ဆောင်းပါး

အမေရိကန်ကို သွေးတိုးစမ်းဖို့အတွက်သာ တောင်တရုတ်ပင်လယ်မှာ ဟန်ရေးပြနေတဲ့ တရုတ်

မဲခေါင် 10 Jul - 2024
တောင်တရုတ်ပင်လယ်အရေးတင်းမာမှုတွေဟာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်တိုက်ကြုံဆုံးနေခြင်းနဲ့အတူ အရှိန် အဟုန်ဆက်လက်မြင့်တက်နေပါတယ်။ အရေးပါလှတဲ့ ကုန်သွယ်ရေကြောင်းဇုန်မှာ ပြီးခဲ့တဲ့လပိုင်းအတွင်း တရုတ် နဲ့ ဖိလစ်ပိုင်တို့ ထိပ်တိုက်တွေ့ဆုံမှုပေါင်းကြိမ်ဖန်များစွာ ဖြည်ခဲ့တယ်။ ပထဝီနိုင်ငံရေးအခြေအနေက ဒေသတွင်း မှာ ပြိုင်ဆိုင်မှုပိုမိုကြီးထွာလာခဲ့ပါပြီ။

လင်းမောင်

တောင်တရုတ်ပင်လယ်အရေးတင်းမာမှုတွေဟာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်တိုက်ကြုံဆုံးနေခြင်းနဲ့အတူ အရှိန် အဟုန်ဆက်လက်မြင့်တက်နေပါတယ်။ အရေးပါလှတဲ့ ကုန်သွယ်ရေကြောင်းဇုန်မှာ ပြီးခဲ့တဲ့လပိုင်းအတွင်း တရုတ် နဲ့ ဖိလစ်ပိုင်တို့ ထိပ်တိုက်တွေ့ဆုံမှုပေါင်းကြိမ်ဖန်များစွာ ဖြည်ခဲ့တယ်။ ပထဝီနိုင်ငံရေးအခြေအနေက ဒေသတွင်း မှာ ပြိုင်ဆိုင်မှုပိုမိုကြီးထွာလာခဲ့ပါပြီ။

ကျွမ်းကျင်သူ၊ လေ့လာသူတွေကတော့ တရုတ်ရဲ့ တောင်တရုတ်ပင်လယ်အတွင်း လှုပ်ရှားမှုတွေရဲ့ အဓိက ဗျူဟာ ကတော့ အမေရိကန်နဲ့ မဟာမိတ်တွေ ဘယ်လိုတုံ့ပြန်လာမလဲဆိုတာကို တိုင်းတာနိုင်စေဖို့ ရည်ရွယ်နေတာသာ ဖြစ်ကြောင်း သုံးသပ်နေကြတယ်။ တစ်ဖက်မှာလည်း ကွန်မြူနစ်စနစ်ကို ဆက်လက်ကျင့်သုံးနေတဲ့ တရုတ်ဟာ စီးပွားရေးအရ အင်မတန်အရေးပါတဲ့ တောင်တရုတ်ပင်လယ်ကို ပိုင်စိုးဖို့ စစ်အင်အားတွေ ဖြန့်ကျက်ချထားတဲ့ အထိ အထူး အာရုံစိုက် လုပ်ဆောင်နေတယ်။

ဒါကြောင့် တောင်တရုတ်ပင်လယ်ကို တင်းမာမှုများရဲ့ လှုံ့ဆော်ရာ အပူရပ်ဝန်းကြီးလို့ ကင်ပွန်းတပ်ကြတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာပဲ တရုတ်နဲ့ ဖိလစ်ပိုင် သင်္ဘောတွေအကြား မျက်နှာချင်းဆိုင်တင်းမားမှုတွေ အများအပြားဖြစ်ခဲ့တယ်။ ထင်ရှားတဲ့ ဖြစ်စဉ်ထဲက တစ်ခုအဖြစ် ဇွန် ၁၇ ရက်က စပရက်တလေကျွန်းအနီး ဒုတိယ သောမတ်စ်ငါးဖမ်းဇုန်မှာ နှစ်ဖက် ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်မှုတွေပါ ဖြစ်ခဲ့ပြီး ဖိလစ်ပိုင် ရေတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရ၊ ရေတပ် မော်တော်ဘုတ်တွေ၊ သင်္ဘောတွေ ပျက်ဆီးမှုဖြစ်ပွားခဲ့တယ်။ ဖိလစ်ပိုင်ဘက်က ထုတ်ပြန်ချက် အရ တရုတ် သင်္ဘောတွေနဲ့ ဖိလစ်ပိုင်သင်္ဘောတွေ ငါးဖမ်းဇုန်ထဲ အချင်းများတိုက်ခိုက်မှုကနေ ဒီလိုဖြစ်ရတာလို့ သိရတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီဖြစ်စဉ်မှာ ဖိလစ်ပိုင်ဘက်ကသာ ရည်ရွယ်ချက်ရှိရှိနဲ့ အန္တရာယ်ကို ဖြစ်ပွားစေအောင် သူတို့ ရေယာဉ်တွေကို ကျူးကျော် တိုက်ခိုက်ရာက ပြဿနာ စတင်ဖြစ်ပွားတယ် လို့ ထုတ်ပြန်သွားတယ်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တရုတ်ရဲ့ လုပ်ရပ်ကသာ တရားမဝင်တဲ့ ကြမ်းတမ်းသော လုပ်ရပ်ဖြစ်တယ်လို့ တုံ့ပြန်တယ်။

၂၀၁၆ ခုနှစ်က ကုလသမဂ္ဂ မဟာမိတ်အဖွဲ့ဖြစ်တဲ့ နယ်သာလန်နိုင်ငံ The Hague (နိုင်ငံတကာတရားရုံး) ကနေ ဒုတိယသောမတ်စ်ကျွန်း ငါးဖမ်းဇုန်နဲ့ပတ်သက်လို့ အငြင်းပွားမှုမှာ ဒီဇုန်ဟာ တရုတ်ပိုင် မဟုတ်ဘဲ ဖိလစ်ပိုင်ရဲ့ အထူးစီးပွားရေးဇုန်ပိုင်နက်ထဲပါတယ်လို့ သတ်မှတ်ပေးခဲ့ပါတယ်။ ဒါကို တရုတ်ကွန်မြူနစ်ပါတီက လက်မခံခဲ့ဘဲ တောင်တရုတ်ပင်လယ် နယ်ပယ်အားလုံးနီးပါး သူတို့အပိုင်သာဖြစ်တယ်လို့ နိုင်ငံတော် မူဝါဒချမှတ်ပြီး အိမ်နီးချင်း နိုင်ငံငယ်တွေအပေါ် ဖိအားပေး အကျပ်ကိုင်ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်နေကြတာပဲဖြစ်ပါတယ်။

မီယာမီတက္ကသိုလ် အမေရိကန်-တရုတ် ဆက်ဆံရေးနဲ့ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဂျွန်တူဖယ်ဒရေးယားကတော့ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖိလစ်ပိုင် တင်းမာမှုအခြေအနေကို ဒီလို သုံးသပ်သွားတယ်။ တရုတ်ဟာ ဟိုးအရင်ကတည်းက ဖိလစ်ပိုင်ရေပိုင်နက်မှာ ဖိအားပေးအနိုင်ကျင့်မှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေ ခဲ့တာဖြစ်တယ်။ ဖိလစ်ပိုင်မှာ သမ္မတ ဒူတာတေးလက်ထက် မူဝါဒမှာ တရုတ်နဲ့ အမေရိကန်ယှဉ်လာရင် တရုတ် ကို ဦးစားပေး၊ မျက်နှာသာပေးမှုတွေကို အကြိမ်ပေါင်းများစွာ ပိုအသုံးပြုခဲ့တယ်။

ဒါကြောင့်ပဲ အမေရိကန်နဲ့ ဖိလစ် ပိုင်ကြား ဆက်ဆံရေးအခြေအနေဟာ တော်တော်ကျဆင်းသွားခဲ့ရတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာ ဖိလစ်ပိုင်ခေါင်း ဆောင်အဖြစ် ဖာဒီနန်မားကို့စ်ဂျူနီယာတက်လာပြီးနောက် မူဝါဒ ပြန်လည်ပြောင်းလဲမှုတွေ ရှိလာတယ်။ မားကို့စ် က တရုတ်ကို တွန်းလှန်ဖို့၊ ခုခံဖို့ ကြိုးပမ်းမှုတွေကို လုပ်ဆောင်ချင်နေကြောင်း သတင်းရင်းမြစ်တချို့ထံကနေ သိရှိ ရတယ်လို့ တူဖယ်ဒရေးယားက သုံးသပ်တယ်။

ဒါပေမဲ့လည်း အကန့်အသတ်အတိုင်းအတာက ရှိနေတာကို ထိန်း သိမ်းနေရတယ်။ အမေရိကန်ဘက်က ဘယ်လောက် ပဏာမအတိုင်းအတာမျိုးနဲ့ ဖိလစ်ပိုင်ကို ထောက်ပံ့ကာကွယ် ပေးနိုင်မလဲဆိုတာ သေချာ မခန့်မှန်းနိုင်သေးတာကြောင့်လည်း ဖြစ်တယ်။ ဒါကြောင့် အမေရိကန်နဲ့ လျှို့ဝှက် စေ့စပ်ဆွေးနွေးမှုတွေကို တရားဝင် လူသိရှင်ကြား မထုတ်ပြန်ဘဲ တိုးတိုးတိတ်တိတ် လုပ်ဆောင်နေတယ်။ ဘာကြောင့်လည်းဆိုတော့ အမေရိကန်ဟာ လက်ရှိမှာ ရုရှား-ယူကရိန်း၊ အစ္စရေး – ဟားမက်စ် စစ်ပွဲကြီး နှစ်ခု ကြားဝန်ရိုးအဖြစ် ပါဝင်အားဖြည့်နေရလို့ ဖိလစ်ပိုင်ဘက် ဘယ်လောက် ထောက်ပံ့ကာကွယ်ပေးနိုင်မလဲဆိုတာကို သံသယရှိပြီး အကြွင်းမဲ့ မယုံရဲတဲ့အနေထားဖြစ်နေတာ မားကို့စ်ဘက်က တွက်ဆနေရတယ်။

တခြားသော နိုင်ငံရေးကျွမ်းကျင်သူတွေကတော့ တရုတ်ဟာ တောင်တရုတ်ပင်လယ် ဖိလစ်ပိုင်နဲ့တင်းမာမှုအရေး မှာ နှစ်လမ်းခွကြည့်တယ်။ တစ်လမ်းက တောင်တရုတ်ပင်လယ် ဖိလစ်ပိုင်ပိုင်နက်ဆိုတဲ့ ဇုန်အပြင်မှာ စစ်ရေးလေ့ ကျင့်မှုတွေ အင်အားပြလုပ်ဆောင်တယ်။ တစ်ဖက်ကလည်း ဖိလစ်ပိုင် အထူးစီးပွားရေးငါးဖမ်းဇုန်ထဲပါ ဝင်ပြီး စိုးမိုးခြယ်လှယ်အနိုင်ကျင့်ခြင်းနဲ့ ဩဇာလွှမ်းမိုးနိုင်ဖို့ လုပ်ဆောင်တယ်။

ဒီပင်လယ်ရေကြောင်း အငြင်းပွားမှုဖြစ်တည်မှုကြောင့် ဇွန် ၁၉ ရက်နေ့က ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အင်းနရစ်မာနာလိုက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ဖုန်းဆက်သွယ်ပြီး ပြောဆို ဆွေးနွေး ကြတယ်။ ဘလင်ကန်ဘက်က အမေရိကန်ဟာ ရှိရင်းစွဲ ဖိလစ်ပိုင်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ စာချုပ်အရ အပြန်အလှန်အကာအကွယ်ပေးရမယ်ဆိုတဲ့ မူဝါဒကို မယိမ်းမယိုင် ဆက်လက် ကိုင်စွဲထားကြောင်း ပြောကြားခဲ့ တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တယ်။

၂၀၂၃ ခုနှစ် မေလထဲမှာ မစ္စတာမားကို့စ်ဟာ အမေရိကန်ကို သွားတယ်။ နှစ်နိုင်ငံစလုံးရဲ့ ကာလရှည်ကြာ လုံခြုံ ရေးမဟာမိတ်အဖြစ် ချမှတ်ထားတဲ့ ဆက်ဆံရေးကို တိုးမြှင့်ဖို့ ကြိုးပမ်းတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဖိလစ်ပိုင်နိုင်ငံအပေါ် အမေရိကန်သဘောတူထားတဲ့ ကာကွယ်ရေး ကတိကဝတ်တွေဟာ ယိမ်းယိုင်လို့ မရကြောင်း ဖွင့်ဟခဲ့တယ်။ ဒူတာတေးလက်ထက်က တရုတ်ဘက် သိသိသာသာ ဦးစားပေးဆက်ဆံခဲ့မှုကြောင့် အမေရိကန်ရဲ့ ဖိလစ်ပိုင်အပေါ် ထားတဲ့ ကတိကဝတ် (တခြားနိုင်ငံက စော်ကားတိုက်ခိုက်လာရင် ပြန်တိုက်ပေးရ မယ်ဆိုတဲ့ ကတိကဝတ်)ဟာ အားပျော့လာခဲ့ပါတယ်။ ဒါပေမဲ့ မားကို့စ်လက်ထက် အမေရိကန်ကို ပြန်အားကိုးလာ ချိန်မှာတော့ အမေရိကန်ဘက်က မဟာပြိုင်ဘက် တရုတ်ကို ဖိလစ်ပိုင် တွန်းလှန်ဖို့ အစွမ်းကုန်သော လက်တွေ့ ကူညီမှုတွေ လုပ်ဆောင်ပေးသွားဖို့ ပြန်လည် ပြင်ဆင်လာခဲ့တယ်။

တောင်တရုတ်ပင်လယ်ထဲမှာ အရင်က အမေရိကန်အခြေချခဲ့တဲ့ ဆူဘစ်ပင်လယ်ကွေ့ စခန်းဟာလည်း၁၉၉၂ မှာ ရပ်ဆိုင်းခဲ့လို့ မရှိတော့ တာကြောင့် တရုတ်ရဲ့ အမေရိကန်အပေါ် စိန်ခေါ်မှုကလည်း မြင့်တက်လာလို့ အမေရိကန် ဟာလည်း တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်နဲ့ အနီးကပ်ဆုံးပြန်ပေါင်းပြီး ခြေကုပ်ရဖို့ လိုနေပြီဖြစ်ပါတယ်။

တရုတ်ဘက်ကလည်း ဖိလစ်ပိုင်ကို ကျူးကျော်တိုက်ခိုက်ရင် အမေရိကန်က ဝင်တိုက်ပေးရမယ်ဆိုတဲ့သဘော တူစာချုပ်ရှိတာ သိထားတော့ ဒီလောက်မိုက်မဲဖို့မရှိဘဲ ပါးနပ်စွာနဲ့ ခြေလှမ်းကို တစ်လှမ်းချင်း မသိမသာ တိုးဖို့ပဲ ရှိမယ်။ စစ်ဖြစ်ဖို့ ထိပ်တိုက်ရင်ဆိုင်ဖို့ လုပ်မှာမဟုတ်ဘူး။ တကယ်တမ်း အာရုံစိုက်နေရပြီး စစ်ပွဲဖြစ်နိုင်တာက ဖိလစ်ပိုင်နဲ့ ဝေးလွန်းတဲ့ ထိုင်ဝမ်ကျွန်းအရေးသာရှိတယ်။ ဒါကြောင့် တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ စစ်ရေး အင်အားပြမှု၊ ခြိမ်းခြောက်စိုးမိုးမှုတွေရဲ့ အဓိက ခြေလှမ်းက ထိုင်ဝမ်ကို အမေရိကန် စွက်ဖက်ကာကွယ်မှု လျှော့ကျစေရေးကိုပဲ အဓိက ရည်ရွယ်ပါတယ်။ အမေရိကန်ဟာ သူ့ မဟာမိတ်နိုင်ငံတွေအပေါ် ဘယ်လောက် အကာအကွယ်ပေးနိုင်မလဲ၊ လုံခြုံမှုပေးနိုင်မလဲဆိုတာကို ချင့်တွက်ဖို့အတွက် ဖိလစ်ပိုင်အပါ အရှေ့တောင်အာရှ က နိုင်ငံငယ်တွေအပေါ် ဖိအားပေးလိုက်၊ မယုတ်မလွန်ပြန်လျှော့လိုက်သာ လုပ်နေခြင်းဟာ အမေရိကန်ကို သွေးတိုး စမ်းခြင်းသာဖြစ်တယ်။

ဒါကြောင့်လည်း အမေရိကန်ဟာ ဖိလစ်ပိုင်ဘက်က မဟာမိတ်ဆက်ဆံရေး ထပ်မံတိုးမြှင့်ဖို့ မားကို့စ်ရဲ့ ကမ်းလှမ်း မှုကို သဘောတူလက်ခံလိုက်ခြင်းဟာ တရုတ်လာရောက်တိုက်ခိုက်ဖို့ မရှိတဲ့ ဖိလစ်ပိုင်ကို ကာကွယ်ရေးထက် သံတမန်ဆက်ဆံရေး ဖြတ်တောက်ထားပြီးမှ စစ်ရေးအထောက်အကူ အားလုံးပေးနေတဲ့ ထိုင်ဝမ်ကို ဆက်လက် ထောက်ပံ့ အနီးကပ်စောင့်ကြည့်ရေးအတွက် အခြေစိုက်နေရာ အခိုင်အမာချဖို့အတွက်သာ ဖိလစ်ပိုင်နဲ့ ဆက်ဆံ ရေးပြန်လည် မြှင့်တင်ခဲ့တာမျိုးပဲဖြစ်ပါတယ်။ တရုတ်ဘက်ကလည်း တောင်တရုတ်ပင်လယ်က ရေပိုင်နက်အပေါ် သွေးတိုးစမ်း ထိပါးပြနေခြင်းဟာ အမေရိကန်ဘက်က ဘယ်လို ဘယ်အတိုင်းအတာ တုံ့ပြန်လာနိုင်မလဲဆိုတာကို ပဲ ချင့်တွက်ချင်တဲ့ သဘောနဲ့ လုပ်ဆောင်နေခြင်းမျိုးသား ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now