ဆောင်းပါး

ကျင့်ဝတ် ဖောက်ဖျက်သူနဲ့ ကျင့်ဝတ် နားမလည်သူ …

မဲခေါင် 25 Jun - 2025
~ CWM ~ ထိုင်း နဲ့ ကမ္ဘောဒီးယား ပြဿနာက “အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်” ဆိုသလို နယ်စပ်အငြင်းပွားမှုကနေ အစိုးရအဖွဲ့ ပြုတ်ကျတော့မယ့် အနေအထားထိ ရောက်ရှိလာတယ်။ ထိုင်း-ကမ္ဘာဒီးယား နယ်စပ်တင်းမာမှုဖြစ်ပြီး ဟိုဘက် ဒီဘက် စစ်ပြင်သလို တင့်ကားတွေ၊ အမြောက်တွေ အသင့်နေရာယူလာတော့ ဒါဟာ တကယ်မဖြစ်ပါဘူး။ နှစ်နိုင်ငံလုံး အမျိုးသားရေးနောက်ခံယူဆချက်တွေနဲ့ အင်အားတွေ ထုတ်ပြကြတာပဲ ဖြစ်မှာလို့ သုံးသပ်ခဲ့တယ်။ ပြီးခဲ့တဲ့ မေလအတွင်း တင်းမာမှုတွေ ဖြစ်ကြပြီးတော့ ကမ္ဘောဒီးယားတပ်တွေ နောက်ဆုတ်သွားချိန်မှာ နည်းနည်းပြန်ငြိမ်သွားတယ်။ ပြဿနာက ဘယ်ကစသလဲဆိုတော့ ထိုင်းဝန်ကြီးချုပ်၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး အသက်(၃၈)နှစ်သာရှိသေးတဲ့ နိုင်ငံရေးအတွေ့အကြုံ ကလေးသာသာရှိတဲ့ “ပေထုန်ထန်” က စတယ်လို့ပဲ

~ CWM ~

ထိုင်း နဲ့ ကမ္ဘောဒီးယား ပြဿနာက “အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်” ဆိုသလို နယ်စပ်အငြင်းပွားမှုကနေ အစိုးရအဖွဲ့ ပြုတ်ကျတော့မယ့် အနေအထားထိ ရောက်ရှိလာတယ်။ ထိုင်း-ကမ္ဘာဒီးယား နယ်စပ်တင်းမာမှုဖြစ်ပြီး ဟိုဘက် ဒီဘက် စစ်ပြင်သလို တင့်ကားတွေ၊ အမြောက်တွေ အသင့်နေရာယူလာတော့ ဒါဟာ တကယ်မဖြစ်ပါဘူး။ နှစ်နိုင်ငံလုံး အမျိုးသားရေးနောက်ခံယူဆချက်တွေနဲ့ အင်အားတွေ ထုတ်ပြကြတာပဲ ဖြစ်မှာလို့ သုံးသပ်ခဲ့တယ်။ ပြီးခဲ့တဲ့ မေလအတွင်း တင်းမာမှုတွေ ဖြစ်ကြပြီးတော့ ကမ္ဘောဒီးယားတပ်တွေ နောက်ဆုတ်သွားချိန်မှာ နည်းနည်းပြန်ငြိမ်သွားတယ်။

ပြဿနာက ဘယ်ကစသလဲဆိုတော့ ထိုင်းဝန်ကြီးချုပ်၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး အသက်(၃၈)နှစ်သာရှိသေးတဲ့ နိုင်ငံရေးအတွေ့အကြုံ ကလေးသာသာရှိတဲ့ “ပေထုန်ထန်” က စတယ်လို့ပဲ ဆိုရမယ်။

ပထမဆောင်းပါးမှာ ဖော်ပြခဲ့သလိုပဲ ထိုင်းဝန်ကြီးချုပ် မိသားစု နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းမိသားစုက အင်မတန် ရင်းနှီးကြတယ်။ မိဘချင်း ရင်းနှီးသလို သားသမီးချင်း( လက်ရှိကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနေး) နဲ့ ပေထုန်ထန်က ခင်မင်ရင်းနှီးတယ်။ ဒီ ရင်းနှီးမှုကို အကြောင်းပြုလို့ နယ်စပ်ပြဿနာဖြစ်လာတော့ ပေထုန်ထန်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ ကမ္ဘောဒီးယားအထက်လွှတ်တော်(ဆီးနိတ်) ဥက္ကဌ ဟွန်ဆန်ဆီကို ဖုန်းဆက်တယ်။ ဒါက ပုဂ္ဂိုလ်ရေး ဖုန်းပါ။ အလွတ်သဘော ဖုန်းဆက်ပြောချိန်မှာ မနူးမနပ် ပေထုန်ထန်က ” အန်ကယ်ရယ် နယ်စပ်က ဗိုလ်ချုပ်တွေကို ဂရုမစိုက်ပါနဲ့၊ သူတို့က ကျမတို့မိသားရဲ့ ဆန့်ကျင်ဘက်က လူတွေပါ” လို့ ပြောလိုက်မိတယ်။ ဒီလိုပြောလိုက်တာဟာ ထိုင်းစစ်တပ်နဲ့အစိုးရကြား နိုင်ငံရေးအရ ထိရှလွယ်တဲ့ ဆက်ဆံရေးအခြေအနေကို ထုတ်ဖော်လိုက်တာ ဖြစ်တယ်။ ပေထုန်ထန်တို့ မိသားစုသမိုင်းမှာ ထိုင်းစစ်တပ်ဟာ သူ့ဖခင် သက်ဆင်ကို ၂၀၀၆ ခုနှစ်မှာ တခါ၊ သက်ဆင်ရဲ့ ညီမ ရင်လပ်ကို ၂၀၁၄ မှာ တခါ ဖယ်ရှားခဲ့တဲ့ အစဉ်အလာ ရှိတယ်။

နှစ်ကိုယ်ကြား ဖုန်းဆက်ပြီး ရင်ဖွင့်တာက ပြဿနာမရှိဘူး။ ဒီ ဖုန်းပြောစကား conversation တွေကို နိုင်ငံရေးပါး ဝလွန်းတဲ့ ဟွန်ဆန်ဘက်က ဆိုရှယ်မီဒီယာပေါ်မှာ လူသိရှင်ကြား ဖောက်ထုတ်လိုက်တဲ့အခါမှာ ပေထုန်ထန် ပြဿနာတက်ပြီပေါ့။ တကယ်တော့ ဒီကိစ္စမှာ ကျင့်ဝတ် မစောင့်စည်းတာ ကမ္ဘောဒီးယားအစိုးရဘက်က ဖြစ်တယ်။ ပုဂ္ဂိုလ်ရေးပြောစကားတွေကို ဆိုရှယ်မီဒီယာပေါ်မှာ လူသိရှင်ကြားဖော်ထုတ်လိုက်ခြင်းဖြင့် ဟွန်ဆန်အစိုးရဟာ ကမ္ဘောဒီးယားပြည်သူတွေရဲ့ ထောက်ခံမှုကို ရယူလိုက်တယ်။

ဒီနေရာမှာ မေးစရာရှိလာပြီး ဟွန်ဆန်အစိုးရဘက်က ငြင်းဆိုနေတာတွေ ရှိတယ်။ သူတို့ဘက်က ကျင့်ဝတ်ဖောက်ဖျက်တာမရှိ။ ပြောစကားတွေကို ဆိုရှယ်မီဒီယာကတဆင့် အများသိအောင် ချပြတာသာဖြစ်တယ်လို့ ဆိုတယ်။

ဒီကိစ္စအကြောင်းပြုလို့ ထိုင်းအစိုးရ ပေထုံထန်တို့ဘက်မှာ ပြဿနာတွေတက်လာတော့ ဟွန်ဆန်က ဒီအသံဖိုင်ကို သူဖွင့်ချတာမဟုတ်ဘူး။ စကားပြန်အဖြစ်တာဝန်ယူတဲ့ အစိုးရအဖွဲ့ထဲပုဂ္ဂိုလ်တဦးက ဖွင့်ချလိုက်တာဖြစ်တယ်လို့ ဆိုတယ်။

မည်သို့ပင်ဖြစ်စေ။ ပေထုန်ထန်ရဲ့ အသံဖိုင်က လူအများကြား ပေါက်ကြားသွားပြီ။ ပေထုန်ထန်ဟာ ကျင့်ဝတ်လိုက်နာမှုမရှိ၊ နိုင်ငံရေးအရ ရင့်ကျက်မှုမရှိ၊ ထိုင်းစစ်တပ် နဲ့ အစိုးရကြားသိက္ခာကျအောင် လုပ်တယ်။ ဝန်ကြီးချုပ်ရာထူးနဲ့ မထိုက်တန်ဘူး.. ဆိုတဲ့ အသံတွေ ညံပြီးထွက်လာတယ်။ ပေထုန်ထန်အတွက် ဖြေဆေးမရှိအနေအထားကို ရောက်လာတယ်။

ကမ္ဘောဒီးယား အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဌ ဟွန်ဆန်ဟာ အသံဖိုင်ကို ဇွန်လ(၁၈)ရက်မှာ ဖွင့်ချလိုက်တာဖြစ်တယ်။ အဲဒီနေ့မှာပဲ ပေထုန်ထန် ဦးဆောင်တဲ့ ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့ထဲက ဒုတိယအကြီးဆုံးပါတီ Bhumjaithai အစိုးရအဖွဲ့ထဲက နှုတ်ထွက်သွားတယ်။ ပေထုန်ထန်ဟာ အချုပ်အခြာအာဏာ၊ ထိုင်းတပ်မတော်နဲ့ ထိုင်းပြည်သူတွေရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ချိုးဖောက်ခဲ့တယ်လို့ ဘွန်ဂျိုင်ထိုင်းပါတီက စွပ်စွဲခဲ့ပြီး ပေထုန်ထန်နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တယ်။

အမတ် (၆၉) နေရာရှိတဲ့ Bhumjaithai ပါတီ နှုတ်ထွက်သွားတဲ့အတွက် ဖွေ့ထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဟာ အင်အားအလွန်နည်းသွားတယ်။ အောက်လွှတ်တော် အမတ် (၄၉၅)နေရာမှာ (၂၅၅)နေရာပဲ ကျန်တယ်။ ညွန့်ပေါင်းထဲကျန်နေတဲ့ UTN ( United Thai Nation)ပါတီကလည်း ပေထုန်ထန်ကို နှုတ်ထွက်ပြီး အခြားတစ်ယောက်နဲ့ အစားထိုးဖို့ တိုက်တွန်းနေပြီး မနှုတ်ထွက်ရင် သူတို့လည်း ညွန့်ပေါင်းအစိုးရအဖွဲ့ထဲက နှုတ်ထွက်မယ်လို့ ပြောနေတယ်။

ဟွန်ဆန် ဖောက်ချလိုက်တဲ့ ဖုန်းအသံဖိုင်ဂယက်ဟာ အတော်ရိုက်ခတ်သွားတယ်။ ပေထုန်ထန်နှုတ်ထွက်ပေးဖို့ လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုမှုတွေ ရှိလာတယ်။ အထက်လွှတ်တော်ဥက္ကဌဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး နဲ့အမျိုးသား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်ဆီကို စာတင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှု ရှိမရှိ၊ ရှိခဲ့ရင် ပေထုန်ထန်ကို ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားဖို့နဲ့ တောင်းဆိုခဲ့တယ်။

ပေထုန်ထန်ဟာ အသံဖိုင်ထွက်ပေါ်ပြီး နောက်တနေ့မှာ ထိုင်းကာကွယ်ရေးဝန်ကြီးအပါအဝင် ထိပ်တန်းစစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ အမှားကို ပြည်သူလူထုထံ ဝန်ချတောင်းပန်ခဲ့တယ်။ အသံဖိုင်ပါ ပြောဆိုချက်တွေဟာ ကမ္ဘောဒီးယားနဲ့ ဖြစ်ပေါ်နေတဲ့ နယ်စပ်တင်းမာမှုပြဿနာတွေကို ပြေလည်မှုရအောင် စေ့ပ်ညှိနှိုင်းရေးနည်းဗျူဟာတခုသာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နောက်တနေ့မှာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အူဘွန် ရတ်ချာသာနီကို ကာကွယ်ရေးဝန်ကြီး ဖန်သမ် ဝီချရာချိုင်း နဲ့အတူ သွားရောက်ပြီး အမှတ်(၂) စစ်ဒေသတိုင်းမှူး ဗိုလ်မှူးချုပ် ဘွန်ဆင်း ပက်ကလန်နဲ့ တွေ့ဆုံခဲ့တယ်။ သူမအပေါ် ပြည်သူများက ဝေဖန်မှုတွေနဲ့ အထင်အမြင်လွဲမှားမှုတွေကို ပြေလျှော့သွားအောင် ကြိုးစားခဲ့တယ်။

ခုချိန်ထိ ပေထုန်ထန်က အစိုးရအဖွဲ့ကို ဆက်လက်ဦးဆောင်နေဆဲဖြစ်ပေမယ့် သူမရဲ့အနာဂတ်ဟာ မရေမရာအခြေအနေကို ရောက်နေရပြီလို့ ဆိုရမယ်။ လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်ပြန်လုပ်မလား။ သူမကိုယ်တိုင် နှုတ်ထွက်ပြီး အခြားတစ်ယောက် ဝန်ကြီးချုပ်နေရာ ဝင်ယူမလား မသိသေးသလို ပေထုန်ထန်က နှုတ်ထွက်ဖို့အစီအစဉ်မရှိဘူးလို့ ပြောနေတယ်။

ဒီအဖြစ်အပျက်ဟာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာကနေ စတင်ပြီး ထိုင်းအစိုးရဖျက်သိမ်းရမယ့် အခြေအနေ ဆိုက်ရောက်လာတာပါ။ ဒါဟာ ဝါရင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က စ မွှေလိုက်တာကဖြစ်ပြီး အစိုးရတာဝန်ရှိသူတချို့ကလည်း ဟွန်ဆန်ရဲ့ ထောင်ချောက်ထဲအဝင်မခံ၊ အစိုးရအဖွဲ့ကို ဖျက်သိမ်းစရာမလိုဘူးလို့ ဆိုနေကြတယ်။ ဒါပေမယ့် ဟွန်ဆန်ဖွင့်ချလိုက်တဲ့ အသံဖိုင်ဟာ ထိုင်းပြည်သူနဲ့ စစ်တပ်၊ ထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာကို သိက္ခာကျ ညစ်နွမ်းစေတယ်လို့ မှတ်ယူပြီး ပေထုန်ထန်ကို ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ပေးဖို့ ဘုရင့်လိုလားသူတွေက လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုကြမယ်လို့ သိရတယ်။

ထိုင်းအစိုးရအဖွဲ့အတွင်း ခုလို အကွဲအပြဲတွေဖြစ်လာတော့ ဟွန်ဆန်က ဒီကိစ္စ သူနဲ့ မဆိုင်ဘူးလို့ ဆိုတယ်။

တကယ်တော့ ဟွန်ဆန်ဟာ ကျင့်ဝတ်နဲ့ မညီဘဲ ပုဂ္ဂိုလ်ရေးအသံဖိုင်တခုကို လူသိရှင်ကြား ဖော်ထုတ်လိုက်တာ ဖြစ်တယ်။ နှစ်ယောက်သား နှစ်ကိုယ်ကြားပြောစကားတွေကို သူ့ရဲ့ ပုဂ္ဂိုလ်ရေးထောက်ခံမှုရရှိဖို့အတွက် အသုံးချသွားတာဖြစ်တယ်။ ဟွန်ဆန်ဟာ ကမ္ဘောဒီးယားကို နှစ်ပေါင်း သုံးဆယ်ကျော် ပုံစံအမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့သူဖြစ်ပြီး နိုင်ငံရေးကစားကွက်တွေ၊ နိုင်ငံရေးလှည့်ကွက်တွေမှာ အလွန်ကျွမ်းကျင်သူဖြစ်တယ်။ လက်ရှိအချိန်မှာ သားဖြစ်သူကို ဝန်ကြီးချုပ်ရာထူးပေးထားပြီး သူက အထက်လွှတ်တော်ဥက္ကဌဆိုပြီး နေရာယူထားသူပါ။ ခမာနီ စစ်သားတဦးဘဝကနေ အဆင့်ဆင့် ရာထူးရရှိလာသူလည်းဖြစ်တယ်။

ဒီလို ဝါရင့် သမ္ဘာရင့် ခေါင်းဆောင်တဦးက နိုင်ငံရေးအရ မနူးမနပ် အတွေ့အကြုံနုနယ်တဲ့ ပေထုန်ထန်ကို လုပ်ကြံလိုက်တာလည်း ဖြစ်တယ်။ တကယ်တော့ ဝန်ကြီးချုပ် ပေထုန်ထန်အနေနဲ့ ခုလို နှစ်နိုင်ငံကြား ပုဂ္ဂိုလ်ရေးစကားပြောတဲ့အခါမျိုးမှာ ထိန်းထိန်းသိမ်းသိမ်းပြောဖို့ လိုအပ်တယ်။ နှစ်နိုင်ငံနယ်စပ်ပဋိပက္ခလို အကြောင်းအရာမျိုးက အထိအရှမခံတာ သိဖို့လိုအပ်သလို အသံဖိုင်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းကန့်သတ်ချက်တွေ ကြိုတင် ချထားဖို့လိုတယ်။ ခုတော့ ဝန်ကြီးချုပ် ပေထုန်ထန်အနီးကလူတွေ အရည်အချည်းပြည့်ဝမှုမရှိဘူးဆိုပြီး ဝေဖန်ပြစ်တင်မှုတွေ ရှိနေတယ်။

တကယ်တော့ ပေထုန်ထန်ရဲ့ နိုင်ငံရေးကံဆိုးမိုးမှောင်ကျမှုဟာ မိမိအကျိုးစီးပွား(ကမ္ဘောဒီးယားပြည်သူတွေရဲ့ ထောက်ခံမှုရရှိဖို့)အတွက် လိုက်နာရမယ့် ကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့တဲ့ ဟွန်ဆန် နဲ့ ကျင့်ဝတ်နားမလည်၊ အတွေ့အကြုံနုနယ်တဲ့ ပေထုန်ထန်တို့ကြောင့် ဖြစ်ပေါ်လာတယ်လို့ပဲ ယူဆပါတယ်..။

CWM. ref: Bangkok Post/ CNA news

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now