ဆောင်းပါး

တရုတ်ကျောထောက်နောက်ခံ ဟက်ကာတွေ ဗဟိုပြုတိုက်ခိုက်ခံနေရတဲ့ ထိုင်ဝမ်

မဲခေါင် 23 Sep - 2024
တရုတ်ကျောထောက်နောက်ခံပေးထားတဲ့ တရုတ်ဟက်ကာတွေဟာ ထိုင်ဝမ် သုတေသနစင်တာကို ဗဟိုပြုလို့ ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်နေနေပါတယ်။

လင်းမောင်

တရုတ်ကျောထောက်နောက်ခံပေးထားတဲ့ တရုတ်ဟက်ကာတွေဟာ ထိုင်ဝမ် သုတေသနစင်တာကို ဗဟိုပြုလို့ ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်နေနေပါတယ်။ အထူးသဖြင့် ထိုင်ဝမ်အစိုးရနဲ့ပတ်သက်တဲ့ ကွန်ပျူတာနဲ့ နည်းပညာရပ်ဝန်းကို တိုက်ခိုက်တာဖြစ်တယ်။ ၂၀၂၃ ခုနှစ် ဇူလိုင်လထဲမှာ ထူးကဲသိသာတဲ့ တိုက်ခိုက်မှုကတော့ တရုတ်အစိုးရစပွန်ဆာပေးထားတဲ့ APT41 ဟက်ကာအုပ်စုက ထိုင်ဝမ် သုတေသနစင်တာတစ်ခုကို တိုက်ခိုက် မှုဖြစ်ပါတယ်။ တိုက်ခိုက်သူတွေက Malware တွေကို အသုံးချပြီး ပက်စ်၀ပ်တွေ၊ ထိရှာမခံတဲ့ စာရွက်စာတမ်း အချက်အလက်တွေကို ခိုးယူတိုက်ခိုက်တာဖြစ်ပါတယ်။

ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတွေကတော့ တရုတ်ဟက်ကာအုပ်စုဟာ Microsoft Office ရဲ့ ဒိတ်အောက်နေ တဲ့ Software တွေကနေ ဝင်ရောက်ပြီး Hacking လုပ်ကြတာလို့ သုံးသပ်ထောက်ပြတယ်။ ဘယ်လောက်တောင် ထိုင်ဝမ်သုတေသနစင်တာရဲ့ အချက်အလက်တွေကို ခိုးသလဲဆိုရင် ၁၁ ရက်ကြာတဲ့အထိပဲ။ အချက်အလက် ပေါင်းများစွာကို စိတ်ကြိုက်ကို စစ်ထုတ်ပြီး တိုက်ခိုက်ရယူသွားခဲ့တာပါ။ ခေတ်မီဆန်းပြားတဲ့ တရုတ်ဟက်ကာ အုပ်စုတွေအပေါ် တရုတ်အစိုးရက ကျောထောက်နောက်ခံပေးပြီး ပထဝီနိုင်ငံရေးအခြေအနေ တင်းမားလွန်းနေ တဲ့ ထိုင်ဝမ်ဆီက အရေးကြီးအချက်အလက်တွေ၊ ဆက်စပ်ပတ်သက်နေတဲ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုတွေ ကို အဓိကထား Hack ယူကြတာဖြစ်တယ်။

ဆက်တိုက်ဆိုသလို တိုးမြှင့်ပြီး ဆိုက်ဘာတိုက်ခိုက်မှုတွေ ထိုင်ဝမ်အပေါ်လုပ်နေပေမယ့် တရုတ်ဘက်က သူတို့ ဘာမှ မလုပ်ကြောင်း တွင်တွင်ငြင်းဆိုနေဆဲပါပဲ။ စွပ်စွဲချက်တွေက ခြေခြေမြစ်မြစ်မရှိကြောင်း၊ အထောက် အထားမပြနိုင်ကြောင်း တရုတ်ဘက်က ထုတ်ပြန်တယ်။ ကျွမ်းကျင်သူတွေကတော့ တရုတ်ဟာ ပထဝီနိုင်ငံရေး တင်းမာနေတဲ့ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ နယ်စပ်မဟာဗျူဟာခင်းကျင်းနိုင်ဖို့၊ ထိုင်ဝမ်ရဲ့ အမျိုးသားလုံခြုံရေး၊ နည်းပညာတိုးတက်မှုတွေကို စောင့်ကြည့်ဖို့ တရုတ်မူအတိုင်း ဆိုက်ဘာတိုက်ခိုက်မှုလုပ်နေတာသာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေကို ခိုင်မာတဲ့ဆိုက်ဘာလုံခြုံရေးအစီအမံတွေ၊ ခေတ်မီဆန်းပြားတဲ့တိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ကြောင်း ထင်ရှားစေပါပြီ။

ဆိုက်ဘာလုံခြုံရေးအဖွဲ့တစ်ခုက တရုတ်ထောက်ခံ ဟက်ကာအုပ်စုဟာ ထိုင်ဝမ်က အဖွဲ့အစည်းတွေကို Hack လုပ်ပြီး ဒါဟာ ပေကျင်းအစိုးရရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဌာန်း ကျွန်းဆီက အတွင်းသတင်းအချက်အလက်တွေ ကို ရယူနေတာလို့ သတင်းထုတ်ပြန်တယ်။

Hack တဲ့ အုပ်စုနာမည်က Red Juliett ဖြစ်ပြီး ၂၀၂၃ နိုဝင်ဘာနဲ့ ၂၀၂၄ ဧပြီလကြား ၂ ဒါဇင်ကျော်တဲ့အဖွဲ့တွေရဲ့ Hack ခြင်းကို ထိုင်ဝမ်အစိုးရ ခံရတာဖြစ်ပါတယ်။ Recorded Future အဖွဲ့ကတော့ ဒါဟာ တရုတ်ရဲ့ ထိုင်ဝမ်အစိုးရ နိုင်ငံခြားဆက်ဆံရေးပိုင်း၊ နည်းပညာ ဖွံ့ဖြိုးမှုပိုင်း ဘယ်အနေအထားရှိသလဲဆိုတာကို တရုတ်က သိချင်လို့ စေခိုင်းထားခြင်းဖြစ်ကြောင်း ထပ်မံ ထုတ်ပြန်ပါတယ်။ Red Juliett ဟာ သူတို့ရဲ့ ပစ်မှတ်တွေကို ချိုးဖောက်ဖို့အရေး Firewalls နဲ့ Virtual Private Networks (VPNs) လိုမျိုး အင်တာနက်သုံးစက်ပစ္စည်းတွေရဲ့ အားနည်းချက်တွေက နေချိုးဖောက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီ၊ အစိုးရအဖွဲ့အစည်း၊ တက္ကသိုလ်တွေကို အဓိကထားတိုက်ခိုက်တာဖြစ်ကြောင်း အမေရိကန် အခြေစိုက် ဆိုက်ဘာလုံခြုံရေးအဖွဲ့တစ်ဖွဲ့ကလည်း ကောက်ချက်ချတယ်။ ထိုင်ဝမ်က အဖွဲ့အစည်းပေါင်း ၇၀ ကျော်နဲ့ နိုင်ငံတကာနဲ့ဆက်ဆံမှုလုပ်တဲ့ သံရုံးတွေကိုပါ ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့ကြတာဖြစ်တယ်လို့ အဆိုပါ ဆိုက်ဘာလုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်တယ်။

ထိုင်ဝမ် နည်းပညာကဏ္ဍ၊ နည်းပညာရပ်ဝန်းတွေကို အညှာအတာမဲ့စွာနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ် ကြောင်း၊ ဆီမီးကွန်ဒက်တာကုမ္ပဏီ၊ လေကြောင်းကုမ္ပဏီ ၂ ခု၊ စစ်ဘက်ဆိုင်ရာ ကန်ထရိုက်အဖွဲ့တွေကိုပါ Hack တဲ့ထဲ ထည့်သွင်းပစ်မှတ်ထားလုပ်ဆောင်သွားကြောင်း Recorded Future က ထုတ်ပြန်ခဲ့တယ်။ နောက်ထပ် လျှပ်စစ်ပိုင်းဆိုင်ရာ ထုတ်လုပ်ရေးလုပ်ငန်း ၈ ခု၊ နည်းပညာရှေးရှုတဲ့ တက္ကသိုလ် ၂ ခု၊ စနစ်သတ်မှတ်တီထွင်မှု လုပ်ငန်းတစ်ခု၊ နည်းပညာ သုတေသနနဲ့ ဖွံ့ဖြိုးရေး အင်စတီကျုတစ်ခု၊ ကွန်ပျူတာစနစ်သုံး ကုမ္ပဏီ ၇ ခုလည်း ဆိုက်ဘာတိုက်ခိုက်ခံရမှုမှာ ပါဝင်ခဲ့ပါသေးတယ်။ ဒါဟာ ထိုင်ဝမ်ရဲ့ အရေးအပါဆုံး နည်းပညာနဲ့ မဟာဗျူဟာ ကျတဲ့ စက်မှုလုပ်ငန်းအားလုံးအပေါ် ချိုးဖောက်တိုက်ခိုက်မှုလို့လည်း သတ်မှတ်နိုင်ပါတယ်။

ထိုင်ဝမ်ရဲ့ အစိတ်အပိုင်းအားလုံးထဲက ၃ ပုံ ၂ ပုံအထိကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခဲ့တဲ့ Red Juliett ဟက်ကာ အဖွဲ့ဟာ တခြားသော ဒေသတွေမှာလည်း တရုတ်ထောက်ပံ့မှုနဲ့ ဒီလို ဆိုက်ဘာတိုက်ခိုက်မှုတွေကို လုပ်နေပါ တယ်။ ဟောင်ကောင်နဲ့ တောင်ကိုရီးယားနိုင်ငံတွေ၊ ဒီဂျီဘူတီတက္ကသိုလ် ဆိုက်ဘာတိုက်ခိုက်မှုတွေဟာလည်း သူတို့လက်ချက်ပါပဲ။ တရုတ်ရဲ့ ဒီလုပ်ရပ်ကိုကြည့်ရင် သူတို့ဟာ ကမ္ဘာလုံးဆိုင်ရာမှာကို အများပြည်သူ မျက်နှာ စကင်န်ဖတ်စနစ်အပါ တခြား လျှပ်စစ်ပစ္စည်းတွေကနေ ပစ်မှတ်များစွာကို ဝင်ရောက်ဖောက်ထွင်းရယူပြီး ခြယ် လှယ်ဖို့ ကြိုးစားနေတာ သေချာပါတယ်။

နည်းပညာ ကဏ္ဍကနေ တက္ကသိုလ်တွေအထိ နေရာလွတ်မကျန် သူ တပါး တိထွင်ဆန်းသစ်မှု၊ ထုတ်လုပ်မှု လျှို့ဝှက်ချက်အားလုံးကို ခိုးယူနေခြင်းဟာလည်း မြင်သာနေပါပြီ။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning ကတော့ Recorded Future ရဲ့ ဖော်ပြပါသတင်း တွေကို လုံး၀ငြင်းဆိုထားပြီး သူတို့ သိတောင် မသိတဲ့ ကိစ္စတွေလို့ ငြင်းချက်ထုတ်ခဲ့တယ်။ ဒီအဖွဲ့အစည်းဟာ အရင်ကတည်းက သတင်းအမှားတွေ ထုတ်ပြန်ခဲ့လို့ အသိအမှတ်ပြုလက်ခံနိုင်တဲ့ ဂုဏ်သိက္ခာရှိ အဖွဲ့မဟုတ် ကြောင်း သူမက တန်ပြန်ဝေဖန်ခဲ့ပါတ်ယ။ ဒါပေမဲ့ Recorded Future ဘက်က တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ မျက်နှာစကင်န်ဖတ်ခြင်း နည်းပညာ တိုးချဲ့ သုံးစွဲ အကျိုးအမြတ်ရယူနေမှုဟာ တော်တော် ခရီးရောက်နေပြီဖြစ်ကြောင်းနဲ့ ကင်းထောက် ဒါမှမဟုတ် သူလျှိုလုပ်ငန်းစဉ်တွေမှာ ခရီးပေါက်နေတယ်လို့ ထပ်မံ ရေးသားဖော်ပြခဲ့ပါတယ်။

တရုတ်အစိုးရဟာ အမြဲတမ်းဆိုက်ဘာသူလျှိုလုပ်မှုစွပ်စွဲချက်တွေအပေါ် ငြင်းဆိုနေမြဲဖြစ်ပေမယ့် ထိုင်ဝမ်ကို ပစ်မှတ်ထား၊ သူတို့ ဘယ်တုန်းကမှ မထိန်းချုပ်နိုင်ခဲ့ပေမယ့် သူတို့ပိုင်နယ်မြေဆိုပြီး အတင်းသတ်မှတ်လို့ ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ငြင်းမရနိုင်တဲ့ အချက်ပါ။

အာဏာရထိုင်ဝမ်ဒီမိုကရက်တစ်ပါတီက ပေကျင်းနဲ့ တိုင်ဝမ်အကြားတင်းမာနေတဲ့အခြေအနေတွေဘယ်လောက် ရှိရှိ သူတို့နိုင်ငံကို နိုင်ငံတကာ အသိအမှတ်ပြု သီးခြားနိုင်ငံတော်ဖြစ်ရေးဆိုတဲ့ ရည်မှန်းချက်နဲ့ ခရီးဆက်နေပါ တယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ (စက်တင်ဘာ ၉ ရက်) က ထိုင်ဝမ်သမ္မတ လိုင်ချင်းတီဟာ ပေကျင်းအစိုးရရဲ့ ဆိုက်ဘာတိုက်ခိုက်မှု၊ ပြီးတော့ တရုတ်ကို တော်လှန်ဆန့်ကျင်ခွဲထွက်သူတွေအပေါ် သေဒဏ်ချမှတ်ရေး ဥပဒေသစ် ပြဌာန်းမှုတွေအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး “ ဒီမိုကရေစီဟာ ရာဇဝတ်မှုမဟုတ်ပါဘူး။

ဒါကြောင့် အာရုံစိုက်လို့ စိုက်လိုက်မတ်တပ် ဆက်လက်လုပ်ဆောင်သွားမယ်။ အာဏာရှင်စနစ်သည်သာ တကယ့် မကောင်း ဆိုးဝါးစစ်စစ်စနစ်ပါ။ အရင်ကတည်းက ကိုယ့်အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံကို ထပ်ပြီး လွတ်လပ်ရေး ကြေညာစရာလည်း အကြောင်းမရှိဘူး” လို့ ရဲရဲတောက်ပြောကြားသွားပါတယ်။

MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now