ဆောင်းပါး

သံချေးတက် တရုတ်ရေတပ်- လေယာဉ်တင်သင်္ဘောများမှသည် ဖျက်သင်္ဘောများဆီအထိ

မဲခေါင် 14 Apr - 2025
~ လင်းမောင် ~ တရုတ်ကွန်မြူနစ်ပါတီ (CCP) အတွက် တရုတ်ရေတပ်သည် နှစ်ပေါင်များစွာ နိုင်ငံတော် ဂုဏ်သိက္ခာ ချန်ပီယံအဖြစ် တင့်တယ်နေခဲ့သည်။ မကြာခဏဆိုသလိုပင် CCP က ၎င်းတို့၏ လေတပ်စစ်ရေး အသာ ရမှု၊ နည်းပညာဆိုင်ရာ တတ်နိုင်စွမ်းများကို မီးမောင်းထိုး ကြွားဝါလေ့ရှိသည်။ သို့သော် တကယ့် လက်တွေ့တွင်မူ တရုတ်ရေတပ်၏ အစွမ်းသတ္တိနှင့်ဆန်းပြားသော ခေတ်မီမှုဆိုသည်များမှာ ပြဿနာများစွာဖြင့် ရုန်းကန်ရင်ဆိုင်နေရသည်ကို မဖုံးနိုင်မဖိနိုင် ဖြစ်နေတော့သည်။ အပေါ်ယံ သကာ ဆင့်ထားသော်လည်း တရုတ်ရေတပ်၏ အတွင်းပိုင်းအနှစ်သာရများမှာ အမှန်တကယ် တည်ရှိနေသော အကျင့်ပျက်ခြစားမှုများ၊ ပြင်/ထိန်း စနစ်အတွင် လုံလောက်မှုမရှိခြင်း၊ လက်တွေ့ ထုတ်လုပ်အသုံးချမှု တွင် စံချိန်စံညွှန်းမီ ပစ္စည်းကောင်းများ ထုတ်လုပ်သုံးစွဲခြင်းမရှိဘဲ

~ လင်းမောင် ~

တရုတ်ကွန်မြူနစ်ပါတီ (CCP) အတွက် တရုတ်ရေတပ်သည် နှစ်ပေါင်များစွာ နိုင်ငံတော် ဂုဏ်သိက္ခာ ချန်ပီယံအဖြစ် တင့်တယ်နေခဲ့သည်။ မကြာခဏဆိုသလိုပင် CCP က ၎င်းတို့၏ လေတပ်စစ်ရေး အသာ ရမှု၊ နည်းပညာဆိုင်ရာ တတ်နိုင်စွမ်းများကို မီးမောင်းထိုး ကြွားဝါလေ့ရှိသည်။ သို့သော် တကယ့် လက်တွေ့တွင်မူ တရုတ်ရေတပ်၏ အစွမ်းသတ္တိနှင့်ဆန်းပြားသော ခေတ်မီမှုဆိုသည်များမှာ ပြဿနာများစွာဖြင့် ရုန်းကန်ရင်ဆိုင်နေရသည်ကို မဖုံးနိုင်မဖိနိုင် ဖြစ်နေတော့သည်။ အပေါ်ယံ သကာ ဆင့်ထားသော်လည်း တရုတ်ရေတပ်၏ အတွင်းပိုင်းအနှစ်သာရများမှာ အမှန်တကယ် တည်ရှိနေသော အကျင့်ပျက်ခြစားမှုများ၊ ပြင်/ထိန်း စနစ်အတွင် လုံလောက်မှုမရှိခြင်း၊ လက်တွေ့ ထုတ်လုပ်အသုံးချမှု တွင် စံချိန်စံညွှန်းမီ ပစ္စည်းကောင်းများ ထုတ်လုပ်သုံးစွဲခြင်းမရှိဘဲ ရောရာ စံချိန်မမီ ပစ္စည်းများ အသုံး ပြုနေခြင်းကြောင့် CCP ဂုဏ်ဖော်ရင်းဖော်နေသည့် တရုတ်ရေတပ်၏ အမှန်တကယ် လက်တွေ့ အကျိုး သက်ရောက်နိုင်စွမ်းမှာ မေးခွန်းထုတ်စရာ များစွာ ရှိနေခဲ့ပြီဖြစ်သည်။

အဆိုပါချို့ယွင်းချက်များထဲမှ သက်သေနမူနာတစ်ခုကိုပြပါဆိုလျှင် Liaoning အမည်ရ လေယာဉ်တင် သင်္ဘောကို လက်ညှိုးညွှန်ပြသရမည်ဖြစ်သည်။ တရုတ်အစိုးရ၏ ရေပြာ ရည်မှန်းချက်များတွင် အဓိက ကျသော အမွှမ်းတင်ခံရသည့် လေယာဉ်တင်သင်္ဘောကြီးဖြစ်သည်။ မူလဘူတအနေဖြင့် ဆိုဗိယက်ခေတ်က တည်ဆောက်နေဆဲဖြစ်ပြီး မပြီးစီးသေးသော သင်္ဘောကြီးအား ဝယ်ယူပြီးနောက် ပြည်တွင် နည်းပညာအင်အားစုဖြင့် ဆက်လက်အဆင့်မြှင့်တင် တည်ဆောက်ခဲ့သော လေယာဉ်တင် သင်္ဘောဖြစ်သည်။ တရုတ် ရေတပ်၏ခေတ်မီဆန်းသစ်ခြင်းသင်္ကေတဟု ဆိုနိုင်သည်။ သို့သော် ဓာတ်ပုံ များမှ ပြောဆိုချက်အရ မြင်လေရာနေရာတိုင်း သံချေးများတက်နေခြင်းက အမွှမ်းတင်ထားသော သင်္ဘောကြီး၏ တာရှည်ခံနိုင်ရည်ရှိမှုတွင် စိုးရိမ်စရာအခြေအနေဖြစ်နေသည်ကို မြင်တွေ့ရခြင်းဖြစ် သည်။ ထုံးစံအတိုင်းပင် တရုတ်ကွန်မြူနစ်ပါတီ CCP ၏ ဆေးမြှီးတို ကုစားနည်းအရ သင်္ဘောကြီး အနီး အနားတွင် ဓာတ်ပုံမရိုက်ရဟု တားမြစ်လိုက်သည်။ လူထု၏ စိစစ်မှုကို မခံနိုင်ဘဲ ဖိနှိပ်ဖုံးကွယ်ခြင်းကို သာ လုပ်ဆောင်သည်။ ထပ်တိုးစုံစမ်းဖော်ထုတ်မှုများအရ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအတွက် ကုန်ကျစားရိတ် လျော့ချဖြတ်တောက်ခြင်းကြောင့်လည်း ပိုမိုဆိုးရွားသော သွင်ပြင်လက္ခဏာများကို မဖုံးနိုင်မဖိနိုင်ဖြစ်ရခြင်းဖြစ်ကြောင်း သိရသည်။ သံချေးတက်နေသောနေရာများအပေါ် သုတ်သည့် ဆေးများမှာလည်း အရည်အသွေးနိမ့်ပါးသည့် ပစ္စည်းများသုံးစွဲခြင်းကြောင့် သင်္ဘောကိုယ်ထည် တိုက်စားခံရမှုကို ပိုမိုဆိုးရွားစေတော့သည်။ ထိုချဉ်းကပ်မှုနှင့် မလုံလောက်သော ဝန်ဆောင်မှုများက သင်္ဘော၏ တည်ဆောက်ပုံဆိုင်ရာ ခိုင်မာမှုကို ထိခိုက်စေရုံသာမက တရုတ်၏ ခေါက်ရိုးကျိုးနေသော ရေရှည်ဖြေရှင်းမှုလိုအပ်ချက်များတွင် ရေတိုဆေးမြှီးတိုကုသမှုများသာ တွင်တွင်သုံးနေသည့် ဓလေ့ကို ပါ မီးမောင်းထိုးပြခြင်းဖြစ်သည်။

အလားတူ ကူးစက်ပျက်စီးခြင်းမျိုးက Type 055 ဖျက်သင်္ဘောတွင်လည်း တည်ရှိနေသည်။ အဆိုပါ ဖျက်သင်္ဘောသည် တရုတ်အမျိုးသားရတနာ၊ (state-of-the-art) စစ်သင်္ဘောကြီးဖြစ်သော်လည်း တပ်တော်ဝင်သည်မှာ ၂ နှစ်သာရှိသေးချိန်တွင် သံချေးများ မြင်မကောင်းအောင် တက်နေပြီဖြစ်သည်။ ကြုံးဝါးမှုတွင် သင်္ဘောကိုယ်ထည်ကို ပင်လယ်ရေတိုက်စားခြင်းခံနိုင်ရည်မြင့်မားစေရန် အလွိုင်းနိမ့် သံမဏိဖြင့် တည်ဆောက်ထားသည်ဟု ဆိုသည်။ စုံစမ်းဖော်ထုတ်မှုများအရ အမှတ်တကယ် အဆင့်မြှင့်နည်းပညာသုံး ဖျက်သင်္ဘောအဖြစ်တည်ဆောက်ရန် ဘတ်ဂျက်အလုံအလောက်ပေးခဲ့သော် လည်း တရုတ်စစ်တပ်အကြီးပိုင်းအရာရှိများအတွက် ထိုဘတ်ဂျက်သည် သင်္ဘောအတွက် အပြည့်အ၀ အသုံးပြုခြင်းဆီ မရောက်ဘဲ ၎င်းတို့၏တစ်ကိုယ်ရေ ဇိမ်ခံပစ္စည်းများ၊ အဆင့်မြင့် ဇိမ်ခံအိမ်ယာပိုင်ဆိုင် မှုများအဖြစ်ပြောင်းလဲမှုတွင် ခြစားခြင်းခံခဲ့ရသည်။ ထို့ကြောင့်ပင် အရည်အသွေးနိမ့်သော အစားထိုး ပစ္စည်းများကကြားဝင် အသုံးတော်ခံရာမှ သင်္ဘော၏ တာရှည်ခံမှုမှာ ယုံတမ်းပုံပြင်အလား ဖြစ်သွားရ ခြင်းဖြစ်သည်။ nepotism ခေါ် ငါ့ဆွေ၊ငါ့မျိုး၊ ငါ့ ရောင်းရင်း သာ၀ကများအတွက်သာ လုပ်ကွက်ပေး သည့် စနစ်ကြီးတစ်ခုလုံးပျက်စီးခြင်မှသည် တရုတ်ရေတပ်၏ မဟာဗျူဟာကျ သင်္ဘောကြီးများ သံချေး တက်လေခြင်းဖြစ်တော့သည်။

သံချေးတက်ခြင်းဆိုသည်မှာ တရုတ်ရေတပ်အတွက် ပြဿနာပေါင်းများစွာထဲမှာ တစ်ခုသော ပြဿနာ မျှသာ ဖြစ်သည်။ တရုတ်ရေတပ်တွင် နည်းပညာကောင်းမွန်မှု မလုံလောက်ခြင်းကလည်း ဝေဖန်စရာများစွာရှိနေပြန်သည်။ တရုတ်၏ စတုတ္ထမျိုးဆက် ဖိုက်တာဂျက်လေယာဉ်များကို ခေတ်အမီ ဆုံးသော ဂျက်လေယာဉ်များဟု အရောင်းမြှင့်တင် ကြွားဝါနေသော်လည်း လက်တွေ့တွင်မူ ကြော်ငြာ သည့်အရည်အသွေးများတကယ်ရှိကြောင်း သက်သေမပြနိုင်ပေ။ CCP သည် အဆိုပါဂျက်လေယာဉ်များ၏ လုပ်ဆောင်ချက်အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမှ ရှောင်ကြဉ်ခဲ့ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ အထင်ကြီးခံရစေရန်သာ လှုံ့ဆော် ထုတ်ပြန်ခဲ့သည်။ အဆင့်မြင့်ရေဒါနှင့် ဒုံးကျည်စနစ်များပါရှိသော Type 055 ဖျက်သင်္ဘောသည် အလားတူအားနည်းချက်ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအတွင်း ၎င်း၏ ဒေါင်လိုက်ပစ်လွှတ်မှုစနစ်သည် သံချေးတက်ခြင်းကြောင့် ဒုံးကျည်ပစ်လွှတ်မှု Jammed ဖြစ်စေသည်ဟု အစီရင်ခံစာများက ဖော်ပြသည်။ သူ့ချည်းသာလောဟု မေးလျှင် မဟုတ်သေးပေ။ ရေဒါစနစ်များသည် ၃၆၀ ဒီဂရီ စကင်န်ဖတ်နိုင်မှုက တစ်ခုတည်းသာရှိပြီး အခြားသော ရေးဒါစနစ်များမှာ သီးခြားသတ်မှတ်ထောင့်များလောက်ကိုသာ စကင်န်ဖတ်နိုင်သည်။ ဤကန့်သတ်ချက်များသည် တိုက်ခိုက်ရေးအခြေအနေများတွင် ဖျက်သင်္ဘော၏စွမ်းဆောင်နိုင်မှုအပေါ် စိုးရိမ်ပူပန်စရာဖြစ်စေမည်မှာ မလွဲပေ။

အဆိုပါပြဿနာများသည် သင်္ဘောအဟောင်းများတွင်သာမက Shandong နှင့် Fujian လေယာဉ်တင်သင်္ဘောများကဲ့သို့သော ရေယာဉ်စုတွင် အသစ်ထပ်တိုးတည်ဆောက်ထားသည့် သင်္ဘော များတွင်ပါ ရှိနေသည်။ သင်္ဘောသစ်များဆိုသော်လည်း လျစ်လျူရှုမှုနှင့် တည်ဆောက်မှုစံနှုန်းများ ညံ့ဖျင်းသည့်လက္ခဏာများကြောင့် သင်္ဘောသစ်များလည်း အလားတူ ပြဿနာများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ဥပမာ Shandong ၏ကုန်းပတ်တွင် မီးလောင်ဒဏ်ရာများနှင့် အရောင်ပြောင်းခြင်းများကို မြင်ရပြီး Fujian တွင်လည်း ဆိုးရွားစွာ သံချေးတက်ခြင်းကြောင့် အစိတ်အပိုင်းကြီးများအလိုက် ဖယ်ရှားလဲလှယ်လိုက်ရကြောင်း အစီရင်ခံစာများက ဖော်ပြသည်။ အဆိုပါ ချို့ယွင်းချက်များသည် ထုတ်လုပ်မှုကွင်းဆက်၏ အဆင့်အမျိုးမျိုးတွင် ပျံ့နှံ့နေသော အကျင့်ပျက်ခြစားမှုများနှင့် ပေါင်းစပ်ကာ စံချိန်မမီသော ပစ္စည်းများကို အသုံးပြုခြင်းမှ ပေါက်ဖွားလာခြင်းဖြစ်ကြောင်း ဝေဖန်သူများက ဆိုသည်။

အဆိုပါ တရုတ်ရေတပ်၏ ပုပ်စော်နံလာခြင်းများအပေါ် နိုင်ငံတကာက အလွန်အမင်း ပြစ်တင်ဝေဖန်ခဲ့သည်။ အမေရိကန် မီဒီယာများက တရုတ်၏ ရေပြာရေတပ် ရည်မှန်းချက်များမှာ အလံရှူးဟန်ပြသာဖြစ်ပြီး ၎င်း၏ ရေယာဉ်စုသည် ခေတ်သစ်စစ်ပွဲဆိုင်ရာ စိန်ခေါ်မှုများကို ခံနိုင်ရည်မရှိသော “စက္ကူကျား” ဟု တံဆိပ်ကပ်ဖော်ပြသည်။ ဂျပန်လေ့လာသုံးသပ်သူများကလည်း အင်ဒို-ပစိဖိတ်ဒေသတွင် အင်အားအကောင်းဆုံးရေတပ်ကို တာဝန်ယူထားသည်ဟု တရုတ်ဘက်မှ အသံကောင်းဟစ်နေသော်လည်း တကယ်တမ်း နည်းပညာချို့ယွင်းမှုနှင့် အစုလိုက်အဂတိလိုက်စားမှုတို့ကြောင့် တရုတ်ရေတပ်အင်အားမှာ ထွေထွေထူးထူး ပြေစစရာမရှိဟု ပက်ပက်စက်စက် ရှုံ့ချခဲ့ကြသည်။ ပြင်သစ်နှင့် ဂျာမန် မှတ်ချက်ပေးသူများသည်လည်း ဤခံစားချက်များကို ပဲ့တင်ထပ်ပြီး အချို့က သံချေးတက်နေသော အရှုပ်တော်ပုံများသည် CCP ၏ စစ်ဘက်-စက်မှုဘက်ဆိုင်ရာ ရှုပ်ထွေးမှုအတွင်း ပိုမိုကျယ်ပြန့်သော စနစ်ကျသော ကျရှုံးမှု၏ လက္ခဏာဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။

တရုတ်ရေတပ်၏ အားနည်းချက်များကြောင့် ပထဝီနိုင်ငံရေးအခြေအနေ သက်ရောက်မှုများလည်း ရှိသည်။ အင်ဒို-ပစ္စိဖိတ်ဒေသ၊ အထူးသဖြင့် တောင်တရုတ်ပင်လယ် တင်းမာမှုမြင့်မားနေချိန် တရုတ် ရေတပ်၏ အဆင်သင့်ဖြစ်မနေမှုအပေါ် မေးခွန်းထုတ် စိစစ်မှုများလည်း ရှိလာသည်။ အမှတ်တကယ် စစ်ရေးအခြေအနေသို့ ရောက်လာပါက တရုတ်ရေယာဉ်စု၏ အားနည်းချက်များကြောင့် ၎င်းတို့သာ ဘေးဥပဒ်ဖြစ်စေမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ခန့်မှန်းချက်များအရ တရုတ်၏ J-15 တိုက်လေယာဉ်အများစုသည် ထိထိရောက်ရောက် မစွမ်းဆောင်နိုင်ဘဲ Type 055 ဖျက်သင်္ဘောများစွာသည် ရေဒါချို့ယွင်းမှု သို့မဟုတ် အခြားသော စက်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်သည်ဟု သိရသည်။ အဆိုပါ အားနည်းချက်များကြောင့် ရေယာဉ်စုများ ရန်သူများနှင့် တကယ်ထိတွေ့လျှင် ၎င်း၏ ပါဝါစီမံကိန်း သို့မဟုတ် တရုတ်အကျိုးစီးပွားများကို ခုခံကာကွယ်နိုင်စွမ်း ထိခိုက်စေမည်မှာ သေချာနေသည်။

အဆိုပါ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စိန်ခေါ်မှုများကို အရင်းခံထားခြင်းမှာ စနစ်ကျသော အကျင့်ပျက်ခြစားမှုနှင့် စီမံခန့်ခွဲမှု အမှားအယွင်းများ ကျယ်ပြန့်စွာတည်ရှိနေခြင်းကြောင့်ပင်။ အစီအရင်ခံစာများအရ သံချေးတက်သည့်အပေါ်ယံပိုင်းနှင့် အဆင့်မြင့်ရေဒါစနစ်များကဲ့သို့သော အရေးကြီးသောအစိတ်အပိုင်းများအတွက် ကန်ထရိုက်စာချုပ်များကို နိုင်ငံရေးအရချိတ်ဆက်မှုရှိသည့် အရည်အချင်းမပြည့်မီသော တင်သွင်းသူများကို ပေးအပ်ခဲ့ခြင်းဟု သိရသည်။ သာဓကတစ်ခုတွင် သံချေးတက်ခြင်းနှင့် ပင်လယ်ဆားငန်ရေ တိုက်စားခြင်းကာကွယ်ရန် သင်္ဘော အပေါ်ယံလွှာပစ္စည်းများတင်သွင်းသူသည် အဆင့်မြင့် စစ်ဗိုလ်ချုပ်တစ်ဦးနှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ပြီး အရပ်ဘက် သင်္ဘောစံချိန်စံညွှန်းများပင် မပြည့်မီသော ပစ္စည်းများ ပေးပို့ခဲ့သည်။ ယင်းအလေ့အကျင့်များသည် ရေတပ်၏ တိုက်ခိုက်ရေး အဆင်သင့်အား ပျက်ပြားစေရုံသာမက နိုင်ငံတော်လုံခြုံရေးထက် ပုဂ္ဂိုလ်ရေး ကြွယ်ဝမှုကို ဦးစားပေးသည့် အုပ်ချုပ်မှုပုံစံကိုလည်း ထင်ဟပ်စေသည်။

ထိုမျှ စိန်ခေါ်မှုပြဿနာများကြီးထွာနေသော်လည်း တရုတ်ကွန်မြူနစ်ပါတီကမူ ၎င်းတို့ ရေတပ်၏ အင်အားနှင့်တတ်စွမ်းနိုင်မှုပုံရိပ်အပေါ် ယုံကြည်မှုအပြည့်အ၀ရှိကြောင်း အသံကောင်းဟစ်နေဆဲဖြစ် သည်။ ပေကျင်းတွင် တရုတ်သမ္မတ ရှီကျင်းဖျင်သည် ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းစီအီးအိုများနှင့် တွေ့ဆုံမှုတွင် မိမိတို့ ရေတပ်သည် အထူးအင်အားကောင်းမွန်သဖြင့် ရင်းနှီးမြှုပ်နှံသူများ စိတ်ချယုံ ကြည်စွာဖြင့် တရုတ်၌ ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့ပြန်သည်။ မအပ်စပ်သော ကတိကဝတ်များ ပေး သည်။ လက်တွေ့တွင်မူ အာမခံချက်များနှင့် တရုတ်ရေတပ်၏ ဖယိုဖရဲ ဖြစ်နေသော လက်တွေအခြေ အနေက ကွာခြားလွန်းနေသည်။ အဆိုပါ သံသယများလျော့ပါးစေရေး CCP ၏ လုပ်ဆောင်မှုကလည်း မစို့မပို့သာရှိသည်။

တရုတ်နိုင်ငံ၏ စစ်ရေးရည်မှန်းချက်များအပေါ် မီးမောင်းထိုးပြနေချိန်တွင် ရေတပ်၏ဖွဲ့စည်းပုံနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များကို အားချင်းကိုင်တွယ်ဖြေရှင်းရမည်မှာ ထင်ရှားသည်။ အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းရန်၊ ထုတ်လုပ်မှုစံနှုန်းများ မြှင့်တင်ရန်နှင့် တင်းကြပ်သော ကြီးကြပ်ရေးယန္တရားများကို ကျင့်သုံးရန်၊ အဓိပ္ပာယ်ရှိသော ပြုပြင်ပြောင်းလဲမှုများမရှိဘဲတရုတ်ရေတပ် ရေယာဉ်စုသည် ပိုင်ဆိုင်မှုတစ်ခုထက် တာဝန်ခံမှုဖြစ်လာရန် လိုအပ်နေပေပြီ။ လွှမ်းမိုးကြီးစိုးသော ရေကြောင်းပိုင်နက်ဆိုင်ရာ ပါဝါနိုင်ငံအဖြစ် ထူထောင်ရန် ကြိုးပမ်းနေသော နိုင်ငံတစ်ခုအတွက် ၎င်းရေတပ်၏ လက်ရှိအခြေအနေသည် ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရာတွင် ချိန်ခွင်လျှာညှိရန် သတိကြီးစွာ ထားပြီး ဆောင်ရွက်ပြင်ဆင်ရတော့မည်ဖြစ်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now