ဆောင်းပါး

သဘာဝဘေးအသုံးချ သံခင်းတမန်ခင်း သို့ မဟာဗျူဟာမြောက်နယ်မြေလွှမ်းမိုးရေး တရုတ်ကျင့်သုံးနေသလား

မဲခေါင် 24 Apr - 2025
~ လင်းမောင် ~ သမားရိုးကျမဟုတ်သော လုံခြုံရေးရှုထောင့် ပြောင်းလဲတိုးတက်လာမှုနှင့်အတူ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့် သဘာဝဘေးလျော့ပါးကယ်ဆယ်ရေး (HADR) လုပ်ငန်းဆောင်ရွက်မှုများသည်လည်း စိတ်သဘောထားကောင်းမွန်မှုကို ပြသသည့် ပြယုဂ်အနေနှင့်သာမက ပထဝီနိုင်ငံရေးလွှမ်းမိုးမှုအတွက် သမားရိုးကျ လက်သုံးပစ္စည်းအနေဖြင့်လည်း ပြောင်းလဲတိုးတက်လာနေသည်။ တောင်အာရှတွင် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်လာပြီး ထိခိုက်မှုများ ပိုများပြားလာချိန်တွင် သဘာဝဘေးတုံ့ပြန်ရေး ပြုလုပ်ကြသည့်နိုင်ငံများကလည်း ဒေသတွင်းနိုင်ငံရေးအရွေ့ကို ပိုမိုပုံသွင်းလာကြသည်။ လူသားချင်းစာနာထောက်ထားမှုနှင့် မဟာဗျူဟာမြောက် နိုင်ငံတနိုင်ငံအား ပုံသွင်းခြင်းတို့ စုပေါင်းဆောင်ရွက်မှုတိုးတက်လာခြင်းကို ရောင်ပြန်ဟပ်နေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC)၏ HADR ချည်းကပ်မှုများထက် မည်သည့်နိုင်ငံ၏ ချည်းကပ်မှုကမှ ပိုမိုသိသာမြင်သာခြင်း မရှိချေ။ မကြာသေးမီက မြန်မာနိုင်ငံမှ စစ်ကိုင်းငလျင်ဖြစ်စဉ်သည် သိသာမြင်သာသော သရုပ်ဖော်ပြမှုဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ မတ်လနှောင်းပိုင်းက မြန်မာနိုင်ငံမြောက်ပိုင်းနှင့်အလယ်ပိုင်းတွင် အထိအခိုက်အပျက်အစီးများပြားစေသော

~ လင်းမောင် ~

သမားရိုးကျမဟုတ်သော လုံခြုံရေးရှုထောင့် ပြောင်းလဲတိုးတက်လာမှုနှင့်အတူ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့် သဘာဝဘေးလျော့ပါးကယ်ဆယ်ရေး (HADR) လုပ်ငန်းဆောင်ရွက်မှုများသည်လည်း စိတ်သဘောထားကောင်းမွန်မှုကို ပြသသည့် ပြယုဂ်အနေနှင့်သာမက ပထဝီနိုင်ငံရေးလွှမ်းမိုးမှုအတွက် သမားရိုးကျ လက်သုံးပစ္စည်းအနေဖြင့်လည်း ပြောင်းလဲတိုးတက်လာနေသည်။

တောင်အာရှတွင် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်လာပြီး ထိခိုက်မှုများ ပိုများပြားလာချိန်တွင် သဘာဝဘေးတုံ့ပြန်ရေး ပြုလုပ်ကြသည့်နိုင်ငံများကလည်း ဒေသတွင်းနိုင်ငံရေးအရွေ့ကို ပိုမိုပုံသွင်းလာကြသည်။ လူသားချင်းစာနာထောက်ထားမှုနှင့် မဟာဗျူဟာမြောက် နိုင်ငံတနိုင်ငံအား ပုံသွင်းခြင်းတို့ စုပေါင်းဆောင်ရွက်မှုတိုးတက်လာခြင်းကို ရောင်ပြန်ဟပ်နေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC)၏ HADR ချည်းကပ်မှုများထက် မည်သည့်နိုင်ငံ၏ ချည်းကပ်မှုကမှ ပိုမိုသိသာမြင်သာခြင်း မရှိချေ။

မကြာသေးမီက မြန်မာနိုင်ငံမှ စစ်ကိုင်းငလျင်ဖြစ်စဉ်သည် သိသာမြင်သာသော သရုပ်ဖော်ပြမှုဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ မတ်လနှောင်းပိုင်းက မြန်မာနိုင်ငံမြောက်ပိုင်းနှင့်အလယ်ပိုင်းတွင် အထိအခိုက်အပျက်အစီးများပြားစေသော ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အင်ဂျင်နီယာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ထောက်ပံ့ပစ္စည်းများ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့သည့် ပထမဆုံးနိုင်ငံများထဲတွင် တရုတ်နိုင်ငံ ပါဝင်သည်။

အိမ်နီးချင်းနိုင်ငံနှင့် “ကံတူအကျိုးပေးဖြစ်စဉ် ရောင်ပြန်ဟပ်ခြင်း” ဟု အဆိုပါလုပ်ရပ်ကို တရုတ်အစိုးရမီဒီယာများက သင်းသပ်ဖော်ပြသော်လည်း အများအကျိုးဟု မင်းသားခေါင်းဆောင်းဆောင်းထားသည့် ယခုလုပ်ရပ်နောက်ကွယ်တွင် တရုတ်ကယ်ဆယ်ရေးအဖွဲ့များနှင့် မြန်မာအာဏာသိမ်းစစ်တပ်တို့ကြား တင်းမာမှုများ ပေါ်ထွက်လာသည်။

နည်းမှန်လမ်းမှန် ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ပဋိပက္ခနယ်မြေအတွင်းသို့ ဝင်ရောက်လာသည်ဟု စွပ်စွဲပြီး တရုတ်ကြက်ခြေနီ အကူအညီပေးရေး ကိုယ်စားလှယ်အဖွဲ့ကို မြန်မာစစ်တပ်က ပစ်ခတ်ခဲ့ကြောင်း မကြာသေးမီက သတင်းများတွင် ဖော်ပြလာသည်။

ထိရှလွယ်သော နိုင်ငံရေး၊ စစ်ရေးမျက်နှာစာနှင့် လူသားချင်းစာနာထောက်ထားမှု အားထုတ်မှုများ တွေ့ဆုံသောအခါ ရှုပ်ထွေးသောအရွေ့ဖော်ဆောင်မှုကို ရှေ့တိုးနောက်ဆုတ်ကစားနေကြောင်း ဖော်ပြနေသည့်ဖြစ်ရပ်များထဲမှ တခုအဖြစ် အဆိုပါဖြစ်ရပ်က ကိုယ်စားပြု ဖော်ပြနေသည်။

အဆိုပါပြဿနာကို ပိုမိုရှုပ်ထွေးစေသော လုပ်ရပ်ဟုဆိုပါက ဒေသတွင်းရှိနေသော တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီးနှင့် ကမ္ဘာပတ်ရေကြောင်းလမ်း (B.R.I)စီမံကိန်းအောက်ရှိ တရုတ်လုပ်ငန်းများနှင့် ဆက်စပ်အဖွဲ့အစည်းများ တပြိုင်နက်တည်ရှိနေမှုဖြစ်သည်။

အခြေခံအဆောက်အအုံစီမံကိန်းများ အနီးဝန်းကျင်တွင် ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် မဟာဗျူဟာမြောက် စီးပွားရေးအကျိုးစီးပွားများ တပြိုင်နက်တည်ရှိနေမှုသည် အိမ်နီးချင်းနိုင်ငံများတွင် တရုတ်နိုင်ငံ၏ မြန်ဆန်စွာနေရာယူနိုင်မှုကို ထောက်ခံအားပေးနေသည့် ကန့်လန့်ကာနောက်ကွယ်မှ သဘောထားများအပေါ် တရားဝင်၊ မဝင် မေးခွန်းများမြင့်တက်လာစေသည်။

မြန်မာနိုင်ငံတွင်လည်း ကချင်နှင့် ရှမ်းပြည်နယ်များ အပါအဝင် သဘာဝဘေးသင့်နေရာ အများအပြားသည် လက်ရှိအကောင်အထည်ဖော်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စက်ရုံများ အပါအဝင် တရုတ်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသာမက ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ပေးသော ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း တည်ရှိရာနေရာများ ဖြစ်သည်။

တရုတ် HADR လုပ်ငန်းဆောင်ရွက်မှုနှင့် ယခုစီးပွားရေးအရမဟာဗျူဟာမြောက်သောနေရာများ အနီးကပ်တည်ရှိနေခြင်းသည် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းနှင့် ပထဝီဝင်စီးပွားရေးနေရာယူထားမှုကြား အကန့်အသတ်များကို မှုန်ဝါးသွားစေသည်။

လိုအပ်ချက်များကို အခြေခံရမည့်အစား တရုတ်နိုင်ငံ၏ သဘာဝဘေးကယ်ဆယ်ရေးအားထုတ်မှုများသည် ဒေသဗဟိုချက်သို့ ရေရှည်ဆက်သွယ်နိုင်ရေးနှင့် သဘာဝရင်းမြစ်များလုံခြုံရေးရည်မှန်းချက်များကို အဆမတန်အာရုံစိုက်နေကြောင်းသိသာစေသည်။ နိုင်ငံရေးအရ အဆက်အဆံမရှိ သီးသန့်ဖြစ်နေပြီး စစ်ရေးကျယ်ပြန့်နေသော စစ်အာဏာရှင်ကြီးစိုးနေသည့် မြန်မာနိုင်ငံအတွက် လွှမ်းမိုးမှုပိုကြီးမားစေရန် (သို့) ထောက်လှမ်းရေး အချက်အလက်များစုဆောင်းရန် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းကို အသုံးပြုပြီး ပြင်ပနိုင်ငံတနိုင်ငံက လုပ်ဆောင်နေသည့်အရိပ်ဆိုးသည် သိသာမြင်သာစေသော စိုးရိမ်ဖွယ်တခု ဖြစ်သည်။

ထို့ကြောင့် အာဏာသိမ်းစစ်အုပ်စုက လူသိရှင်ကြား ကျေးဇူးတင်စကားထုတ်ဖော်ပြောသည့်တိုင် တရုတ်အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ရန် အခြားကယ်ဆယ်ရေးအဖွဲ့များက အားထုတ်ကြိုးစားမှုများသည် အရာရှိကြီးများ၏ တချက်လွှတ်အမိန့်အရ ပျော့ပျောင်းလွယ်ခြင်း မရှိဘဲ ပိုမိုတင်းကြပ်နေသည်။

သို့သော် မြန်မာ့ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများသည်သာ ဥပမာပြစရာမဟုတ်ဘဲ ၂၀၁၅ ခုနှစ်၊ နီပေါငလျင်ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း အလားတူပုံစံကို လေ့လာတွေ့ရှိနိုင်သည်။ ထိုစဉ်ကလည်း တရုတ်ကယ်ဆယ်ရေးနှင့်ဆေးအဖွဲ့များ အချိန်ခဏအတွင်း ရောက်ရှိလာခြင်းအတွက် ချီးကျူးဂုဏ်ပြုမှုများရှိသော်လည်း ပူးပေါင်းဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ ရင်ဆိုင်ခဲ့ရသည်။

ဒေသတွင်းလုပ်ငန်းလုပ်ဆောင်နေကြသည့် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ(အန်ဂျီအို)အဆိုအရ တရုတ်ကယ်ဆယ်ရေးအဖွဲ့များသည် နိုင်ငံစုံအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန် တွန့်ဆုတ်နေပြီး မြောက်ပိုင်းနယ်စပ်အပါအဝင် အချို့သောနေရာများသို့ ကန့်သတ်ဝင်ထွက်ခွင့်ရနေသည်ဟု ပြောဆိုမှုများလည်းရှိသည်။ တရုတ်အဖွဲ့များလုပ်ငန်းဆောင်ရွက်မှုသည် အပြိုင်အစိုးရအသွင်ဆောင်နေပြီး အကျိုးစီးပွားရှိသည့်နေရာများတွင် တရုတ်အဖွဲ့များသည် အခွင့်အာဏာရှိသည့်အသွင်ဆောင်နေသည်ဟု အရာရှိများက အလွတ်သဘောပြောကြသည်။ လုံခြုံရေးစိုးရိမ်ရမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးသတိကြီးရမှုတို့ကို တရုတ်ဘက်က အကြောင်းပြသော်လည်း အဆိုပါလုပ်ရပ်များကို မြင်တွေ့ရခြင်းသည် သတိမပြုမိစရာမဟုတ်ချေ။

ဆက်စပ်တွေးကြည့်ပါက အထက်ပါကိစ္စရပ်များက တည်မြဲနေသောမဟာဗျူဟာတရပ်ကို အကြံပြုဖော်ပြနေသည်။ ဆိုလိုသည်မှာ တရုတ်နိုင်ငံ၏ HADR လုပ်ငန်းဆောင်ရွက်မှုများသည် ကူညီကယ်ဆယ်ရေးသဘောအရသာ ပြုလုပ်နေခြင်းမဟုတ်ဘဲ နယ်စပ်ဒေသများ၊ ပဋိပက္ခယဉ်ပါးဒေသများနှင့် နိုင်ငံအချုပ်အခြာအားနည်းသော (သို့) အပြိုင်အဆိုင်ရှိနေသော မဟာဗျူဟာမြောက်လမ်းကြောင်းများတွင် လွှမ်းမိုးမှုရှိလာစေသော လက်စွဲလုပ်ရပ်တခုအနေနှင့် လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် မြန်မာနှင့် နီပေါဖြစ်စဉ်များတွင် ဆက်စပ်နေမှုသည် သိသာမြင်သာသော အင်အားသုံး ဖိအားပေးခြိမ်းခြောက်မှုမဟုတ်ဘဲ မဟာဗျူဟာမြောက် အဆုံးသတ်ရလဒ်ပေါ်ထွက်စေရန် လူသားချင်းစာနာထောက်ထားမှုသဘောကို ဂရုတစိုက် စနစ်တကျ စီစဉ်လုပ်ဆောင်ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာများသို့ ပထမဆုံးရောက်ရှိလာခြင်းနှင့် အကူအညီများကို တင်းတင်းကြပ်ကြပ် စီမံခန့်ခွဲခြင်းအားဖြင့် ထိခိုက်ပျက်စီးနေသော (သို့) မဟာဗျူဟာမြောက်အရေးပါသော နယ်စပ်ဒေသများတွင် တရုတ်နိုင်ငံသည် နိုင်ငံတနိုင်ငံအပေါ်တွင်သာမက မြေပြင်တွင်ပါ လွှမ်းမိုးမှုရနေသည်။ HADR ဟူသည် အကူအညီဟူသည့် သဘောသာမကဘဲ သဘာဝဘေးဖြစ်ရာတွင် ရောက်ရှိနေခြင်းဟူသည့် သဘောလည်း ဖြစ်နေသည်။

အများပြည်သူထံ တရုတ်အစိုးရထုတ်ပြန်သည့် စစ်ဘက်-အရပ်ဘက်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာစာတမ်းများတွင် “ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုတွင် တက်ကြွစွာပါဝင်စေရေး”ဟူသည့်အချက်ကို အလေးပေးနေချိန် HADR သည် တရုတ်အစိုးရ၏ လုပ်ဆောင်နိုင်စွမ်း၊ တာဝန်ယူနိုင်စွမ်းနှင့် ဒေသတွင်း မရှိမဖြစ်ဖြစ်နေခြင်းကို ကိုယ်ပိုင်သတ်မှတ်ချက်များဖြင့် အချက်ပြနေသည့် လမ်းညွှန်တရပ်ဖြစ်သည်။ အရေးကြီးသည်မှာ တရုတ်နိုင်ငံ၏ပုံစံသည် သမားရိုးကျအလှူရှင်နိုင်ငံများနှင့် နိုင်ငံစုံပါဝင်သောအဖွဲ့အစည်းများနှင့် မတူကွဲပြားနေပြီး နှစ်နိုင်ငံကြား သိသာမြင်သာသော်လည်း လက်သိပ်ထိုးလုံခြုံစေရန် ဆောင်ရွက်ထားသည့် ပုံစံဖြစ်သည်။

အဆိုပါလုပ်ရပ်များက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံစည်းမျဉ်းများကို သမာသမတ်ကျစေခြင်းနှင့် အလုံးစုံပါဝင်စေရေးတို့ကို နှောင့်နှေးစေသည်ဟု တရုတ်ကိုထောက်ခံသည့်ဝေဖန်ရေးသမားများက ချေပနိုင်သော်လည်း တရုတ်နိုင်ငံ၏အခြေခံမူဘောင်သည် အကူအညီနှင့် လွှမ်းမိုးမှုပူးတွဲပါဝင်နေပြီး မဟာဗျူဟာမြောက်အသုံးဝင်မှုအပေါ်အခြေခံ၍ အချုပ်အခြာအာဏာပိုင်နိုင်ငံကို ရွေးချယ်သတ်မှတ်သော မတူခြားနားသောမူဘောင်တွင် အရင်းတည်နေသည်။

အဆိုပါအချက်ကြောင့် တရုတ်၏ HADR လုပ်ငန်းဆောင်ရွက်မှုများသည် အကူအညီများလက်ခံခြင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကာကွယ်ရခြင်းတို့ကြား စည်းမျဉ်းထားရမည့် နိုင်ငံငယ်များအတွက် စိန်ခေါ်မှုများသိသာစွာရှိနေသည်။

ပိုမိုကျယ်ပြန်သောမေးခွန်းသည် “တရုတ်၏ သဘာဝဘေးသံခင်းတမန်ခင်း (သို့) မဟာဗျူဟာမြောက်နယ်မြေလွှမ်းမိုးမှုအလေ့အထ (HADR)သည် ထိရောက်မှုရှိ၊ မရှိ” ဖြစ်လာပြီး အဖြေမှာ နိုင်ငံတကတာသဘာဝဘေး တုံ့ပြန်ရေးသတ်မှတ်စံပေတံများကို ထိခိုက်စေသော ပူးပေါင်းဆောင်ရွက်မှုနှင့် အချုပ်အခြာအာဏာ ပိုင်စိုးမှုဆိုင်ရာ အခြေခံစည်းမျဉ်းများကို HADR က လေးစားမှု ရှိ၊ မရှိ အပေါ် မူတည်ပြီး ထိရောက်မှုရှိသည်ဟု ဖြစ်လာသည်။ မြန်မာနှင့်နီပေါနိုင်ငံများတွင် ထိရောက်မှု ရှိ၊ မရှိ အဖြေကို လိုရာစွဲတွေးနိုင်နေသည်။

လူသားချင်းစာနာထောက်ထားမှုအရ စည်းလုံးညီညွတ်စေရေးအကြောင်းပြချက်အရ ဒေသတွင်းနိုင်ငံများကြုံတွေ့ရသောသဘာဝဘေးကယ်ဆယ်ရေးတွင် တရုတ်နိုင်ငံက ပိုမိုပါဝင်လာချိန် HADR သည် တရုတ်၏ ကယ်ဆယ်ရေးအကြောင်းပြ နယ်မြေသိမ်းပိုက်ရေး အစီအစဉ်ဖြစ်မလာစေရန် လက်ခံနိုင်ငံများနှင့် ဒေသတွင်းအဖွဲ့အစည်းများအနေဖြင့် ပိုမိုပြတ်သားသော လုပ်ငန်းအစဉ်အလာများ၊ ပိုမိုသိသာမြင်သာသော ပူးပေါင်းဆောင်ရွက်ရေး မူဘောင်များနှင့် နိုင်ငံစုံပါဝင်သော စံနှုန်းပေတံများကို အားဖြည့်ထားရမည် ဖြစ်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now