ဆောင်းပါး

စစ်သွေးကြွလာတဲ့ အာဏာရှင် ဟွန်ဆန် …

မဲခေါင် 27 Jul - 2025
(ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲ သုံးသပ်ချက်) ~ CWM ~ ၁၉၈၀ ပြည့်လွန်နှစ်များက အင်ဒိုချိုင်းနား(အာဆီယံမဖြစ်သေး) အခင်းအကျင်းကို ကြည့်ရင် အနိဌာရုံ အတော်ပေါများပြီး စစ်ပွဲတွေ၊ ဒုက္ခသည်တွေ၊ ဆင်းရဲခြင်းတွေနဲ့ တင်းကြမ်းပြည့်နေတဲ့ မြင်ကွင်းတွေကို မြင်ကြရမှာပါ။ အင်ဒိုချိုင်းနားဆိုတာ တောင်/မြောက်ဗီယက်နမ်၊ ကမ်ပူးချား၊ လာအိုတို့ကိုပြောတာပါ။ ဗီယက်နမ်မှာ တောင်ဗီယက်နမ်ကွန်မြူနစ်ပြောက်ကျား ဗီယက်ကောင်းတွေက အမေရိကန်နဲ့တောင်ဗီယက်နမ်ရုပ်သေးအစိုးရကို ဖြုတ်ချလိုက်တဲ့အခါ ဒီနေ့ ဟိုချီမင်းလို့ အမည်တွင်နေတဲ့ဆိုင်ဂုံမြို့ပေါ်က ထွက်ပြေးကြရတဲ့ ဗီယက်နမ်လှေစီးဒုက္ခသည်တွေဟာ တောင်တရုတ်ပင်လယ်မှာ ရေမျောကမ်းတင်ပါ။ ဆိုင်ဂုံကျဆုံးရှုံးခြင်း fall of Saigon နဲ့အတူ ဗီယက်နမ်နှစ်နိုင်ငံပေါင်းစည်းသွားပေမယ့် ဗီယက်နမ်ရဲ့ဆင်းရဲမွဲတေမှုဟာ မြန်မာအောက်မှာရှိခဲ့တယ်။ စစ်အေးကာလရဲ့ နောက်ဆုံးနှစ်များမှာ ဆိုဗီယက်နဲ့ တရုတ်က ကွန်မြူနစ်ချင်းတူပေမယ့် မတည့်ပါဘူး။ ကမ်ပူးချားမှာ

(ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲ သုံးသပ်ချက်)

~ CWM ~

၁၉၈၀ ပြည့်လွန်နှစ်များက အင်ဒိုချိုင်းနား(အာဆီယံမဖြစ်သေး) အခင်းအကျင်းကို ကြည့်ရင် အနိဌာရုံ အတော်ပေါများပြီး စစ်ပွဲတွေ၊ ဒုက္ခသည်တွေ၊ ဆင်းရဲခြင်းတွေနဲ့ တင်းကြမ်းပြည့်နေတဲ့ မြင်ကွင်းတွေကို မြင်ကြရမှာပါ။ အင်ဒိုချိုင်းနားဆိုတာ တောင်/မြောက်ဗီယက်နမ်၊ ကမ်ပူးချား၊ လာအိုတို့ကိုပြောတာပါ။

ဗီယက်နမ်မှာ တောင်ဗီယက်နမ်ကွန်မြူနစ်ပြောက်ကျား ဗီယက်ကောင်းတွေက အမေရိကန်နဲ့တောင်ဗီယက်နမ်ရုပ်သေးအစိုးရကို ဖြုတ်ချလိုက်တဲ့အခါ ဒီနေ့ ဟိုချီမင်းလို့ အမည်တွင်နေတဲ့ဆိုင်ဂုံမြို့ပေါ်က ထွက်ပြေးကြရတဲ့ ဗီယက်နမ်လှေစီးဒုက္ခသည်တွေဟာ တောင်တရုတ်ပင်လယ်မှာ ရေမျောကမ်းတင်ပါ။

ဆိုင်ဂုံကျဆုံးရှုံးခြင်း fall of Saigon နဲ့အတူ ဗီယက်နမ်နှစ်နိုင်ငံပေါင်းစည်းသွားပေမယ့် ဗီယက်နမ်ရဲ့ဆင်းရဲမွဲတေမှုဟာ မြန်မာအောက်မှာရှိခဲ့တယ်။

စစ်အေးကာလရဲ့ နောက်ဆုံးနှစ်များမှာ ဆိုဗီယက်နဲ့ တရုတ်က ကွန်မြူနစ်ချင်းတူပေမယ့် မတည့်ပါဘူး။ ကမ်ပူးချားမှာ ခမာနီတွေ အာဏာရလာအောင် နောက်ကွယ်က ပံ့ပိုးပေးတာ တရုတ်ဖြစ်ပြီး ဆိုဗီယက်က ဗီယက်နမ်ကွန်မြူနစ်ကို ထောက်ခံအားပေးတယ်။ ဒီမိုကရက်တစ် ကမ်ပူးချားလို့ အမည်ပေးထားတဲ့ ကွန်မြူနစ်ခမာနီ ပိုပေါ့လက်အောက်မှာ ခမာပြည်သူ တစ်သန်း ကနေ သုံးသန်းကြား သေဆုံးခဲ့ရပြီး ခမာပြည်သူတွေ စားစရာမရှိ၊ ဝတ်စရာမရှိ ဒုက္ခသည်စခန်းတွေမှာ ဘယ်လောက်ဆင်းရဲစုတ်ပြတ်ခဲ့တယ်ဆိုတာ ဟိုတုန်းက ထုတ်ဝေခဲ့တဲ့ နိုင်ငံတကာမဂ္ဂဇင်းတွေမှာ မြင်ကြရမှာပါ။

ခုမှ မြန်မာပြည်မှာ ဒုက္ခသည်စခန်းတွေ စစ်ဘေးရှောင်စခန်းတွေ ပေါများလာတာ။ ကမ္ဘောဒီးယားတို့ ဗီယက်နမ်တို့က မြန်မာထက် စောတာပေါ့။

ဒီလို ပြည်တွင်းစစ်အခင်းအကျင်းမှာ အခု ကမ္ဘောဒီယား ဆီးနိတ်လွှတ်တော်ဥက္ကဌဖြစ်နေပြီး နှစ်ပေါင်း(၃၅)နှစ်အထိ သက်တော်ရှည် ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဟွန်ဆန်က ခမာနီစစ်သားလေးပေါ့။ သူက ခမာနီကို ပုန်ကန်ပြီး ဗီယက်နမ်ကွန်မြူနစ်တွေနဲ့ သွားပေါင်းခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်ကို ခေါ်လာပြီး အင်္ဂလိပ်ကို တိုက်ထုတ်သလိုမျိုး ဟွန်ဆန်ခေါ်လာတဲ့ ဗီယက်နမ်တပ်တွေက ခမာနီပိုပေါ့ကို ဖနွမ်းပင်က မောင်းထုတ်လိုက်တယ်။ ၁၉၇၉ ခုနှစ်။ ဗီယက်နမ်တင်တဲ့ ရုပ်သေးအစိုးရမှာ အသက်အငယ်ဆုံးနိုင်ငံခြားရေးဝန်ကြီးဖြစ်လာတာ ဟွန်ဆန်ပါ။

ဟွန်ဆန်နောက်မှာ တပ်ရှိတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ကုလအစီအစဉ်(ပါရီငြိမ်းချမ်းရေးစာချုပ်)နဲ့ လုပ်ကြတော့ ကမ်ပူးချားညွန့်ပေါင်းအစိုးရဖြစ်လာ။ နောက်တော့ ရွေးကောက်ပွဲမှာ ဟွန်ဆန်ပါတီ မဲရှုံးပါတယ်။ မဲရှုံးပေမယ့် သူက လက်မခံပါဘူး။ ဘုရင်သီဟာနုသား ရာနာရစ်နဲ့ အာဏာခွဲဝေပြီး ပထမ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်ဆိုပြီး တစ်ယောက်တလှည့် ဝန်ကြီးချုပ်စနစ်နဲ့ အုပ်ချုပ်တယ်။ နောက်တော့လည်း ရာနာရစ်ဆီက အာဏာကို လက်နက်ကိုင်တပ်အားကိုးနဲ့ အကုန်ယူလိုက်ပြီး ရာနာရစ်လည်းထွက်ပြေး၊ ဘုရင်သီဟာနုလည်း ထွက်ပြေးနဲ့ ဟွန်ဆန် တောက်လျှောက် အာဏာမြဲခဲ့တယ်။ ခုထက်ထိလည်း အတိုက်အခံဆို မလှုပ်ရဲအောင် ဖိနှိပ်ထားတယ်။ နှစ်ပေါင်းများစွာ ဆက်တိုက် ဝန်ကြီးချုပ်ဆိုရင် မသင့်တော်တော့လို့ နောက်ဆုံးမှာ သားဖြစ်သူ ဟွန်မာနေးကို လက်သပ်မွေးပြီး အာဏာအမွေ ဆက်ပေးထားခဲ့တယ်။

ဒီဘက်နှစ်တွေမှာ ဟွန်ဆန် အဓိက အားကိုးအားထားပြုခဲ့တာက တရုတ်ပါ။ ကမ္ဘောဒီးယားအပေါ် တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုဟာ ၂၀၁၀ နောက်ပိုင်းမှာ တနေ့တခြားကြီးထွားလာခဲ့ပြီး ကမ္ဘောဒီးယားတနိုင်ငံလုံးရဲ့ လမ်းတွေ၊ တံတားတွေ အခြေခံအဆောက်အဦးတွေအားလုံး တရုတ်ရဲ့ ပံ့ပိုးမှုနဲ့ ဖြစ်ထွန်းလာတယ်။ သီဟာနုဗေးလ်လို ရုတ်တရက်ဖွံ့ဖြိုးလာတဲ့ ကမ်းခြေမြို့တခုလုံး တရုတ်တွေရဲ့ လက်ထဲမှာ ရှိပြီး ကာစီနိုရုံတွေ၊ လောင်ကစားလုပ်ငန်းတွေဟာ ထိုင်းနယ်စပ် ပွိုင်ပက်အထိ စည်စည်ကားကား ဖြစ်ခဲ့တယ်။ ကမ္ဘောဒီးယားမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု (၂၀၂၄စာရင်းအရ) ၁၇.၇ ဘီလျံရှိပြီး အရှေ့တောင်အာရှမှာ စတုတ္ထအများဆုံးလို့ သိရတယ်။

ပြည်တွင်းစစ်ကာလကတည်းက အာဏာကို မလွှတ်တမ်းဆုပ်ကိုင်ထားတဲ့ ဟွန်ဆန်ဟာ တရုတ်ကျောထောက်နောက်ခံနဲ့ ဒီဘက်နှစ်တွေမှာ မာန်တွေတက်ပြီး ဩဇာထူ ထောင်ဖို့ ပိုပြီးကြိုးစားလာတာ တွေ့ရတယ်။ ပြည်တွင်းစစ်ပြီးဆုံးသွားပြီး နှစ်ပေါင်း ၃၀ ကျော်ကြာလာတဲ့အခါ တချိန်က သာမန်မြို့ကလေးသာဖြစ်ခဲ့တဲ့ ဖနွမ်းပင်ကလည်း မိုးမျှော်တိုက်တာတွေနဲ့ နယူးယောက်လိုလို ဖြစ်လာတယ်။

အခု ရက်ပိုင်းအတွင်း ထိုင်းနဲ့ဖြစ်ပွါးနေတဲ့ နယ်စပ်စစ်ပွဲဟာ ဆယ်စုနှစ်တခုကျော်အတွင်း အကြီးမားဆုံး အပြန်အလှန်ပစ်ခတ်ကြတဲ့ စစ်ပွဲတစ်ပွဲ ဖြစ်တယ်။ ကမ္ဘောဒီးယားဟာ ခမာနီနဲ့ဖြစ်ပွါးခဲ့တဲ့ ပြည်တွင်းစစ်ပွဲနောက်ပိုင်း ခုလောက် လက်နက်အင်အားသုံး ပစ်ခတ်တိုက်ခိုက်မှု မရှိခဲ့သေးဘူး။ ဇူလိုင် ၂၄ နယ်စပ် ပစ်ခတ်မှုမှာ အတွဲလိုက်ဒုံးကျည်တွေ၊ တာဝေးပစ်အမြှောက်တွေ အသုံးပြုခဲ့တယ်။ ဒါပေမယ့် ကမ္ဘောဒီးယားဟာ စစ်စည်းကမ်းအတိုင်းမဟုတ်ဘဲ အရပ်သားပစ်မှတ်တွေကိုပါမရှောင် ပစ်ခတ်ခဲ့လို့ PTT ဓါတ်ဆီဆိုင်နဲ့ 7/11 စတိုးဆိုင်တွေကိုထိမှန်ပြီး ထိုင်းအရပ်သား ၁၂ ယောက်သေဆုံးခဲ့ရတယ်။

ထိုင်း နဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံရဲ့ နယ်စပ်အငြင်းပွါးမှုဟာ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တော့မယ်လို့ ပြီးခဲ့တဲ့ တပတ်က ရေးခဲ့တယ်။ တကယ်စစ်ပွဲကြီးအဆင့်ထိ ရောက်မလာနိုင်ဘူးလို့ မှန်းဆခဲ့ပေမယ့် ခုတော့ လွဲချော်နေပြီ။ ထိုင်းရော ကမ္ဘောဒီးယားပါ တကယ်ကို ချနေကြပါပြီ။ ထိုင်းက ပထမဆုံးအကြိမ် F-16 တိုက်လေယာဉ်အသုံးပြုပြီး ကမ္ဘောဒီးယားစစ်ရေးပစ်မှတ်ကို တိုက်ခိုက်ခဲ့တယ်။ ထိုင်းနိုင်ငံသမိုင်းမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဒီလိုတိုက်ခိုက်မှုမျိုး မရှိသလောက်ပဲ။

စစ်ပွဲကို ပြန်သုံးသပ်ကြည့်လိုက်တော့ မပြီးဆုံးသေးတဲ့ နယ်စပ်အငြင်းပွါးမှုရယ်၊ ဘုရားကျောင်းပိုင်ဆိုင်မှုရယ်၊ ကမ္ဘောဒီးယား သက်တော်ရှည်ဝန်ကြီးချုပ်ဟောင်း၊ အာဏာရှင် ဟွန်ဆန်ရဲ့ နိုင်ငံရေးခလောက်ဆန်မှုရယ် စတဲ့အခြေအနေတွေကို မြင်တွေ့ကြရမှာဖြစ်တယ်။ ဟွန်ဆန်ဟာ ကမ္ဘောဒီးယားရဲ့ မျိုးချစ်ခေါင်းဆောင်ကြီးအဖြစ် သူ့ကိုယ်သူ ပုံဖော်ဖို့ကြိုးစားနေသလို နယ်စပ်အငြင်းပွါးမှုကို အကြောင်းပြုပြီး အစွန်းရောက်ခမာမျိုးချစ်စိတ်ဓါတ်ကို လှုံ့ဆော်ပေးနေတယ်။

တကယ်တော့ နယ်စပ်မှာ ဖရာ့ ဝိဟာရီ ဘုရားကျောင်းပိုင်ဆိုင်မှုနဲ့ပတ်သပ်ပြီး ထိုင်းနဲ့ အငြင်းပွါးနေတာကြာပါပြီ။ တခါတရံ ဟိုဘက်ဒီဘက် တင်းတင်းမာမာဖြစ်လိုက် ပြန်ငြိမ်သက်သွားလိုက် အနေအထားပါ။ ထိုင်း နဲ့ ကမ္ဘောဒီးယားကြား နယ်စပ်ဖြတ်ကျော်တခါးတွေကိုလည်း အမြဲတမ်းဖွင့်ထားပြီး ဟိုဘက်ဒီဘက် ကူးသန်းသွားနေကြတာပဲ။ ကမ္ဘောဒီးယား ဆီယမ်ရိက အန်းကောဝပ် ကျောင်းတော်ကို ထိုင်းကတဆင့် သွားကြတဲ့ ကမ္ဘာလှည့်ခရီးသည်ဝင်ငွေနဲ့တင် အကျိုးအမြတ်အများကြီး ဖြစ်ထွန်းနေတယ်။

ခု ကျမှ ဘာလို့ နှစ်ဖက်တင်းမာမှု ပိုကြီးထွားရသလဲဆိုရင် ဟွန်ဆန်က စတယ်လို့ပဲ ဆိုရမယ်။ အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း တခါက ဝရမ်းပြေးဖြစ်ခဲ့ဖူးတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဟွန်ဆန်က ခိုလှုံခွင့်ပေး စောင့်ရှောက်ပေးထားခဲ့ဖူးတယ်။ သက်ဆင်နဲ့ ဟွန်ဆန်ကြား ရင်းနှီးမှုဟာ မိသားစုလို ဖြစ်ခဲ့တယ်။ နယ်စပ်ပြဿနာတွေ ပေါ်လာတဲ့အခါ အရင်က ခင်မင်ရင်းနှီးမှုတွေ ပျက်သုန်းသွားတယ်။ အထူးသဖြင့် နှုတ် မစောင့်စည်း၊ ကျင့်ဝတ် မရှိတဲ့ ဟွန်ဆန်ရဲ့ ( ထိုင်းဝန်ကြီးချုပ် ပေထုန်တန် နဲ့ နှစ်ကိုယ်ကြားပြောစကား အသံဖိုင်ကို လူမှုကွန်ယက်ပေါ် ဖွင့်ချခဲ့မှု) ကတဆင့် ထိုင်းအစိုးရအဖွဲ့အတွင်း ရိုက်ခတ်ခဲ့တဲ့ဖြစ်ရပ်တွေဟာ ပေထုန်ထန် ရာထူးက ဆင်းပေးရတဲ့အထိ ဖြစ်ခဲ့တယ်။

ဒါနဲ့ မပြီးသေးဘူး။ နယ်စပ်ပြဿနာကို ဆက်ပြီး မီးမွှေးပေးခဲ့တယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကမ္ဘောဒီးယားစစ်သားနဲ့ မျိုးချစ်တစုဟာ အငြင်းပွါးနေတဲ့ တာမွန်ထွန် ဘုရားကျောင်းကို သွားရောက်ပြီး ကမ္ဘောဒီးယားအမျိုးသားသီချင်းကို သံပြိုင်ဟစ်ကြွေးရာက ထိုင်းစစ်သားတွေနဲ့ ခိုက်ရန်ဖြစ်ပွါးခဲ့တယ်။ မေလ ၂၈ ရက်မှာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် “မြတြိဂံ”ဒေသမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး ကမ္ဘောဒီးယား စစ်သားတယောက်သေဆုံးခဲ့တယ်။ နယ်စပ်အငြင်းပွါးမှု မြင့်တက်လာတဲ့အခါ ဟွန်ဆန်ကိုယ်တိုင် စစ်ဝတ်စုံကြီး ဝတ်ပြီး နယ်စပ်စစ်သည်တွေကို သွားရောက်အားပေးစကားပြောခဲ့တယ်။

ဒီပြဿနာနဲ့ တဆက်တည်း ထိုင်းနိုင်ငံရေးလောကမှာလည်း ရှုပ်ထွေးမှုတွေနဲ့ ပွက်လောရိုက်နေတယ်။

အခု နောက်ဆုံး နယ်စစ်ပွဲကြီးအဖြစ် တဖက်နဲ့ တဖက် အကြီးအကျယ် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယားဘက်က ထိုင်းက သူတို့ကို စပစ်လို့ မလွဲမရှောင်သာ ပြန်ပစ်ရတာလို့ ဆိုနေသလို ထိုင်းဘက်ကလည်း ကမ္ဘောဒီးယားက စ ပစ်လို့ ပြန်ပစ်ရတာပါလို့ ဆိုနေတယ်။

အဖြစ်မှန်ကတော့ ဗုဒ္ဓဟူးနေ့(ဇူလိုင်-၂၃)မှာ အငြင်းပွါးနေတဲ့ အူဘွန် ရတ်ချာသာနီပြည်နယ် နယ်ခြားဒေသမှာ ကမ္ဘောဒီးယားတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ထိုင်းစစ်သား ငါးဦး ဒဏ်ရာရသွားတယ်။ တဦးက ခြေထောက်ပြတ်သွားတယ်။ ဒီဖြစ်ရပ်ကြောင့် ထိုင်းအစိုးရက ဒေါသထွက်သွားပြီး ကမ္ဘောဒီးယားမှာ ရှိတဲ့ ထိုင်းသံအမတ်ကို ပြန်ခေါ်လိုက်သလို ထိုင်းက ကမ္ဘောဒီးယား သံအမတ်ကိုလည်း နှင်ထုတ်လိုက်တယ်။ နှစ်ဖက်တင်းမာမှုကြီးထွားလာချိန်မှာ နှစ်နိုင်ငံကြား နယ်စပ်ဂိတ်တွေအားလုံး ပိတ်လိုက်တယ်။ ကြာသပတေးနေ့(ဇူလိုင်-၂၄) မနက် ၈ နာရီကစပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ စတင်ပြီး ဒီနေ့အထိ ထိုင်းဘက်မှာ ၁၅ ဦး သေဆုံးတယ်လို့သိရတယ်။ ကမ္ဘောဒီးယားဘက်က ဘယ်လောက်သေတယ်ဆိုတဲ့ သတင်းမရသေးဘူး။ ထိုင်းနယ်စပ်တလျှောက် လူပေါင်း ၁၀၀၀၀၀ နေရာရွှေ့ပြောင်းပေးထားရလို့ ခုတော့ ထိုင်းလည်း စစ်ရှောင်စခန်းတွေ ပေါ်လာပြီ။

အာဏာရှင်တွေဟာ ရူးသွပ်တတ်ကြတယ်။ စစ်မတိုက်ဘဲ အချိန်အကြာကြီးနေလာတဲ့ ဟွန်ဆန်ဟာ တရုတ်အားကိုးနဲ့ စီးပွါးရေးအင်အား နည်းနည်းပါးပါး တောင့်လာတော့ ဘေးပတ်ဝန်းကျင်ကို စိန်ခေါ်ချင်လာတယ်။ ဆယ်စုနှစ်ချီ ပြည်တွင်းစစ်ဖြစ်လာတဲ့ ကမ္ဘောဒီးယားဟာ ခုလို စစ်ပွဲကြီးပုံစံ ထိုင်းနိုင်ငံနဲ့ တကြိမ်တခါမှ မဖြစ်ခဲ့ဖူးသလို ရှောင်ရှားနေခဲ့တာ များတယ်။ ဒီတကြိမ်မှာတော့ ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားမျိုးချစ်စိတ် အကြောင်းပြလှုံ့ဆော်မှုနဲ့နယ်စပ်စစ်ပွဲကြီးပုံစံ ဖြစ်လာခဲ့ပြီလို့ ဆိုရမယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယာကြား အခု အငြင်းပွါးနေတဲ့ (၇)မိုင်ဝန်းကျင်နယ်ရှိ နယ်စပ်ဒေသကို “ မြတြိဂံ” လို့လည်း ခေါ်တယ်။ ထိုင်းနိုင်ငံရဲ့ အူဘွန် ရတ်ချာသာနီ၊ ကမ္ဘောဒီးယားရဲ့ ပရီယာ ဝိဟာရီပြည်နယ်နဲ့ လာအိုနိုင်ငံက ချန်ပါဆက်ပြည်နယ်တို့ ထိစပ်နေတဲ့ သုံးနိုင်ငံဆုံမှတ်ဖြစ်ပြီး ဒီဒေသဟာ ၁၉၇၀၊ ၁၉၈၀ ပြည့်လွန်နှစ်တွေက လက်နက်ကိုင်သောင်းကျန်းသူတွေ၊ မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်မှုတွေ ထူပြောခဲ့တဲ့နေရာဖြစ်ခဲ့တယ်။ ဆယ်စုနှစ်အတန်ကြာအောင် ခမာနီတွေ၊ ထိုင်းစစ်သားတွေ၊ လာအိုတော်လှန်ရေးတပ်ဖွဲ့တွေ၊ ဗီယက်နမ်ထောက်ခံအားပေးတဲ့ ကမ္ဘောဒီးယားလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်တလင်းဖြစ်ခဲ့တယ်။ ဒီနေရာမှာ မြေမြှုပ်မိုင်းတွေ ပြန့်ကျဲနေခဲ့ပြီး ခုချိန်ထိ ရှိနေသေးတယ်လို့ ဆိုတယ်။

CWM. ref: Thailand, Cambodia exchange heavy artillery as fighting rages for a second day. CNA. Photo credit: Bangkok Post, AP

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now