ဆောင်းပါး

တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ မြင့်တက်လာခြင်းနဲ့အတူ တရုတ်ရဲ့ မြန်မာနဲ့ ပါကစ္စတန်က မဟာဗျူဟာ စီမံကိန်းကြီးတွေ ရည်မှန်းချက်အထမြောက်ဖို့ ခက်ခဲပြီ

မဲခေါင် 20 Nov - 2024
လင်းမောင် တရုတ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေမှုဆိုတဲ့ ထင်မြင်ချက်တွေဟာ အစိုးရတွေအတွက် နိုင်ငံများစွာအတွက် ဘာသာပြန်ဆိုမှုမှာတော့ ထင်မြင်ချက်မျိုး မရှိလှပါဘူး။ တရုတ်အပေါ် ယုံကြည်မှုမဲ့တာ၊ အပျက်သဘောဆောင် တဲ့အမြင်တွေ ရှိလာကြတာက ဒီနေ့ သမိုင်းတွင် အမြင့်မားဆုံး ဒီရေအဆင့်ကို ရောက်နေစေပါပြီ။ အထူးသဖြင့် မြန်မာနဲ့ ပါကစ္စတန် နိုင်ငံတွေအတွက်ပေါ့။ တရုတ်ဟာ ဒီနှစ်နိုင်ငံမှာ နယ်စပ်ဒေသ စီးပွားရေးကုန်သွယ်လမ်း ကြောင်းတွေအပေါ် အုပ်စိုးဖို့ ပထဝီနိုင်ငံရေးဩဇာ လွှမ်းမိုးဖို့ မဟာဗျူဟာတွေ ချမှတ်လုပ်ဆောင်နေရာမှာ မြန်မာမှာဆို ခါးပတ်လမ်းစီမံကိန်ဆိုတဲ့ BRI စီမံကိန်းကြီးကို ဖော်ဆောင်နှင့်နေပြီ။ တရုတ်-ပါကစ္စတန်စီးပွားရေး စင်္ကြန် (CPEC) နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) စီမံကိန်းကြီးတွေလည်း ရင်းနှီး မြှုပ်နှံမှုများစွာနဲ့ ဖော်ဆောင်နှင့်နေပြီးသားပါ။ မြန်မာနိုင်ငံမှာ

လင်းမောင်

တရုတ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေမှုဆိုတဲ့ ထင်မြင်ချက်တွေဟာ အစိုးရတွေအတွက် နိုင်ငံများစွာအတွက် ဘာသာပြန်ဆိုမှုမှာတော့ ထင်မြင်ချက်မျိုး မရှိလှပါဘူး။ တရုတ်အပေါ် ယုံကြည်မှုမဲ့တာ၊ အပျက်သဘောဆောင် တဲ့အမြင်တွေ ရှိလာကြတာက ဒီနေ့ သမိုင်းတွင် အမြင့်မားဆုံး ဒီရေအဆင့်ကို ရောက်နေစေပါပြီ။ အထူးသဖြင့် မြန်မာနဲ့ ပါကစ္စတန် နိုင်ငံတွေအတွက်ပေါ့။ တရုတ်ဟာ ဒီနှစ်နိုင်ငံမှာ နယ်စပ်ဒေသ စီးပွားရေးကုန်သွယ်လမ်း ကြောင်းတွေအပေါ် အုပ်စိုးဖို့ ပထဝီနိုင်ငံရေးဩဇာ လွှမ်းမိုးဖို့ မဟာဗျူဟာတွေ ချမှတ်လုပ်ဆောင်နေရာမှာ မြန်မာမှာဆို ခါးပတ်လမ်းစီမံကိန်ဆိုတဲ့ BRI စီမံကိန်းကြီးကို ဖော်ဆောင်နှင့်နေပြီ။ တရုတ်-ပါကစ္စတန်စီးပွားရေး စင်္ကြန် (CPEC) နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) စီမံကိန်းကြီးတွေလည်း ရင်းနှီး မြှုပ်နှံမှုများစွာနဲ့ ဖော်ဆောင်နှင့်နေပြီးသားပါ။

မြန်မာနိုင်ငံမှာ အကြောင်းတရားပေါင်းစုံနဲ့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေဟာ ကြီးထွားသထက် ကြီးထွား လာနေပြီ။ မြန်မာနိုင်ငံသားများစွာရဲ့ အတွေးထဲ ၂၀၂၁ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုဟာ စစ်ကောင်စီ အပေါ် တရုတ်ရဲ့ ထောက်ခံမှု၊ တွန်းအားပေးမှုကြောင့်လို့ လက်ခံထားကြတယ်။ ဒီ အာဏာသိမ်းမှုကြောင့်ပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေ ပျံနှံ့မှုနဲ့ ပြည်တွင်း စစ်ဘေးကို ခံစားနေကြရတာ ဖြစ်တယ်။ ဒါတွေအပြင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ ပိုပြင်းထန်လာရမှုမှာ သူတို့ဟာ မြန်မာ့ရင်းမြစ်တွေ ကို ဂုပ်သွေးစုပ်နေခြင်း၊ သတင်းစာလွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ပိတ်ပင်မှုတွေမှာ အဓိက ကျသူတွေအဖြစ်လည်း နှစ်ပေါင်းများစွာ သိရှိခံစားခဲ့ရတာတွေကြောင့်လည်း ပါဝင်နေပြန်တယ်။

တရုတ်ကိုထောက်ခံလား၊ ဆန့်ကျင်လား အွန်လိုင်း စစ်တမ်းတစ်ခုကောက်ခဲ့တော့လည်း ဆန့်ကျင်သူက ရာနှုန်း ပြည့်နီးပါးရှိခဲ့ပြီး အားလုံးရဲ့ အမြင်က တရုတ်ဟာ သူ့အကျိုးစီးပွားအတွက်သာကြည့်လို့ မြန်မာနိုင်ငံကို ပြိုလဲ နေတဲ့အနေအထားအတိုင်းပဲ ဆက်မြင်စေချင်ကြတယ်လို မြင်ကြတယ်။ ပိုပြီး မုန်းတီးစိတ်ဖြစ်စေတာက ပိတ်သိမ်း ထားတဲ့ မြစ်ဆုံဆည် စီမံကိန်းပြန်စဖို့ သုံးသပ်နေမှုအကြောင်းလည်း ပါပြန်တယ်။ ဒါကြောင့် တရုတ် ဟာ လက်ရှိမှာ မြန်မာနိုင်ငံသားတွေရဲ့ တွန်းလှန်မှုတွေကို တိုးပြီးခံလာရတဲ့ အဆင့်ဖြစ်လာတယ်။

ပါကစ္စတန်မှာလည်း မြန်မာနည်းလည်းကောင်း တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ အုံကြွလာနေပါတယ်။ တရုတ်နဲ့ ပါကစ္စတန်ရဲ့ စီးပွားရေး စင်္ကြန် (CPEC) အရ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ဟိုးကတည်းက လုပ်ဆောင်ခဲ့ကြပေမယ့် တရုတ်နိုင်ငံသားတွေနဲ့ တရုတ်စီမံကိန်းတွေကို တိုက်ခိုက်လာမှုတွေဟာလည်း တိုးပွား သထက် တိုးပွားလာနေပါတယ်။ ဘာလို့ချ် လွတ်မြောက်ရေးတပ်မတော်က အောက်တိုဘာ ၆ ရက်နေ့မှာ ကရာချိ လေဆိပ်အပြင်ဘက် တရုတ်အလုပ်သမားတွေ အုပ်လိုက်ရှိချိန် ပေါက်ကွဲပစ္စည်း အပြည့်တင်ဆောင်ထားတဲ့ ကား နဲ့ အသေခံ ဖောက်ခွဲတိုက်ခိုက်သွားတယ်။

ဒီလို အသေခံတိုက်ခိုက်သွားသူ ထုတ်ပြန်တဲ့ ရည်ရွယ်ချက် ဗီဒီယိုထဲမှာလည်း “ တရုတ်ရေ . . . မင်းတို့အကျိုးစီးပွားကို ငါတို့ဆီက လက်မခံပါဘူး။ ဒါကြောင့် မင်းတို့ ရင်းနှီးမြှုပ်နှံထားတာတွေဟာ လောင်ကျွမ်းပျက်စီးစေရမယ်၊ မလုံခြုံစေရဘူး” လို့ ပြောဆိုထားတယ်။

တကယ်လည်း တရုတ်စီမံကိန်းတွေဟာ သူတစ်ပါးနိုင်ငံထဲက ဒေသခံတွေ နိုင်ငံသားအရင်းတွေအတွက် ဘာအကျိုးကျေးဇူးမှ မဖြစ်ထွန်းစေလို့ တင်းမာတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနေမှုသက်သက်သာ မလုံခြုံမှုတွေကို ဖြစ်ပေါ်နေစေပါတယ်။ တရုတ်စီမံကိန်းတွေနဲ့ပတ်သက်ပြီး မကျေနပ်မှုတွေမြင့်တက်လာတဲ့ ဆက်ဆံရေးပိုင်းမှာ နက်နဲမှုက သမုဒ္ဒရာမက မြင့်မားမှုက တောင်တန်းတွေမကတဲ့ အမြစ်တွေကို တွယ် နေစေခဲ့ပါပြီ။ ဒီလို အများပြည်သူ မကျေနပ်မှုတွေ မြင့်တက်လာခြင်းနဲ့ တိုက်ခိုက်လာမှုတွေကြောင့် တရုတ်-ပါကစ္စတန် နှစ်ဦးသဘောတူ ဆက်ဆံ ရေးလမ်းကြောင်းဟာ ခက်ခဲရှုပ်ထွေးလာရပြီလို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇာရာဘာလို့ရှ်ကလည်း အောင်တိုဘာ ၃၁ ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ ဖွင့်ပြောသွားခဲ့တယ်။ ဒီလိုဖွင့်မပြောခင် တရုတ် သံအမတ်ကြီး ကျန်းဇီတုန်းကလည်း ဒေါ်လာ ၆၀ ဘီလီယံအထိ ရင်းနှီးထားတဲ့ CEPC စင်္ကြန်မှာ ပါကစ္စတန်နိုင်ငံထဲ တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာ လာရောက်အလုပ်လုပ်နေရကြောင်း၊ ၆ လ အတွင်း တရုတ်နိုင်ငံသားတွေ ၂ ကြိမ် တိုက်ခိုက်ခံရတာဟာ လုံး၀ လက်မခံနိုင်စရာဖြစ်တယ်လို့ ခြိမ်းခြောက် ပြောဆိုလာမှုကို ပါကစ္စတန်အစိုးရကလည်း မကျေနပ်တဲ့သဘောနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ရှုပ်ထွေးနေပြီလို့ ထုတ်ပြန်သွားတာဖြစ်ပါတယ်။

အရင် ပါကစ္စတန်မှာ တရုတ်ကို ဆန့်ကျင်တဲ့ လှုံ့ဆော်မှုတွေ မရှိတဲ့အနေအထားကနေ ပြည်သူ့အသံ ဆူညံပေါက် ကွဲထွက်လာမှုတွေအကြောင်း ပါကစ္စတန်အစိုးရ သတင်းစာကြီးကပါ ဖော်ပြလာသလို တခြားပြည်တွင်း သတင်း အေဂျင်စီတွေကလည်း တရုတ်ဆန့်ကျင်မှုတွေအကြောင်း ဖော်ပြလာကြပါပြီ။ တရုတ်က ပါကစ္စတန်ကို လူသိရှင်ကြား သတိပေးခြိမ်းခြောက်မှုမျိုး မထုတ်ပြန်သေးဘဲ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်လိုအနေအထားသာ ရှိတယ်လို့ ထုတ်ပြန်ပေမယ့် ထပ်ကာထပ်ကာ တရုတ်နိုင်ငံသားတွေ ပါကစ္စတန်မြေပေါ် တိုက်ခိုက်သတ်ဖြတ် ခံနေရခြင်းက သူတို့ရဲ့ CPEC စီမံကိန်းကြီး အကောင်အထည်ပေါ်ဖို့ ကြီးမားတဲ့ စိန်ခေါ်မှုကြီး ဖြစ်တည်လာနေခဲ့ ရပြီဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံသားတွေရဲ့ အတွေအခေါ်တွေထဲမှာ တရုတ်စီမံကိန်းတွေ၊ တရုတ်လုပ်သားတွေ အပေါ် ဆန့်ကျင်တော်လှန်မှုက ပေါ်ပြူလာဖြစ်လာနေခြင်းဟာ ပါကစ္စတန်အစိုးရအတွက်လည်း လူမှုရေး၊ စီးပွားရေးမှာပါ ထိခိုက်စေတဲ့ ပြဿနာကြီးတစ်ရပ် ဖြစ်လာနေပါပြီ။ ပါကစ္စတန်နိုင်ငံသားအားလုံးက တရုတ် လာရင်းနှီးတဲ့ ငွေတွေဟာ သူတို့အတွက် ဘာအကျိုးမှ မရှိလို့ ၁၀ နှစ်ကြာပြီဖြစ်တဲ့ CPEC စီမံကိန်း အထ မြောက်ဖို့လည်း တရုတ်အတွက် အရမ်းခဲယဉ်းတဲ့အခြေအနေဆီ တွန်းပို့လိုက်တာဖြစ်ပါတယ်။

CPEC စီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသဖြစ်တဲ့ ချာဂိုင်းတောင်တန်းမှာ မိုင်းတွင်းလုပ်ကွက်ကို တရုတ်အစိုးရပိုင် China Metallurgical Group Corporation (MCC) ကို မကြာသေးခင်က လုပ်ခွင့်ပေးဖို့ စာချုပ်လိုက်ခြင်း ကလည်း ဒေသခံတွေ ကို ပိုမိုဒေါသဖြစ်စေပြီး တရုတ်ဆန့်ကျင်တိုက်ခိုက်မှုတွေ တိုးသထက်တိုးပွားလာစေပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း Gwadar ဆိပ်ကမ်းလုပ်ကွက်ကို တရုတ်ဆီ အပ်လိုက်ကတည်းက တရုတ်စီးပွား၊ တရုတ်အလုပ် သမား ဆန့်ကျင်တော်လှန်းစိတ်တွေဟာ စတင်ကျယ်ပြန့်ပေါက်ဖွားလာခဲ့လို့ တရုတ်တွေရဲ့ မဟာဗျူဟာ စီမံကိန်း ကြီး အထမြောက်ဖို့ ခက်ခဲသထက် ခက်ခဲလာရပြီဖြစ်ပါတယ်။

ရွှေဘုရားတို့မြေလို့ ကမ္ဘာကသိတဲ့ မြန်မာနိုင်ငံက တရုတ်နဲ့ ဆက်ဆံရေးကလည်း ပါကစ္စတန်နဲ့ အလားသဏ္ဍန် အတူတူပါပဲ။ တရုတ်ဟာ မြန်မာနဲ့ CMEC စီမံကိန်းကြီးလုပ်ဖို့ စာချုပ်ထားပြီး ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံထား ပါတယ်။ ဒီစီမံကိန်းထဲ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းလည်း ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းလိုက်မှုနောက်ဆက်တွဲ ဂယက်တွေကလည်း တရုတ်ရဲ့ CMEC စီမံကိန်းကို ကြီးမားတဲ့ အနှောင့်အယှက်တွေ ဖြစ်ပေါ်လာစေခဲ့တယ်။ အာဏာသိမ်းလို့ ဆန္ဒပြသူတွေ အဓိက စုဝေးဆန္ဒပြ ရာအရပ်က ရန်ကုန်က တရုတ်သံရုံးဖြစ်ခဲ့တယ်။ အာဏာသိမ်းခြင်းအပေါ် တရုတ်အစိုးရဘက်က နှုတ်ဆိတ်နေ တဲ့အပြင် တရုတ်မီဒီယာတွေကပါ အာဏာသိမ်းခြင်းကို အစိုးရအဖွဲ့ ပြင်ဆင်လဲလှယ်ခြင်းလို့သာ သုံးနှုန်းခဲ့လို့ လည်း မြန်မာပြည်သူတွေ တရုတ်အပေါ် ဆန့်ကျင်လိုစိတ်တွေ ပိုမိုအုံကြွလာတယ်။ တရုတ်ဟာ အာဆီယံက စစ်ကောင်စီလိုက်နာဖို့ ချမှတ်ပေးတဲ့ အချက် ၅ ချက်ပါ အဆိုကို ထောက်ခံကြောင်း ဖွင့်ဟပေမယ့် တစ်ဖက်မှာ အာဏာသိမ်းစစ်တပ်နဲ့ အပေးအယူမျှပြီး ထိတွေ့ ဆက်ဆံနေခဲ့တယ်။ မြန်မာ ဒီမိုကရေစီအရေး တက်ကြွလှုပ် ရှားသူတွေရင်ထဲမှာလည်း တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ပိုမို နိုးကြွားလာခဲ့တယ်။ စစ်ကောင်စီက ဆန္ဒပြမှု တွေကို အင်အားသုံးပြီးရက်စက်စွာ နှိမ်နင်းနေချိန် လှိုင်သာယာက တရုတ်ပိုင် စက်ရုံတွေများစွာဟာလည်း တိုက်ခိုက်ဖျက်ဆီးခံရတယ်။ အာဏာသိမ်းခြင်းက CMEC စီမံကိန်းကို မထိခိုက်စေဘူးလို့ ၂၀၂၁ မှာ တရုတ်ဘက် က ထုတ်ပြန်ပေမယ့် တရုတ်ပိုင် စက်ရုံတွေနဲ့အကျိုးစီးပွားတွေကို တိုက်ခိုက်သူတွေအပေါ် ပြင်းထန်စွာ အရေး ယူနှိမ့်ကွပ်ဖို့ ဖိအားပေးခဲ့ခြင်းကလည်း တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို ပိုပြီး နိုးကြွားလာစေခဲ့ပါတယ်။

အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ မြောက်ပိုင်းမဟာမိတ် ၃ ဖော်ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ MNDAA၊ AA နဲ့ TNLA တို့ဟာ ရှမ်းမြောက်ပိုင်းက နယ်မြေများစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး AA ဟာလည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရှိရာ ရခိုင်က နယ်မြေတွေကို တစ်နယ်ပြီး တစ်နယ် သိမ်းပိုက် ထိန်းချုပ်လာနိုင် နေပြီဖြစ်ပါတယ်။ CMEC ရဲ့ ပင်မဗဟိုချက် ကျောက်ဖြူလည်း စစ်ကောင်စီ ထိန်းချုပ်နိုင်ခြင်းမရှိတော့လို့ မြန်မာ နိုင်ငံက တရုတ်ရဲ့ မဟာဗျူဟာ စီမံကိန်းကြီးရဲ့ အနာဂတ်ဟာလည်း မှုန်ဝါးခြင်းနဲ့ မရေရာခြင်းတွေကို ဖြည်တည် စေခဲ့ပါပြီ။ မြန်မာနိုင်ငံက ပြည်သူတွေအားလုံး အသိစိတ်ထဲမှာ ဒီစီမံကိန်းကြီးဟာ တရုတ်ရဲ့ အကြွေးထောင် ခြောက်အဖြစ် ငွေကြေးများစွာကို ထုတ်ချေးငှားပြီး အပိုင်သိမ်းမယ့် လုပ်ကွက်လို့ စွဲမြဲနေစေပါတယ်။ သီရိလင်္ကာက Hambantota ဆိပ်ကမ်းကိုလည်း တရုတ်ဟာ ဒီလိုနည်းနဲ့ အကြွေးသိမ်းသလို လုပ်ပြီး ၉၉ နှစ်ကြာ လုပ်ခွင့်ပေးခဲ့ရတဲ့ နမူနာကလည်း ရှိတော့ မြန်မာနိုင်ငံသားတွေရဲ့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေဟာလည်း အရှိန်အကောင်းဆုံးအချိန်ကို ရောက်လာစေခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ ဘဏ္ဍာရေးအခက်အခဲနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် တရုတ်ဟာ CPEC စီမံကိန်းမှာ အမြန် ရင်းနှီးမြှုပ်နှံမှုတွေ ထပ်တိုးချဲ့ပြီး စီမံကိန်းအမြန်အထမြောက်ဖို့ ဖိအားပေးတိုက်တွန်းလာပေမယ့် လုံခြုံရေး ပူပန် ရမှုစိန်ခေါ်ချက်က လုပ်ငန်းပုံမှန်နေသားတကျ ဆက်သွားဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့ပါပြီ။ နိုဝင်ဘာ ၃ ရက်နေ့ထုတ် ပါကစ္စတန် Dawn သတင်းစဉ်မှာ လုံခြုံရေးသုတေသီ မိုဟာမက်အမီယာရာနာက တရုတ်ဟာ သူ့ စီမံကိန်းနဲ့ တရုတ်လုပ်သားတွေ လုံခြုံရေးအတွက် တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေက တရုတ်လက်နက် ကိုင်တွေကို ခေါ်ယူစောင့်ရှောက်မယ့် ‘Beefing up security’ စနစ် သုံးတော့မယ်လို့ ထည့်သွင်း ရေးသားသွား တယ်။ ဒါဟာ ပါကစ္စတန်အချုပ်အခြာပိုင်နယ်ထဲ တရုတ်လုံခြုံရေးတပ်သားတွေ လာရောက်အခြေချ စိုးမိုးမှုမျိုး ပဲ ဖြစ်လို့ ပါကစ္စတန်ပြည်သူတွေရဲ့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေဟာ ပိုပြင်းထန်လာပြီး နှစ်နိုင်ငံ ဆက်ဆံ ရေး အကွဲအပြဲဖြစ်ဖို့သာ တာစူနေစေမှာပါ။

မြန်မာနဲ့ ပါကစ္စတန်က တရုတ်ရဲ့ မဟာဗျူဟာ စီမံကိန်းကြီးတွေဖြစ်တဲ့ CPEC နဲ့ CMEC တွေကတော့ စိန်ခေါ်မှု ပေါင်းများစွာနဲ့ တရုတ်အရှိုက်ကို ထိပါးနေစေပြီဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင်းဖျင်လက်ထက် Wolf Warrior လို့ခေါ်တဲ့ ပြင်းထန်တဲ့နိုင်ငံခြားရေးမူဝါဒဟာ မြန်မာနဲ့ ပါကစ္စတန်ပြည်သူအားလုံး အဓိကထားဆန့်ကျင် တိုက်ခိုက်စရာ ဝါဒသာဖြစ်လာစေလို့ သူတို့ရဲ့ ဒီနိုင်ငံတွေက စီးပွားတွက် မဟာစီမံကိန်းကြီးတွေကပဲ သူတို့ နောက်ကျောကို မီးပြန်လည် လောင်ကျွမ်းနေစေခဲ့ပြီဖြစ်ပါတယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now