ဆောင်းပါး

နဂါးကြီးဘာကြောင့် နောက်ကျ – တရုတ်ရဲ့ ဆန်းသစ်တီထွင်မှုအကျပ်အတည်း ဝှက်စာ

မဲခေါင် 22 Jul - 2024
လင်းမောင် တရုတ်ဆိုတာ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ပြီး AI မူပိုင်ခွင့်တင်သွင်းလွှာတွေမှာလည်း ကမ္ဘာဦးဆောင် နိုင်ငံအဆင့်မှာရှိနေပါတယ်။ ဒါပေမဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းမှာ မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေတယ်။ အထင်ကြီးလောက်စေတဲ့ တိုးတက်မှုပြုယုဂ်ကတော့ ဟန်တစ်ခွဲသားနဲ့ ရှိနေပေမယ့် တကယ်တမ်း တီထွင်ဆန်းသစ်မှု ဒါမှမဟုတ် ထိရောက်စေမှုထက် အရင်းအနှီးနဲ့ မြင့်မားလွန်းတဲ့ နိုင်ငံကြွေးမြီတွေက AI စနစ် အမှတ်တကယ် တိုးတက်မှုမှာ အတားအဆီးတွေဖြစ်နေခဲ့တာပါ။ ထုတ်ကုန်တွေကို နိုင်ငံခြားနည်းပညာနဲ့ အခြေခံတည်ဆောက်လေ့ရှိပြီး ပြည်တွင်းကုမ္ပဏီတွေက ကြီးမားများပြားတဲ့ အစိုးရ ထောက်ပံ့မှုတွေ ယူပြီး အဆင့်မြင့်တင်မှုတွေ လုပ်တယ်။ ဗဟိုအစိုးရချုပ်ကိုင် စီစဉ်ထားတဲ့စနစ်မှာ ဆန်းသစ်တီထွင်မှု၊ ထုတ်ကုန်အရည်အသွေးထက် ပြည်သူ့ကဏ္ဍမျက်နှာသာကို တန်ဖိုးထားပြ၊ မှားယွင်းတဲ့မက်လုံးပေးမှုတွေနဲ့သာ ဖန်တီးနေကြတယ်။ ဆန်းသစ်တီထွင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေအပေါ် တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုက

လင်းမောင်

တရုတ်ဆိုတာ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ပြီး AI မူပိုင်ခွင့်တင်သွင်းလွှာတွေမှာလည်း ကမ္ဘာဦးဆောင် နိုင်ငံအဆင့်မှာရှိနေပါတယ်။

ဒါပေမဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းမှာ မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေတယ်။ အထင်ကြီးလောက်စေတဲ့ တိုးတက်မှုပြုယုဂ်ကတော့ ဟန်တစ်ခွဲသားနဲ့ ရှိနေပေမယ့် တကယ်တမ်း တီထွင်ဆန်းသစ်မှု ဒါမှမဟုတ် ထိရောက်စေမှုထက် အရင်းအနှီးနဲ့ မြင့်မားလွန်းတဲ့ နိုင်ငံကြွေးမြီတွေက AI စနစ် အမှတ်တကယ် တိုးတက်မှုမှာ အတားအဆီးတွေဖြစ်နေခဲ့တာပါ။ ထုတ်ကုန်တွေကို နိုင်ငံခြားနည်းပညာနဲ့ အခြေခံတည်ဆောက်လေ့ရှိပြီး ပြည်တွင်းကုမ္ပဏီတွေက ကြီးမားများပြားတဲ့ အစိုးရ ထောက်ပံ့မှုတွေ ယူပြီး အဆင့်မြင့်တင်မှုတွေ လုပ်တယ်။ ဗဟိုအစိုးရချုပ်ကိုင် စီစဉ်ထားတဲ့စနစ်မှာ ဆန်းသစ်တီထွင်မှု၊ ထုတ်ကုန်အရည်အသွေးထက် ပြည်သူ့ကဏ္ဍမျက်နှာသာကို တန်ဖိုးထားပြ၊ မှားယွင်းတဲ့မက်လုံးပေးမှုတွေနဲ့သာ ဖန်တီးနေကြတယ်။ ဆန်းသစ်တီထွင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေအပေါ် တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုက တကယ်တိုးတက်လိုရင်း သဘောသဘာဝနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာက နည်းပညာ နောက်ကျမှု ကိုပိုပြီး ဖြစ်တည်စေတာပါပဲ။ ဆန်းသစ်တီထွင်မှုပိုင်းမှာ တရုတ်ဟာ အလားအလာကောင်းတွေရှိပေမယ့် အာဏာရှင်စီးပွားရေးဖွဲ့စည်းပုံတွေကြောင့် တီထွင်ရသူတွေအပေါ် အင်မတန် ခက်ခဲမှုတွေကို ဖြစ်ပေါ်စေတာပါ။

တရုတ်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေး ထိပ်သီး နိုင်ငံအဖြစ် ရပ်တည်နေပြီး AI မူပိုင်ခွင့် တင်သွင်းမှု ဇယားမှာလည်း ထိပ်ဆုံးက ရပ်တည်နေပါသေးတယ်။ ဒါပေမဲ့ ဆန်းသစ်တီထွင်မှုစွမ်းရည်ပိုင်းကတော့ ပဟေဠိတစ်ခုအဖြစ် ရှိနေပါတယ်။ စစ်မှန်တဲ့ ဆန်းသစ်တီထွင်မှု ဒါမှမဟုတ် ထိရောက်မှု ထက် အရင်းအနှီးထည့်ဝင်မှုနဲ့ကြွေးမြီတွေသာ တိုးမြင့်လာခြင်းက လူများစွာကို ထိတ်လန့်စေမှုကြီးထွားလာစေခဲ့တယ်။ ထုတ်ကုန်တွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေက နိုင်ငံခြားနည်းပညာဆင်းသက်လာမှုတွေဖြစ်ပြီး ပြည်တွင်းကုမ္ပဏီတွေက ပံ့ပိုးမှုအများ ကြီးမားရယူ တီထွင်ထုတ်လုပ်ကြတယ်။ ဗဟိုက အုပ်ချုပ်ပြီး တရုတ်ကွန်မြူနစ်ပါတီက မက်လုံးလှည့်စားမှုတွေ ပေးလို့ ဆန်းသစ်တီထွင်မှုနဲ့ ထုတ်ကုန်ထူးချွန်ထက်မြက်ကောင်းမွန်စေဖို့ ထက် အများသူငှာ ကဏ္ဍခွင့်ပြုချက်ကို ဦးစားပေးတာကြောင့် လမ်းမှန်ပေါ် တည့်တည့်မလျှောက် လှမ်းနိုင်ဘူး။ ဆန်းသစ်တီထွင်မှုနဲ့ ချုပ်ကိုင် ခြယ်လှယ်မှုဆိုတဲ့ အနှစ်သာရက ပြောင်းပြန်အချိုးကျစေပါတယ်။ ဆန်းသစ်တီထွင်မှုပိုင်းမှာ တရုတ်ဟာ ငုပ်လျှိုးနေတဲ့ အလားအလာကောင်းတွေရှိပေမယ့် အာဏာရှင်ဆန်တဲ့ စီးပွားရေးဖွဲ့စည်းပုံတွေက တင်းကျပ်တဲ့အတားအဆီးတွေကို ဖြစ်စေတယ်။

ထုတ်ကုန်စွမ်းအားတိုးမြှင့်ဖို့ကိုသာ အဓိကထားပြီး အရည်အသွေးပိုင်းနဲ့ ထိရောက်မှုပိုင်းမှာ ပိုမိုအားနည်းနေတာ ကိုလည်း ဖုံးအုပ်ထားဖို့ ကြိုးစားတယ်။ တကယ်တမ်း တရုတ်စီးပွားရေး ဆန်းသစ်တီထွင်မှုပိုင်းဟာ ခိုင်မာတဲ့ အဆင့်ရှိမလားဆိုတာကတော့ ပိုင်းခြားသုံးသပ်ဖို့ ဒွိဟဖြစ်စေပါတယ်။ ဆန်းသစ်တီထွင်နိုင်စွမ်းတကယ်မြင့်တဲ့ စီးပွားရေးတိုးမြှင့်မှုတွေဟာ တကယ်တော့ ဆိုဗိယက်လို မြောက်ကိုရီးယားလို ထုတ်ကုန်သာမြင့်တက်ပြီး အရည် အသွေးပိုင်းကတော့ နိမ့်ကျရင်းကျဆင်းမှုတွေကိုသာ ဆက်လက်ဖြစ်တည်နေစေတာပါ။

အမှန်တရားကတော့ တရုတ်စီးပွားရေးဟာ အကန့်အသတ်ရှိနေတဲ့ တီထွင်ဆန်းသစ်မှုတွေကြား ကာလရှည်ကြာ ရုန်းကန်နေရပြီး ကျဆင်းခြင်းဘက်သာ ရောက်နေလို့ စီးပွားရေးပညာရှင်တွေက ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ထောက်ပြကြတယ်။ ကြွေးမြီအဆင့်တွေသာ တိုးသထက်တိုးလာနေပြီး လုပ်သားအင်အားပိုင်းကြောင့်မဟုတ်၊ ဗဟိုချုပ်ကိုင်မှုစနစ်အမှားကြောင့်သာ မြင့်မားတဲ့ ဆန်းသစ်တီထွင်မှု၊ အကျိုးသက်ရောက်မှုမျိုး မရရှိနိုင်တာ သိသာ ထင်ရှားလာတယ်လို့ ထောက်ပြကြတယ်။

တရုတ်နိုင်ငံရဲ့ မြန်နှုန်းမြင့် မီးရထားစနစ်ကအစ လည်ပတ်မှုစနစ်တွေ၊ လေကြောင်းဆိုင်ရာ နည်းစနစ်တွေအထိ ထုတ်ကုန်အမျိုးမျိုးဟာ နိုင်ငံခြားနည်းပညာတွေသာ အမြစ်တွယ်လျက်ရှိနေတာပါ။ ဒီ နိုင်ငံခြားနည်းပညာကို ပြည်တွင်းကုမ္ပဏီတွေက အစိုးရဆီက ပံ့ပိုးမှုအများကြီးယူပြီး ပိုမိုဖွံ့ဖြိုးဖို့ ထပ် တီထွင်ထုတ်လုပ်ကြတယ်။ အနှစ်သာရအားဖြင့် စီးပွားရေးကဏ္ဍတွေမှာ ကုန်ထုတ်စွမ်းအား မြှင့်တင်ခြင်းကြောင့် တိုးတက်စေတယ်ဆိုပေမယ့် တရုတ်စီးပွားရေးက လက်ရှိဗဟိုချုပ်ကိုင်မှုရှိနေတဲ့ စီမံကိန်းနဲ့အုပ်ချုပ်မှုအပေါ် ကြီးမားစွာ မှီခိုနေရပြီး ပုံပျက်နေတဲ့ မက်လုံးတွေပေးပြီး ဖန်တီးနေမှုဆီကိုပဲ ဦးတည်နေခဲ့တာဖြစ်ပါတယ်။

မော်စီတုံးရဲ့ Great Leap Forward ကာလအတွင်း သံမဏိထုတ်လုပ်မှုကို အရှိန်မြှင့်ဖို့ လမ်းညွှန်ချက်အကြောင်း ပုံပြင်တစ်ပုဒ်ရှိခဲ့ပါတယ်။ ထုတ်ကုန်ခွဲတမ်းတွေကို ပြည့်မီရေးသာ အဓိကဖြစ်လို့ ကြိုးပမ်းမှုသဏ္ဍန်ဟာ အိမ်သုံးပစ္စည်းကောင်းတွေ မီးဖိုချောင်မှာ ထင်းဖြစ်ခဲ့ရသလိုပဲ ဆိုတဲ့ဥပမာပေး ပုံပြင်ပါ။ အရေအတွက် များမျာသာ ထုတ်ရင်းက အရည်အသွေးညံ့ဖျင်းမှုကြောင့် စက်မှုတန်ဖိုးမရှိတဲ့ သတ္တုပစ္စည်းတွေ အဆင့်ကနေ သံမဏိ အဆင့်ကို မရောက်စေခဲ့လို့ စီမံကိန်းကြီး ကျရှုံးခဲ့ရတဲ့သမိုင်းက အထင်အရှားရှိခဲ့တယ်။ ဒါပေမဲ့ လက်ရှိ သမ္မတ ရှီကျင်းဖျင်နဲ့ ကွန်မြူနစ်ပါတီကတော့ ဘာပဲဖြစ်ဖြစ် ဗဟိုချုပ်ကိုင်မှုဆိုင်ရာ ညွှန်ကြားချက်တွေကိုပဲ ဒေသခံအဖွဲ့အားလုံး လိုက်နာမှုစေခြင်းကိုသာ အာသာငမ်းငမ်း လိုချင်နေလို့ အရည်အသွေးရှိတဲ့ တီထွင်ဆန်းသစ်မှုရှိတဲ့ ထုတ်ကုန်တွေ ဖြစ်မလာနိုင်ခဲ့တဲ့ မော်စီတုံးရဲ့ Great Leap Forward စီမံကိန်းလိုပဲ မအောင် မမြင်ဖြစ်စေတာပါပဲ။

တစ်ပြိုင်တည်းမှာပဲ တရုတ်မှာ ခေတ်ပြိုင်မြင်ကွင်းတစ်ခု ပေါ်လာတယ်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကို မြှင့်တင်ဖို့ ဘေဂျင်းအစိုးရရဲ့ ကြေငြာချက်ကြောင့် ကုမ္ပဏီတွေဟာ နည်းပညာနဲ့ ဆက်စပ်မှုမရှိပါဘဲ ဒီတစ်ပိုင်းလျှပ်ကူး (semiconductor) တွေထုတ်လုပ်ဖို့ အစိုးရအကူအညီအထောက်အပံ့များစွာ ရယူပြီး ထုတ်လုပ်ရေးလုပ်ငန်းတွေထဲ တစ်ဟုန်ထိုး ဝင်ရောက်လာကြတယ်။ ဒီ ထုတ်လုပ်မှုအရှိန်အဟုန်မြှင့်တဲ့ ရေစီးကြောင်းမှာ နောက်ပိုင်း မလွှဲမရှောင်သာတဲ့ ကျဆင်းမှုနဲ့ ဒေဝါလီခံမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတယ်။ ရှင်သန်ရပ်တည်နိုင်ခဲ့တဲ့ ကုမ္ပဏီကြီးတွေတောင် သူတို့ ဝမ်းရေးအတွက် အစိုးရရဲ့ ကြီးမားတဲ့ ထောက်ပံ့မှုတွေအပေါ် မှီခိုရင်း ဆက်လက်ရှင်သန်နိုင်တော့တဲ့ အဆင့်ကို ကျဆင်းသွားတယ်။

အခုတင်ပြခဲ့မှုတွေက တရုတ်ရဲ့ နိုင်ငံတော်အဆင့် ဆန်းသစ်တီထွင်မှု မြှင့်တင်ရေးကြိုးပမ်းချက်ရဲ့ ပြဿနာတွေ ဆိုတာ မီးမောင်းထိုးပြလိုက်ခြင်းပါ။ ဗဟိုက စီစဉ်ထားတဲ့ ဖွဲ့စည်းပုံမှာ လူကြိုက်များရေးကို ဦးစားပေး၊ မူဝါဒမှန်ကန်ကြောင်းသာ သက်သေပြဖို့ ကြိုးပမ်းခြင်းဟာ ဆန်းသစ်တီထွင်မှုနဲ့ အရည်အသွေးကို ကျဆင်းစေတဲ့ အထိ လွှမ်းမိုးခံနေရတာဖြစ်တယ်။ တရုတ်ကုမ္ပဏီကြီးတွေက ခိုင်မာတဲ့ဆန်းသစ်တီထွင်မှုနဲ့ ထိရောက်မှုတွေကို ပြသနေပေမယ့် ကြာလေ ငွေကြေးရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံတော်ပံ့ပိုးမှုအပေါ်သာ မှီခိုအားထားနေရကြောင်း၊ ကိုယ်တိုင်မရပ်တည်နိုင်ဘဲ အစိုးရကြွေးမြီကို အားကိုးပြီး အသက်ဆက်နေရကြောင်း ပေါ်လွင်လာတယ်။

တရုတ်နိုင်ငံမှာ မကြာခဏပြောလေ့ရှိကြတဲ့ စကားက နိုင်ငံရဲ့ ဆန်းသစ်တီထွင်မှုအရေးပါခြင်းဟာ တရုတ်ကွန်မြူ နစ်ပါတီနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ အားလုံးက ရှီကျင်းဖျင် ဘာတွေတွေးခေါ်နေသလဲဆိုတဲ့အပေါ်ပဲ အာရုံ စိုက်ကြ။ ဝန်ထမ်းတွေဟာ လုပ်ငန်းလိုအပ်ချက်နဲ့ တိုးတက်မှုအတွက် ကြိုးပမ်းအားထုတ်မှုတိုင်းမှာ ပါတီရဲ့ ညွှန်ကြားချက်နဲ့ ရှီကျင်းဖျင်ရဲ့ အလိုဆန္ဒ၊ အတွေးအခေါ်ကို သိဖို့ နေ့တိုင်း အချိန်တစ်စိတ်တစ်ပိုင်းပေးပြီး ဩဝါဒ ခံယူနေခြင်းကနေ အချိန်တွေပုပ်၊ အလုပ်တွေ မဖြစ်တာမျိုးဆိုတဲ့ အရပ်ပြော စကားပုံမျိုး ဖြစ်နေတာပါ။

ပြဿနာအစစ်က တရုတ်လူမျိုးတွေမှာ တစ်ဦးချင်းဖြစ်စေ၊ လူမျိုးတစ်မျိုးအနေဖြင့်ဖြစ်စေ ဆန်းသစ်တီထွင်နိုင်စွမ်းရှိပြီး ထူးထူးခြားခြားလုပ်ဆောင်နိုင်စွမ်းမရှိတာမျိုး မဟုတ်ပါ။ စိန်ခေါ်မှုမှာ တရုတ်နိုင်ငံရဲ့ အာဏာရှင်ဆန်တဲ့ စီးပွားရေးအကျိုးအမြတ်အတွက် မက်လုံးပေးခြင်း မူဘောင်ကိုသာ အသုံးပြုနေခြင်း၊ ပေးတဲ့ မက်လုံးတွေကလည်း အတုအယောင်တွေဖြစ်နေခြင်းက ဆန်းသစ်တီထွင်မှုကို အဟန့်အတားဖြစ်နေစေခဲ့ တာပဲဖြစ်ပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အမျိုးသားသိပ္ပံနှင့် နည်းပညာညီလာခံမှာ ရှီကျင့်ဖျင်က “သိပ္ပံနှင့်နည်းပညာဆိုင်ရာ လုပ်ငန်းတွေမှာ ပါတီဗဟိုကော်မတီရဲ့ ဗဟိုချုပ်ကိုင်မှုနဲ့အညီ စည်းလုံးညီညွတ်မှုဆိုင်ရာ ခေါင်းဆောင်မှုကို အားကောင်းစေဖို့ လိုအပ်ကြောင်း” နိုင်ငံပိုင် China Daily သတင်းစာက ဖော်ပြခဲ့တယ်။ ပါတီထိန်းချုပ်မှုအောက် မှာ ဆန်းသစ်တီထွင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို ထည့်သွင်းချဉ်းကပ်ခြင်းက လမ်းစဉ်အမှားသာဖြစ်တယ်။ ဆန်းသစ်တီထွင်မှုရဲ့ မွေးရာပါသဘောသဘာဝဆိုတာနဲ့ ပါတီရဲ့ တင်းကျပ်တဲ့ အာဏာရှင်စနစ်ဆိုတာ ပြဒါး တစ်လမ်း သံတစ်လမ်းသာဖြစ်ပါတယ်။

တုံ့ဆိုင်းနေပြီး ကုန်ထုတ်စွမ်းအား ကျဆင်းနေတဲ့ စီးပွားရေးမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ချုပ်ကိုင်မှုဟာ ဆန်းသစ်တီထွင်မှုအတွက် အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို မွေးမြူရမယ့်အစား ဖိနှိပ် ထိန်းချုပ်မှုကဏ္ဍတွေကိုသာ တိုးမြှင့်တောင်းဆိုပြီး အာဏာစက် ပိုပြင်းရှအောင် လုပ်နေခြင်းနဲ့သာ အလား သဏ္ဍာန် တူနေပါတော့တယ်။

# MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now