တရုတ်နိုင်ငံရဲ့ ဘဏ်လုပ်ငန်းနယ်ပယ်ကြီးကတော့ အင်မတန်ကြီးမားတဲ့ အကျပ်အတည်းဆိုက်မှုကြီး ကြုံနေရပါ ပြီ။ ပြီးခဲ့တဲ့ ၇ ရက်ဆက်တိုက်အတွင်း ဘဏ်ပေါင်း ၄၀ အထိ ပျောက်ကွယ်သွားခဲ့ရပါပြီ။
Jiangxi Bank ကြီး လဲပြိုကျသွားခြင်းက တရုတ်ဘဏ်လုပ်ငန်းရပ်ဝန်းကြီးတစ်ခုလုံးကို စိုးရိမ်တကြီးဖြစ်စေရပါပြီ။ဒီအခြေအနေဟာ တစ်ကမ္ဘာလုံးက စီးပွားရေးကိုပါ ဆိုးဆိုးရွားရွားရိုက်ခတ်နိုင်တဲ့ အခြေအနေမျိုးဖြစ်ကြောင်း ကျွမ်းကျင်သူတွေ ဘက်ကလည်း သုံးသပ်နေကြတယ်။
ပြိုလဲသွားတဲ့ Jiangxi Bank ရဲ့ ကိုယ်စားအဖြစ် သတင်းမှတ်တမ်းသတင်းစဉ် ကို renminbao.com က ရေးသားထုတ်ပြန်ခဲ့ရာမှာ ဒေဝါလီခံတဲ့ ကောလာဟလသတင်းတွေကြောင့် ဒီဘဏ်နဲ့ ဆက်စပ် ရင်းနှီးအပ်နှံထားသူတွေကြားလည်း အုံးအုံးကြက်ကြက်ဖြစ်လို့။ Jiangxi Bank ကိုယ်တိုင်ကလည်း အစောပိုင်းကတည်းက ဘဏ်ကာစတန်မာတွေဆီကနေ ထုတ်ချေးရင်းနှီးမြှုပ်နှံမှုအမြတ်ဟာ ၃၀ ရာခိုင်နှုန်း လျော့ကျသွားဖို့ များတယ်ဆိုလို့ ပိုပြီး လှုပ်ခတ်မှုတွေ ဖြစ်ကုန်ကြတာပါ။
စီးပွားရေးပညာရှင်တွေကြားမှာလည်း တရုတ်က ဘဏ်တွေ ပြိုလဲမှုအကြောင်းပဲ ဆွေးနွေးပြောဆိုမှုတွေနဲ့ ပြည့် နှက်နေတယ်။ ပညာရှင်တွေက တရုတ်မှာရှိတဲ့ ဘဏ်တွေထဲက ဘဏ်ပေါင်း ၃၈၀၀ အထိဟာ အန္တရာယ် ဇုန်ထဲ ရောက်နေပြီလို့ ဆိုတယ်။
ဒီ ဘဏ် ၃၈၀၀ ရဲ့ ပိုင်ဆိုင်လည်ပတ်မှုငွေတင် ယွမ် ၅၅ ထရီလီယံ (ဒေါ်လာ ၇ . ၅ ထရီလီယံ) ရှိနေတယ်။ တရုတ်ဘဏ်အားလုံးက ပိုင်ဆိုင်မှုရဲ့ ၁၃ ရာခိုင်နှုန်း ရှိနေတာဖြစ်တယ်။ renminbao.com ကဖော်ပြတဲ့ ဆောင်းပါးမှာ ဒီအန္တရာယ်ဇုန်ထဲက ဘဏ်တွေဟာ ဆိုးရွားမှားယွင်းတဲ့ချေးငွေတွေ ထုတ်ချေးခြင်း ကြောင့် ကောင်းကောင်းမလည်ပတ်နိုင်ခဲ့တာ နှစ်တွေ တော်တော်ကြာခဲ့ပြီလို့လည်း သုံးသပ်ထားတယ်။
သူတို့ ထုတ်ချေးခဲ့တဲ့ ချေးငွေတွေက လုံး၀ ပျက်သုဉ်းလုနီးနေတဲ့ အိမ်ခြံမြေလုပ်ငန်းတွေနဲ့ ဒေသန္တရ အစိုးရအဖွဲ့တွေဆီ ထုတ်ချေးခဲ့လို့လည်း ဒုက္ခရောက်နေကြရတာလို့ ဆိုထားတယ်။ ဒီအိမ်ခြံမြေ လုပ်ငန်း ကျရှုံးသွားခြင်းကနေ ဘဏ် တွေရဲ့ ကျရှုံးခြင်းမှာ ပြန်လည်ကာမိအောင် မတတ်စွမ်းနိုင်ခဲ့ဘဲ ချေးငွေကနေ ပြန်ရဖို့မျှော်လင့်လျာထားမှုက လည်း ၄၀ ရာခိုင်နှုန်းအများဆုံးပဲ ပြန်ရနိုင်ခဲ့ကြတယ်။
တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး ကဏ္ဍအားလုံးမှာ ရိုက်ခတ် ပျက်စီးနေရတာကို တရုတ်အာဏာပိုင်တွေဟာ နောက်ကျမှ သိနိုင်ခဲ့ကြတာဟာလည်း အခြေအနေကိုပိုပြီး ဆိုး ရွားနေစေခဲ့ပါပြီ။
ကမ္ဘာ့စီးပွားရေးမီဒီယာကြီး The Economist က တရုတ်ဟာ မူလဘူတအဖြစ် ဘဏ်လုပ်ငန်းပြဿနာကို မဟာ ဗျူဟာကျကျကိုင်တွယ်ဖြေရှင်းရာမှာ အင်မတန်အတွေးတိမ်ခဲ့တယ်လို့ ထောက်ပြတယ်။
မကြာသေးခင်က ပြိုလဲ သွားတဲ့ ဘဏ် ၄၀ မှာ ၃၆ ဘဏ်က Liaoning ပြည်နယ်မှာ ရှိတယ်။ တစ်ခုက Liaoning ကျေးလက် စီးပွားရေး ဘဏ် အဖြစ်ပဲပါတယ်။ ဒါကြောင့် ဒီလောက် ဘဏ်အနည်းငယ်ပြိုလဲတာကို ဖြေရှင်းလို့ရတယ်ဆိုပြီး လျှော့တွက် ခဲ့တယ်လို့ ထောက်ပြဝေဖန်ခဲ့တယ်။ လက်ရှိ ခရစ်ပတိုငွေကြေးစျေးကွက်ကို လေ့လာတင်ပြတဲ့ Sigma G ဆိုသူ ကပါ တရုတ်နိုင်ငံတွင်းက ဘဏ်လုပ်ငန်းရပ်ဝန်းကြီးကို စိစစ်လေ့လာ သုံးသပ်တယ်။ ပထမဆုံး ဒီကပ်ဆိုက်မှု ဟာ အိမ်ခြံမြေလုပ်ငန်းတွေနဲ့ ဒေသန္တရအစိုးရ လုပ်ငန်းတွေမှာ ကြွေးမြီပြဿနာကြီးမားစွာနဲ့ လုပ်ငန်းကျရှုံးမှုတွေက နေ စလာတယ်လို့ သုံးသပ်ပြတယ်။
လုပ်ငန်းတွေက မနိုင်ချေးငွေ အကြွေးတွေ ပိပြီး ပြန်မဆပ်နိုင်တာတွေ ထပ် ကာထပ်ကာတွေဖြစ်လာစေတယ်။ ဒါကြောင့် ဘဏ္ဍာရေးအကျပ်အတည်းကို ဆိုက်စေခဲ့တယ်။ အိမ်ခြံမြေတန်ဖိုးများ ကျဆင်းခြင်းနဲ့ ဆောက်လုပ်ရေးပရောဂျက်တွေ ရပ်ဆိုင်းခြင်က စီးပွားရေးဖွဲ့စည်းပုံကို ယိမ်းယိုင်သွားစေတာလို့ Sigma G က ထောက်ပြဝေဖန်တယ်။
အောင်မြင်ဖြစ်ထွန်းခြင်းလုံး၀မရတဲ့ non-performing loans တွေကြောင့် ဘဏ်တွေကိုယ်တိုင်က ကြွေးပူကနေ ကယ်ထုတ်နိုင်မယ့် နည်းလမ်းပြသူ ပိုင်ဆိုင် မှုစီမံခန့်ခွဲရေးအကျိုးဆောင်ကုမ္ပဏီတွေဆီ အလုပ်ပြန်အပ်ကုန်ကြတယ်။ တည်ငြိမ်မှုပြန်ရမယ့် မျက်နှာစာတစ်ခု ကိုပြန်ဖော်ပြီး တည်နိုင်မလားကြိုးစားကြတာလည်း အလုပ်မဖြစ်ဘဲ ဘဏ်တွေ ဆက်တိုက်ပြိုလဲကုန်တယ်။
ဒီလောက် အကျပ်အတည်းတွေ မဖြေရှင်းနိုင်ချိန် တရုတ်အစိုးရက ဘဏ်တွေကို အသစ်စောင့်ကြည့်စေမယ့် အမျိုးသားဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စီမံခန့်ခွဲမှု (NAFR) အဖွဲ့ကို ပိုပြီး တင်းကျပ်တဲ့ပြစ်ဒဏ်ချမှတ်မှုတွေ တိုးမြှင့် ချုပ်ကိုင်ခဲ့ကြပါတယ်။
စာရေးတင်ပြသူဟာ တရုတ်စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်မှုနဲ့ တိုးတက်မှုအသွင်ဆောင်ခြင်းမျှော်မှန်းချက် Sina_21st သတိပေးချက်တွေကိုပါ ဆက်လက် ထုတ်ပြန်ပါတယ်။ တရုတ်အစိုးရရဲ့ ချေးငွေနဲ့ ခေတ်မီတိုးတက်ဖို့ တွန်းအားပေးတဲ့ ခေတ်ဟာ လက်ရှိမှာ ကျဆင်းလွန်းနေခြင်းက ကမ္ဘာ့စီးပွားရေးကိုပါ ရိုက်ခတ်ထိခိုက်စေမယ်လို့ တွက်ဆ သတိပေးခဲ့တယ်။ တရုတ်အစိုးရရဲ့ စီးပွားရေး ရည်မှန်း ချက်လက်ရှိဖော်ပြနေတဲ့ ဆုတ်ယုတ်မှုဟာ ဘဏ်စနစ်ကိုပါ ပြင်းထန်စွာ ကျဆင်းထိခိုက်စေပါတယ်။
ဒီအခြေအနေ ကလွတ်မြောက်နိုင်ဖို့ ငွေဖြစ်လွယ်မှု၊ စီးပွားရေးနှိုးဆွမှုနဲ့ မြင်သာထင်သာတဲ့ပိုင်ဆိုင်မှုတွေကို ခိုလှုံဖို့ပဲရှာဖွေလေ့ရှိ တဲ့ ရင်းနှီးမြှုပ်နှံသူတွေဆီက ငွေတွေ အများအပြား သုံးပြီး ပြန်လည်ဝင်ရောက် ရင်းနှီးဖြေရှင်းနိုင်မှသာလျှင် ပြန်အဖတ်ဆယ်နိုင်မှာမို့ ဒီလိုဖြစ်လာနိုင်ရေးကလည်း အထွတ်အထိပ် အကျပ်အတည်းမျိုးလို့မြင်ကြောင်း စာရေးသူက သတိပေးသုံးသပ်သွားပါတယ်။
The Economist ရဲ့ သုံးသပ်ထားမှုကို ထိပ်တန်းဘဏ္ဍာရေး စီမံမှုအဖွဲ့ S&P ကလည်း ထောက်ပြပြီး ဒီလိုဘဏ် အကျပ် အတည်းက ရုန်းထွက်ဖို့ တရုတ်ဟာ အနည်းဆုံး ၁၀ နှစ်အချိန်ယူရလိမ့်မှာဖြစ်ကြောင်း ဖြည့်စွက်သုံး သပ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း တရုတ်ဘယ်လောက်ကြီးမားတဲ့ အကျပ်အတည်းဆိုက်နေရသလဲဆိုတဲ့ တရားဝင် အချက် အလက်တွေကိုတော့ မဖော်ပြပဲနဲ့ပေါ့။ တရုတ်ပြည်သူ့ဘဏ်ကြီးရဲ့ ၂၀၂၃ အစီရင်ခံစာမှာတော့ တရုတ်ဘဏ်အားလုံးရဲ့ ၉၈ . ၂၈ ရာခိုင်နှုန်းသော ငွေကြေးတွေကို ထိန်းချုပ်ထားတဲ့ ဘဏ်ပေါင်း ၃၆၅၅ ဘဏ်က တော့ ဘေးကင်းပြီး အေးဆေးတဲ့ အခြေအနေမှာရှိတယ်လို့ ဆိုထားပါတယ်။ ဒုက္ခများတဲ့ ဘဏ်အများစုက ကျေး လက်ဘဏ်တွေနဲ့ ဘဏ်ငယ်၊ ဘဏ်အလတ်တွေမှာသာ ရှိတာပါလို့ ထုတ်ပြန်တယ်။ ဘဏ်ကြီးတွေက Rating အဆင့် ကောင်းတွေမှာ ရှိနေခြင်းဟာ စီးပွားရေး တည်ငြိမ်မှုကို ပြသတာလို့ တင်ပြသွားတယ်။
ဒါဆိုရင် ဘဏ်ငယ်လေးပေါင်းများစွာ မြို့ပေါင်းများစွာ၊ ပြည်နယ်ဒေသတစ်ခုလုံးနီးပါးမှာ အကြွေးနွံပင်လယ်ထဲ နစ်နေရခြင်းက ဘာတွေကို အကျိုးဆက်ဖြစ်စေမှာလဲ။ သေချာတာကတော့ လာမယ့်နွေဦးမှာ ဒေသန္တရ ကိုယ်စား ပြုအစိုးရ ကိုယ်စားလှယ်တွေဟာ ပေကျင်းကိုသွားပြီး ကြွေးမြီအဆင့် ဘယ်လောက်မြင့်တက်နေရပါပြီဆိုတာကို အစီရင်ခံရပါတော့မယ်။ ဗဟိုအစိုးရဘက်က ဘီလီယံပေါင်းများစွာချီ တင်ရှိနေတဲ့ အကြွေးတွေအကြောင်းပဲ ဖိအားပေးပြောဆိုဦးမှာပါ။ ဒီလို အထိုင်မကျတဲ့ အကြွေးမြီတွေတက်သထက်တက်လာခြင်းဟာ သက်ဆိုင်ရာ ဒေသန္တရစီးပွားရေးအပေါ် ပိုမို ကြီးမားတဲ့ ဖိအားတွေပဲ တစ်လှိုင်းပြီးတစ်လှိုင်း တက်လာစေပါလိမ့်မယ်။ ဒါဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသားစီးပွားရေးဖွံ့ဖြိုးလာစေရေးကို တိုက်ရိုက် ခြိမ်းခြောက်ပါတယ်။
တရုတ်က မြို့တော်တွေဟာ ကိုဗစ်ကပ်ဆိုး၊ အိမ်ခြံမြေလုပ်ငန်း ကပ်ဘေးတွေကြုံကတည်းက ကြွေးတွင်း နက် သထက်နက်နေရတာပါ။
ဒီမြို့တွေက ဆောက်လုပ်ရေးစီမံကိန်းတွေဟာ ကြွေးများစွာကိုပဲ ထိုင်ပေးနေရတယ်။ ဒီစီမံကိန်းတွေဆိုတာ ဒေသန္တရ အစိုးရက သူတို့ဒေသ ဖွဲ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ ထူထောင်ထားတဲ့ လုပ်ငန်းတွေဖြစ်တယ်။
ဒေသတွင်းပြည်သူတွေကို ကူညီနိုင်ဖို့ လုပ်ခဲ့ကြတဲ့ရည်မှန်းချက်တွေနဲ့ စခဲ့တာ။ ကိုဗစ် ကပ်ဆိုးဆိုက်ကလည်းက ဒေသန္တရ အစိုးရဟာ သူတို့ဒေသတွင်း ဖွဲ့ဖြိုးရေး အိမ်ယာစီမံကိန်းတွေမှာ ပါဝင် ရင်းနှီး မြှုပ်နှံနိုင်ခြင်း မရှိတော့ဘူး။ တစ်ပြိုင်တည်းမှာပဲ ဘဏ်တွေဆီက ချေးထားတဲ့ အစိုးရချေးငွေတွေကိုလည်း ပြန် ဆပ်နေရတုန်းပဲ။ အမေရိကန်အခြေစိုက် နိုင်ငံစုံ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းကြီး Goldman Sachs က တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ ဒေသန္တရဒေသတွေမှာ တင်ရှိနေတဲ့ ကြွေးမြီက ဒေါ်လာ ၁၃ ဘီလီယံရှိတယ်လို့ တွက်ချက်ဖော်ပြခဲ့တယ်။ ဒီကြွေးမြီတွေရဲ့ ခွဲတမ်းက တကယ်တမ်းပေးနေရတာ ပြည်သူ့ ငွေချေးစာချုပ်တွေက ဖြစ်တယ်။ ပြည်သူ့ချေးငွေစာချုပ်ဆိုတာ အစိုးရက ပြည်သူဆီက အပ်ငွေကို ချေးငွေ စာချုပ်မှာ မက်လုံးအတိုးပေးပြီး ယူလုပ်ထားတဲ့ ငွေတွေဟာ နိုင်ငံစီးပွားရေး စီမံကိန်းမှာ အကြွေးဗရပွ ဖြစ်နေခဲ့ပါပြီ။ ကျရှုံးမှုတိုင်းဟာ စီးပွားရေးတစ်ခုလုံးအပေါ် ဆိုးရွားစွာ သက်ရောက်မှုတွေ ရှိနေမှာပဲဖြစ်ပါတယ်။








