ဆောင်းပါး

တရုတ်မှာ မြင့်တက်လာတဲ့ ဂျပန်ဆန့်ကျင်ရေး jingoism ဝါဒ သို့မဟုတ် တရုတ်ကွန်မြူနစ်ပါတီ အာဏာတည်မြဲရေး အသုံးချခံ လက်နက်

မဲခေါင် 28 Oct - 2024
~ လင်းမောင် ~ ၂၀၂၄ ဇွန်လနှောင်းပိုင်းက တရုတ်နိုင်ငံအရှေ့ပိုင်း ဆူဇူးမြို့မှာ ဂျပန်အမျိုးသမီးတစ်ယောက်နဲ့ ရင်သွေးကို အကြမ်းဖက် ဓားနဲ့တိုက်ခိုက်တော့ တရုတ်လူမှုကွန်ရက်တွေပေါ် ကျူးလွန်သူကိုပါ သူရဲကောင်းသဖွယ် ဂုဏ်ပြုချီးမြှောက်ကြတဲ့အထိ မျက်ကန်းမျိုးချစ်မှတ်ချက်တွေ ပလူပျံအောင် ထွက်ပေါ်ခဲ့တယ်။ ဒီ မျက်ကန်းမျိုးချစ်စိတ်တွေနဲ့ မှတ်ချက်ပေးမှုတွေ တရုတ်လူမှုကွန်ရက်တွေဖြစ်တဲ့ Weibo၊ Tencent ၊ Phoenix Media ၊ Baidu နဲ့ တခြားသော ပလက်ဖောင်းတွေက ရှုတ်ချခဲ့ပေမယ့် တရုတ်အစိုးရ မီဒီယာကတော့ အတိတ်က ပျက်ကွက်ခဲ့တဲ့ ဒီလိုအကြမ်းဖက် အစွန်းရောက် အမျိုးသားရေးဝါဒအကြောင်း ဆင်ခြင်သုံးသပ်ဖြေရှင်းနိုင်ရေး ကြိုးစားရမယ်လို့သာ မယုတ်မလွန် ထုတ်ပြန်သွားတယ်။ တရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ လက်အောက် People’s Daily

~ လင်းမောင် ~

၂၀၂၄ ဇွန်လနှောင်းပိုင်းက တရုတ်နိုင်ငံအရှေ့ပိုင်း ဆူဇူးမြို့မှာ ဂျပန်အမျိုးသမီးတစ်ယောက်နဲ့ ရင်သွေးကို အကြမ်းဖက် ဓားနဲ့တိုက်ခိုက်တော့ တရုတ်လူမှုကွန်ရက်တွေပေါ် ကျူးလွန်သူကိုပါ သူရဲကောင်းသဖွယ် ဂုဏ်ပြုချီးမြှောက်ကြတဲ့အထိ မျက်ကန်းမျိုးချစ်မှတ်ချက်တွေ ပလူပျံအောင် ထွက်ပေါ်ခဲ့တယ်။ ဒီ မျက်ကန်းမျိုးချစ်စိတ်တွေနဲ့ မှတ်ချက်ပေးမှုတွေ တရုတ်လူမှုကွန်ရက်တွေဖြစ်တဲ့ Weibo၊ Tencent ၊ Phoenix Media ၊ Baidu နဲ့ တခြားသော ပလက်ဖောင်းတွေက ရှုတ်ချခဲ့ပေမယ့် တရုတ်အစိုးရ မီဒီယာကတော့ အတိတ်က ပျက်ကွက်ခဲ့တဲ့ ဒီလိုအကြမ်းဖက် အစွန်းရောက် အမျိုးသားရေးဝါဒအကြောင်း ဆင်ခြင်သုံးသပ်ဖြေရှင်းနိုင်ရေး ကြိုးစားရမယ်လို့သာ မယုတ်မလွန် ထုတ်ပြန်သွားတယ်။

တရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ လက်အောက် People’s Daily ရဲ့ မီဒီယာခွဲ Global Times ဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အမျိုးသားရေးမူဝါဒကိုသာ ဦးတည်ပြီး ရောင်းအားကောင်းစေဖို့သာ ရည်ရွယ်ထုတ်လုပ်ခဲ့တာပါ။ အခု ဂျပန်အမျိုးသမီး ဓားနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုအပေါ် လူမှုကွန်ရက်မီဒီယာတွေမှာ ဒီလောက် အုံးအုံးထ နေခဲ့တာကို တစ်ဖက်က ရှုတ်ချကြောင်း ထုတ်ပြန်ပေမယ့် တစ်ဖက်ကလည်း ပိုတိုးပြီး လုပ်ဆောင်လာအောင် တွန်းအားပေးနေတာ မြင်သာလာတယ်။ ကြည့်ရှုသူနဲ့ ဝင်ငွေတိုးအောင် ဒီလို မျက်ကန်းမျိုးချစ် မှတ်ချက်တွေကို ပါ Boost တွန်းပေးတယ်။ ဒီအခိုက်အတန့်မှာ တရုတ်အစိုးရရဲ့ ထင်မြင်ယူဆချက်တွေဟာ နိုင်ငံတော်ရဲ့ လူထုဟောပြောချက်မှာကိုက အစွန်းရောက်အမျိုးသားရေးဝါဒကို ဝေဖန်သလိုလိုနဲ့ တကယ်တမ်းမှာ နက်နဲတဲ့ မျက်ကန်းမျိုးချစ် အမြစ်တွယ်နေမှုအပေါ် လျစ်လျူရှုခဲ့ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန် အပါအဝင် ပြည်ပနိုင်ငံအချို့အပေါ် နှစ်ပေါင်းများစွာ အမျိုးသားရေး ဒေါသူပုန်ထမှုတွေ ပိုမိုမြင့်တက် ဖြစ်ပွားစေဖို့ တွန်းအားပေးနေတာပဲ ဖြစ်ပါတယ်။ ဒီလို ဝါဒကို Jingoism လို့ ခေါ်ပါတယ်။
ပြိုင်ဘက်နိုင်ငံထက် အသာစီးရလိုမှုနဲ့ အမျိုးသားရေးပြင်းထန်လွန် တစ်ဖက်စောင်းနင်း ရန်လိုမုန်းတီးဘက်လိုက်တဲ့ အစွန်းရောက် အယူဝါဒလို့ ဘာသာပြန်ဆိုနိုင်ပါလိမ့်မယ်။ အွန်လိုင်းပေါ်က အန္တရာယ်ရှိတဲ့ အမျိုးသားရေး မိုက်မဲမှုတွေကို ပါတီ အုပ်ချုပ် အစိုးရက မျက်ကွယ်ပြုထားတယ်။ အစွန်းရောက်အမျိုးသားရေးဝါဒီတွေကနေ တရုတ်ဝိဉာဉ်ရှာဖွေခြင်းအသွင် ဖန်တီးပြီး နိုင်ငံပိုင်မီဒီယာတွေကပါ အရိပ်အယောင်ပြတဲ့ တွန်းအားပေးမှုတွေကို ဖြစ်တည်စေခြင်းကနေ တရုတ်မှာရှိတဲ့ ဂျပန်လူမှုအသိုင်းအဝိုင်းအပေါ် ဒီနှစ်ပိုင်းတွေမှာ အကြမ်းဖက်မှုတွေ ပိုများသထက် များလာစေတာပဲဖြစ်ပါတယ်။

မတော်တဆဆန်တဲ့ အမျိုးသားရေးဝါဒလို့ အစိုးရကဖြေလျှော့ပြောဆိုနေခြင်းဟာ တရုတ်ဆိုရှယ်မီဒီယာကို ပုံမှန်အသုံးပြုသူတိုင်းအပေါ် အမျိုးသားရေးစိတ်ဓာတ်အုံကြွစေပြီး အစိုးရနဲ့မဆိုင်တဲ့ ဖြစ်တည်မှုသဘောဟန် ဆောင်စေပါတယ်။

တကယ်တမ်းမှာတော့တရုတ်အစိုးရကိုယ်တိုင်က ဗဟိုအဆင့်ကနေ နိုင်ငံတော်အမျိုးသားရေးဝါဒီတွေများလာဖို့ တက်ကိုင်စီမံနေတဲ့အဖွဲ့အစည်းဖြစ်နေတာပါ။ ဇွန် ၂၈ ရက်နေ့ကပဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်း ကိုယ်တိုင်က ဆူဇူး အကြမ်းဖက် ဓားထိုးမှုနဲ့ပတ်သက်ပြီး ထုတ်ပြန်တော့ အကြမ်းဖက်သူအကြောင်းမေးခွန်းကို ဝေ့ဝိုက်ပြီး ဂျပန်အမျိုးသမီးနဲ့ ရင်သွေးကို ကယ်တင်ဖို့ ကြိုးစားရင်း သေဆုံးခဲ့ရတဲ့ ဘတ်စ်ကားမောင်းသမား တရုတ်လူမျိုး ဟူယူပင်းဟာ တရုတ်လူမျိုးတွေရဲ့ ဝိဉာဉ်သွေးသားထဲမှာကိုက တခြားသူတွေကို ရဲဝင့်စွာ ကယ်တင်ကူညီတဲ့ စိတ်ရင်းအကြောင်းသာ မီးမောင်းထိုးဖြေကြားပြီး ဒါကို နိုင်ငံပိုင်မီဒီယာက ခေါင်းကြီးသတင်းတပ်ဖော်ပြသွားတယ်။

ဒီလိုစိတ်အနှောင့်အယှက်ကြီးစွားဖြစ်တည်ခဲ့ရတဲ့ အကြမ်းဖက် ဓါးထိုးမှုအပြီး ၂၀၂၄ စက်တင်ဘာလလယ်ပိုင်း မှာ တရုတ်ပြည်တောင်ပိုင်း ရှန်ဇန်းမြို့မှာ ဂျပန်ကျောင်းသားကလေးငယ်တစ်ယောက်ကို ရက်စက်တဲ့သတ်ဖြတ်မှု ထပ်ဖြစ်ပွားပြန်ပါတယ်။ ဒီကလေးငယ်ကိုဘယ်သူမှ မကူနိုင်ခဲ့ဘဲ သေဆုံးသွားခဲ့ရမှုဟာ ဆူဇူးအဖြစ်အပျက်နဲ့ မတူဘဲ တစ်ကမ္ဘာလုံးကို ဟိုးလေးတကျော် ပျံ့နှံ့သွားတယ်။ တရုတ်တစ်နိုင်ငံလုံးအတိုင်းအတာမှာလည်း တရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ ဂျပန်ဆန့်ကျင်ရေးမှိုင်းသွင်းမှုအပေါ် စကားစစ်ထိုးငြင်းခုံစရာတွေ ဖြစ်တည်လာခဲ့တယ်။ တရုတ်နိုင်ငံတစ်ဝန်းမှာ စီးရီးလိုက်ကို ဂျပန်လူမျိုးတွေအပေါ် အကြမ်းဖက်လာမှုဟာ ဆယ်စုနှစ်ကျော်လာပြီဖြစ်လို့ ဒီပြဿနာတွေဟာ တရုတ်အစိုးရရဲ့ ဂျပန်ဆန့်ကျင်ရေး ပညာစနစ်၊ ဖျော်ဖြေရေး (ဂျပန်တော်လှန်ရေး ရုပ်ရှင်လိုအရာတွေ)၊ ယဉ်ကျေးမှုဆိုင်ရာ အခြေအနေတွေနဲ့ ဆက်စပ်ပြီး အကြမ်းဖက်မှုဖြစ်တည်လာရတာပဲ ဖြစ်ပါတော့တယ်။

ဒီလိုနဲ့ ၁၉၃၁ ခုနှစ်က တရုတ်ကို ဂျပန်စတင်ကျူးကျော်တဲ့ နှစ်ပတ်လည်နေ့အထိမ်းအမှတ်မှာ မက်ခ်ဒန်း တိုက်ခိုက်မှုအခင်း ထပ်ဖြစ်ပွားပြန်ပါတယ်။ ရက်အနည်းငယ်အကြာမှာပဲ နောက်တစ်မြို့မှာ ဂျပန်အမျိုးသမီးနဲ့ ရင်သွေးကို သေစေနိုင်လုနီး တိုက်ခိုက်မှု ထပ်ဖြစ်ပွားပြန်တယ်။ သံသယတရားခံကို တရုတ်ကွန်မြူနစ်ပါတီ CCP က ဘယ်တော့မှ မဖော်ပြခဲ့ဘဲ ဖုံးကွယ်ခဲ့တယ်။ ဒီမှုခင်းဖြစ်ပွားတဲ့အကြောင်းအရင်းကို မထုတ်ပြန်ပေမယ့် တရုတ်တစ်နိုင်ငံလုံးက ရှင်းပြစရာမလိုပဲကို ဘာကြောင့်ဖြစ်ပွားသလဲဆိုတာ သိကြတယ်။ ဒီကိစ္စဟာ ၉/၁၁ မှာ အာရပ်ကလေးတစ်ယောက်နှုန်းကို ကြုံသလိုသတ်ဖြတ်တဲ့ ဖြစ်စဉ်မျိုးနဲ့ ညီမျှနေတယ်။ လူတွေက သင်ပို့နေတဲ့ မက်ဆေ့ချ်တွေကို ချက်ချင်းရရှိနေနိုင်ကြတယ်။ ဂျပန် ယောက်ျားလေး ကလေးငယ်တစ်ယောက် ထပ်သေဆုံးတော့ အဆိပ်သင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လက်တွေ အကြမ်းဖက်သူတွေကြား ချိတ်ဆက်မှုပုံစံက ဆင်ဆာစနစ် ဒီလောက်တင်းကျပ်တဲ့ တရုတ်မှာ အတားအဆီး လုံး၀မရှိဘူး။ စီချွမ်းစီရင်စု တရားရုံးက ဒီလူငယ်လေး သေဆုံးမှုကို အွန်လိုင်းပေါ် တက် ရေးသားအသိပေးမှုပုံစံက တရားလက်မဲ့နိုင်လွန်းခဲ့တယ်။ “ငါတို့ ဥပဒေသည် ဂျပန်တွေကို သုတ်သင်ဖို့ဆိုတဲ့ ခံယူချက် ကလေးဘ၀ကတည်းက ပါလာတတ်တယ်။ သမိုင်းနဲ့ချီတဲ့ ဂျပန်တွေအပေါ် မကျေနပ်ချက် မုန်းတီးချက်က ဒီလိုဖြစ်တည်လာစေခဲ့တယ်” လို့ ရေးတင်သွားခဲ့တာပါ။ ဂျပန်တွေကို သုတ်သင်ဖို့က တာဝန်တစ်ရပ်ဖြစ်တယ်လို့တောင် အဓိပ္ပါယ်ဆောင်ပါတယ်။

ရှန်ဇန်းမှာ ဖြစ်သွားတဲ့ ဂျပန်ကလေးငယ်သတ်ဖြတ်ခံရမှုက တရုတ်အစိုးရဦးဆောင် CCP ပါတီရဲ့ ဆင်ဆာပိတ်ဆို့တားမြစ်မှုကြောင့် တိုးတိုးတိတ်တိတ်သာ ဝမ်းနည်း ငိုးညည်းသံသဲ့သဲ့ ထွက်ခဲ့ရတာပါ။ ဒါပေမဲ့ တရုတ်နိုင်ငံ ပြင်ပက တရုတ်ဘာသာစကားသုံး မီဒီယာတွေကြားမှာတော့ မှတ်ချက်တွေပေးကြဖို့ ဖိတ်ခေါ် လှုပ်ရှားမှုတွေ ရှိခဲ့တယ်။ တရုတ်ပြည်တွင်းမှာတော့ ဒီလိုလုပ်ခွင့်ရဖို့က လုံး၀မဖြစ်နိုင်ပါဘူး။ ဒါတောင် တိုက်ခိုက်ခံရမှုအပြီး ၂ ရက်အကြာ စက်တင်ဘာ ၂၀ ရက်နေ့မှာ ကိုယာမာဂျန်ပိုင်းလို့ ခေါ်တဲ့ သတ်ခံရတဲ့ ဂျပန်ကလေးငယ်ရဲ့ ဖခင် ရေးသားခဲ့တဲ့ စာအကြောင်းလောက် ဆွေးနွေးမှတ်ချက်ပေးကြဖို့ အပေါ်ယံ တောင်းဆိုချက်သာ ထွက်ခဲ့တာပါ။ ၂၀၂၄ စက်တင်ဘာနှောင်းပိုင်းရက်တွေမှာ တရုတ်အင်တာနက်တွေပေါ် ဒီအကြောင်းလေး တက်လာတယ်။ စာက တိုတိုလေးပါပဲ။

“ငါတို့ တရုတ်ကို မမုန်းပါဘူး။ ဂျပန်ကိုလည်း မမုန်းပါဘူး။ ကျွန်တော့်သားလေးကလည်း နောက် ဒီလိုအဖြစ်မျိုးတွေ ထပ်မဖြစ်ပါစေနဲ့လို့ ဆန္ဒပြုနေမှာပါ” ဆိုတဲ့ ဖခင်ရဲ့ စာလေးကို ဖော်ပြကြပြီး ဒီကောင်လေးဟာ အင်းဆက်နဲ့တွားသွားသတ္တဝါတွေကို သိပ်ချစ်တတ်တဲ့ ကလေးပါဆိုတဲ့ သဘောလောက်နဲ့ပဲ နှစ်သိမ့်ပြီးစီးသွားတာမျိုးပဲ ဖြစ်ပါတယ်။ ဒီစာနဲ့ပတ်သက်ပြီး ပထမဆုံး ရရှိတဲ့ တရုတ်ဂျာနယ်လစ်က သူရတဲ့ စာဟာ သေဆုံးကလေးရဲ့ဖခင် ဂျပန်လိုရေးထားတဲ့စာသာဖြစ်ကြောင်းနဲ့ ဘာသာပြန်ပြီး တရုတ်လို ပြန်တင်ဆက်လိုက်တာလို့သာ အတွင်းကျကျ မရှိလှမှုကို ဖုံးကွယ်ဖော်ပြမှုလောက်သာ ရှိတယ်။ ဒီ မီဒီယာအမည်က Yu Daiyan ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း တရုတ်ပြည်မှာ ဂျပန်မုန်းတီးရေး မျိုးချစ်လွန်ဝါဒီတွေကနေ ဆင်းသက်လာတဲ့ ရှုပ်ထွေးတဲ့ အကြမ်းဖက်မှုတွေအကြောင့် လေ့လာတင်ပြမှု လုပ်နေခဲ့တဲ့ အဖွဲ့ပါ။ ဒါမျိုးတွေဟာလည်း တရုတ်အစိုးရ ဆင်ဆာစနစ်မှာ ပုံမှန်လို တင်းကျပ်စွာတားမြစ်ခံရတာမရှိဘဲ စကားလုံးလှအောင် ဖုံးကွယ် အကွက်ဆင်မှုတွေနဲ့ မသင်္ကာစရာတွေလည်း ရှိပါတယ်။

ဥပမာအားဖြင့် ကွမ်းကျိုးက ဂျပန်ကောင်စစ်ဝန်ရုံးဟာ ရှန်ဇန်းမြို့က ဂျပန်စာသင်ကျောင်းက ကလေးငယ်သတ်ခံရမှုမှာ အရပ်ဘက် တရုတ်လူမျိုးအသိုင်းအဝိုင်းက ကျောင်းဆီကို ပန်းစည်းပေါင်း ၁၀၀၀ ကျော် ပေးပို့တယ်။ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း မက်ဆေ့ချ် ၃၀၀၀ ကျော် ရောက်ရှိတယ်ဆိုတာမျိုး ပြောတယ်လို့ ဖော်ပြခဲ့တာတွေပါ။ United Daily News (UDN) က ပိုင်တဲ့ ထိုင်ဝမ်ရဲ့ World Journal က တရုတ်ကွန်မြူနစ်ပါတီရဲ့ မျက်ကန်းမျိုးချစ်ပညာရေးကြောင့် ဖြစ်တယ်ဆိုတဲ့ မှတ်ချက်ပေးမှုကတောင် ပိုပြီး ပြတ်သားမှု ရှိခဲ့ပါတယ်။ ဒီစာမှာ ဂျပန်ဟာ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေတွေ ဆယ်စုနှစ်ပေါင်းအတော်ကြာ ထောက်ပံ့ပေးအပ်နေပေမယ့် CCP ပါတီကတော့ ဒီငွေနဲ့ ဂျပန်ဆန့်ကျင်ရေး ဒရာမာတွေခင်း၊ ဂျပန်ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေကို အရှိန်မြှင့်တင် လုပ်ဆောင် နေခဲ့တယ်လို့ ထိရောက်စွာ ဝေဖန်ရေးသားမှု ပါရှိခဲ့ပါတယ်။ ထိုင်ဝမ် အစားအစာနဲ့ မီဒီယာလုပ်ငန်းကြီး Want Want ပိုင် ထိုင်ဝမ် Want Daily မီဒီယာကလည်း ရှန်ဇန်းက ဂျပန်ကလေးငယ်သတ်ဖြတ်မှုအရ နဂိုကတည်းက တင်းမာမှုမြှင့်တက်နေတဲ့ တရုတ်-ဂျပန် ဆက်ဆံရေးကို ပြတ်တောက်ပြီးဆုံးသွားစေခဲ့ကြောင်း၊ နောက်ကွယ်က အရိပ်ဆိုးဟာ ထင်တာထက် ပိုနက်ရှိုင်းနေတယ်လို့ သုံးသပ်သွားတယ်။ တရုတ် အမျိုးသားရေးအစွန်းရောက်တွေ ဒီလို ဂျပန်မုန်းစိတ်၊ အကြမ်းဖက်စိတ်တွေဖြစ်တည်စေဖို့ ဩဇာလွှမ်းမိုးနိုင်သူ ထိပ်တန်းပုဂ္ဂိုလ်တွေကပါ သွေးထိုး လှုံ့ဆော်နေလို့ နားမယောင်သင့်ကြောင်းလည်း သတိပေး ရေးသားခဲ့ပါတယ်။

ဘယ်လောက် သိသာစေသလဲဆိုရင် တရုတ်အစိုးရ ထိန်းချုပ် We Chat ပေါ်က ဆောင်းပါးတစ်ပုဒ်မှာ ရှန်ဇန်းနဲ့ ဆူဇူး အကြမ်းဖက် သတ်ဖြတ်မှုမဖြစ်မီ ကျောင်းဝင်ပေါက်ကို ဓာတ်ပုံရိုက်ပြထားတဲ့ ပုံတွေသုံးထားတာတွေဟာ လူသတ်မှုဖြစ်အပြီး ပြန်ဖြုတ်ချသွားတယ်။ အွန်လိုင်းပေါ် စိတ်ညစ်ညူးမှုဖြစ်စေလို့ ပိတ်ပင်ထားတဲ့ သတိပေးချက်သာရှိတော့ပြီး အသံတွေပါ ပျောက်သွားတယ်။ ဒါပေမဲ့ တစ်ဖက်မှာ လူမှုကွန်ရက်တွေပေါ် စက်တင်ဘာ ၁၈ ရက် ဂျပန်တော်လှန်ရေး နှစ်ပတ်လည်အထိမ်းအမှတ် ဂျပန်မုန်းတီးရေး လှုပ်ရှားမှုတွေကိုတော့ မပိတ်ပင်ပဲ ပိုမို ပျံ့နှံ့ ဖြစ်တည်စေခဲ့ပါတယ်။ နောက်ထပ် တရုတ်ထိပ်တန်းလူမှုကွန်ရက်ကြီး Baidu ပေါ်မှာ Vlogger တစ်ယောက် က ဂျပန်ကလေးငယ် သတ်ခံရမှုအပေါ် ဝေဖန်ထားမှု အကောင့်ပိတ်သိမ်းခံလိုက်ရပြီး မကြာခင်ပဲ ဒီအကောင့်မှာ သတ်တဲ့နေ့ အားလုံး နှုတ်ဆိတ်နေစေဖို့ ရည်ရွယ်တဲ့ June 18 ဆိုတဲ့ ခေါင်းစဉ်ကို ရေးထိုးထားပြန်တာ တွေ့ရပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ ဒီအခြေအနေမှာတောင် ဂျပန်ဟာ လူကောင်းတွေ၊ မိတ်ဆွေတွေဖြစ်ပါတယ်။ ဒါမှ မဟုတ် လူမှုကွန်ရက်တွေပေါ်က ဂျပန်ဆန့်ကျင်ရေး Content တွေကို ပိတ်ပင်ပါမယ်။ တရုတ်နိုင်ငံတွင်းက ဂျပန်အသိုင်းအဝိုင်းအားလုံး ဘေးကင်းဖို့အထူး အကာအကွယ်ပေးရေး စီမံကိန်းချမှတ်ပါမယ်လို့ ထုတ်ပြန်တာမျိုး ရှိခဲ့ပါရဲ့လား။ အထက်ဖော်ပြပါ အကြောင်းတရားတွေကြောင့် ဒီလို ထုတ်ပြန်ခဲ့ရင် တရုတ်အစိုးရဟာ သူ့ဘက် ပြန်မြားဦးလှည့်လာမယ့် ကြီးမားတဲ့ အရာတွေရှိနေလို့ စွန့်စားမှုလုပ်ပြီး ဂျပန်တွေကို ကာကွယ်မယ့်အကြောင်း မကြေညာခဲ့ပါဘူး။ တရုတ်ပြည်နဲ့ အုပ်စိုးတဲ့ ကွန်မြူနစ်ပါတီကိုယ်တိုင်က သူတို့ စိုက်ပျိုးထားတဲ့ အဆိပ်မျိုးစေ့တွေကို ပြန်ဖျက်ဆီးခဲ့ရင် ဂျပန်မုန်းတီးရေးဝါဒ ရိုက်သွင်းထားမှုမှာ သူတို့ကိုယ်တိုင် သစ္စာဖောက်ဘ၀ ပြန်ရောက်ရမှာ ကြောက်နေရပြန်ပါတယ်။ မော်ဒန် တရုတ်ပြည်ရဲ့ လက်ရှိ ကျင့်သုံးနေတဲ့ စနစ်ဟာလည်း တစ်ချိန်က ဖက်ဆစ်ဂျပန်ခေတ်ကပုံစံနဲ့ သွားတူနေခဲ့ပါပြီ။ ဆူဇူးနဲ့ ရှန်ဇန်းက ဂျပန်ကလေးငယ်တွေ ဓားထိုးသတ်ခံရမှုတွေကို တရုတ်အစိုးရက ပြဿနာ သေးသထက်သေး၊ ပပျောက်တဲ့အထိ အကွက်ရွှေ့ဖို့ပဲ ကြိုးပမ်းနေတာပါ။

ဂျပန်ကိုလိုနီဘ၀တုန်းက တရုတ်ပြည်သူတွေအပေါ် ဂျပန်တပ်တွေက လူသားချင်းမစာနာ နှိပ်စက်ညှင်းပန်းမှုတွေ ရှိခဲ့တယ်ဆိုပေမယ့် ဒီနေ့ တရုတ်အစိုးရကတော့ လက်ရှိမျက်မှောက်သမိုင်းနဲ့ပတ်သက်ရင် ပွင့်လင်းမြင်သာ ရှိသင့်ပါပြီ။ ဒါပေမဲ့ လုပ်ရပ်တွေကတော့ သံသယရဲ့ ဟိုမှာဘက်ကမ်းအထိ ရောက်နေခဲ့ပါပြီ။ အတိတ်နဲ့ ပစ္စုပ္ပန်ကို ခွဲခြားလက်ခံထားရမယ့် မျက်မှောက်အရှိတရားမှာ စနစ်တွေ၊ တစ်ယောက်ချင်းစီ၊ အရွယ်ရောက်ပြီးသူ၊ ကလေးငယ်တွေအတွက် တရားမျှတဖို့ အကာအကွယ်ပေးဖို့အရေး နားလည်ဖို့ မဖြစ်နိုင်တဲ့ သတင်းအချက် အလက် ထိန်ချန်လှည့်ဖျားမှုတွေ လုပ်နေတာဟာ CCP ပါတီ ဦးဆောင်တဲ့ တရုတ်အစိုးရအပေါ် စိုးရိမ်စရာ မြင့်တက်သထက် မြင့်တက်လာစေပါပြီ။ တရုတ်လူမှုကွန်ရက်မီဒီယာပေါ် ဗီဒီယိုအတိုလေးတစ်ခုတက်နိုင်ဖို့ ဒီဗီဒီယိုကပေးတဲ့အဓိပ္ပါယ် ဘယ်ကိုသွားသလဲဆိုတာတောင် ရှုပ်ထွေးနေတာဟာ CCP ရဲ့ ဂျပန်မုန်းတီးရေး jingoism ဝါဒက ဆယ်စုနှစ်ပေါင်းများစွာ တာသွားနေခဲ့ခြင်းရဲ့ ပြယုဂ်သာလျှင် ဖြစ်ပါတော့တယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now