ခုကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင် ၎င်းတို့အပေါ် မှီခိုမှုကို ပိုမိုနက်ရှိုင်းစေပြီး ပေကျင်း၏ မဟာဗျူဟာမြောက် လက်လှမ်းမီမှုကို အားကောင်းစေသည်။

အာဖရိကခေါင်းဆောင်များက ၎င်းတို့လုပ်နိုင်စွမ်းသည့် စုပေါင်းနိုင်ငံရေးထောက်ခံမှုနှင့် အပေးအယူလုပ်နိုင်စွမ်းရှိနေသည်ကို အသိအမှတ်မပြုမချင်း တရုတ်နိုင်ငံသည် စီးပွားရေး၊ သံတမန်ရေးနှင့် အယူဝါဒရေးအရ ထောက်ပံ့မူအနည်းငယ်ပေးရုံဖြင့် အကျိုးအမြတ်များစွာ ဆက်လက်ရရှိနေမည်ဖြစ်သည်။ အချိန်မနှောင်းမီ အာဖရိကတွင် တရုတ်၏အခြေစိုက်စခန်းများ တိုးချဲ့နေခြင်းကို ကမ္ဘာ့အသိုက်အဝန်းက တားဆီးရန် အသင့်ပြင်ရမည့်အချိန်ရောက်နေပြီဖြစ်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now