ဆောင်းပါး

လျှပ်စစ်ကား တိုးမြှင့်ထုတ်လုပ်လိုရင်း တရုတ်စီမံကိန်းနဲ့ လစ်သီယံမိုင်းတွင်းတွေကြောင့် တိဗက်ကို ပျက်စီးခြင်း ၅ ပါး ဆိုက်စေပြီ

မဲခေါင် 15 Dec - 2024
~ လင်းမောင် ~ တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကား (EV) ထုတ်လုပ်သူတွေအတွက် အရေးအပါဆုံး လစ်သီယံဘက်ထရီ ထုတ်လုပ်နိုင် စွမ်းဟာ ၂၀၂၂ မှာ တစ်နာရီ ၁ တာရာဝပ်နှုန်းထုတ်လုပ်ရာကနေ ၂၀၂၅ မှာ ၃ တာရာဝပ်၊ ၂၀၃၀ မှာ ၄ . ၅ တာရာဝပ်အထိ တိုးမြှင့်ထုတ်လုပ်နိုင်တော့မယ်ဆိုတဲ့ သတင်းတွေ ဖော်ပြလာပါတယ်။ ထုတ်လုပ်သူတွေကိုရော၊ ဝယ်ယူသူတွေကိုပါ တော်တော်လေး အားပေးအားမြှောက် လုပ်တဲ့သတင်းကို ထုတ်ပြန်ကြတာဖြစ်တယ်။ တရုတ်တွေအတွက်တော့ ကျေနပ်စရာသတင်းမျိုးဖြစ်ပေမယ့် ဒီသတင်းဟာ တိဗက်ကုန်းပြင်မြင်မှာ နေထိုင်တဲ့ ဒေသခံ တိုင်းရင်းသားတွေအတွက်တော့ ကပ်ဘေးကြီး ဆိုက်ကပ်ခြင်းမျိုးဖြစ်နေပါတယ်။ တရုတ်ပြည်မကြီးက လျှပ်စစ်ကားဘက်ထရီထုတ်လုပ်သူတွေအပေါ် တရုတ်အာဏာပိုင်တွေက အဓိက လိုအပ်တဲ့ လစ်သီယံတွေ

~ လင်းမောင် ~

တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကား (EV) ထုတ်လုပ်သူတွေအတွက် အရေးအပါဆုံး လစ်သီယံဘက်ထရီ ထုတ်လုပ်နိုင် စွမ်းဟာ ၂၀၂၂ မှာ တစ်နာရီ ၁ တာရာဝပ်နှုန်းထုတ်လုပ်ရာကနေ ၂၀၂၅ မှာ ၃ တာရာဝပ်၊ ၂၀၃၀ မှာ ၄ . ၅ တာရာဝပ်အထိ တိုးမြှင့်ထုတ်လုပ်နိုင်တော့မယ်ဆိုတဲ့ သတင်းတွေ ဖော်ပြလာပါတယ်။ ထုတ်လုပ်သူတွေကိုရော၊ ဝယ်ယူသူတွေကိုပါ တော်တော်လေး အားပေးအားမြှောက် လုပ်တဲ့သတင်းကို ထုတ်ပြန်ကြတာဖြစ်တယ်။ တရုတ်တွေအတွက်တော့ ကျေနပ်စရာသတင်းမျိုးဖြစ်ပေမယ့် ဒီသတင်းဟာ တိဗက်ကုန်းပြင်မြင်မှာ နေထိုင်တဲ့ ဒေသခံ တိုင်းရင်းသားတွေအတွက်တော့ ကပ်ဘေးကြီး ဆိုက်ကပ်ခြင်းမျိုးဖြစ်နေပါတယ်။ တရုတ်ပြည်မကြီးက လျှပ်စစ်ကားဘက်ထရီထုတ်လုပ်သူတွေအပေါ် တရုတ်အာဏာပိုင်တွေက အဓိက လိုအပ်တဲ့ လစ်သီယံတွေ အမြောက်အများထုတ်လုပ်ဖို့ အားပေးတိုက်တွန်းလိုက်ခြင်းက ထိရှလွယ်နေပြီဖြစ်တဲ့ တိဗက်သဘာ၀ပတ်ဝန်းကျင်ကို ထပ်မံဖျက်ဆီးဖို့ အမိန့်ထုတ်လိုက်တာမျိုးပါပဲ။

မကြာသေးခင်ကာလအထိ တရုတ်ဟာ ကမ္ဘာမှာ လျှပ်စစ်ကား ဦးဆောင်ထုတ်လုပ်နိုင်ဆုံး နိုင်ငံပါပဲ။ ဒီအတွက် လိုအပ်တဲ့ လစ်သီယံတွေကို တခြားတိုင်းတပါးနိုင်ငံတွေဆီက အားကိုးပြီး တင်သွင်းရယူကြပါတယ်။ ဒါပေမဲ့ အခုကစလို့ သူတို့ ထိန်းချုပ်သိမ်းပိုက်ထားတဲ့ လစ်သီယံသိုက်တွေအပေါဆုံးရှိရာ တိဗက်ကုန်းပြင်မြင့်မှာ လစ်သီယံမိုင်းလုပ်ငန်းတွေကို အလုံးအရင်းနဲ့ တူးဖော်ထုတ်လုပ်ဖို့ စတင်တာလွှတ်ခရာ တွတ်လိုက်ပါပြီ။ တိဗက်ဟာ တရုတ်နိုင်ငံလစ်သီယံအရန်လိုအပ်ချက်ရဲ့ ထုတ်လုပ်မှု ၈၅ ရာခိုင်နှုန်း ထုတ်လုပ်ပေးရာ နိုင်ငံပါ။တိဗက်သုတေသနပညာရှင်တွေက ရွှေဖြူလို့တင်စားတဲ့ လစ်သီယံတွေကို တိဗက်ကနေ တရုတ်ဟာ အလျှင် အမြန်ထုတ်ယူ၊ စျေးအပေါဆုံးပေး၊ ညစ်ပတ်ယုတ်ညံ့တဲ့ လမ်းစဉ်တွေနဲ့ အဓိက ရယူ သုံးစွဲနေတာလို့ မကျေမနပ် ဖွင့်ဟထားကြပါတယ်။

တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားထုတ်လုပ်မှု ဦးဆောင်လုပ်ငန်းကြီး BYD ကို တရုတ်အစိုးရက နှစ် ၂၀ ကြာတိဗက်က Chabyer Tsaka Lake ဆိုတဲ့ ချာဗျာတီစကာ ရေကန်ကြီးမှာ တူးဖော်ခွင့်လုပ်ကွက်ပေးခဲ့ပါတယ်။ တိဗက်တစ်လွှားမြေပြင်အနေအထားမှာ ကမ္ဘာ့အရေးအပါဆုံး လစ်သီယံ ထုတ်လုပ်နိုင်တဲ့ ဆားကန်ကြီးတွေ များစွာတည်ရှိနေပါတယ်။ တရုတ်လို ဇဗ္ဗူရီကန်လို့ ခေါ်တဲ့ ချာဗျာတီစကာ ရေကန်ကြီးဆိုရင် တိဗက်အနောက် တောင်ပိုင်းမှာ တည်ရှိပြီး အင်မတန်ကြီးများကျယ်ပြန့်တဲ့ ဆားကန်ကြီးပါ။ ဒီကန်ရေထဲမှာ သဘာ၀အတိုင်း လစ်သီယံကာဗွန်နိတ်ပါဝင်မှုနှုန်းများပြားစွာ တည်ရှိနေလို့ BYD အတွက် ဒီမှာလုပ်ခွင့်ရတာ နိဗ္ဗာန်ဖြစ်ခဲ့ပေမယ့် ဒေသခံတွေရဲ့ သဘာ၀ပတ်ဝန်းကျင်ပိုင်းကတော့ ငရဲပြည်တမျှ ဆိုးရွားစေတော့မှာ သေချာပါတယ်။

EV ကားစျေးကွက်မှာ မရှိမဖြစ် အလွန်အရေးပါသလို အလွန်လည်း စျေးကြီးတဲ့ လစ်သီယံဘက်ထရီတွေ စျေး ကွက်ထဲ တပ်သုတ်ရိုက် ဖြန့်နိုင်ဖို့ တခြားမြောက်များလှစွာသော တရုတ်ကုမ္ပဏီပေါင်းများစွာဟာလည်း တိဗက် ထဲ ရွှေ့ပြောင်းဝင်ရောက်လာကြပါပြီ။
တိဗက်ဒေသခံတွေလည်း တခြားသော တရုတ်အနိုင်ကျင့်ခံ ဒေသသား တွေလိုပဲ ဒေသန္တရ သဘာ၀ပတ်ဝန်းကျင်ပျက်ဆီးမှုအတွက် မကျေမနပ် ဆန့်ကျင်ခဲ့ပေမယ့် အချည်းအနှီးပါပဲ။ ရိုးသားတဲ့ တိဗက်သားတွေဟာ လစ်သီယံဆိုတဲ့ အရာကို တရုတ်က လာထုတ်လုပ်နေမှုအပေါ် သီးခြား ကန့် ကွက်ကြတာမျိုးမဟုတ်ဘဲ သူတို့ဆီလာတည်ဆောက်ထားတဲ့‌ မိုင်းတွင်းတွေ၊ စက်ရုံတွေကနေ သဘာ၀ပတ်ဝန်း ကျင်ပုံစံက တစ်သက်လုံးမြက်ခင်းစိမ်းများနဲ့ စိမ်းလန်းမြေကြီးဟာ ဖုန်းထူ၊ လေထုညစ်ညမ်း၊ ဒေသခံတွေ အကျိုး ကျေးဇူးဘာမှ မရှိဘူးဆိုတာကိုသာ မီးမောင်းထိုး ဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေရဲ့ လောဘဇောနဲ့ လစ်သီယံ ထုတ်ယူပုံတွေကလည်း အဆိပ်သင့် ဓာတုပစ္စည်းတွေ လှိုင်လှိုင်သုံးပြီး ဆားကန်တွေထဲက လစ်သီယံချက်ယူတာအပြင် မိုင်းလုပ်ကွက်ကနေ ကျောက်တောင်တွေကို ဖောက်ခွဲ ဖျက်ဆီးရယူခြင်းသာဖြစ်လို့ သဘာ၀ပတ်ဝန်းကျင်ဂေဟစနစ်ကြီး ပျက်ဆီးပြိုလဲခြင်းကတော့ ပြန်မရနိုင်တော့တဲ့အနေအထားအထိ ဆိုးရွားလွန်းကုန်ပါပြီ။

တိဗက်နိုင်ငံ အမ်ဒိုပြည်နယ် သမိုင်းဝင် ကမ်ဘန်းဘုန်းတော်ကြီးကျောင်းနားက ဂန်ဟီးတန် စက်မှုဇုန်ဆိုရင် လေထုညစ်ညမ်းမှု ဆိုးရွားလွန်းတဲ့ နေရာဖြစ်နေပါပြီ။ ကမ်ဘန်း ဘုန်းတော်ကြီးကျောင်းဆိုတာ တိဗက် ဗုဒ္ဓဘာသာစတင်ထူထောင်သူ ဂီးလဂ်အသင်းရဲ့ ဆရာကြီး ဆောင်ကပါ မွေးဖွားခဲ့တဲ့ နေရာပါ။ ဒီဘုန်းတော်ကြီး ကျောင်းဆိုတာ တတိယဒလိုင်းလားမာခေတ် ၁၅၈၃ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့တာပါ။ ခုတော့ အဆိပ်သင့်လေထုနဲ့ စိမ်းလန်းမှုလုံး၀မရှိတော့တဲ့ မိုင်းလုပ်ကွက်ကြီးအဖြစ်သာ သဘာ၀ပတ်ဝန်းကျင် ပျက်ဆီး သွားရပြီဖြစ်ပါတယ်။

လေ့လာမှုတစ်ခုမှာ တိဗက်ဒေသ မိုင်းတွင်းတွေကြောင့် ကုန်းမြေတွေ၊ တောင်တန်းအသွင်သဏ္ဍာန်တွေ၊ ရေရင်း မြစ်တွေဟာ ဆိုးရွားစွာ ပျက်ဆီးမှုဖြစ်စေခဲ့ပြီလို့ အဖြေထွက်ခဲ့ပါတယ်။ ရေရင်းမြစ်တွေဟာ ညစ်ညမ်းကုန်တယ်၊ သစ်ပင်တွေရဲ့အခွံအခေါက်တွေ ပျက်ဆီးစေတယ်။ ဒီသဘာ၀ပတ်ဝန်းကျင်အခြေအနေနဲ့ တစ်ဆက်တည်း ရှောင် လွှဲမရနိုင်တာက ဒေသခံတွေရဲ့ သွားတွေဟာ ကြွပ်ဆတ်ပြီး ဖလိုရင်းကွန်ပေါင်းများလာခြင်းနဲ့အတူ ကြွေကုန် ရပါတယ်။ အဆိပ်ပါသတ္တုတွေများစွာ ပါဝင်နေတဲ့မြေဆီလွှာတွေဟာ စိုက်ပျိုးရေးလုပ်လို့ မရနိုင်တော့ပါဘူး။

တိဗက်အရှေ့ပိုင်း ဆစ်ချွမ်းပြည်နယ် ဒတ်ဆီတိုအရပ်က လစ်ချူမြစ်ထဲ ကြိမ်ဖန်များစွာ ဓာတုအဆိပ်သင့် ပစ္စည်းတွေ လွှင့်ပစ်တဲ့ တရုတ် Ganzizhou Rongda Lithium ကုမ္ပဏီကြောင့် မြစ်ထဲက ငါးတွေများစွာ သေဆုံးစေသလို ဒီမြစ်ရေသောက်သုံးရတဲ့ မွေးမြူရေးလုပ်ငန်းက တိရစ္ဆာန်များစွာအပြင် ဒေသခံတွေပါ အများအပြား သေဆုံးကြရပါတယ်။ ဒတ်ဆီတို ဒေသခံများစွာဟာ တရုတ်ရဲ အစောင့်အရှောက်များစွာ ထားရှိတဲ့ ကြားက တရုတ်မိုင်းတွင်းတွေ ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ တစ်ခါ ဖီဆန်တော်လှန် ဆန္ဒပြခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ယာယီဆိုတဲ့ ခဏလေးပဲ လုပ်ငန်းအရပ်ပြပြီး ဆက်လက် လုပ်ကိုင်နေကြတာပါပဲ။

တိဗက်ကနေ တရုတ်အများအပြား ထုတ်ယူတင်သွင်းနေတဲ့အထဲ ကျောက်မီးသွေး၊ ကြေးနီးကနေ ရွှေအထိ တွင်းထွက်များစွာ ရယူနေရာမှာ ဒီပမာဏတွေထက် လစ်သီယံကို ပိုများစွာ ထုတ်လုပ်ရယူနေတာပဲဖြစ်ပါတယ်။ လိုအပ်မှုက တရုတ်ကုန်မကြီးအတွက်ဖြစ်ပေမယ့် အကျိုးအမြတ်အဖြစ် တိဘက်သားတွေကတော့ မဆိုသလောက်လေးသာရရှိခြင်းနဲ့အတူ အလွန်အေးချမ်း၊ ရိုးသား၊ တရားဓမ္မမွေ့ပျော်တဲ့သူများ နေထိုင်ရှင်သန်ခဲ့ ရာ ဘိုးဘွားအမွေ သူတို့မြေကတော့ လုံး၀ သဘာ၀ပတ်ဝန်းကျင်ကြီး ပြောင်းလဲ ပျက်ဆီးသွားခဲ့ပါပြီ။

လက်ရှိမှာ ကမ္ဘာ့ စွမ်းအင်အများဆုံး အသုံးပြုတဲ့ နိုင်ငံဟာလည်း တရုတ်ပါပဲ။ သူတို့သုံးတဲ့ စွမ်းအင်အားလုံး အတွက် ၆၀ ရာခိုင်နှုန်းကို ကျောက်မီးသွေးကနေ ထုတ်လုပ်ရယူပါတယ်။ သူတို့တရုတ်ကုန်မကြီးမှာ လေထု၊ မြေထု ညစ်ညမ်းမှာကို တရုတ်အစိုးရက မလိုလားတော့ ကျောက်မီးသွေးမိုင်းလုပ်ငန်းပေါင်းများစွာကို တိဗက် ကို ပိုလိုက်တယ်။ ပြီးတော့ တရုတ်ဟာ ကမ္ဘာမှာ ကြေးနီ ထုတ်လုပ်မှုလည်း အများဆုံးနိုင်ငံဖြစ်ပါတယ်။ သူတို့ လိုအပ်တဲ့ ကြေးနီပမာဏရဲ့ ၆ ပုံ ၁ ပုံကို တိဗက်ကနေ ထုတ်ယူပါတယ်။ တရုတ် လျှပ်စစ်ကားထုတ်လုပ်သူတွေ ကားရဲ့ လျှပ်စစ်စနစ်မှာ လိုအပ်တဲ့ ကြေးနီတွေဟာလည်း တိဗက်ကို မှီခိုရယူထားတာဖြစ်တယ်။ ကျယ်ပြန့်လွန်း တဲ့ တရုတ်နိုင်ငံအနှံ ဗို့အားမြင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရာဓာတ်အားလိုင်းတွေမှာလည်း ကြေးနီကို သုံးကြတာ ပါပဲ။ ရွှေကိုလည်း တိဗက်မှာ ဆက်လက်တူးဖော်နေပါတယ်။ တိဗက်လူမျိုးတွေ အထွတ်အမြတ်ထားရာ လယ်မြေတွေမှာ တရားမဝင်တူးခြင်း၊ မြစ်ကမ်းသောင်တွေမှာ တူးခြင်းတွေက မြေယာတွေ၊ မြေအောက်ရေ အနေအထားတွေကို ပျက်ဆီးသွားစေပါတယ်။ ဒါကြောင့်ပဲ ၂၀၁၃ မတ်လက နမော်နမဲ့ ရွှေမိုင်းတူးခြင်းကနေ တိဗက်ကုန်းမြင့်ဒေသတွေမှာ မကြံစဖူးစတင်မြေပြိုမှု ဖြစ်လာတယ်။ အဲဒီနှစ်က လက်ဆာမြို့ နဲ့ ၆၀ ကီလိုမီတာအကွာက ဂျာမားအရပ် ကြေးနီ သတ္တု မိုင်း မြေပြိုလို့ မိုင်းလုပ်သား ၈၃ ယောက် အရှင်လတ်လတ် မြေမျိုခံလိုက်ရပါတယ်။

တိဗက်ကို ချုပ်ကိုင်ထားတဲ့ တရုတ်လုပ်ရပ်က ဒီလောက်ပဲလားဆိုတော့ မဟုတ်ပြန်ဘူး။ ရူးသွပ်နေတဲ့ တရုတ် သောက်ရေသန့်ကုမ္ပဏီပေါင်းများစွာဟာ ဟိမ၀န္တာက ရေလို့ စျေးကွက်ကြော်ညာပြီးတိဗက်က ရေခဲတောင် ကရေတွေကို ရေသန့်လုပ် စျေးကွက်ချဲ့တွင်နေကြပြန်တယ်။ စားရိတ်ပိုသက်သာပြီး အကျိုးများတဲ့ တိဗက်က ရေကိုတောင် ဟိမ၀န္တာက ရေဆိုပြီး ရောင်းတဲ့ ကုမ္ပဏီပေါင်းများစွာ၊ သုံးစွဲသူပေါင်းများစွာကြောင့် အေးချမ်းတဲ့ ရာသီဥတုရှိတဲ့ ကုန်ပြင်မြင့်ဒေသဟာ အလျှင်အမြန် ပူနွေးလာနေပြီဖြစ်ပါတယ်။ ဘယ်လောက်အထိ တိဗက်က ရေထုတ်လုပ်မှုများသလဲဆိုရင် ကာကွယ်တားဆီးနယ်မြေတွေ၊ အမျိုးသားပန်းခြံတွေထဲမှာကို တရုတ် ရေရင်းမြစ်ထုတ်လုပ်တင်ပို့တဲ့ ကုမ္ပဏီများစွာကို လုပ်ကွက်ပေးထားတယ်။ ဒါ့အပြင် တရုတ်ပြည်မကြီးအတွက် လျှပ်စစ်မီးလိုအပ်ချက်မှာ တိဗက်ထဲ ရေအားလျှပ်စစ်စက်ရုံပါ ထူထောင် ပေးပို့တဲ့အထိပါပဲ။ တရုတ်ဟာ တိဗက်က မြေ၊ ရေ တစ်ခုမှ မကျန်အောင် တူးယူ အသုံးချပြီး သဘာ၀ပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးနေ ခဲ့တာပဲဖြစ်ပါတယ်။

တိဗက်ဆိုတာ စားကျက်မြေ မြက်ခင်းစိမ်းတွေပေါ် သဘာ၀ကို အမှီပြုနေထိုင်သူ တိုင်းရင်းသားမျိုးနွယ်တွေနဲ့ လှပခဲ့တဲ့ ရှုခင်းတွေက ခုတော့ သန်းပေါင်းများစွာသော တိုင်းရင်းသားတွေကို သူတို့ ထုတ်လုပ်နိုင်သမျှသော သတ္တုမိုင်း၊ ကြေးနီမိုင်း၊ လစ်သီယံ မိုင်း၊ ရေထုတ်လုပ်မှုလုပ်ငန်းတွေ မှိုလိုပေါက်လာတော့ မြို့ပြတန်းလျား လိုနေရာတွေ ဖန်တီးပေးပြီး ဖိအားပေးပြောင်းရွှေ့နေထိုင်စေတဲ့ စနစ်ကြောင့်တိဗက်ရိုးရာယဉ်ကျေးမှုဆိုတာ တွေကို မြင်ရဖို့ ခဲယဉ်းသွားခဲ့ပါပြီ။ တိရစ္ဆာန်စားကျက်အားလုံးနီးပါးလည်း ပျောက်ကွယ်ကုန်ပါပြီ။ တိဗက် လူနေမှု ပုံစံတွေကိုလည်း ဖျက်ဆီး ဖယ်ထုတ်လိုက်ပါပြီ။

၂၀၀၆ ခုနှစ်က Qinghai – Lhasa မီးရထားလမ်းကြီးကို တရုတ်က တိဗက်ထဲ တည်ဆောက်ခဲ့ပါတယ်။ ဒီ လမ်းကြီးကနေ တိဗက်မှာ ရှိသမျှသော တွင်းထွက်သယံဇာတ ဓာတ်သတ္တုများစွာကို တရုတ်ပြည်မကြီးဆီ ပို့ဆောင်ခဲ့သလို လက်ရှိလည်း ထပ်မံ ပို့ဆောင်နေတုန်း၊ နောင်လည်း ပို့ဆောင်နေဦးမှာပါပဲ။ ၂၀၁၆ မှာကတည်းက တိဗက် ကုန်ပြင်မြင့်နေရာအနှံ့အပြား တရုတ်ရဲ့ သတ္တုတူးဖော်ရေးစီမံကိန်းပေါင်း ၁၀၀ ကျော် ဖြန့်ကျက်တည်ရှိနေခဲ့တယ်ဆိုတော့ . . .။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now