ဆောင်းပါး

၁၀၂၇ စစ်ဆင်ရေး၊ ရှမ်းပြည်နဲ့ စစ်ကောင်စီ ဖန်တီးတဲ့ ဘာသာရေး၊ လူမျိုးရေးထောင်ချောက်များ (၁)

မဲခေါင် 27 Aug - 2024
မြန်မာစစ်တပ်ဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ကြုံလာတိုင်း ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခကို လက်နက်အနေနဲ့ အသုံးချလာတာဟာ အစဉ်အဆက်ပဲဖြစ်ပါတယ်။

ဘမောင်

ကိုးကန့်တပ်ဖွဲ့ – MNDAA နဲ့ စစ်ကောင်စီ

မြန်မာစစ်တပ်ဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ကြုံလာတိုင်း ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခကို လက်နက်အနေနဲ့ အသုံးချလာတာဟာ အစဉ်အဆက်ပဲဖြစ်ပါတယ်။ မြန်မာမှာသာမက ကမ္ဘာမှာပါ အာဏာရှင်တွေအသုံးချလေ့ရှိတဲ့ ဘာသာရေး၊ လူမျိုးရေးအခြေခံတဲ့ အမုန်းတရားလှုံ့ဆော်မှုတွေ၊ အစွန်းရောက်မျိုးချစ်စိတ်နဲ့ အမျိုးသားရေးဝါဒတွေကို မြန်မာစစ်တပ်က သမိုင်းတလျှောက် အစဉ်အမြဲအသုံးပြုခဲ့ပါတယ်။

မတူညီတဲ့ လူမျိုးတွေ၊ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုတွေကြား ချစ်ကြည်ရင်းနှီးအောင် လုပ်ရမယ့်အစား စစ်တပ်ဟာ အဲ့ဒီ့ကွဲပြားမှုတွေကို လက်နက်အနေနဲ့ အသုံးချပြီး သတင်းတု၊ သတင်းမှားနဲ့ အမုန်းစကားတွေဖြန့်ချိကာ နိုင်ငံရေးအကြပ်အတည်းကို အာရုံပြောင်းဖို့ ကြိုးစားလေ့ရှိကြောင်း ဒီကိစ္စတွေအပေါ် အစဉ်တစိုက်လေ့လာနေတဲ့ Burma Civil War Museum, The Red Flag, Myanmar Internet Project, International Commission for Jurists စတဲ့အဖွဲ့အစည်းနဲ့ သုတေသီတွေက ထောက်ပြကြပါတယ်။

စစ်တပ်သမိုင်းမှာ အကြီးမားဆုံး ဆုံးရှုံးမှုနဲ့ ကြုံနေရတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဘာသာရေး၊ လူမျိုးရေး မှိုင်းတိုက်လှုံ့ဆော်မှုတွေကို စစ်ကောင်စီက အကြီးအကျယ်လုပ်ဆောင်နေတာကို လေ့လာတွေ့ရှိရပါတယ်။ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးမှာ အင်တိုက်အားတိုက်ပါဝင်နေတဲ့ ကိုးကန့်တပ်ဖွဲ့ – MNDAA အပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဝါဒဖြန့်ကြပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် မှိုင်းတိုက်မှုတွေကို ပုံစံ ၃ မျိုးနဲ့ တွေ့ရတယ်လို့ စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောပါတယ်။

ပထမဆုံးပုံစံက လူမှုကွန်ယက်မီဒီယာတွေပေါ်မှာ အကောင့်တုတွေနဲ့ သတင်းတု၊ သတင်းမှား၊ အမုန်းစကားတွေကို ဖြန့်ဝေပါတယ်။ ဒုတိယပုံစံကတော့ စစ်ကောင်စီလက်သပ်မွေး မီဒီယာတွေ၊ စစ်တပ်ဘက်ယိမ်းတဲ့ မီဒီယာတွေနဲ့ စစ်ကောင်စီဘက်တော်သား လူသိများတဲ့ ပုဂ္ဂိုလ်တွေကနေ တဆင့် ဖြန့်တဲ့ပုံစံဖြစ်ပြီး တတိယပုံစံက မြေပြင်မှာ ဆန္ဒပြတာဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ရှုံးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့ – MNDAA အပေါ် ထိုးနှက်ရာမှာ အထက်ပါ ပုံစံ ၃ မျိုးစလုံးကို အသုံးပြုခဲ့တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ MNDAA သိမ်းပိုက်ထားတဲ့မြို့တွေဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုန်းကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံ၊ သိန္နီ မြို့တွေမှာ နေထိုင်တဲ့လူမျိုးတွေနဲ့ ကိုးကန့်တပ်ဖွဲ့တို့ကြား ပဋိပက္ခဖြစ်အောင် အကောင့်တုတွေနဲ့ သတင်းတု၊ သတင်းမှား၊ အမုန်းစကားတွေဖြန့်ဝေပြီး လှုံ့ဆော်ခဲ့တယ်လို့ ရှမ်းပြည်အရေးလေ့လာနေသူ တစ်ဦးက ပြောပါတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၂ လခန့်အကြာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကစလို့ အဲဒီမြို့တွေနဲ့ ပတ်သက်တဲ့ Facebook Group တွေမှာ လှုံ့ဆော်မှုတွေစတင်ခဲ့တာပါ။

သက်ဆိုင်ရာမြို့တွေရဲ့ Facebook Group နဲ့ သတင်းစုံ Group တွေမှာ ဒေသတွင်းနေထိုင်တဲ့ ရှမ်း၊ ကချင်၊ တအာင်း၊ ဗမာ၊ လားဟူ လူမျိုးများရဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ချိပ်ပိတ်တာ၊ ဝင်ခွင့်မပေးဘူး ဆိုတဲ့ အခြေအမြစ်မရှိ သတင်းတွေကို ကျယ်ကျယ်ပြန်ပြန့် ဖြန့်ဝေခဲ့ကြပါတယ်။

“တချို့နေရာတွေမှာ လုံခြုံရေးအရ ဝင်ခွင့်မရတာ၊ နေအိမ်အချို့သိမ်းဆည်းတာတွေရှိခဲ့တယ်။ ဒါပေမယ့် စစ်ကောင်စီအကောင့်တုတွေက အဲဒီထက် အဆပေါင်းများစွာ ချဲ့ကားပြီး မဟုတ်တာတွေကို ဖြန့်ချိတာကိုတွေ့ရတယ်။ ရပ်ကွက်နေပြည်သူလိုလို၊ အဲဒီမြို့မှာပဲနေသလိုလိုနဲ့။ အဲဒီအကောင့်တွေကို လေ့လာကြည့်တဲ့အခါမှာ စစ်တပ်ဝါဒဖြန့်အကောင့်တုတွေဆိုတာတွေ့ရတယ်” လို့ ရှမ်းပြည်အရေး လေ့လာသူတစ်ဦးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ရှမ်းမြောက်အရေးနဲ့ ပတ်သက်လို့ စစ်တပ်ဝါဒဖြန့်အကောင့်တွေ သတင်းမှားဖြန့်နေတဲ့ Group ပေါင်း ၂၀ ထပ်မနည်းရှိတယ်လို့ အဲဒီလေ့လာတွေ့ရှိသူက ပြောပါတယ်။

ဒါပေမယ့် စစ်တပ်ဝါဒဖြန့်အကောင့်တွေ၊ စစ်တပ်လော်ဘီတွေဟာ Facebook ပေါ်မှာ နေရာမရဘဲ သူတို့အများဆုံး ဝါဒဖြန့်တဲ့နေရာဟာ Telegram Channel တွေဖြစ်တယ်လို့ Burma Civil War Museum က သုတေသီ ကိုရဲဟိန်းအောင်က ပြောပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာ စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တွေဖြစ်တဲ့ Min Chit Oo, ရွှေနေကြာ စတဲ့ ချန်နယ်တွေကနေ ကိုးကန့်တပ်ဖွဲ့ MNDAA ဟာ ဗုဒ္ဓဘာသာကို ဦးတည်တိုက်ခိုက်နေတဲ့ အဖွဲ့တွေဖြစ်ကြောင်း ပုံဖော်ဝါဒဖြန့်ချိနေတာကို တွေ့ရတယ်လို့ Burma Civil War Museum ရဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလထုတ် လေ့လာမှုစာစဉ်အမှတ် (၆)မှာ သုံးသပ်ထားပါတယ်။

မြန်မာစစ်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးကတည်းက လူမျိုးရေး၊ ဘာသာရေး ဝါဒမှိုင်းတွေတိုက်ခဲ့ပြီး ဗုဒ္ဓဘာသာကို တိုက်တဲ့တိုက်ပွဲအသွင် ပုံဖော်ဖို့ကြိုးစားတာကို တွေ့ရတယ်လို့ Burma Civil War Museum က သုတေသီ ကိုရဲဟိန်းအောင်က သူ့ရဲ့ လေ့လာတွေ့ရှိချက်ကို ပြောပါတယ်။ အထူးသဖြင့် ကိုးကန့်တပ်ဖွဲ့ကို “ကွန်မြူနစ်ဘာသာမဲ့”တွေလို့ စွပ်စွဲပြီး ဘာသာရေးမှိုင်းတိုက်ဖို့ လုပ်ဆောင်နေတာကို တွေ့ရတယ်လို့ သူကဆိုပါတယ်။

ဇန်နဝါရီလ ပထမပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ဆီအောရွာကစေတီတစ်ခုကို ကိုးကန့်တပ်ဖွဲ့ဝင်တစ်ဦးက တူနဲ့ထုနေတဲ့ ဓာတ်ပုံထွက်လာပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီဟာ ဘက်ပေါင်းစုံကနေ အင်နဲ့အားနဲ့ ဝါဒဖြန့်ပြီး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ဖို့ လှုံ့ဆော်တာကို တွေ့ခဲ့ရပါတယ်။

စစ်ကောင်စီဝါဒဖြန့် မီဒီယာတစ်ခုဖြစ်တဲ့ အလဲဗင်းမီဒီယာဆိုရင် အဲဒီဓာတ်ပုံကို ကိုးကန့်တပ်ဖွဲ့ – MNDAA နဲ့ ပတ်သက်တဲ့ သတင်းတွေမှာ သတင်းအကြောင်းအရာနဲ့ မသက်ဆိုင်ဘဲ ထည့်သွင်းသုံးစွဲတာမျိုးကို မကြာခဏ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကိုးကန့်တပ်ဖွဲ့ဘက်က ဒီကိစ္စဟာ ဖျက်ဆီးတဲ့ စစ်သားရဲ့ ပုဂ္ဂိုလ်ရေးလုပ်ရပ်သာဖြစ်ပြီး MNDAA ဘက်က အမိန့်ပေးခြင်းမရှိကြောင်း ဇန်နဝါရီလ ၉ ရက်မှာ ထုတ်ပြန်ဖြေရှင်းပါတယ်။ လက်အောက်ငယ်သားတွေရဲ့ လုပ်ရပ်အတွက် တောင်းပန်ကြောင်းနဲ့ တရားခံကိုအရေးယူဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်တပ်ဟာ ဒီဖြစ်စဉ်ကို အခြေခံပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့အပေါ် ဘာသာရေးမှိုင်းတိုက်မှုတွေ အကြီးအကျယ်လုပ်ခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်မှာတော့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်အောင် စီစဉ်ခဲ့ပါတယ်။

စစ်ကောင်စီ စီစဉ်တဲ့ ဆန္ဒပြပွဲတွေမှာ သင်္ကန်းဝတ် ရဟန်းသံဃာအမည်ခံ ပုဂ္ဂိုလ်တွေကို အစဉ်အမြဲတွေ့ရပြီး သူတို့ရဲ့ဟောပြောချက်တွေထဲမှာ ဘာသာရေး၊ လူမျိုးရေးအမုန်းစကားတွေ လှိုင်လှိုင်သုံးထားတာကိုတွေ့ရတယ်လို့ သတင်းတု၊ သတင်းမှားနဲ့ အမုန်းစကားလှုံ့ဆော်မှုအပေါ် စောင့်ကြည့်လေ့လာသူတစ်ဦးကလည်း ပြောပါတယ်။

“သူတို့ရဲ့ ဟောပြောချက်တွေက သူတို့ရုံထားတဲ့ သင်္ကန်းနဲ့ ဘယ်လိုမှ မအပ်စပ်ဘူး။ ဒါက စစ်ကောင်စီရဲ့ ဘာသာရေးအပေါ်အသုံးချမှု သပ်သပ်ပဲ” လို့ သူက ပြောပါတယ်။

၁၀၂၇ နောက်ဆက်တွဲစစ်ဆင်ရေးစတင်ပြီး ဩဂုတ်လ ၃ရက်နေ့မှာ စစ်ကောင်စီရဲ့ စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်တဲ့ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် – ရမခကို ကိုးကန့်တပ်ဖွဲ့ ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့အခါမှတော့ စစ်ကောင်စီလော်ဘီတွေဟာ MNDAA ကို နည်းပေါင်းစုံနဲ့ တိုက်ခိုက်ပါတော့တယ်။

စစ်ဆေးရုံထဲက ကလေးသူငယ်တွေအပါအဝင် လူနာတွေကို သတ်ဖြတ်တယ်ဆိုပြီး ဝါဒဖြန့်တာ၊ ဩဂုတ်လ ၇ ရက်က ရန်ကုန်နဲ့ နေပြည်တော်မှာ MNDAA ကို ကန့်ကွက်ဆန္ဒပြပွဲတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီ ဆန္ဒပြပွဲမှာ ဟာသလူရွှင်တော်တစ်ဦးဖြစ်တဲ့ ငြိမ်းချမ်းနဲ့ အခြားလူရွှင်တော်တချို့လည်း ပါဝင်ခဲ့တာတွေ့ရပြီး စစ်တပ်လော်ဘီတို့ ပြုလုပ်နေကျ ဆန္ဒပြပွဲတွေအတိုင်း ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အမုန်းစကားတွေ၊ ဝါဒဖြန့် လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ကိုးကန့်တပ်ဖွဲ့ဝင်တွေကို ယူနန်-တရုတ်လို့ စွပ်စွဲပြီး လူမျိုးရေး ဝါဒမှိုင်းတိုက်တာကိုလည်း တွေ့ရပါတယ်။

စစ်တပ်ဟာ ဒီလို ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်စေဖို့ ရည်ရွယ်လုပ်ဆောင်မှုတွေကို ငွေကြေးနဲ့ လူအင်အားအများအပြားသုံးစွဲကာ စနစ်တကျ လုပ်ဆောင်နေတာဖြစ်ပြီး ဒီကိစ္စရပ်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက သတိထားပြီး အချိန်နဲ့တပြေးညီကိုင်တွယ်ဖို့ လိုတယ်လို့ စောင့်ကြည့်လေ့လာတဲ့အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။

Photo – MNDAA

MeKongNews

စစ်ကောင်စီ

ကိုးကန့်

ဆောင်းပါး

ရှမ်းမြောက်

ဝါဒဖြန့်

စစ်ရှုံး

တယ်လီဂရမ်

လူမျိုးရေး

ဘာသာရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now