ဆောင်းပါး

နယူးဒေလီ၏ Act East Policy တွင် အဓိကအခန်းကဏ္ဍဖြစ်နေသော အရှေ့မြောက်ပိုင်းဒေသ

မဲခေါင် 24 Sep - 2025
~ လင်းမောင် ~ အာဆီယံအဖွဲ့အစည်း၊ ပိုမိုကျယ်ပြန့်သော အင်ဒို-ပစိဖိတ်ဒေသတို့နှင့် ပိုမိုနက်ရှိုင်းသော ထိတွေ့ဆက်ဆံမှုအကောင်အထည်ဖော်မည့် အိန္ဒိယအတွက် အရှေ့မြောက်ဒေသသည် ပထဝီဝင်အနေအထားအပြင် နက်နဲသော ယဉ်ကျေးမှု၊ လူမျိုးရေးနှင့် သမိုင်းဆိုင်ရာ ချိတ်ဆက်မှုများကြောင့် အထူးအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ အိန္ဒိယအရှေ့မြောက်ဒေသသည် နိုင်ငံများနှင့်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်ထောက်ပံ့ရေးကွင်းဆက်များ အားကောင်းလာစေရေး ကြိုးပမ်းမှုနှင့်အတူ လုံခြုံရေး နှင့်ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုများကိုပါ တိုးမြှင့်ရန် ရည်ရွယ်ထားသော အိန္ဒိယ၏ Act East Policy (AEP)တွင် သဘာ၀အခြေအနေအရ အရေးပါသော မောင်းနှင့်အားတစ်ရပ်ဖြစ်နေသည်။ စက်တင်ဘာ ၁၃ ရက်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် မီဇိုရမ်ပြည်နယ်၌ ရထားလမ်းသစ်ကို စတင် ဖွင့်လှစ်လိုက်သည်။ Bairabi-Sairang မီးရထားလမ်းပိုင်းကို မြန်မာနယ်စပ်အထိ တိုးချဲ့

~ လင်းမောင် ~

အာဆီယံအဖွဲ့အစည်း၊ ပိုမိုကျယ်ပြန့်သော အင်ဒို-ပစိဖိတ်ဒေသတို့နှင့် ပိုမိုနက်ရှိုင်းသော ထိတွေ့ဆက်ဆံမှုအကောင်အထည်ဖော်မည့် အိန္ဒိယအတွက် အရှေ့မြောက်ဒေသသည် ပထဝီဝင်အနေအထားအပြင် နက်နဲသော ယဉ်ကျေးမှု၊ လူမျိုးရေးနှင့် သမိုင်းဆိုင်ရာ ချိတ်ဆက်မှုများကြောင့် အထူးအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ အိန္ဒိယအရှေ့မြောက်ဒေသသည် နိုင်ငံများနှင့်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်ထောက်ပံ့ရေးကွင်းဆက်များ အားကောင်းလာစေရေး ကြိုးပမ်းမှုနှင့်အတူ လုံခြုံရေး နှင့်ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုများကိုပါ တိုးမြှင့်ရန် ရည်ရွယ်ထားသော အိန္ဒိယ၏ Act East Policy (AEP)တွင် သဘာ၀အခြေအနေအရ အရေးပါသော မောင်းနှင့်အားတစ်ရပ်ဖြစ်နေသည်။

စက်တင်ဘာ ၁၃ ရက်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် မီဇိုရမ်ပြည်နယ်၌ ရထားလမ်းသစ်ကို စတင် ဖွင့်လှစ်လိုက်သည်။ Bairabi-Sairang မီးရထားလမ်းပိုင်းကို မြန်မာနယ်စပ်အထိ တိုးချဲ့ ဖောက်လုပ် သွားမည်ဖြစ်ရာ အနောက်မြောက်ပိုင်းဒေသသည် ကုန်လမ်းတံတားဖောက်ခြင်းနှင့်အတူ မြန်မာ နယ်စပ်ကိုဖြတ်ကာ မြန်မာ့မီးရထားလမ်းကွန်ရက်နှင့်ဆက်သွယ်ပြီး အရှေ့တောင်အာရှသို့ တိုက်ရိုက် ပေါက်ရောက်စေတော့မည်ဖြစ်သည်။ အိန္ဒိယနှင့် အရှေ့တောင်အာရှအကြား ပိုမိုစိတ်ချရပြီး မြန်ဆန် စွာ ခရီးပေါက်ပေတော့မည်။ စီးပွားရေးချဲ့တွင်ခြင်းအတွက် မရှိမဖြစ်လိုအပ်သော ချဲ့တွင်မှုဖြစ်စေ သလို အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးပူပန်နေရမှုကိုလည်း ထိန်းချုပ်နိုင်မည့် မဟာဗျူဟာကျသော စီမံကိန်းဖြစ်သည်။

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းဒေသသည် အရှေ့တောင်အာရှနှင့်သမိုင်းနှင့်ချီသော ယဉ်ကျေးမှု ချိတ်ဆက်မှုများ ရှိခဲ့သည်။ အရှေ့တောင်အာရှသို့ ဗုဒ္ဓဘာသာ ကူးလူးပျံ့နှံ့စေနိုင်ခဲ့သော နယ်မြေလည်း ဖြစ်သည်။ ထို့ထက်ပိုသော ဆက်နွယ်မှုများလည်း ရှိသည်။ အိန္ဒိယအရှေ့မြောက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးခွဲအုပ်စုများ မှီတင်းနေထိုင်ကြသည်။ နာဂ၊ ကူကီး၊ တိုင်အုမ်၊ ချက်မာ၊ မီဇို လူမျိုးများသည် မြန်မာနိုင်ငံနယ်စပ်၊ ပြည်တွင်းနေ တိုင်းရင်းသားများနှင့် အသိုင်းအဝိုင်း၊ ဘာသာစကားများတူညီကြ သည်။ သို့ကြောင့်ပင် အိန္ဒိယအရှေ့မြောက်ဒေသသည် အရှေ့တောင်အာရှ၏ တံခါးပေါက်ဖြစ်လာကာ အိန္ဒိယနှင့် အာဆီယံအကြား မရှိမဖြစ် ကုန်မြေချင်းဆက် တံတားအသွင်ဖြင့် Act East Policy (AEP) အတွက် အထူးအရေးပါနေသည်။

အရှေ့မြောက် ဒေသမရှိလျှင် AEP သည် ပင်လယ်ရေကြောင်း မူဝါဒတစ်ခုတည်းဖြင့်သာ အကန့် အသတ်ရှိပြီး သွားနေရမည်ဖြစ်သည်။ အရှေ့မြောက်ဒေသသည် တရုတ်၊ မြန်မာ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါကဲ့သို့သော အိမ်နီးချင်းကပ်လျှက်နိုင်ငံများနှင့် နယ်စပ်နယ်နိမိတ် ၅၃၀၀ ကီလိုမီတာ ထိစပ်နေသည်။ ထို့ကြောင့် အရှေ့မြောက်ပိုင်းဒေသကိုတည်ကာ အာဆီယံနှင့် အိန္ဒိယ ပေါင်းစည်း ခွင့်ရခြင်းသည် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ ဘရူနိုင်းစသည့်နိုင်ငံများမှ လူဦးရေပေါင်း သန်း ၇၀၀ နှင့်ပတ်သက်သော စျေးကွက်ကို ရရှိစေနိုင်မည်ဖြစ်သည်။

AEP သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် စီးပွားရေးတိုးတက်မှုကို တွန်းအားပေးပြီး အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများနှင့် ယဉ်ကျေးမှုများဖလှယ်ကာ ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးကို မြှင့်တင်ရာနယ်မြေဖြစ်သည်ဟု သုတေသနပညာရှင် ဂရေ့စ်ဟိုကစ်က ဆိုသည်။ “ပြီးခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်အတွင်း အရှေ့နဲ့ အရှေ့တောင်အာရှအပေါ် အိန္ဒိယရဲ့ ရပ်တည်ချက်ဟာ အရှေ့မျှော် မူဝါဒ (Look East )မူဘောင် အောက်မှာ တက်ကြွပြီး စောင့်ကြည့်ရတဲ့ အခန်းကဏ္ဍကနေ အခု AEP မူဝါဒအောက်မှာ ပိုပြီး တက်ကြွတဲ့ ရပ်တည်ချက်ဆီ ပြောင်းလဲသွားတယ်” ဟု ဂရေ့စ်ဟိုကစ်က ပြောသည်။

အရှေ့မြောက်ဒေသတွင် သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများ တိုးချဲ့ရေးစင်္ကြန် တည်ဆောက်မှုသည် ရည်ရွယ်ချက် ၂ ခုတစ်ခါတည်းနှင့် ပြီးပြတ်စေသည်။ ကုန်စည်ကူးသန်းမှု ပိုမို လွယ်ကူချောမွေ့စေမှုအပြင် တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာဒေသများတွင် တရုတ်၏ ဩဇာပိုမိုကြီးထွားလာခြင်း၊ စစ်စခန်းများ တိုးချဲ့အခြေစိုက်လာခြင်းများအား ဟန့်တားနိုင်ရေး မဟာဗျူဟာမြောက် ကာကွယ်ရေးတပ်များ ဖြန့်ကျက်ထားနိုင်ရန်အတွက်ပါ ရည်ရွယ်သည်။ တရုတ် ကို ဟန့်တားနိုင်ရေး အာဆီယံနိုင်ငံများထဲမှ တချို့သောနိုင်ငံများနှင့် ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုများ တိုးချဲ့လုပ်ဆောင်ရန်ပါ အိန္ဒိယအစိုးရက ရည်မှန်းထားသည်။ ထို့ကြောင့်ပင် အရှေ့မြောက်ပိုင်း နယ်မြေ သည် ဟိမ၀န္တာနယ်စပ်အရေးမှသည် အင်ဒို-ပစိဖိတ်ဒေသတွင်း တရုတ်၏ ရန်လိုသောအပြုအမူများ အတွက် ပူပန်နေရမှုအပေါ် ဖြေရှင်းပေးနိုင်မည့် အဓိကအရေးပါဆုံး ဒေသဖြစ်နေခြင်းဖြစ်သည်။ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးသည် AEP ၏ အောင်မြင်မှုအတွက် အဓိကအချက်ဖြစ်ပြီး ကျယ်ပြန့်သော သက်ရောက်မှုများရှိမည်ဟု နာဂလန်းပြည်နယ်မှ စီးပွားရေး ပါမောက္ခ Tolivi H Sumi က သုံးသပ်သည်။ “ဒီအနေအထားက ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပြီး အိန္ဒိယနဲ့ အရှေ့တောင်အာရှကြား ကုန်သွယ်စီးဆင်းမှုကို လွယ်ကူချောမွေ့စေပါမယ်။ အရှေ့မြောက်ဒေသအတွက် ဒေသတွင်းစီးပွားရေးနဲ့ ပိုမိုနီးကပ်စွာပေါင်းစည်းရေး အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်ပါမယ်။ ဒါ့အပြင် ဒီတိုးတက်မှုကြောင့် အိန္ဒိယရဲ့ အင်ဒို-ပစိဖိတ်ဒေသတွင် မဟာဗျူဟာမြောက် ရပ်တည်မှုကို အထောက်အကူဖြစ်စေပြီး ဒေသတွင်း ပထဝီနိုင်ငံရေး သြဇာပိုကြီးလာစေမှာပါ” ဟု သုံးသပ်ပြော ဆိုသွားသည်။

အိန္ဒိယနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှေ့မြောက်ဒေသသည် အရေးအပါဆုံးအခန်းကဏ္ဍမှ ပါဝင်နေသည်ကို အိန္ဒိယအစိုးရ ကောင်းစွာ သိထားသည်။ ထို့ကြောင့်ပင် အဆိုပါဒေသ၌ အခြေခံအဆောက်အအုံတည်ဆောက်ရေးများကို အထူးအာရုံစိုက်ခြင်းဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ မကြာသေးမီကပင် အိန္ဒိယဝန်ကြီးချုပ် မိုဒီက မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ အရှေ့မြောက်ဒေသဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ အကောင်အထည်မဖော်နိုင်လျှင် မဖြစ်နိုင်ဟု ပြောခဲ့သည်။ ထို့ကြောင့်ပင် မီဇိုရမ်တွင် အုတ်မြစ်ချစီမံကိန်းများအတွက် အိန္ဒိယရူပီးငွေ ၉၀ ဘီလီယံ သုံးစွဲရန် ဘတ်ဂျက်ရေးဆွဲပေးအပ်ထားသည်။ မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းဆက်စပ်နေသော မီဇိုရမ် ဒေသသည် Act East Policy နှင့် အရှေ့မြောက်ဒေသ စီးပွားရေးစင်္ကြန်ကြီး ထွန်းကားပေါ်ထွက်လာ ရေးအတွက် အရေးအပါဆုံး ဒေသဖြစ်နေသည်။

အိန္ဒိယသည် အခြေခံအဆောက်အအုံများ၊ စီးပွားရေးပေါင်းစည်းမှုများ၊ လုံခြုံရေးပူးပေါင်းဆောင်ရွက် မှုများ၊ နယ်စပ်ဖြတ်ကျော် ထိတွေ့ဆက်ဆံမှုများ မြှင့်တင်ကာ အာဆီယံနှင့် ဆက်ဆံရေးခိုင်မာစွာ တည် ဆောက်နိုင်ရေးအတွက် ဘက်စုံချဉ်းကပ်မှုများ လုပ်ဆောင်ရာတွင် မလိုအပ်သည့် စည်းမျဉ်းစည်းကမ်း များ၊ ပိတ်ဆို့တားမြစ်မှုများကိုပါ ဖြေလျော့ဖယ်ရှားပစ်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းရှိ ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMTTP) သည် မြန်မာနိုင်ငံမှတစ်ဆင့် အရှေ့မြောက်ဘက်သို့ တစ်လှည့်စီ ချိတ်ဆက်ပေးမည့် ရည်မှန်းချက်ကြီးထားရှိပြီး အာဆီယံနှင့် ကုန်သွယ်မှုကို မြှင့်တင်ပေး မည့် စီမံကိန်းတစ်ခုဖြစ်သည်။

လက်ရှိတွင် အိန္ဒိယအရှေ့မြောက်ဒေသမှ စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့ တိုက်ရိုက် အိန္ဒိယလေကြောင်း လိုင်းများ ပြေးဆွဲနေနိုင်သည်။ အိန္ဒိယအစိုးရသည် အခြားသော အာဆီယံနိုင်ငံများသို့လည်း တိုက်ရိုက် လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲနိုင်ရန်လည်း စီစဉ်နေပြီဖြစ်သည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Rajkumar Ranjan Singh သည် ထိုအရေးအတွက် ဗီယက်နမ်နှင့်ဆွေးနွေး နေပြီဖြစ်သည်။ “ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ် ၈ ခုလုံးဟာ အိန္ဒိယတစ်နိုင်ငံလုံးနဲ့ လေကြောင်း၊ မီးရထားလမ်း၊ ကုန်းလမ်းအားလုံး ကောင်းမွန်စွာ ဆက်သွယ်ထားတယ်။ ဒါကြောင့် ဗီယက်နမ်တာဝန်ရှိ သူတွေကို အရှေ့မြောက်ဒေသနဲ့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပြေးဆွဲပြီး အိန္ဒိယနဲ့ ဆက်သွယ်နိုင်သမျှ ထိတွေ့ဖလှယ်ဖို့ ဖိတ်ခေါ်ထားတာပါ။ ဒါဟာ မဟာဗျူဟာမြောက် ဆက်ဆံရေးကို မြှင့်တင်ခြင်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်ခြင်းဖြစ်ပြီ အာဆီယံနိုင်ငံတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုတွေကိုပါ ပိုမိုခိုင်မာစေမှာပါ” ဟု Ranjan Singh ကဆိုသည်။

ဂျီနီဗာတွင် ပြုလုပ်နေဆဲ နှစ် ၆၀ ပြည့် UNHRC အစည်းအဝေးတွင် အိန္ဒိယသည် အရှေ့မြောက်ပိုင်း ဒေသအခြေခံအဆောက်အအုံများနှင့်လူထုဦးဆောင်သော ဖွံ့ဖြိုးတိုးတက်ရေး ပိုစတာပြပွဲပါ ခင်းကျင်း ပြသနေပြီး တောင်အာရှနှင့် အရှေ့အာရှငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဖြေပြောင်းစီမံကိန်းကြီးတစ်ခုအဖြစ် အလားအလာကောင်းများရှိနေခြင်းကို မီးမောင်းထိုးပြခဲ့သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now