ဆောင်းပါး

တံတားများတည်ဆောက်ခြင်း – အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါလွန်းနေသော အိန္ဒိယ-မြန်မာ ဆက်သွယ်မှု

မဲခေါင် 11 Feb - 2025
~ Vaishali Basu Sharma ~ အိန္ဒိယနိုင်ငံသည် ဒေသတွင်း ချိတ်ဆက်ခြင်းများမှသည် ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေးမူဘောင်များကို လက်တွေ့ကျကျအကောင်အထည်ဖော်ရန် ကြိုးပမ်းလျှက်ရှိသည်။ အရှေ့တောင်အာရှနိုင်ငံများနှင့် အမျိုးမျိုး သော ဆက်သွယ်ရေး စီမံကိန်းများကို အဓိကထား ပုံဖော်နေပြီဖြစ်သည်။ ပိုမိုကြီးမားသောစွမ်းရည်များနှင့် ကျယ်ပြန့်သောအမြင်များရှိခြင်း၊ ခိုင်မာသောယဉ်ကျေးမှုရှိသည့်နိုင်ငံကြီးဖြစ်သည့်အလျှောက် အိန္ဒိယနိုင်ငံသည် ဤပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဟု မျှော်လင့်ပါသည်။ အိန္ဒိယ၏ အရှေ့မျှော်မူဝါဒ Look East Policy တွင် အရှေ့တောင်အာရှနိုင်ငံများ၏ နယ်နိမိတ်ကျယ်ကျယ်ပြန့်ပြန့် ကွဲပြား ဖြာထွက်နေမှုကို အခြေတည်ပြီး ရည်မှန်း ချက်ပန်းတိုင်ကို စတင်အုတ်မြစ်ချလိုသည်။ အရှေ့တောင်အာရှနယ်မြေများကို ချိတ်ဆက်ခြင်းတွင် သက်ဆိုင်ရာ နိုင်ငံများအတွက် ကျယ်ပြန့်သော အမြတ်အစွန်းကို ခွဲဝေပေးခြင်းမူကိုလည်း လက်ကိုင်ထားသည်။ ပိုမိုတက်ကြွပြီး သွက်လက်လှုပ်ရှားမှုကို ဦးတည်သည့်

~ Vaishali Basu Sharma ~

အိန္ဒိယနိုင်ငံသည် ဒေသတွင်း ချိတ်ဆက်ခြင်းများမှသည် ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေးမူဘောင်များကို လက်တွေ့ကျကျအကောင်အထည်ဖော်ရန် ကြိုးပမ်းလျှက်ရှိသည်။ အရှေ့တောင်အာရှနိုင်ငံများနှင့် အမျိုးမျိုး သော ဆက်သွယ်ရေး စီမံကိန်းများကို အဓိကထား ပုံဖော်နေပြီဖြစ်သည်။ ပိုမိုကြီးမားသောစွမ်းရည်များနှင့် ကျယ်ပြန့်သောအမြင်များရှိခြင်း၊ ခိုင်မာသောယဉ်ကျေးမှုရှိသည့်နိုင်ငံကြီးဖြစ်သည့်အလျှောက် အိန္ဒိယနိုင်ငံသည် ဤပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဟု မျှော်လင့်ပါသည်။ အိန္ဒိယ၏ အရှေ့မျှော်မူဝါဒ Look East Policy တွင် အရှေ့တောင်အာရှနိုင်ငံများ၏ နယ်နိမိတ်ကျယ်ကျယ်ပြန့်ပြန့် ကွဲပြား ဖြာထွက်နေမှုကို အခြေတည်ပြီး ရည်မှန်း ချက်ပန်းတိုင်ကို စတင်အုတ်မြစ်ချလိုသည်။ အရှေ့တောင်အာရှနယ်မြေများကို ချိတ်ဆက်ခြင်းတွင် သက်ဆိုင်ရာ နိုင်ငံများအတွက် ကျယ်ပြန့်သော အမြတ်အစွန်းကို ခွဲဝေပေးခြင်းမူကိုလည်း လက်ကိုင်ထားသည်။ ပိုမိုတက်ကြွပြီး သွက်လက်လှုပ်ရှားမှုကို ဦးတည်သည့် ချဉ်းကပ်မှုများအား အလေးထားရန် Look East Policy ဆိုသည်ကို Act East Policy ဟု ပြန်လည်ပြောင်းလဲ မှည်ခေါ်စေခဲ့သည်။ ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း (KMTTP) ၏ မဟာဗျူဟာမြောက် အရေးပါမှုသည် များစွာ အဓိကကျလာသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာန၏ထုတ်ပြန်မှုအရ ကုလားတန်စီမံကိန်းကြီးသည် မြန်မာနိုင်ငံစစ်တွေ ဆိပ်ကမ်းနှင့် အိန္ဒိယအရှေ့ပိုင်း ပင်လယ်ဆိပ်ကမ်းများ၊ အိန္ဒိယအရှေ့မြောက်ဒေသမှသည် မြန်မာနိုင်ငံသို့ ပင်လယ်၊ မြစ်၊ ကုန်းတွင်းရေကြောင်းလမ်းများဖောက်လုပ်ပြီး ကုန်စည်များ ဖလှယ်တင်ပို့နိုင်ရေးအတွက် ရည်ရွယ်သည်ဟု ဆိုခဲ့သည်။

ပထဝီဝင်နိုင်ငံရေးအရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ ကုန်စည်၊ ဝန်ဆောင်မှုနှင့်နည်းပညာဖလှယ်နိုင် ရေးအတွက် ဗဟိုချက်ဖြစ်သည်။ အိန္ဒိယနှင့် အရှေ့တောင်အာရှကြား ကုန်းလမ်းတံတားဖြစ်သည့် မြန်မာနိုင်ငံသည် ‘ဆက်သွယ်မှု’ ဟူသော ဝေါဟာရကို ကျယ်ကျယ်ပြန့်ပြန့် လျစ်လျူရှုထားသည်။ နှစ်နိုင်ငံကြား ချိတ်ဆက်မှု တိုးမြှင့်ရာတွင် ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ မဟာဗျူဟာမြောက် အရေးပါမှုသည်လည်း လုံလောက်စွာ အလေးထားခြင်းမခံရပေ။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ ခြားရေးဝန်ကြီးဌာန အေဂျင်စီများအကြား နှစ်နိုင်ငံ ကုန်းလမ်း၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများ ထိစပ် ဆက်သွယ်နိုင်ရေး ချိတ်ဆက်ဖောက်လုပ်ခြင်းဆိုင်ရာ စီမံကိန်းကိုသဘောတူခဲ့သော်လည်း အကောင်အထည်ဖော် ဆောင်နိုင်မှုပိုင်းတွင် အားနည်းချက်များစွာ ဖြစ်တည်နေသည်။

မြန်မာစစ်တွေဆိပ်ကမ်းနှင့် အိန္ဒိယ မီဇိုရမ်ပြည်နယ် မြို့တော် Aizawl ဆက်သွယ်ချိတ်ဆက်မှု၊ Aizawl မှ မြန်မာ ပြည်အနောက်ပိုင်း ပလက်၀သို့ ဆက်သွယ်မည့် မီဇိုရမ်နယ်ခြားမှသည် ၁၀၀ ကီလိုမီတာ ရှည်လျားသော အဝေး ပြေးလမ်း စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုတန်းဖိုးမှာ ဒေါ်လာ ၄၈၄ သန်းရှိသည်။ အဆိုပါ စီမံကိန်းတွင် စစ်တွေ ဆိပ်ကမ်းမှ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းပြီး ကိုးလ်ကတ္တာ ဆိပ်ကမ်းနှင့် ဆက်သွယ်မည့် ချိတ်ဆက်မှု လည်း ပါဝင်သည်။ ကုန်းတွင်းပိုင်း ရေးလမ်းခရီးအဖြစ် စစ်တွေနှင့်ပလက်၀ကို ဆက်သွယ်ဦးမည်။ အဆိုပါ ကားလမ်းသည် ပလက်၀မှ မီဇိုရမ်ပြည်နယ် Zorinpui သို့လည်း ထပ်မံချဲ့တွင် ချိတ်ဆက်မည်ဖြစ်သည်။ ပလက်၀မှသည် စစ်တွေ ဆိပ်ကမ်းအထိ ကုန်စည်များကို ကုလားတန်မြစ်တစ်လျှောက်မှ ပို့ဆောင်မည်ဖြစ်ကာ အဆိုပါဆိပ်ကမ်းကို အိန္ဒိယဘက်မှ တာဝန်ယူတည်ဆောက်မည်ဖြစ်သည်။ စစ်တွေရှိ ကုန်စည်များသည် ထိုမှတစ်ဆင့် ကုန်တင်သင်္ဘောများဖြင့် တစ်ပါးသောအရပ်များဆီသို့ ဆက်လက် ဆက်သွယ်ကူးသန်ရန် ရည်ရွယ်ထားသည်။ ဤလမ်းကြောင်းသည် အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်များအသုံးပြုသော Siliguri စင်္ကြံကိုဖြတ်၍ ကုန်းတွင်းလမ်းကြောင်းအတွက် အစားထိုးလမ်းသစ်တစ်ခုလည်း ဖြစ်လာရန် ရည်ရွယ်သည်။

အဆိုပါ စီမံကိန်းကြီးပြီးမြောက်ခဲ့လျှင် ကြက်လည်ပင်းဟု လူသိများသော အနောက်ဘန်ဂေါပြည်နယ်မှ Siliguri စင်္ကြံကို အလွန်အကျူးမနိုင်ဝန်ထမ်း သယ်ယူပို့ဆောင်နေရခြင်း အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ KMTTP စီမံကိန်းကြီးသည် ဘင်္ဂလားဒေ့ရှ်ကို ဖြတ်သန်းပြီး အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမှ အရှေ့မြောက်ဘက်သို့လည်း ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည်။ ကုန်းလမ်း၊ ရေလမ်း၊ ဆိပ်ကမ်းစီမံကိန်းများ တည်‌ဆောက်ပြီးပါက အိန္ဒိယအရှေ့မြောင်းပိုင်းဒေသများသည် အိန္ဒိယ ကုန်းမကြီးနှင့်ပိုမိုနီးစပ် ဆက်စပ်သွားနိုင်မည် ဖြစ်သည်။ လက်ရှိ မီဇိုရမ်ပြည်နယ် Lawngtlai နှင့်ကိုးလ်ကတ္တာပြည်နယ် Haldia သို့ Siliguri စင်္ကြံလမ်းမှ အကွာအဝေး ၁၈၈၀ ကီလိုမီတာ ခရီးနှင့်ရသည်။ လက်ရှိ တိုးချဲ့နေသော အမျိုးသားဟိုက်ဝေးလမ်းမကြီး 502A (NH 502A) သည် KMTTP Lwangtlai လမ်းပိုင်းစီမံကိန်းထဲ၌ ပါရှိနေပြီး အင်ဒို-မြန်မာနယ်စပ်ကို ဆက်သွယ် သွားလာနိုင်မည်ဖြစ်သည်။ ထို့လမ်းမှ ပလက်၀သို့ အဝေးပြေးလမ်းရှိလာမည်ဖြစ်ပြီး နောက်ဆုံးစစ်တွေ ပင်လယ် ရေလမ်းထွက်ပေါက် ဆိပ်ကမ်းနှင့် ဆက်စပ်သွားမည်ဖြစ်သည်။ ထိုလမ်းပိုင်းပြီးပါက မီဇိုရမ်နှင့် ကိုးလ်ကတ္တာကြား ၁၈၈၀ ကီလိုမီတာ ခရီးသည် ၉၃၀ ကီလိုမီတာသာ ကွာဝေးတော့မည်ဖြစ်သည်။ အိန္ဒိယကုန်းမကြီး၊ မီဇိုရမ်နှင့် အိန္ဒိယအရှေ့မြောက် ဒေသများသို့ ကူးလူးမည့် ကုန်စည်များစီးဆင်းမှုသည် အချိန်အားဖြင့်ရော ငွေအားဖြင့်ပါ များစွာ သက်သာသွား စေမည်။

သို့ရာတွင် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံ သဘောတူထားသည့် အဆိုပါစီမံကိန်းသည် ရိုဟင်ဂျာများစွာ မှီတင်းနေထိုင် သော ရခိုင်ပြည်နယ်ကို ဖြတ်သွားရမည်ဖြစ်သည်။ အဆိုပါ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများစွာဖြစ်ပွားနေခြင်းက စီမံကိန်းရှေ့ဆက်နိုင်ရေးအလားအလာများအတွက် ကြီးစွာသော အဟန့်အတားဖြစ်နေသည်။ မြန်မာတစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ပြည်တွင်းစစ်ဖြစ်ပွားနေခြင်းက KMTTP စီမံကိန်းကြီးကို များစွာ အကျိုးသက်ရောက် ထိခိုက်လာစေဦးမည်ဖြစ်သည်။ ရခိုင်နှင့် ချင်းပြည်နယ်များတွင် ပိုမိုတင်းမာသော ပြည်တွင်းစစ်မီးတောက်များ က လုံခြုံရေးအတွက် ကြီးစွာသော စိန်ခေါ်မှုများကို ဖြစ်တည်နေစေသည်။ ထိုစီမံကိန်းနှောင့်နှေးရခြင်းက အိန္ဒိယ အရှေ့မြောက်ပိုင်းတစ်ခုလုံးနှင့် ကျန်နိုင်ငံတစ်နှံတစ်လျှား ဆက်သွယ်ရာတွင်း မနိုင်ဝန်ထမ်းနေရသော Siliguri စင်္ကြံလမ်းအပေါ် မှီခိုမှု လျှော့ချနိုင်ရေး ရည်မှန်းချက်ကိုလည်း ထိခိုက်စေသည်။ လက်ရှိတွင် ရခိုင်ပြည်နယ် တစ်ခုလုံး၏ နေရာအများစုကို အာရက္ခတပ်မတော် (AA) က ထိန်းချုပ်ထားနိုင်သည်။ မြန်မာစစ်ကောင်စီ ထိန်းချုပ်မှု အောက်တွင် ရှိနေသေးသည့် ရခိုင်ပြည်နယ် နယ်နိမိတ်မှာ မြို့တော်စစ်တွေနှင့် ဆိပ်ကမ်းမြို့ မောင်တောသာ ကျန်ရှိတော့သည်။ AA သည် ကုလားတန်မြစ်တစ်လျှောက် အရေးပါသော နေရာအားလုံးကို ထိန်းချုပ်သိမ်းပိုက်ထားပြီးဖြစ်သည်။ အဆိုပါ မြစ်တစ်လျှောက်တွင် KMTTP စီမံကိန်း၏ လမ်းအစိတ်အပိုင်များ အဓိကနေရာယူထားသည်။ ထို့ကြောင့်ပင် စီမံကိန်း၏ အဓိကကျရာ ပလက်၀တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများက အလွန်ပြင်းထန်နေခဲ့သည်။

ထပ်ကာထပ်ကာ အပစ်ခတ်ရပ်စဲနိုင်ရေး ကြိုးပမ်းမှုများ မအောင်မြင်ခြင်းနှင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်း၌ နိုင်ငံရေးဆွေးနွေးမှုနည်းအရ ပြည်တွင်းစစ်ရပ်တန့်စေရန် မစွမ်းသာနိုင်ခြင်းသည် KMTTP မဟာဗျူဟာ စီမံကိန်း ကြီး ပိုမိုကြန့်ကြာ၊ ခက်ခဲနေစေပြီဖြစ်သည်။ ပဋိပက္ခဇုန်များရှိ ချိတ်ဆက်နိုင်မှု စီမံကိန်းကြီး အကောင်အထည် ဖော်ရန်မှာ ခက်ခဲပြီး ရေရှည်တည်တံ့ရန်မှာ ပို၍ပင်ခက်ခဲမည်မှာ သေချာပါသည်။ အိန္ဒိယဘက်မှ အဆိုပါ စီမံကိန်းအတွက် အားသွန်ကြိုးစားနေခဲ့ပြီး စီမံကိန်းအများစုမှာ ပြီးစီးနေပြီဖြစ်သည်။ အခက်အခဲများ ကြားမှ စစ်တွေ ဆိပ်ကမ်း၊ ပလက်၀ မြစ်ကူးဂိတ်၊ ကုလားတန်မြစ်ကြောင်း ၁၅၈ ကီလိုမီတာကို သောင်တူးဖော် ခြင်းများလည်း ပြီးစီးခဲ့သည့် လုပ်ဆောင်ချက်များတွင် ပါဝင်သည်။ အင်ဒို-မြန်မာနယ်စပ် Zorinpui အနီး Aizawl-Saiha အမျိုးသားဟိုင်းဝေးလမ်းမကြီးချဲ့တွင်ခြင်းသည်လည်း လုံး၀ပြီးစီးလုနီးပါးအခြေအနေတွင် တည် ဆောက်ထားနိုင်ပြီးဖြစ်သည်။ ၂၀၁၇ ဇွန်လ ၂၆ ရက်နေ့ကတည်းက ဒေါ်လာ ၈၁ . ၂၉ သန်းတန်ကြေးရှိ ကုန်တင် သင်္ဘော ၆ စီးကျော်ကိုလည်း လက်လွှဲပေးအပ်ထားပြီးဖြစ်သည်။ တစ်စီး ကုန်ချိန် တန် ၃၀၀ တင်ဆောင်နိုင်သော သင်္ဘောများဖြစ်ပြီး ထိုသင်္ဘောများသည် စစ်တွေမှ ပလက်၀သို့ ကုန်ပစ္စည်းများ သယ်ဆောင်နိုင်ရန် ပို့ဆောင်ပေး ခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်အတွင်း Paletwa-Zorinpui အဝေးပြေးလမ်းမကြီးက မတည်ဆောက်ရသေးပေ။ သို့သော် အားချင်းအပြီးတည်ဆောက်ရန် စီစဉ်ပေးထားပြီးဖြစ်သည်။ မြန်မာဘက်မှ လုပ်ငန်းစုကြီး ၅ ခုနှင့် အဆိုပါ လမ်းပိုင်းတည်ဆောက်ပြီးစီးရေး အိန္ဒိယမီးရထား ဆောက်လုပ်ရေး ကုမ္ပဏီ (IRCON) တို့ သဘောတူစာချုပ်ပြီး သားဖြစ်သည်။ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသရေးရာ အထူးကျွမ်းကျင်သူ Rajeev Bhattacharyya က ၎င်းတို့ မျှော်လင့်တကြီးမျှော်လင့်ထားသော KMTTP မဟာဗျူဟာစီမံကိန်းကြီးသည် လက်ရှိတွင် အာရက္ခတပ်မတော် (AA) ၏ အကူအညီ၊ အထောက်အပံ့မပါဘဲ ပြီးမြောက်ရန် မဖြစ်နိုင်တော့ကြောင်း၊ ထိုအရေးဖြေရှင်းနိုင်ရေး AA အကြီးအကဲများနှင့် အိန္ဒိယအစိုးရ တာဝန်ရှိအကြီးအကဲများ ကြိမ်ဖန်များစွာတွေ့ဆုံပြီး အစည်းအဝေးများ ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ AA ဘက်မှ အိန္ဒိယ၏ စီမံကိန်းကြီးကို မဆန့်ကျင်ကြောင်း၊ သို့သော် ထိုစီမံကိန်းသည် ဒေသခံများ၏ အကျိုးစီးပွားအပေါ် အကာအကွယ်ပေးနိုင်မှ ဖြစ်မည်ဟု တုံ့ပြန်ထားကြောင်းနှင့် အကောင်းဆုံး ဖြေရှင်းနိုင်ရေး အကြေအလည် ညှိနှိုင်းနေကြရသည်ဟု ဖွင့်ဟ ပြောဆိုခဲ့သည်။
AA ဘက်မှ အထူး သိရှိစေအပ်သည်မှာ ဖြစ်ပွားနေဆဲဖြစ်သော စစ်ရေးပဋိပက္ခနှင့် Paletwa-Zorinpui အဝေးပြေးလမ်းမစီမံကိန်းကြီးမှာ ဗဟာဗျူဟာအရ အထူးအရေးပါသော စီမံကိန်းဖြစ်သည်ဟု AA စစ်ဦးစီးချုပ် ထွန်းမြင့်နိုင်က ဖွင့်ပြောခဲ့ပြီးဖြစ်သည်။ ကုလားတန်မြစ်ကြောင်း စီမံကိန်းကို အောင်မြင်ပြီး ဘေးကင်းလုံခြုံစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပလက်ဝကို လုံခြုံတည်ငြိမ်စေရေးက အရေးကြီးကြောင်း၊ စီမံကိန်း၏တိုးတက်မှုကိုသေချာစေရန်အတွက် ဒေသတွင်းတည်ငြိမ်ရေးသည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ကြောင်း ၎င်း၏ထုတ်ပြန်ချက်တွင် ထွန်းမြင့်နိုင်က မီးမောင်းထိုးပြောဆိုခဲ့ပြီးဖြစ်သည်။

၂၀၂၅ ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်များတွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Abhay Thakur သည် စစ်တွေဆိပ်ကမ်းရှိ ကုလားတန်မြစ်စီမံကိန်းအတွက် ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့သည်။ စစ်တွေဆိပ်ကမ်း စီမံကိန်းကို ၂၀၂၃ မေလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါဆိပ်ကမ်းသည် အမျိုးစုံသော ကုန်စည်များတင် ဆောင်သည့် ကုန်တင်သင်္ဘော ၁၅၀ ကျော် မောင်းနှင်ကုန်သွယ်မှုကို စီမံထိန်းချုပ်ခဲ့ပြီးဖြစ်သည်။ သံအမတ်ကြီး Abhay Thakur စစ်တွေဆိပ်ကမ်းသို့ သွားရောက်လည်ပတ်လေ့လာမှုတွင် ‌ဒေသတွင်း ခေါင်းဆောင်ပိုင်းများနှင့် တွေ့ဆုံခဲ့သည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်လည်း ပါဝင်သည်။ ဒေသတွင်း အမြန်ဆုံး ငြိမ်းချမ်းတည်ငြိမ်မှသာလျှင် ကုလားတန်စီမံကိန်း အမြန်ဆုံး ပြီးပြည့်စုံစွာလည်ပတ်နိုင်မည်ဖြစ်သောကြောင့် ငြိမ်းချမ်းတည်ငြိမ်းရေးက မရှိမဖြစ် အမြန်ဆုံးတည်ဆောင်ရမည့်အရာဟု ဖိအားပေးတိုက်တွန်းခဲ့သည်။ ၎င်း၏ စီမံကိန်းပြန်လည်သုံးသပ်ချက်သည် ကုလားတန်စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် အိန္ဒိယ၏ ကတိကဝတ်၊ ဒေသတွင်း ဆက်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် အထူးအရေးပါသော အခန်းကဏ္ဍမှ ရှိနေသည်ကို အလေးပေးဖော်ပြခဲ့သည်။

အင်ဒို -မြန်မာ (အိန္ဒိယ – မြန်မာ) ကုလားတန်စီမံကိန်းကြီးသည် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ အားလုံး အကျိုးဖြစ်ထွန်းမှု၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုမှသည် ကမ္ဘာကြည့်ကြည့်နိုင်မည့် အကျိုးကျေးဇူးများ ရှိစေမည်ဖြစ်ကာ ကြီးမားလှသော အိန္ဒိယနိုင်ငံကြီးအတွင်း ဆက်သွယ်သွားလာနိုင်စွမ်း ကွဲပြားခက်ခဲနေမှုကိုပါ အနီးဆုံးပြန်ဖြစ်စေရန် ပေါင်းကူးဆက်သွယ်ရာ ဗဟိုချက်ဖြစ်နေသည်။ ထိုစီမံကိန်းကြီးပြီးစီးမှ စျေးကွက်သစ်များ၊ စီးပွားရေးအခွင့်အလမ်းများနှင့်အတူ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများအားလုံး အသီး အပွင့်ကို ခံစားရမည်ဖြစ်သည်။ သမားရိုးကျ ရိုးရာလမ်းကြောင်းများကိုသာ မှီခိုအားထားပြီး မလိုလားအပ်သော ကွာဝေးမှု ခရီးစဉ်များလျှော့ချနိုင်ရေးတွင် မြန်မာ့မြေပေါ်က ကုလားတန်စီမံကိန်းမှာ အသက်သွေးကြော ဖြစ်နေ သည်။ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာရေးအတွက်လည်း ပင်မဗဟိုချက်ဖြစ်သည်။ ဒေသတွင်း စီးပွားရေးမြှင့် တင်ရေး၊ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး၊ ထိုမှတစ်ဆင့် ကမ္ဘာ့ ကုန်စည်လမ်းကြောင်းများစွာ ပွင့်သွားရေး၊ ဒေသတွင်း နိုင်င်နှင့်နယ်မြေတွေအကြား ဖွံ့ဖြိုးမှု တစ်နည်းအားဖြင့် ဒေသဆိုင်ရာ ကွာဟချက်များသည်လည်း ကမ္ဘာကြည့်ကြည့်နိုင်မည့် အဆိုပါစီမံကိန်းကြောင့် ချိန်ခွင့်လျာ ညီမျှ လာရေးတို့သည် ကုလားတန်စီမံကိန်းကြီး (KMTTP) အပေါ်တွင်သာ မူတည်နေပါတော့သည်။

** စာရေးသူ (သူမ) Vaishali Basu Sharma သည် ပထဝီနိုင်ငံရေးနှင့် မက်ခရိုစီးပွားရေးရာ သုတေသီ တစ်ဦး ဖြစ်ကာ ၎င်းကို [email protected] မှ ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now