ဆောင်းပါး

ကိုယ်ပိုင်အုပ်ချုပ်စီရင်ခွင့်ရ မိုင်းအဆိုပြုမှုဖြင့် ပင်လယ်ရေကြောင်းတင်းမာမှုကို အရှိန်မြင့်လိုက်သည့် တရုတ်

မဲခေါင် 17 Sep - 2025
~ လင်းမောင် ~ တရုတ်စစ်တပ်သုတေသီများသည် ပါရာဆယ်ကျွန်းများတစ်ဝိုက် လျှို့ဝှက်စစ်မြေပြင်တစ်ရပ်ကို ပယ်လယ်ကြမ်းပြင်တွင်တည်ဆောက်ရန် မျက်စိကျနေကြသည်။ Technical Acoustics ဆိုသည့် နည်းပညာ အသံပိုင်းဆိုင်ရာ လေ့လာမှုသစ်များဖြင့် တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်ရေတပ်လှုပ်ရှားမှုများကို အနှောင့်အယှက်ပေးနိုင်မည့် ရေအောက်မိုင်းကွင်းအဖြစ် အသွင်ပြောင်းတည်ဆောက်နိုင်ရေး စေ့စပ်သွာသုံးသပ်မှုများကို လုပ်ဆောင်နေပြီဖြစ်သည်။ တရုတ်လွတ်မြောက်ရေးတပ်မတော် (PLA) မှ ဒေလီယန်ရေတပ်အကယ်ဒမီ၊ ဟာဘင်းအင်ဂျင်နီယာ တက္ကသိုလ်မှ အသင်းများဦးဆောင်မှုဖြင့် နစ်မြုပ်နေသော ရေအောက်တောင်တန်းများအား ရေအောက် ရေဒါဟုအကြမ်းဖျင်းခေါ်နိုင်သည့် ဆိုနာစောင့်ကြည့်မှုလွတ် သဘာ၀အသံအရိပ်ဇုန်များ (acoustic shadow zones) တည်ဆောက်နိုင်ရေး စီမံကိန်းရေးဆွဲနေခြင်းဖြစ်သည်။ အဆိုပါ ဇုန်များသည် ၂၀၂၁ ခုနှစ်က အမေရိကန်၏ အထင်ကရ နျူကလီးယားတင်ဆောင် ရေငုပ်သင်္ဘောကြီး USS Connecticut ဝင်တိုက်မိသော

~ လင်းမောင် ~

တရုတ်စစ်တပ်သုတေသီများသည် ပါရာဆယ်ကျွန်းများတစ်ဝိုက် လျှို့ဝှက်စစ်မြေပြင်တစ်ရပ်ကို ပယ်လယ်ကြမ်းပြင်တွင်တည်ဆောက်ရန် မျက်စိကျနေကြသည်။ Technical Acoustics ဆိုသည့် နည်းပညာ အသံပိုင်းဆိုင်ရာ လေ့လာမှုသစ်များဖြင့် တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်ရေတပ်လှုပ်ရှားမှုများကို အနှောင့်အယှက်ပေးနိုင်မည့် ရေအောက်မိုင်းကွင်းအဖြစ် အသွင်ပြောင်းတည်ဆောက်နိုင်ရေး စေ့စပ်သွာသုံးသပ်မှုများကို လုပ်ဆောင်နေပြီဖြစ်သည်။

တရုတ်လွတ်မြောက်ရေးတပ်မတော် (PLA) မှ ဒေလီယန်ရေတပ်အကယ်ဒမီ၊ ဟာဘင်းအင်ဂျင်နီယာ တက္ကသိုလ်မှ အသင်းများဦးဆောင်မှုဖြင့် နစ်မြုပ်နေသော ရေအောက်တောင်တန်းများအား ရေအောက် ရေဒါဟုအကြမ်းဖျင်းခေါ်နိုင်သည့် ဆိုနာစောင့်ကြည့်မှုလွတ် သဘာ၀အသံအရိပ်ဇုန်များ (acoustic shadow zones) တည်ဆောက်နိုင်ရေး စီမံကိန်းရေးဆွဲနေခြင်းဖြစ်သည်။ အဆိုပါ ဇုန်များသည် ၂၀၂၁ ခုနှစ်က အမေရိကန်၏ အထင်ကရ နျူကလီးယားတင်ဆောင် ရေငုပ်သင်္ဘောကြီး USS Connecticut ဝင်တိုက်မိသော ဇုန်မျိုးဖြစ်သည်။ အသံတစ်မျိုးတည်းဖြင့် အမေရိကန် ရေငုပ်သင်္ဘောများကို AI မောင်းနှင့် ရေအောက်မိုက်ပရိုဂရမ်မှ ရှာဖွေတွေ့ရှိခြင်း၊ သွေ့ဆောင်နိုင်ခြင်းပြုလုပ်နိုင်စွမ်းရှိမည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မိုင်းကွင်းကို တရုတ်ဘက်က တည်ဆောက်ရန် ကြံစည်နေခြင်းဖြစ်သည်။

အဆိုပါမိုင်းများကို ကိုယ်ပျောက်စေသည့် အပေါ်ယံလွှာထပ်ထားခြင်း၊ ဆင်ဆာစနစ်မျိုးစုံအသုံးပြုထား ပြီး ပစ်မှတ်ကိုအတည်ပြုနိုင်စေသည့် စနစ်ဖြင့် မြုံထားမည်ဖြစ်သည်။ ပါရာဆယ်ကျွန်းစုတစ်လျှောက် တရုတ်သည် စစ်ရေးခြေကုတ်ယူမှုအဖြစ် လေယာဉ်ပြေးလမ်း၊ ဆိပ်ကမ်း၊ ရေဒါအထိုင်စခန်းများကို ခြေရာကောက်ကာ အပြည့်အစုံ ချမှတ်လိုနေခြင်းဖြစ်သည်။ ပင်လယ်ကြမ်းပြင် ဆိုနာများ၊ ကွမ်တန် ဆိုနာများတပ်ဆင်ပြီး ကင်ထောက်စနစ်မှသည် ရန်လိုတိုက်ခိုက်နိုင်သည်အထိ ပြောင်းရွှေ့ဗျူဟာဆင် နိုင်ရန်အထိ စီစဉ်လိုနေခြင်းဖြစ်သည်။

အမေရိကန်ရေတပ်သည် တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာရေကြောင်းကင်းလှည်မှုများ ဆက်လက်လုပ်ဆောင်နေချိန် တရုတ်ဘက်မှ ပင်လယ်ရေအောက်တွင် လူသိမခံ၊ မကြေညာဘဲ အသာစီးယူနိုင်မည့် လျှို့ဝှက် အစီအစဉ်ကို လုပ်ဆောင်နေသည်။ ၂၀၂၅ ခုနှစ် မတ်လက တရုတ်ပညာရှင်အဖွဲ့ SCSPI အစီရင်ခံစာထုတ်ပြန်ရာ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ရေငုပ်သင်္ဘော များသည် အဆိုပါပိုင်နက်အတွင်းအနည်းဆုံး ၁၁ စီး ဖြတ်သန်းမောင်းနှင်ခဲ့သည်ဟု ဆိုသည်။ ထိုထဲတွင် ၂ စီးမှာ guided-missile ဒုံးစနစ်ပါရှိပြီး တစ်စီးမှာ ballistic-missile ဒုံးစနစ်ပါရှိ ကြောင်းနှင့် အားလုံးမှာ ထောက်ပို့လုပ်ဆောင်ရေးအတွက် လာရောက်ခြင်းဖြစ်မည်ဟု ဖော်ပြခဲ့သည်။

အဆိုပါ တောင်တရုတ်ပင်လယ် ပိုင်နက်အနီးအနားတွင် တရုတ်၏ ပင်လယ်ရေအောက် နျူကလီးယားအဟန့်အတားစနစ်တည်ဆောက်နေမှုအတွက် ကင်းလှည့်နေသော Type 094 SSBNs ရေငုပ်သင်္ဘော ၆ စီးလည်း အရိပ်သဖွယ် စောင့်ကြပ်ထားရှိသည်။ ငြိမ်သက်နေသော ပင်လယ်ပြင် အပေါ်ယံ၏ အောက်တွင် တရုတ်သည် ဖိလစ်ပိုင်နှင့် ပိုင်နက်အပြင်းပွားမှုဖြစ်နေသည့် ပါရာဆယ်ကျွန်းစုများအနီးရှိ သန္တာကျောက်တန်းများ၊ ကမ်းရိုးတန်းများအား စစ်ရေးဇုန်အဖြစ် လျှို့ဝှက်စွာတည်ဆောက်နေခြင်းဖြင့် တင်းမာမှုအရှိန်ကို ပိုမိုမြင့်တက်လာစေသည်။ ဆိုနာများတပ်ဆင် ရန် ကျွန်းတုများပါဖန်တီးနေသည်။ AI-powered မိုင်းကွင်းမျာ ခင်နေသည်။‌ ပေကျင်းအစိုးရသည် တိုးတိတ်စွာဖြင့် သူပိုင်ကိုယ်ပိုင် ပြိုင်ဆိုင်နေသည့်ဇုန်အဖြစ်မှ စစ်ရေးပစ်ခတ်နိုင်စွမ်းရှိသည့် အခြေစိုက် ဇုန်အဖြစ်ပင် ပြောင်းလဲနေသည်။ ပါရာဆယ်ကျွန်းတွင် ရေဒါနှင့် လေယာဉ်ပြေးလမ်းများ တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သော်လည်း ယခု စပရက်တလေ ကျွန်းများတွင်ပါ ထိုနည်းဗျူဟာအတိုင်း စစ်ရေးခင်းကျင်းမှုများကို လျှို့ဝှက်လုပ်ဆောင်နေပြီဖြစ်သည်။ ထိုလုပ်ရပ်များသည် ဖိလစ်ပိုင်၏ အချုပ်အခြာအာဏာပိုင်နယ်မြေများကို ခြိမ်းခြောက်ခြင်းလည်းဖြစ်သည်။

တရုတ်၏ ဗျူဟာသည် ရှင်းလင်းသည်။ ခုခံမှုနှင့် ရန်လိုတိုက်ခိုက်မှုအကြား မှုန်ဝါးသော စည်းများကို ခံထားမြဲဖြစ်သည်။ ထိုနည်းဖြင့် တဖြည်းဖြည်းချင်း ရေပိုင်နက်များကို ပြိုင်ဘက်များအား ခြိမ်းခြောက် ခြင်း၊ ကိုယ်ပျောက်စနစ်၊ အခြေခံအဆောက်အအုံများ တည်ထောင်ခြင်းဖြင့် သိမ်းပိုက်ရန် ဗြောင်တစ်မျိုး လျှို့ဝှက်နည်းဖြင့်တသွယ် လုပ်ဆောင်နေမြဲဖြစ်သည်။

သို့သော် တရုတ်၏ ပယ်လယ်ရေအောက် နျူကလီးယားအဟန့်အတားစနစ်သည် ဆိုးရွားသော အားနည်းချက်များရှိနေပြန်သည်။ ၂၀၂၅ ဇွန်လက CIMSEC တွင် ဆောင်းပါးရှင် Ryan Martinson က တရုတ် စစ်ရေးရင်းမြစ်မှ သိရှိရသည့်အကြောင်းအား ရေးသားဖော်ပြမှုတွင် တရုတ်၏ SSBN ရေငုပ်သင်္ဘောများသည် အမေရိကန်၏ အဆင့်ပိုမြင့်သော ရေအောက်စောင့်ကြည့်ရေး စနစ်၌ ဆူညံသံ များစွာဖြင့် အချက်ပြစနစ်၌ အလွယ်တကူ ဖမ်းယူရရှိနိုင်သဖြင့် ကြိုတင်လက်ဦးမှု အလွယ်တကူ ရယူ နိုင်သည်ဟု ဖော်ပြခဲ့သည်။ ထိုအနေအထားကို တန်ပြန်နိုင်ရေး တရုတ်သည် တောင်တရုတ်ပင်လယ် တွင် ၎င်းတို့၏ SSBN ရေငုပ်သင်္ဘောများကို ဆက်ထားရှိနိုင်ရေး ခံတပ်များတည်ဆောက်နေခြင်းဖြစ် သည်။ စစ်ရေးအခြေစိုက်ကျွန်းများ၊ စစ်သင်္ဘောများ၊ လေယာဉ်များနှင့်အခြား ရေငုပ်သင်္ဘောများကို ခံတပ်သဖွယ် ထားရှိနေခြင်းဖြစ်သည်။ ထို ခံစစ်ဗျူဟာအခင်းအကျင်းသည် ကုန်ကျမှုအတိုင်းအတာ တစ်ရပ်ရှိနေသည်။ ကန့်သတ်ဇုန်အတွင်း တည်ဆောက်ခြင်းသည် ဤပိုင်ဆိုင်မှုများကို ခြေရာခံရန် ပိုမိုလွယ်ကူစေသည်။ တရုတ်၏ JL-2 SLBM ဒုံးကျည်များသည် ကီလိုမီတာ ၈၀၀၀ မှ ၉၀၀၀ အထိသာ ခရီးပေါက်နိုင်သဖြင့် အမေရိကန်ကုန်းမကြီးပေါ် ရောက်သည်အထိ တောင်တရုတ်ပင်လယ်တွင်းမှ ပစ်ခတ်နိုင်စွမ်းလည်း မရှိပေ။

ထို့ကြောင့် တရုတ်ဘက်မှ ဖြေရှင်းမှုကို နည်းလမ်း ၂ သွယ်ရွေးထားသည်။ ပထမတစ်ခုမှာ အမေရိကန် မှ ကျူးကျော်ဝင်ရောက်လာနိုင်မှုများကို ဟန့်တားရေးအတွက် ရေဒါစနစ်များ၊ ဆိုနာစနစ်များနှင့် ဒရုန်းများကို အဆိုပါပိုင်နက်များအတွင်း တပ်ဆင်ထားမည်ဖြစ်သည်။ ဒုတိယရည်မှန်းချက်မှာ ၎င်းတို့၏ JL-3 SLBM တိုက်ချင်းပစ်ဒုံးများကို အမေရိကန်ကုန်မကြီးပေါ်သို့ ၎င်းတို့ပိုင်နက်အတွင်းမှ လှမ်းပစ်ရာတွင် ရောက်ရှိစေနိုင်မည့် အကွာအဝေး တိုးမြှင့်တီထွင်ရန် ကြိုးစားမည်ဖြစ်သည်။ အောင်မြင်သွားခဲ့လျှင်မူ မီယာကိုရေလက်ကြား သို့မဟုတ် ဘာရှိတူးမြောင်းတို့ကဲ့သို့ ထိခိုက်မှုနည်းပါး စွာဖြင့် တောင်တရုတ်ပင်လယ်ပိုင်နက်ကို တရုတ်က စိုးမိုးနိုင်ရန် ဖိအားပေးထိန်းချုပ်လာနိုင်မည် ဖြစ်သည်။

တရုတ်သည် ထို့အတွက် စစ်ရေးအရှိန်အဟုန်မြှင့်ကာ တောင်တရုတ်ပင်လယ်အတွင်း ရေအောက် ခံတပ်ထူထောင်နေသော်လည်း ပြည့်စုံပြီးစီးနိုင်ခြင်း မရှိသေးပေ။ ၎င်း၏လွှမ်းခြုံမှုသည် လက်ရှိတွင် ဟိုင်နန်၊ ပါရာဆယ်နှင့် စပရက်တလေ ကျွန်းများရှိရာ တောင်တရုတ်ပင်လယ်မြောက်ပိုင်းကို ထိန်းချုပ် နိုင်စွမ်းရှိနေသေးသော်လည်း အရေးအပါဆုံးထပ်မံ ခံတပ်ဆောက်ရမည့် ပျောက်ဆုံးနေသော ရပ်ဝန်းမှာ Scarborough Shoal ငါးဖမ်းဇုန်ဖြစ်နေသည်။

မဟာဗျူဟာအရ Scarborough ငါးဖမ်းဇုန်သည် မြောက်ပိုင်းဖိုခနှောင့်ဆိုင် ခံတပ်၏ အရေးပါသော တစ်နေရာဖြစ်နေသည်။ ပင်လယ်ရေပိုင်နက်အား သုံးမြှောင့်ပုံ အလုံပိတ်ခံတပ်မတည်ဆောင်နိုင်သေး လျှင် အပြည့်အ၀ ထိန်းချုပ်နိုင်စွမ်းရှိဦးမည်မဟုတ်ပေ။ ပါရာဆယ်နှင့် စပရက်တလေတို့တွင်ကဲ့သို့ Scarborough တွင်ပါ ခံတပ်ဆောင်ထားနိုင်မည်ဆိုပါက SSBN ရေယာဉ်စုအတွက် ထိုပိုင်နက်ကို ၎င်းတို့ပိုင်အဖြစ် တံဆိပ်ခတ်ကာ ပြိုင်ဆိုင်နေသော ရေပြင်ကို ချုပ်ကိုင်ထားနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် Scarborough ကို ၂၀၁၂ ခုနှစ်မှစတင်၍ တရားဝင်ထိန်းချုပ်မှုကို အာဏာရှင်ဆန်စွာ ကျင့်သုံးခဲ့သော်လည်း သံတမန်ရေးအရ ပွတ်တိုက်မှုများကြောင့် ကျွန်းတည်ဆောက်ခြင်းမှ ရှောင်ကြဉ်ခဲ့သည်။ ဖိလစ်ပိုင်က တရုတ်၏ Scarborough ရေပြင်တွင် လှုပ်ရှားမှုမှန်သမျှကို အနီရောင် စည်းချိုးဖောက်ခြင်းဟု ခါးသီးစွာဆန့်ကျင်နေသည်။ ဖိလစ်ပိုင်နှင့် အခိုင်အမာမဟာမိတ်ပြုထားမှုတွင် အမေရိကန်သည် ၁၉၅၁ ခုနှစ်က နှစ်နိုင်ငံ အကာအကွယ်ပေးရေး သဘောတူစာချုပ်တွင် Scarborough ပိုင်နက်ကို ကာကွယ်ပေးရမည်ဟု ထည့်သွင်းချုပ်ဆိုထားခြင်းမရှိသော်လည်း နောက်ကွယ်မှ အမေရိကန်ရှိနေခြင်းကြောင့် ထိုဇုန်ကို တရုတ် ထိရခက်နေခြင်းဖြစ်သည်။

ဤမရေရာသောအချက်သည် ကမ်းရိုးတန်းအား တွားသွားသိမ်းပိုက်မှုကို အောင်မြင်နိုင်ခြင်းမရှိသေးဘဲ တရုတ်သည် ၎င်း၏ဗျူဟာမြောက် တြိဂံခံတပ်အား ပြီးမြောက်ရန် အဟန့်အတားကြီး ဖြစ်နေစေသည်။ တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းကြီးစိုးနိုင်ရေး အရှိန်အဟုန်မြှင့်တင်ကြိုးစား နေဆဲဖြစ်သည်။ သို့သော် အပြည့်အ၀ အကောင်အထည်မဖော်နိုင်သေးပေ။ အမေရိကန်နှင့် ဖိလစ်ပိုင် တို့ ၁၉၅၁ ခုနှစ်က ချုပ်ဆိုခဲ့သော ကာကွယ်ရေးမဟာမိတ်စာချုပ်တွင် Scarborough ဇုန်ကိုကာကွယ်ပေးရန် မပါဝင်သော်လည်း ဝါရှင်တန်နှင့် မနီလာတို့အကြား အဆိုပါဇုန်အတွင်း စစ်ဆင်ရေးများဖော်ဆောင်ကာ လွတ်လပ်သော ရေကြောင်းနယ်နိမိတ်အဖြစ် ကာကွယ်နေခြင်း က အမေရိကန်ကို စိန်ခေါ်ခြင်းမပြုဘဲ တရုတ်သိမ်းပိုက်နိုင်ရန် မဖြစ်နိုင်သည့် အခြေအနေကို ဖော်ဆောင်နေသည်။

ထို့အပြင် ဖိလစ်ပိုင်သည် နိုင်ငံမြောက်ပိုင်းရှိ အကြီးဆုံးနှင့် လူနေအထူထပ်ဆုံး လူဇွန်ကျွန်းတွင် အသံထက်မြန်သော ခရုဇ်ဒုံးကျည်များ တပ်ဆင်ထားသည်။ ထိုဒုံးကျည်များက ၂၃၀ ကီလိုမီတာသာ ကွာဝေးသော Scarborough Shoal သို့ ပစ်ခတ်နိုင်စွမ်းရှိသည်။ ဟိုင်နန်၊ တရုတ်ကုန်းမကြီးသို့ ပစ်ခတ် ရောက်ရှိရန် မလိုအပ်ဘဲ ထိုဒုံးကျည်များသည် ဖိလစ်ပိုင် အချုပ်အခြာပိုင် Scarborough Shoal ကို ကာကွယ်ရန်အတွက် သီးသန့်အကွာအဝေး သတ်မှတ် တပ်ဆင်ထားခြင်းသာဖြစ်သည်။ တရုတ်အတွက် ထိုအဟန့်အတားကို တွက်ဆရန်မှာလည်း ပိုမိုရှုပ်ထွေးဝေဝါးစေသည်။ တရုတ်၏ ရည်မှန်းချက်မှာ ထိုင်ဝမ်ကို သိမ်းပိုက်ရာတွင် SSBN ရေငုပ်သင်္ဘောများအား အမေရိကန်ဝင်ရောက်လာနိုင်မှုအတွက် ဒိုင်းသဖွယ်ကာရန်လိုခြင်းဖြစ်သည်။ သို့သော် ၎င်း၏ မဟာဗျူဟာမြောက် တြိဂံပုံ ရေအောက်ခံတပ် တည်ဆောင်နေမှုတွင် တစ်ဖက်ပွင့်အနေအထားအတိုင်း Scarborough ကို စိုးမိုးနိုင်ခြင်းမရှိသေးခြင်း က သိသာထင်ရှားသော အားနည်းချက်ကြီးအဖြစ် ရှိနေဆဲဖြစ်သည်။

တရုတ်သည် ပါရာဆယ်ကျွန်းများတွင် ရေငုပ်သင်္ဘောထောင်ခြောက်များအဖြစ် တပ်ဆင်တည်ဆောက် ထားပြီးဖြစ်သော်လည်း မြောက်ပိုင်း ခံတပ်လစ်ဟာနေသေးခြင်းက အားနည်းချက်ဖြစ်နေသည်။ Scarborough Shoal ကို စစ်ရေးတင်းမာရန် ကြိုးပမ်းမှုတိုင်းတွင် အမေရိကန်၏ တိုက်ရိုက်တုံ့ပြန်မှုကို နှိုးဆွရာရောက်မည်ဖြစ်သည်။ တရုတ်၏ နယ်ချဲ့မှုတိုးမြင့်လာခြင်းအား မီးမောင်းထိုးပြနေနိုင်ပြီဖြစ်ရာ အမေရိကန်သည်လည်း တရုတ်၏ ရေအောက်ခံတပ်ဒီဇိုင်း တည်ဆောက်မှုတိုင်းအား လက်မခံဘဲ တုံ့ပြန်ရန် ပြင်ဆင်ထားခြင်းက တရုတ်အတွက် ရှေ့တိုးရခက်စေသော မဟာဗျူဟာခံတပ် မပြီးမြောက် မှုကို ဖြစ်တည်နေစေတော့သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now