ဆောင်းပါး

မူးယစ်ဆေးဝါးမှုနဲ့ ဗင်နီဇွဲလားအာဏာရှင် မာဒူရိုကို အမေရိကန် ဖယ်ရှားတော့မှာလား

မဲခေါင် 3 Dec - 2025
~ CWM ~ ကာရစ်ဘီယန် ပင်လယ်ပြင်မှာ အမေရိကန် တိုက်လေယာဉ်တွေက ဗင်နီဇွဲလား မူးယစ်ဆေးဝါးလှေတွေကို ပစ်ခတ်တိုက်ခိုက် နှစ်မြုပ်ပစ်နေတာ ကြာပါပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂)ရက်ကနေ အခု နိုဝင်ဘာလကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှု စုစုပေါင်း(၂၁)ကြိမ် ပြုလုပ်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူပေါင်း(၈၃)ဦး သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ သိရတယ်။ ပြီးခဲ့တဲ့ ရက်ကလည်း ဗင်နီဇွဲလား မူးယစ်လှေတစီးကို ထပ်မံတိုက်ခိုက်ဖျက်ဆီးလိုက်တဲ့အကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူကာရိုလိုင်း လီဗစ်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ “ရေတပ်ဗိုလ်ချုပ် ဖရန့်ဘရက်ဒလေ ရဲ့ အမိန့်နဲ့ ဒုတိယမြောက် ပစ်ခတ်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ရဲ့ ညွှန်ကြားမှုနဲ့ လုပ်ဆောင်ခဲ့တာလည်းဖြစ်တယ်” “စစ်ပွဲဥပဒေအရ သမ္မတဆုံးဖြတ်ချက်နဲ့ မူးယစ် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသူအားလုံးဟာ

~ CWM ~

ကာရစ်ဘီယန် ပင်လယ်ပြင်မှာ အမေရိကန် တိုက်လေယာဉ်တွေက ဗင်နီဇွဲလား မူးယစ်ဆေးဝါးလှေတွေကို ပစ်ခတ်တိုက်ခိုက် နှစ်မြုပ်ပစ်နေတာ ကြာပါပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂)ရက်ကနေ အခု နိုဝင်ဘာလကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှု စုစုပေါင်း(၂၁)ကြိမ် ပြုလုပ်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူပေါင်း(၈၃)ဦး သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ သိရတယ်။

ပြီးခဲ့တဲ့ ရက်ကလည်း ဗင်နီဇွဲလား မူးယစ်လှေတစီးကို ထပ်မံတိုက်ခိုက်ဖျက်ဆီးလိုက်တဲ့အကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူကာရိုလိုင်း လီဗစ်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

“ရေတပ်ဗိုလ်ချုပ် ဖရန့်ဘရက်ဒလေ ရဲ့ အမိန့်နဲ့ ဒုတိယမြောက် ပစ်ခတ်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ရဲ့ ညွှန်ကြားမှုနဲ့ လုပ်ဆောင်ခဲ့တာလည်းဖြစ်တယ်”

“စစ်ပွဲဥပဒေအရ သမ္မတဆုံးဖြတ်ချက်နဲ့ မူးယစ် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသူအားလုံးဟာ အရေးကြီးတဲ့ ပစ်မှတ်တွေဖြစ်တယ်လို့ သမ္မတ ထရမ့် နဲ့ ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်တို့က ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်တယ်”

ပစ်ခတ်တိုက်ခိုက်မှုဟာ ပိဟက်ဆက်ရဲ့ အမိန့်နဲ့ လုပ်ဆောင်ခဲ့တာလို့ လီဗစ်က အတည်ပြုပေမယ့် အားလုံးကို ပစ်သတ်လိုက်ပါလို့တော့ ညွှန်ကြားခဲ့တာတော့ မရှိဘူးလို့ သူမက ဆိုတယ်။

ဝါရှင်တန်ပို့စ်ရဲ့ ရေးသားချက်အရ ဒုတိယမြောက် ပစ်ခတ်တိုက်ခိုက်မှုဟာ ပထမတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေတဲ့ လှေအပိုင်းအစကို ဖက်တွယ်ပြီး အသက်ရှင်ကျန်ရစ်သူ နှစ်ဦးကိုပါ ရှင်းပစ်လိုက်ဖို့ ရည်ရွယ်တာလို့ ဆိုတယ်။

ခုလို ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရီပတ်ဘလစ်ကင်ရော ဒီမိုကရက်အမတ်တွေကပါ ကွန်ဂရက်မှာ ပြန်လည်သုံးသပ်မယ်လို့ ဆိုနေကြတယ်။

ခုလို အမေရိကန်က ဗင်နီဇွဲလား မူးယစ်ဆေးဝါးလှေလို့ ခေါ်တဲ့ လှေတွေကို ကာရစ်ဘီယန်ပင်လယ်မှာ ပစ်ခတ်နှစ်မြုပ်နေတာနဲ့ပတ်သက်လို့ ဥပဒေအရ ပစ်ခတ်တိုက်ခိုက်ခွင့် ရှိမရှိဆိုတာ အငြင်းပွားမှုတွေလည်း ရှိနေတယ်။

မကြာသေးမီ ရက်သတ္တပတ်တွေကတော့ အမေရိကန်ဟာ ကာရစ်ဘီယန်ဒေသမှာ စစ်အင်အားတိုးချဲ့မှုတွေ ပြုလုပ်ခဲ့ပြီး ဗင်နီဇွဲလားနဲ့ ကိုလံဘီယာကမ်းလွန် နိုင်ငံတကာရေပြင်မှာ သံသယရှိတဲ့ မူးယစ်ဆေးဝါးမှောင်ခိုလှေတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ စစ်ဆင်ရေးတရပ်အနေနဲ့ ဆက်တိုက် ပြုလုပ်လာခဲ့တယ်။

ထရမ့်အစိုးရကတော့ အမေရိကန်ကို တရားမဝင် သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးလှေတွေကို ဖျက်ဆီးပစ်တာဟာ မိမိကိုယ် မိမိကာကွယ်ရေးအတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုတယ်။

ခုလို တိုက်ခိုက်မှုတွေကြောင့် အမေရိကန်နဲ့ ဗင်နီဇွဲလားကြား သိသိသာသာ တင်းမာမှုတွေ မြင့်တက်လာခဲ့တယ်။ သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်မြေပြင်တပ်တွေ ဗင်နီဇွဲလားကို စေလွှတ်ပြီး တပ်ချထားဖို့ စဉ်းစားနေတယ်လို့ အကြိမ်ကြိမ်ပြောဆိုနေခဲ့တယ်။

ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်မြေပြင်တပ်တွေ ဗင်နီဇွဲလားကို စေလွှတ်မယ်ဆိုတဲ့ ပြောစကားနဲ့အတူ ဗင်နီဇွဲလားကို အမေရိကန်က သိမ်းပိုက်တော့မလား ဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်ပေါ်လာခဲ့တယ်။

ဗင်နီဇွဲလားလွှတ်တော်က ကာရစ်ဘီယန်ပင်လယ်မှာ သူတို့ရဲ့ လှေတွေ တိုက်ခိုက်ခံနေရမှုနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်သွားမယ်လို့ တနင်္ဂနွေနေ့က ပြောကြားလိုက်ပြီး အမေရိကန်ဟာ ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချဖို့ ကြံစည်နေတယ်လို့လည်း စွပ်စွဲလိုက်တယ်။

ဗင်နီဇွဲလား ဥပဒေအကျိုးဆောင်ချုပ် တာရက် ဝီလျံက ထရမ့်ရဲ့ စွပ်စွဲချက်တွေဟာ ဗင်နီဇွဲလားရဲ့ ကြွယ်ဝတဲ့ သဘာဝအရင်းအမြစ် “ရေနံ” အပေါ် မနာလိုရာက စခဲ့တယ်လို့ ဆိုတယ်။

ခုလို တင်းမာမှုမြင့်တက်နေချိန်မှာပဲ ဒေါ်နယ်ထရမ့်ဟာ ဗင်နီဇွဲလားသမ္မတ မာဒူရိုထံကို ဖုန်းဆက်ခဲ့ပြီး သမ္မတရာထူးက နှုတ်ထွက်ကာ နိုင်ငံထဲက ထွက်ခွါသွားဖို့ ဖိအားပေးခဲ့တယ်လို့ ဆိုတယ်။ ထရမ့်က မာဒူရို နဲ့ ဖုန်းဆက်ခဲ့ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝန်ခံခဲ့ပေမယ့် ဘာတွေ ပြောခဲ့တယ်ဆိုတာတော့ ထုတ်မပြောခဲ့ဘူး။

ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ပြီးခဲ့တဲ့လက မာဒူရိုထံ ထရမ့်က ဖုန်းဆက်စဉ်မှာ မာဒူရိုအနေနဲ့ နိုင်ငံက ထွက်ခွါဖို့ သဘောတူရင် သူနှစ်သက်ရာ နေရာတခုခုကို ထွက်ခွါနိုင်တယ်လို့ ဆိုတယ်။ ဒါပေမယ့် မာဒူရိုက သဘောမတူခဲ့ဘူး။ မာဒူရိုက ထွက်ခွါဖို့ ငြင်းဆန်ပြီးနောက်မှာတော့ ဗင်နီဇွဲလား လေကြောင်းပိုင်နက်ကို လုံးဝ ပိတ်ပင်ထားသင့်တယ်လို့ ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြလိုက်တယ်။

မာဒူရိုက သူ့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို အပြစ်က လွတ်ငြိမ်းခွင့်ပေးဖို့ နဲ့ အစိုရအဖွဲ့ လက်မြှောက်အရှုံးပေးသွားရင်လည်း သူ့ကို စစ်တပ်ကို ဆက်လက်ထိန်းချုပ်ခွင့် ပေးထားဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုတယ်။ မာဒူရိုရဲ့ တောင်းဆိုမှုနှစ်ခုစလုံးကို ထရမ့်က ပယ်ချလိုက်တယ်လို့ မီယာမီပို့စ် နဲ့ ရိုက်တာက ရေးသားဖော်ပြခဲ့တယ်။

အမေရိကန်အစိုးရအရာရှိတွေကတော့ ဗင်နီဇွဲလားသမ္မတ မာဒူရိုကိုယ်တိုင် အကြမ်းဖက်အဖွဲ့အစည်းတခုဖြစ်တဲ့ Cartel of the Suns လို့ ခေါ်တဲ့ မူးယစ်ဆေးဂိုဏ်းမှာ ပါဝင်နေတယ်လို့ စွပ်စွဲထားတယ်။ ဒီအဖွဲ့မှာ ဗင်နီဇွဲလားစစ်တပ်က အဆင့်မြင့်အရာရှိတွေ၊ လုံခြုံရေးအရာရှိတွေ ကိုယ်တိုင် ပါဝင်ပြီး မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်ဖောက်ကားမှုတွေမှာ ပါဝင်ပတ်သက်နေကြတယ်လို့ ဆိုတယ်။

အမေရိကန် နဲ့ ဗင်နီဇွဲလားတို့ တင်းမာမှု မြင့်တက်နေစဉ်မှာပဲ ပြီးခဲ့တဲ့အပတ်က ကာရစ်ဘီယန် ပင်လယ်ပြင်မှာ အနည်းဆုံး အမေရိကန်စစ်သင်္ဘော ခြောက်စီးကို ဂြိုလ်တုဓါတ်ပုံတွေမှာ တွေ့မြင်ကြရတယ်။

အမေရိကန်တိုက်လေယာဉ်တွေက ကာရစ်ဘီယန်နဲ့ အရှေ့ပစိဖိတ်ပင်လယ်မှာ ဗင်နီဇွဲလားမူးယစ်ဆေးဝါးလှေတွေကို ဆက်တိုက် တိုက်ခိုက်ဖျက်ဆီးမှုပြုလုပ်ပြီးနောက်ပိုင်းမှာ ခုလို အမေရိကန် စစ်သင်္ဘောတွေ အများအပြား ရောက်ရှိလာတာဖြစ်တယ်။

ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောနဲ့အတူ ထောင်ပေါင်းများစွာသော အမေရိကန်စစ်သားတွေ ပါဝင်လာပြီး ဗင်နီဇွဲလားနဲ့ လက်တကမ်းအကွာကို ရောက်ရှိလာတဲ့အတွက် အမေရိကန်က ဗင်နီဇွဲလားကို စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်တော့မလား ဆိုတဲ့ မှန်းဆချက်တွေလည်း မြင့်တက်လာခဲ့တယ်။

အမေရိကန်ရဲ့ အကြီးဆုံး လေယာဉ်တင်သင်္ဘောကြီး USS Gerald R Ford ဟာ ဒိုမီနီကန်သမ္မတနိုင်ငံရဲ့ တောင်ဘက် (၇၅)မိုင်အကွာကို နိုဝင်ဘာ(၂၇)ရက်မှာ ရောက်ရှိလာခဲ့တယ်။ ဗင်နီဇွဲလားကမ်းခြေကနေဆိုရင် (၄၃၅)မိုင်ပဲ ကွာဝေးတယ်။ အမေရိကန်ရေတပ်စစ်သင်္ဘောအုပ်စုဟာ ဗင်နီဇွဲလားကမ်းခြေနဲ့ အနီးဆုံးနေရာကို ရောက်ရှိစခန်းချနေပြီဖြစ်တယ်။

ခုလို စစ်အင်အားတည်ဆောက်နေမှုဟာ အမေရိကန်က ဗင်နီဇွဲလားကို တိုက်ရိုက် ဝင်ရောက်သိမ်းပိုက်ဖို့ ပြင်ဆင်နေပြီလား ဒါမှမဟုတ် သမ္မတ နီကိုလပ်စ် မာဒူရိုရဲ့ ဆိုရှယ်လစ်အစိုးရကို ဖယ်ရှားဖို့ ပြင်ဆင်နေပြီလား ဆိုတဲ့ မှန်းဆချက်တွေကို တိုးပွားစေခဲ့တယ်။

ပြင်ဆင်ထားတဲ့ တပ်အင်အားအဆင့်၊ မူးယစ်ဆေးဝါးစစ်ဆင်ရေးအတွက်မဟုတ်တဲ့ သိသာတဲ့ ရည်ရွယ်ချက်နဲ့ စစ်အင်အားစုဖွဲ့မှုက (အမေရိကန်ဟာ ဗင်နီဇွဲလားကို စစ်ဆင်နွှဲဖို့ ဦးတည်နေပြီလားဆိုတဲ့) သံသယဝင်စရာကောင်းတယ်လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန(CSIS)က အမေရိကန်အထူးကျွမ်းကျင်သူ ဇီမာက ဆိုတယ်။

အမေရိကန်က ဗင်နီဇွဲလားကို ဝင်တိုက်တော့မှာလားလို့ CBS ရဲ့ မိနစ် ၆၀ အစီအစဉ်မှာ ထရမ့်ကို မေးမြန်းကြည့်တဲ့ခါ ” အတည်ပြောလို့တော့ မရသေးဘူး။ ဒါပေမယ့် သူတို့ရဲ့ ကျနော်တို့အပေါ် ဆက်ဆံပုံတွေဟာ အတော်ဆိုးပါတယ်” လို့ ဖြေကြားခဲ့တယ်။

ဒါပေမယ့် နိုဝင်ဘာလ(၂၉)ရက်နေ့ကတော့ ဗင်နီဇွဲလားလေပိုင်နက်နဲ့ အနီးပတ်ဝန်းကျင်တွေကိုတော့ လုံးဝပိတ်ထားဖို့ စဉ်းစားသင့်တယ်လို့ ထရမ့်က ပြောဆိုသွားခဲ့တယ်။

ခုလိုအခြေအနေမှာ ဗင်နီဇွဲလားအစိုးရက အမေရိကန်ဟာ ဒေသတွင်း တင်းမာမှုဖြစ်အောင် တမင်လှုံ့ဆော်နေပြီး ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲလိုက်တယ်။ တချိန်တည်းမှာပဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်သည် ၂၀၀၀၀၀ ကို အသင့်ပြင်ထားဖို့ တိုက်တွန်းနှိုးဆော်လိုက်တယ်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုဟာ ဆိုရှယ်လစ်ခေါင်းဆောင် ဟူဂိုချားဗက်စ် ကွယ်လွန်ပြီးနောက် ၂၀၁၃ခုနှစ်က စပြီး အာဏာရရှိလာသူဖြစ်တယ်။ ရွေးကောက်ပွဲ မသမာမှုအကြိမ်ကြိမ်၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ အကျင့်ပျက်ခြစားမှု နဲ့ နိုင်ငံတွင်း ဆိုးရွားစွာ စီးပွားရေးကြပ်တည်းတွေကြောင့် မာဒူရိုကို လက်တင်အမေရိကရဲ့ အာဏာရှင်အဖြစ် လူသိများကြတယ်။ ရုရှား၊ တရုတ်၊ ကျူးဘား မဟာမိတ်များနဲ့ သူ့ကိုထောက်ခံသူများက သူဟာ ဟူဂိုချားဗက်စ်ရဲ့ ဆိုရှယ်လစ်အမွေကို ဆက်ခံကာကွယ်သူ၊ အမေရိကန် နယ်ချဲ့ဝါဒကို ခုခံကာကွယ်သူအဖြစ် ရှုမြင်ကြတယ်။

# CWM ref: US strikes on Latin American ‘drug boats’: What do we know, and are they legal? US Navy commander ordered second Venezuela boat strike, White House says. Tracking build-up of US military planes and warships near Venezuela.BBCWorld

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Binance ကို ဒူးထောက်သွားစေခဲ့တဲ့ ကမ္ဘာ့အဆင့် ဟက်ကာတွေကို မြောက်ကိုရီးယား ဘယ်လို မွေးထုတ်သလဲ

~ ဒင်းဒင်း ~ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံ ကောက်စားသွားခဲ့တဲ့ Binance ခရစ်ပ်တို ဖောက်ထွင်းမှုတွေလို
ဆောင်းပါး

China’s BRI crisis in South Asia

~ Sumit Kumar ~ China Merchants Port Holdings, a state-owned Chinese port

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကြွေးမြီထောင်ချောက်ဖြင့် တည်ဆောက်နေသော တရုတ်၏ အလယ်အာရှဩဇာ

~ လင်းမောင် ~ အလယ်အာရှဒေသတွင် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခု အသံတိတ် ဖြစ်ပေါ်နေပြီး၊ ၎င်းမှာ စစ်အင်အားဖြန့်ကြက်မှု သို့မဟုတ် နိုင်ငံရေး မဟာမိတ်ဖွဲ့မှုများကြောင့် မဟုတ်ဘဲ ငွေကြေးအရင်းအနှီးဖြင့် မောင်းနှင်နေခြင်း ဖြစ်သည်။ ယွမ်ငွေအခြေပြု ဘဏ္ဍာငွေရှာဖွေမှုအပေါ် ကာဇက်စတန်၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကမ္ဘောဒီးယားက တရုတ်ကျားဖြန့်တွေ ဘယ်ကိုစားကျက်ပြောင်းသွားသလဲ

~ ဒင်းဒင်း ~ မဒါဂါစကာနိုင်ငံက အွန်လိုင်းလိမ်လည်ရေးစင်တာတွေကို စီးနင်းမှုတွေ လုပ်ဆောင်ရာကနေပြီး အဲဒီစင်တာ​တွေဟာ အာဖရိကတိုက်သားတွေကိုလူကုန်ကူးပြီး  ကမ္ဘောဒီးယားနိုင်ငံမှာ အလားတူလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရာဇဝတ်မှုအုပ်စုနဲ့ ဆက်စပ်နေတယ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်လို့ အာဏာပိုင်‌တွေက ပြောကြပါတယ်။ အချစ်ရေး၊ အွန်လိုင်းငွေကြေး (cryptocurrency)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မြန်မာ့အရေးမှာ အာဆီယံ နောက်ကောက်ကျခဲ့ပြီ

~ ထက်ခိုင် ~ အမှတတမဲ့ဆိုရင်တော့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်အတွက် နိုင်ငံတကာသံတမန်ရေးရာမှာ တော်တော်လေး အောင်မြင်တဲ့နှစ်တစ်နှစ် ဖြစ်နေပုံပါပဲ။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို အဆင့်မြင့်ခရီးစဉ်တွေ ဆက်တိုက်သွားရောက်နိုင်ခဲ့ပါတယ်။ အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Yuan, Loans and Leverage: How China Is Expanding Its Reach Across Central Asia

~ Linn Maung ~ A quiet but significant shift is taking place in Central Asia, and it is being driven

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စီအိုင်အေ၊ ကူမင်တန် လျှို့ဝှက်တပ်မတော်နဲ့ တချိန်တုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း “ရွှေတြိဂံ”

~ CWM ~ ၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင်းစစ်မှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန် တရုတ်မျိုးချစ်တပ်တွေက မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးတပ်တွေကို ရှုံးနိမ့်ပြီး အတော်များများ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားကြပေမယ့် တချို့တဝက်က ယူနန်ပြည်နယ် အနောက်ဘက်၊ ရှမ်းပြည်နယ်အရှေ့ဘက်ကို ဝင်ရောက်ခြေကုပ်ယူပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်ဒေသန္တရအစိုးရများ၏ ဒဏ်ကြေးများဖြင့် ကျားကန်ထားသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ

~ လင်းမောင် ~ တရုတ်နိုင်ငံ၏ ခမ်းနားထည်ဝါသော အစိုးရအဆောက်အအုံများနှင့် ကြီးမားလှသော စီးပွားရေးပစ်မှတ်များ၏ နောက်ကွယ်တွင် ကြီးထွားလာနေသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ သည် ဒေသဆိုင်ရာ အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် သာမန်နိုင်ငံသားများအကြား ဆက်ဆံရေးကို ပြန်လည်ပုံဖော်နေသည်။ အိမ်ခြံမြေကဏ္ဍ ကျဆင်းမှုသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now