ဆောင်းပါး

ယဉ်ကျေးမှုမျိုးတုံးသတ်ဖြတ်ခြင်း – မွန်ဂိုလီးယားဖြစ်တည်မှုကို တရုတ်၏ တိုက်ခိုက်ချိုးနှိမ်ခြင်း

မဲခေါင် 23 Feb - 2025
~ လင်းမောင် ~ မကြာသေးခင်နှစ်ပိုင်းများအတွင်း မွန်ဂိုလီးယားနိုင်ငံအတွင်းဆုံးပိုင်အထိ တရုတ်အစိုးရဟာ ယဉ်ကျေးမှုမျိုး တုံးသတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း စွပ်စွဲမှုများ တောင်လိုမြင့်တက်လာခဲ့ပါတယ်။ လူနည်းစု မွန်ဂိုတိုင်းပြည်တွင် တရုတ်အစိုးရက အငြင်းပွားဖွယ်ရာ ဘာသာစကားနှစ်မျိုးသုံး ပညာရေးမူဝါဒ (Bilingual Education Policy) သွပ်သွင်းခဲ့ခြင်းသည် စွပ်စွဲသူများအတွက် ခိုင်လုံသော သက်သေသာဓကများဖြစ်ခဲ့သည်။၂၀၂၀ ပြည့်နှစ်တွင် စတင်ပြီး ပညာရေးတွင် မွန်ဂိုဘာသာစကားအစား တရုတ်၏ မန်ဒရင်းဘာသာစကားကို အစားထိုးမှု ပြုလုပ်ခဲ့ သည်။ ဤမူဝါဒ၏ အကျိုးဆက်များသည် နက်နဲပြီး ကျယ်ပြန့်သော ဆန္ဒပြမှုများ၊ ဖမ်းဆီးမှုများနှင့် ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ခြင်းနှင့် ဖိနှိပ်မှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။ ဘာသာစကားနှစ်မျိုးသုံး ပညာရေးမူဝါဒသည် လူနည်းစုမျိုးနွယ်ဖြစ်သော မွန်ဂိုလူမျိုးများအကြား မန်ဒရင်း ဘာသာစကား အသုံးပြုရေး

~ လင်းမောင် ~

မကြာသေးခင်နှစ်ပိုင်းများအတွင်း မွန်ဂိုလီးယားနိုင်ငံအတွင်းဆုံးပိုင်အထိ တရုတ်အစိုးရဟာ ယဉ်ကျေးမှုမျိုး တုံးသတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း စွပ်စွဲမှုများ တောင်လိုမြင့်တက်လာခဲ့ပါတယ်။ လူနည်းစု မွန်ဂိုတိုင်းပြည်တွင် တရုတ်အစိုးရက အငြင်းပွားဖွယ်ရာ ဘာသာစကားနှစ်မျိုးသုံး ပညာရေးမူဝါဒ (Bilingual Education Policy) သွပ်သွင်းခဲ့ခြင်းသည် စွပ်စွဲသူများအတွက် ခိုင်လုံသော သက်သေသာဓကများဖြစ်ခဲ့သည်။၂၀၂၀ ပြည့်နှစ်တွင် စတင်ပြီး ပညာရေးတွင် မွန်ဂိုဘာသာစကားအစား တရုတ်၏ မန်ဒရင်းဘာသာစကားကို အစားထိုးမှု ပြုလုပ်ခဲ့ သည်။ ဤမူဝါဒ၏ အကျိုးဆက်များသည် နက်နဲပြီး ကျယ်ပြန့်သော ဆန္ဒပြမှုများ၊ ဖမ်းဆီးမှုများနှင့် ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ခြင်းနှင့် ဖိနှိပ်မှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။

ဘာသာစကားနှစ်မျိုးသုံး ပညာရေးမူဝါဒသည် လူနည်းစုမျိုးနွယ်ဖြစ်သော မွန်ဂိုလူမျိုးများအကြား မန်ဒရင်း ဘာသာစကား အသုံးပြုရေး မြှင့်တင်ရန် ထင်ရှားစွာ သင်ရိုးပြဌာန်းရေးဆွဲ‌ခဲ့ခြင်းဖြစ်သည်။ လျှင်မြန်စွာဖြင့် မွန်ဂို လူမျိုးများအတွင်းပိုင်းထဲအထိ ပညာရေးအခင်းအကျင်းမှသည် အသွင်းပြောင်းခဲ့သည်။ ကနဦး အရေးပါသည့် နိုင်ငံရေး၊ ပစ်မှတ်ထားသော အထူးပြုဘာသာများနှင့် သမိုင်းကြောင်းသင်ရိုးများကို မန်ဒရင်းဘာသာသို့ ပြောင်း လဲစေရာမှ လျှင်မြန်စွာပင် သင်ရိုးညွှန်းတမ်းတစ်ခုလုံးကိုပါ မန်ဒရင်းဘာသာအဖြစ်သို့ ပြောင်းလဲ ပြဌာန်းလိုက် သည်။ ထိုသို့ အဓမ္မပြဌာန်းခြင်းအား မွန်ဂိုးလူမျိုးများကလည်း ပြင်းထန်စွာ ဆန့်ကျင်တွန်းလှန်ကြသည်။ တရုတ် အစိုးရ၏ လုပ်ရပ်သည် ရှိပြီးသား မွန်ဂိုဘာသာစကားကို ပပျောက်စေရန် ခြိမ်းခြောက်မှု၊ ယာဉ်ကျေးမှုနှင့် မျိုးရိုး ဇစ်မြစ်ကိုပါ ဖျောက်ဖျက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းမှာ ထင်ရှားလွန်းလှသည်။ မွန်ဂိုဘာသာစကားသည် လူ့ အသိုင်းအဝိုင်းတစ်ခု၏ ဘာသာစကားအဆင့်မျိုးသာမဟုတ်ဘဲ သမိုင်းကြောင်း ခိုင်မာလွန်းခဲ့သည်။ ယဉ်ကျေးမှု နှင့် ဓလေ့များက ကမ္ဘာသိကို ထင်ရှားကျော်ကြားခဲ့သော ဘာသာကြီးဖြစ်ပါလျှက် မန်ဒရင်းဘာသာစကားကို အလုံးစုံသွပ်သွင်းခြင်းမှာ တရုတ်အစိုးရ၏ မွန်ဂိုတိုင်းရင်းသားမျိုးနွယ်စု ယဉ်ကျေးမှုကို လူမျိုးတုံးသတ်ဖြတ် ခြင်းမည်ပါသည်။

ပညာရေးမူဝါဒကို တရုတ်ဘက်က ပြောင်းလဲလိုက်သည်နှင့် မွန်ဂိုလီးယားတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန့်ကျင်ပုန်ကန်မှုများလည်း တောမီးပမာပျံ့နှံ့သွားသည်။ မိဘများနှင့်ကျောင်းသားများ ထောင်ပေါင်းများစွာ လမ်းမများပေါ် ဆန္ဒပြကြပြီး မိမိတို့ ဘာသာစကားနှင့် ယဉ်ကျေးမှုအခွင့်အရေး လှုပ်ရှားတောင်းဆိုသည့် ဆန္ဒ ပြမှုများ ပျံ့နှံ့လာသည်။ သို့သော် တရုတ်အစိုးရက ၎င်းတို့ မူအတိုင်း အင်အားအလွန်အကျူးသုံးစွဲပြီး ဆန္ဒပြမှု များကို ဖြိုခွင်းခဲ့သည်။ သတင်းများအရ ထောင်နှင့်ချီသော ဆန္ဒပြ မွန်ဂိုများ ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။ ဖမ်းမခံရသော်ငြား စောင့်ကြည့်ခံနေရသူများစွာလည်း ရှိနေခဲ့သည်။ ရန်ဖန်ရန်ခါ ရန်လိုခြင်း၊ ပြဿနာကို လှုံ့ဆော်ခြင်းဆိုသည့် မရေရာသောစွပ်စွဲချက်များဖြင့် တရားမျှတမှု မရှိစွာ ဖမ်းဆီးသည်။ ထို့အပြင် မွန်ဂို တိုင်းရင်းသားလူနည်းစုများ၏ ခုခံမှုပုံဆောင်သမျှကိုလည်း တရုတ်အာဏာပိုင်များက ကျယ်ပြန့်သော ဗျူဟာ အမျိုးမျိုးသုံးပြီး ဖမ်းဆီးနှိမ့်ကွပ်ခဲ့သည်။

မွန်ဂိုဘာသာစကားကို နှိမ့်ကွပ်ခြင်းသည် ယဉ်ကျေးမှုရောနှောပေါင်းစပ်ရန် တရုတ်အစိုးရဘက်မှ ရည်ရွယ်ထား သော ကျယ်ပြန့်သည့် အစီအစဉ်များထဲမှာ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ တရုတ်အစိုးရသည် တိုင်းရင်းသားလူနည်းစုများကို မကြာခဏအသုံးချ၍ စည်းလုံးညီညွတ်သော အမျိုးသားရေးလက္ခဏာတစ်ခု၏ အယူအဆကို မြင့်တင်နေခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီဖြစ်သည်။ တရုတ်အစိုးရ၏ ယဉ်ကျေးမှု ဝါးမြိုခြင်းမူဝါဒကျင့်သုံးသည်မှာ အဆန်းလည်း မဟုတ်တော့ပေ။ သမိုင်း ဇစ်မြစ်မှာကိုက တရုတ်သည် ယဉ်ကျေးမှုတော်လှန်ရေးကြီးအဖြစ် မွန်ဂို ၁ သန်းကို နှိပ်စက်ညှင်းပန်းခဲ့သည့်သမိုင်းရှိသည်။ သောင်းနှင့်ချီသော မွန်ဂိုလူမျိုးများကို သုတ်သင်ရှင်းလင်းခဲ့သည်။ လက်ရှိ မွန်ဂိုတွင် ကျင့်သုံးလာသော မန်ဒရင်းဘာသာစကား အခြေပြု သင်ရိုးညွှန်းတမ်းများသည် ယဉ်ကျေးမှုပေါင်းစည်းရေးဆိုသည့် စကားလုံးလှလှသုံးစွဲပြီး မွန်ဂို လူ့အသိုင်းအဝိုင်းလုံးအပေါ် နှိပ်စက်သတ်ဖြတ်ခဲ့သည်များ မေ့ဖျောက်နိုင်ရေး သွင်ပြင်လက္ခဏာများသာ ဖြစ် သည်။ ဘာသာစကားနှစ်မျိုးသုံး ပညာရေးစနစ် ဂယက်သည် သူတစ်ပါးယဉ်ကျေးမှုကို ဖျက်ဆီးသည့် အဆင့် ထက်ပင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။ လူနည်းစုတိုင်းရင်းသားများ၏ ဘာသာစကား၊ ယဉ်ကျေးမှုများကို ကာ ကွယ်ပေးရမည်ဟု ပြဌာန်းခဲ့သော ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ ကိုယ်တိုင် ပြန်ချိုးဖောက်နေခဲ့သော မူဝါဒလည်းဖြစ်နေသည်။

ကုလသမဂ္ဂကြေညာချက်ဖြစ်သော လူနည်းစုပြည်သူများ၏ အခွင့်အရေးကို ပေးရ မည်ဆိုသော နိုင်ငံတကာ ကွန်ဗန်းရှင်းသဘောတူညီချက်များစွာကိုပါ ချိုးဖောက်နေခြင်းဖြစ်သည်။ မိမိနိုင်ငံ ဥပဒေကိုသာမက နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများကိုပါ ဖောက်ဖျက်နေခြင်းလည်းဖြစ်သည်။ မိမိတို့နှင့် သဘောထားကွဲလွဲမှုများကို တားဆီးရန် ကြိုးပမ်းရာတွင် တင်းကြပ်သော မီဒီယာဆင်ဆာဖြတ်တောက်မှုကို လည်း တွင်တွင် ကျင့်သုံးသည်။ သတင်းစီးဆင်းမှုအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။ ထိုသို့သော တားမြစ်ချက်များနှင့် ဖိနှိပ်မှုများကြောင့် ခုခံတော်လှန်ကြသူများအကြား သတင်းအချက်အလက် မျှဝေနိုင်ရေး တွင် အခက်အခဲများစွာကို ဖြစ်တည်စေသည်။ ထို့ကြောင့် မွန်ဂိုအသိုင်းအဝိုင်း၏မကျေပ်နပ်မှုများကို ပိုမို ဖြစ် တည်စေသလို ဆန္ဒပြသူများနှင့်ပြည်သူများအကြား ခွဲထုတ်ရေး၊ နိုင်ငံတကာ အသိအမြင်ပိုင်းဆိုင်ရာ ပေါက် ကြားမှုနည်းပါးစေရေးများကို စနစ်တကျ စီမံကိန်းချ ပြင်ဆင်ခဲ့သည်။ တစ်ဆက်တည်း နိုင်ငံတကာ အထောက် အပံ့များလည်း နည်းပါးသွားပြီး သဘောထားမတူသူများကို သီးခြားခွဲထုတ်ရန်လည်း လုပ်ဆောင်နေကြသည်။

ထိုသို့ မွန်ဂိုလူမျိုးများအပေါ် ခြယ်လှယ် နှိပ်စက်နေခြင်းအပေါ် လူ့အခွင့်အရေးအဖွဲ့အစည်းများစွာ၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးသမားများစွာ၊ လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့၊ ကမ္ဘာ့ လွတ်ငြိမ်းချမ်းသာမှုအဖွဲ့တို့မှ တရုတ်လုပ်ရပ်ကို ယဉ်ကျေးမှုလူမျိုးတုန်းသတ်ဖြတ်ခြင်းဟု ပြစ်တင် ရှုတ်ချခဲ့ကြသည်။ မွန်ဂိုလီးယား အထောက်အထားများ၊ ဘာသာစကား၊ ယဉ်ကျေးမှုအဖွဲ့အစည်းများကို ရည်ရွယ်ချက်ရှိရှိစွာ စနစ်တကျစီမံဖျောက်ဖျက်ရေး ဖိနှိပ်မှုများစွာစွာကို တရုတ်အစိုးရက လုပ်ဆောင်သည်ဟု အဖွဲ့အစည်းများစွာ က စွပ်စွဲခဲ့ကြသည်။ ကုလသမဂ္ဂကိုယ်တိုင်က မွန်ဂိုလီးယားနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်အကြမ်း ဖက်မှုများအပေါ် စုံစမ်းဖော်ထုတ်နိုင်ရေးတောင်းဆိုမှုအပြင် တရုတ်အစိုးရ၏ လုပ်ငန်းအတွက် တာဝန်ခံရမည်ဆို သည့် ထုတ်ပြန်ချက်မျိုးလည်း ထုတ်ပြန်ခဲ့သည်။

ဤမူဝါဒများ၏ အကျိုးဆက်များသည် ဘာသာစကားကို ချက်ခြင်းဖိနှိပ်ခြင်းထက် ကျော်လွန်ပါသည်။ ပညာရေးတွင် မွန်ဂိုလီးယားဘာသာစကား ယိုယွင်းလာခြင်းသည် ယဉ်ကျေးမှုဆိုင်ရာ အသိပညာနှင့် အလေ့အကျင့်များကို အနာဂတ်မျိုးဆက်များထံ လက်ဆင့်ကမ်းခြင်းအတွက်လည်း ခြိမ်းခြောက်လျက်ရှိသည်။ကလေးများက ၎င်းတို့၏ ရိုးရာအမွေအနှစ် ဘာသာစကားနှင့်ခြားနားသော ပြည်ပ ဘာသာစကားဖြင့် ပညာသင်ကြားရခြင်းသည် မွန်ဂိုယဉ်ကျေးမှုအရင်းအမြစ်များနှင့် အဆက်ပြတ်တောက် စေရန်လည်း ဖြစ်တည်စေသည်။ ထို့အပြင် စဉ်ဆက်မပြတ်စောင့်ကြည့်ခံနေရခြင်းနှင့် ဖမ်းဆီးခံရခြင်းများကို ကြောက်ရွံ့ခြင်းအောက်၌ နေထိုင်ရခြင်း၏ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုသည် ရပ်ရွာအတွင်း စိတ်ပျက်အားငယ်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ကို ဖြစ်ပေါ်စေသည်။

မွန်ဂိုလီးယားရှိ တိုင်းရင်းသားလူမျိုးစုများ၏ အကျပ်အတည်းသည် ကမ္ဘာတစ်ဝှမ်းရှိ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု ရောထွေးခြင်းနှင့် လူမျိုးတုံးသတ်ဖြတ်မှုတို့ကို ဆန့်ကျင်ရန် ပိုမိုကျယ်ပြန့်သော ရုန်းကန်မှုများဖြင့် လွှမ်းခြုံထားသည်။ တရုတ်အစိုးရ၏ ဘာသာစကားနှစ်မျိုးဆိုင်ရာ ပညာရေးမူဝါဒသည် မွန်ဂိုလီးယားဘာသာစကားကို ခြိမ်းခြောက်ရုံသာမက ရာစုနှစ်များစွာ တည်ရှိခဲ့သည့် ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များကို ဖျောက်ဖျက်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုများ ကြီးထွားလာသည်နှင့်အမျှ မွန်ဂိုလီးယားလူမျိုးများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်ရန်၊ ၎င်းတို့၏ အခွင့်အရေးများအတွက် ထောက်ခံအားပေးကာ ဘာသာစကားနှင့် ယဉ်ကျေးမှု ကွဲပြားခြင်းကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၏ အရေးပါမှုအပေါ် အသိအမှတ်ပြုရန် အရေးကြီးပါသည်။ ယဉ်ကျေးမှု ဆိုင်ရာ လူမျိုးတုံး သတ်ဖြတ်မှု တိုက်ဖျက်ရေးသည် ဒေသတွင်း ပြဿနာ သက်သက် မဟုတ်ပါ။ ၎င်းသည် လူ့ဂုဏ်သိက္ခာ၊ အထောက်အထားနှင့် လူတစ်ဦး၏ ယဉ်ကျေးမှုနယ်ပယ်တွင် တည်ရှိခွင့်ရရှိရေးတို့အတွက် လုံးလုံးလျားလျား တိုက်ပွဲတစ်ခုဖြစ်သည်။ မွန်ဂိုလီးယားအသိုက်အဝန်း၏ အနာဂတ်သည် ဤမတရားမှုများကို တိုက်ဖျက်ရန် စုပေါင်းအသိနှင့် လုပ်ဆောင်မှုပေါ်တွင် မူတည်ပါတော့သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Binance ကို ဒူးထောက်သွားစေခဲ့တဲ့ ကမ္ဘာ့အဆင့် ဟက်ကာတွေကို မြောက်ကိုရီးယား ဘယ်လို မွေးထုတ်သလဲ

~ ဒင်းဒင်း ~ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံ ကောက်စားသွားခဲ့တဲ့ Binance ခရစ်ပ်တို ဖောက်ထွင်းမှုတွေလို
ဆောင်းပါး

China’s BRI crisis in South Asia

~ Sumit Kumar ~ China Merchants Port Holdings, a state-owned Chinese port

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကြွေးမြီထောင်ချောက်ဖြင့် တည်ဆောက်နေသော တရုတ်၏ အလယ်အာရှဩဇာ

~ လင်းမောင် ~ အလယ်အာရှဒေသတွင် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခု အသံတိတ် ဖြစ်ပေါ်နေပြီး၊ ၎င်းမှာ စစ်အင်အားဖြန့်ကြက်မှု သို့မဟုတ် နိုင်ငံရေး မဟာမိတ်ဖွဲ့မှုများကြောင့် မဟုတ်ဘဲ ငွေကြေးအရင်းအနှီးဖြင့် မောင်းနှင်နေခြင်း ဖြစ်သည်။ ယွမ်ငွေအခြေပြု ဘဏ္ဍာငွေရှာဖွေမှုအပေါ် ကာဇက်စတန်၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကမ္ဘောဒီးယားက တရုတ်ကျားဖြန့်တွေ ဘယ်ကိုစားကျက်ပြောင်းသွားသလဲ

~ ဒင်းဒင်း ~ မဒါဂါစကာနိုင်ငံက အွန်လိုင်းလိမ်လည်ရေးစင်တာတွေကို စီးနင်းမှုတွေ လုပ်ဆောင်ရာကနေပြီး အဲဒီစင်တာ​တွေဟာ အာဖရိကတိုက်သားတွေကိုလူကုန်ကူးပြီး  ကမ္ဘောဒီးယားနိုင်ငံမှာ အလားတူလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရာဇဝတ်မှုအုပ်စုနဲ့ ဆက်စပ်နေတယ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်လို့ အာဏာပိုင်‌တွေက ပြောကြပါတယ်။ အချစ်ရေး၊ အွန်လိုင်းငွေကြေး (cryptocurrency)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မြန်မာ့အရေးမှာ အာဆီယံ နောက်ကောက်ကျခဲ့ပြီ

~ ထက်ခိုင် ~ အမှတတမဲ့ဆိုရင်တော့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်အတွက် နိုင်ငံတကာသံတမန်ရေးရာမှာ တော်တော်လေး အောင်မြင်တဲ့နှစ်တစ်နှစ် ဖြစ်နေပုံပါပဲ။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို အဆင့်မြင့်ခရီးစဉ်တွေ ဆက်တိုက်သွားရောက်နိုင်ခဲ့ပါတယ်။ အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Yuan, Loans and Leverage: How China Is Expanding Its Reach Across Central Asia

~ Linn Maung ~ A quiet but significant shift is taking place in Central Asia, and it is being driven

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စီအိုင်အေ၊ ကူမင်တန် လျှို့ဝှက်တပ်မတော်နဲ့ တချိန်တုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း “ရွှေတြိဂံ”

~ CWM ~ ၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင်းစစ်မှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန် တရုတ်မျိုးချစ်တပ်တွေက မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးတပ်တွေကို ရှုံးနိမ့်ပြီး အတော်များများ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားကြပေမယ့် တချို့တဝက်က ယူနန်ပြည်နယ် အနောက်ဘက်၊ ရှမ်းပြည်နယ်အရှေ့ဘက်ကို ဝင်ရောက်ခြေကုပ်ယူပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်ဒေသန္တရအစိုးရများ၏ ဒဏ်ကြေးများဖြင့် ကျားကန်ထားသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ

~ လင်းမောင် ~ တရုတ်နိုင်ငံ၏ ခမ်းနားထည်ဝါသော အစိုးရအဆောက်အအုံများနှင့် ကြီးမားလှသော စီးပွားရေးပစ်မှတ်များ၏ နောက်ကွယ်တွင် ကြီးထွားလာနေသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ သည် ဒေသဆိုင်ရာ အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် သာမန်နိုင်ငံသားများအကြား ဆက်ဆံရေးကို ပြန်လည်ပုံဖော်နေသည်။ အိမ်ခြံမြေကဏ္ဍ ကျဆင်းမှုသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now