ဆောင်းပါး

ပွယ်လူးဖိုင်(ဒုံးလွှတ်ပွဲ)

မဲခေါင် 6 Jun - 2024
မုန်..မုန်. မုန်ချပ်.မုန်… စည်းချက်မှန်မှန်နဲ့ ပအိုဝ်းရိုးရာ အိုးစည်သံတွေနဲ့အတူ ရွှင်လန်းမြူးကြွဖွယ် "ပွယ်လူးဖိုင်" သီချင်းသံတွေနဲ့ အမိုးတို့တတွေ ရိုးရာအိုးစည်ကို တီးခတ်ရင်း ပျော်ရွှင်စွာကခုန်နေကြပါတယ်။

OoPauk

မုန်..မုန်. မုန်ချပ်.မုန်… စည်းချက်မှန်မှန်နဲ့ ပအိုဝ်းရိုးရာ အိုးစည်သံတွေနဲ့အတူ ရွှင်လန်းမြူးကြွဖွယ် “ပွယ်လူးဖိုင်” သီချင်းသံတွေနဲ့ အမိုးတို့တတွေ ရိုးရာအိုးစည်ကို တီးခတ်ရင်း ပျော်ရွှင်စွာကခုန်နေကြပါတယ်။

ရွာနီးစပ်ချုပ် အပါအဝင် ဒေသအသီးသီးက မီးလုံးဝါသနာရှင်တွေအပြင် တစ်ရွာလုံး လူကြီးလူငယ်၊ အဘိုး၊ အဘွားအိုတွေကအစ ရွာပြင်ကွင်းပြင်ကျယ်ကြီးထဲမှာ ကျင်းပတဲ့ လူးဖိုင်း(မီးရှူး၊ ဒုံးလွှတ်)တဲ့ပွဲကို ရောက်ရှိလာနေကြတာဖြစ်ပါတယ်။

ပအိုဝ်းရိုးရာဖြစ်တဲ့ လူးဖိုင်း မီးလုံးလွှတ်ပွဲမှာတော့ ပြိုင်ပွဲဝင်အသီးသီး ရင်ခုန်သံကိုယ်စီနဲ့ ခြေစုံလက်စုံမြှောက်လို့ အိုးစည်သံ စည်းချက်နဲ့အတူ အော်ဟစ်ကခုန်ရင်း ပျော်မြူးနေမှုက တစ်နှစ်မှာ တစ်ကြိမ်သာကျင်းပတဲ့ ပွဲရဲ့ လွတ်လပ်မှု ပျော်ရွှင်မှုအရသာ ဖြစ်ပါတယ်။

ရွာက မီးဆရာနှင့် ဦးဇင်းပြားတို့က သူတို့အစုထည့်ဝင်ထားတဲ့ မီးလုံးကို မီးစာတပ်ရှို့လွှတ်ချိန်မှာတော့ မီးရှူးလွှတ်တဲ့တကွင်းလုံး “ဝေးးးး”ဆိုတဲ့ အားပေးကခုန်သံတွေကြား တိုးလို့ပေါ်ထွက်လာသလို မီးခိုးလုံးတွေ အလိပ်လိုက်တက်လာပြီးနောက်မှာတော့ အထက်ကောင်းကင်ယံ မိုးသားတိမ်တိုက်ထဲကို “ရှူး…” ဆိုတဲ့ မီးလုံးအသံကျယ်လောင်စွာနဲ့ တိုးဝင်သွားသည်ကို မြင်တွေ့ရသူ တစ်ရွာလုံးဝမ်းသာအားရ အော်ဟစ်ဆူညံသံက ပတ်ဝန်းကျင်တွင်မက မိုးလုံးညံမျှ လွှမ်းခြုံလို့သွားပါတော့တယ်။

ဤသည်ကား ရှေ့ယခင် ဘိုး၊ ဘေးလက်ထက်ကတည်းက ကျင်းပလာတဲ့ ပအိုဝ်းရိုးရာ “မီးလုံး” ခေါ် “လူးဖိုင်”ပြိုင်ပွဲ၏ အသံတို့ပေတည်း။ “ပွယ်လူးဖိုင်” ခေါ် “မီးလုံး” ပြိုင်ပွဲကို မည်သည့်အချိန်၊ မည်သည့်ကာလက မည်သူတွေက စတင်ခဲ့သည်ကို မသိပေမယ့် ပအိုဝ်းဖိုးဖွားတို့က သူတို့ရဲ့ အဖိုး၊ အဖွားလက်ထက်သာမက လက်ရှိ သက်ကြီးရွယ်အို အဖိုးအဖွားတွေကိုယ်တိုင်က ၄င်းတို့ ငယ်စဉ်ကတည်းက ရှိခဲ့၊ ကျင်းပခဲ့တာလို့ ပြောကြတယ်။

တောင်ကြီးမြို့က စာရေးဆရာအသင်းဝင် ဒေါက်တာအောင်ကျော်(သွားဆရာဝန်)ကတော့ ဦးကျော်ကျော်ဝင်း(စွယ်တော်ရိပ်)ရိုက်ကူးတဲ့ “ပျော်ရွှင် ဆင်နွှဲ လုဖိုင်ပွဲ” မှတ်တမ်းဗီဒီယိုတွင် ရှေးမြန်မာမင်းများလက်ထက်ကပင် ကျင်းပခဲ့တယ်လို့တော့ ရေးသားမှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။

“အင်းဝခေတ် ရှေးမြန်မာမင်းတွေလက်ထက် မြစ်တစ်ဘက်ကမ်းက ပစ်လွှတ်တာကို တစ်ဘက်ကမ်းက မင်းခမ်းမင်းနားနဲ့ ပွဲခံရှုစားခဲ့ကြတယ်”လို့ မီးလုံးခေါ် လူးဖိုင်ပွဲ၏ ရှေးဦးအကျဆုံး ကျင်းပမှုကို ကြည့်ခြင်းအရ မြန်မာလူမျိုးတွေမှာလဲ မီးလုံးပွဲတွေ ကျင်းပခဲ့ကြတယ်လို့ ကောက်ယူရတော့မယ်။

မီးလုံးပွဲကို စိုက်ပျိုးသီးနှံများအတွက် မိုးကောင်းစေရန် မိုးခေါ်ပွဲအဖြစ် ကျင်းပလေ့ရှိကြတာဖြစ်ပြီး အထက်မိုးကောင်းကင် တိမ်တိုက်ထဲကို မီးလုံးကို ပစ်လွှတ်ခြင်းဖြင့် မိုးရွာသွန်းစေသည်ဟု အယူရှိကြတယ်။ ဒီလို မီးရှူးလွှတ်တင်တဲ့ ပွဲတွေကို စိုက်ပျိုးချိန် မိုးရာသီမရောက်ခင် ကျင်းပလေ့ရှိကြတာဖြစ်ပါတယ်။ ကျင်းပတဲ့နေရာတွေကိုတော့ ရှမ်းပြည်နယ်အတွင်းက ဒေသတွေအပြင် ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ဘက်ခြမ်း မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာလဲ ကျင်းပတဲ့ အလေ့အထတွေ ရှိကြပါတယ်။

“အနောက်နိုင်ငံတွေမှာတော့ တိမ်တိုက်တွေဖန်တီးပြီး မိုးရွာစေသလို ဒီလူးဖိုင် မီးလုံးကိုတိမ်တိုက်ထဲ ပစ်လွှတ်လို့ Energy ရပြီး မိုးရွာစေတာ”လို့ ဒေါက်တာ အောင်ကျော်က ပြောသည်။

မိုးခေါ်ပွဲကို အောက်ပြည်အောက်ရွာမှာ လွန်ဆွဲပွဲတွေ လုပ်ကြတဲ့ ဓလေ့တွေရှိသလို ရှမ်းပြည်တောင်ပိုင်းမှာတော့ မီးလုံးခေါ် လူးဖိုင်ပွဲကို ယဉ်ကျေးမှုဓလေ့ တစ်ရပ်အဖြစ် ကဆုန်၊ နယုန်လတွေမှာ ကျင်းပကြလေ့ရှိကြပါတယ်။ လပြည့်၊ လကွယ်ရက်တွေကို ရည်မှန်းပြုလုပ်ကြပေမယ့် မီးလုံးအရေ အတွက်များရင်များတဲ့အလျောက် ပြိုင်ပွဲဝင်မီးလုံးအရေအတွက် ကုန်တဲ့အထိ တစ်ပတ်၊ ၁ဝရက်ကြာ ကျင်းပကြတာဖြစ်ပါတယ်။

ကျင်းပတဲ့ ဒေသတွေအနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်းဒေသ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းဒေသတွေအပြင် တောင်ကြီး၊ ပင်းတယဘက် တွေမှာလည်း ကျင်းပကြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ နမ့်စမ်မြို့နယ်၊ နမ့်နိမ့်ကျေးရွာအုပ်စု၊ တွန်တီးရွာက တအာင်း(ပလောင်)အနွယ်ဝင် ယင်းကျားလူမျိုးစုတွေဆို နှစ်စဉ် ကဆုန်လကွယ်နေ့တိုင်း မီးလုံးလွှတ်ပွဲ ပြုလုပ်ကြတာပါ။

အင်းလေးဒေသက အနောက်ဘက်ခြမ်း ဥဒေါင်းတောင်ဘက်သွားလမ်းမှာရှိတဲ့ ကျားတွန်ရွာက တောင်ရိုးတွေလည်း နှစ်စဉ်လို မီးလုံးပြိုင်ပွဲပြုလုပ်ကြသည်ဟု ဒေါက်တာအောင်ကျော် က ပြောသည်။

ရှေ့ယခင်ကတည်းက သီးနှံတွေကောင်းမွန်ဖို့ ရည်ရွယ်ပြီး ရိုးရိုးပစ်လွှတ်တာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ပြိုင်ပွဲအနေနဲ့ ဒေသချင်းချင်း ရွာအချင်းချင်း ပြိုင်လာကြတာဖြစ်ပြီး ငွေကြေးအရ သိန်းထောင်ချီ လောင်းကြေးမြင့်မားလာတာတွေရှိတယ်လို့ အောင်ပန်းဒေသခံ ဦးခွန်အောင်ကပြောသည်။ “ပြီးခဲ့တဲ့ ၂၀၂၃ မှာ တောင်ကြီးမြောက်ဘက်က ပေါမူရွာဘက်မှာ ပထမဆုက ကျပ်သိန်း ၄ ထောင်၊ အခြားဆုတွေလဲပါတယ်”လို့ ဆိုပါတယ်။

မီးလုံးတစ်ခုကို အစုဝင်ငွေ အချိုးအစားဖြင့် ထည့်ဝင်ကြပြီး ပြိုင်ပွဲတွင်ရှုံးပါက တည့်ဝင်ငွေသာ ရှုံးကြသော်လည်း နိုင်လျင်မူ ကျပ်သိန်းရာချီ ထောင်ချီရကြတာဖြစ်သည့်အတွက် ရွာတိုင်းက ရွာဦးကျောင်းဆရာတော်ကအစ ဖိုးအို၊ မိအိုနဲ့ ကလေးသူငယ်အဆုံးပျော်ရွှင်စွာ ပါဝင်ကြသည်။

“ကိုယ်က တစ်သိန်းထည့်တယ်ဆိုရင် ကိုယ့်နောက်က ဆယ်သိန်းထည့်လဲ ကိုယ်နိုင်ရင် တစ်သိန်းဘဲရတာ၊ မီးလုံး အရေအတွက်များရင်များသလို အဝေးဆုံးရောက်ပြီး နိုင်တဲ့သူက သူထည့်ထားတဲ့ အစုအလိုက် အကုန်ရတာဆိုတော့ ဆုကြေးက များသွားတာ”လို့ မီးလုံးဝါသနာရှင်တစ်ဦးက ပြောပါတယ်။

မီးလုံးယမ်းကို အေးသာယာ ကျောက်ဂူများက လင်းနို့အညစ်အကြေးများကရယူသလို ပြည်ပကနေ အထူးသဖြင့် တရုတ်နိုင်ငံက ဝယ်ယူကြကာ နောက်ပိုင်းတွင်မူ ပြည်တွင်း စစ်ဖက်က ကျည်ဆံယမ်းများ၊ အမြောက်ဆံယမ်းတွေနဲ့ ပြုလုပ်လာကြတယ်လို့ သိရပါတယ်။

“အဓိကက ယမ်းဆရာပဲ၊ သူကျွမ်းကျင်ရင် ကျွမ်းကျင်သလို အနိုင်ရကြတာပေါ့၊ အနိုင်ရကြပြီဆိုရင်လဲ မီးလုံးပြုလုပ်ခ သိန်းဆယ်ချီဝင်တော့ အနိုင်ရဖို့ သူ့ထက်ငါ ကြိုးပမ်းကြတော့တာ”လို့ ဝါရင့်ယမ်းဆရာ က မှတ်ချက်ပြုသည်။

မီးလုံး ကောင်းမွန်စွာ ပျံသန်းနိုင်ရန်အတွက် တွန်းပို့ယမ်း၊ အကူယမ်း၊ ပေါက်ကွဲတွန်းကန်ယမ်း စသည့် ယမ်းအမျိုးမျိုးရှိပြီး ယမ်းတို့ရရှိဖို့ ယမ်းစပ်ရသည့်ပညာက အန္တရာယ်ကြီးလှသလို အင်မတန်ကျွမ်းကျင်မှသာ လုပ်ဆောင်နိုင်သည်ဟု သိရတယ်။ ယမ်းစပ်ဆရာဖြစ်ဖို့နဲ့ ယမ်းလက်ဝယ်ထားရှိဖို့က လက်မှတ်ရဖို့လိုအပ်ရာ သက်ဆိုင်ရာကျေးရွာ မီးလုံးကော်မတီ၊ ဗဟိုမီးလုံးကော်မတီ တို့၏ ထောက်ခံတင်ပြချက်ဖြင့် စစ်တိုင်းမှူး၊ တပ်မမှူး၊ လုံနယ်ဝန်ကြီး တို့ဆီက အဆင့်ဆင့် လက်မှတ်ရယူရတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မီးလုံးပြိုင်ပွဲတွေထဲက အကြီးဆုံးပြိုင်ပွဲကတော့ တောင်ကြီးမြို့မြောက်ဘက်မှာကျင်းပတဲ့ ပေါမူရွာ မီးလုံးလွှတ်ပြိုင်ပွဲဖြစ်ပြီး နှစ်စဉ် စစ်တိုင်မှူးကိုယ်တိုင် ပြိုင်ပွဲဖွင့်လှစ်ပေးတဲ့ အစဉ်အလာရှိပါတယ်။ ဆုကြေးကလည်း ၂၀၂၃ ခုနှစ်ပြိုင်ပွဲမှာ ပထမဆု ကျပ်သိန်း၄၀၀၀ ရှိခဲ့ပြီး ဒီနှစ်မှာတော့ ပေါမူ ပြိုင်ပွဲမကျင်းပသေးဘဲ ရွှေညောင်၊ အောင်သပြေဘက် ပန်ကွေးရွာပြိုင်ပွဲမှာ အောင်ပန်းမြို့ အေးမြင့်သာယာအဖွဲ့က အနိုင်ရရှိခဲ့ပြီး ပထမဆုကြေး ကျပ် သိန်း ၁ ထောင် ရရှိထားတာဖြစ်ပါတယ်။

ယမ်းဆရာ လက်မှတ်ရဖို့ အတွက် ကိုယ်လုပ်သည့် မီးလုံး ပထမ ရရင် လက်မှတ်ရဖို့ ကြိမ်းသေပြီး အနိုင်ရဆုကြေးငွေကလဲ သိန်းထောင်ချီရရှိတဲ့အတွက်လည်း မီးလုံးတွေကို သူ့ထက်သူ အကောင်းဆုံးဖြစ်အောင်ကြိုးစားကြတာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရဖို့ ကြိုးပမ်းလာကြတဲ့နေရာမှာ မတော်တဆမှုတွေကြောင့် ခြေ၊ လက် ဆုံးရှုံးတာတွေရှိသလို အသက်ဆုံးရှုံးတာတွေလဲ ရှိနေတာပါ။

ဒီနှစ် ၂၀၂၄ ခုနှစ် မေလထဲမှာတော့ အောင်ပန်းမြို့ပေါ် ရပ်ကွက်တွေထဲ မီးလုံးယမ်းပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်တွေမီးလောင်ပြာကျခဲ့ရုံမက ယမ်းဆရာနဲ့အကူ ၅ ဦး ပြင်းထန်စွာဒဏ်ရာတွေရရှိခဲ့ပြီး ဆေးကုသနေတဲ့အချိန်မှာကို ၄ ဦး ဆုံးပါးခဲ့တာက မီးလုံးယမ်းပြုလုပ်မှုတွေရဲ့ အသက်တွေ ဘဝတွေ ပေးဆပ်ခဲ့ရတာဖြစ်ပါတယ်။

မီးလုံးပြုလုပ်ရာတွင် ယမ်းစပ်ခြင်း၊ ယမ်းထောင်းခြင်း၊ ယမ်းဖောက်ခြင်းဆိုတဲ့ ယေဘူယျအဆင့်တွေရှိပြီး ယမ်းစပ်ရာမှာ ယမ်းအားအမျိုးအစား၊ အချိန်အဆ အချိုးမျှတမှုရရှိစေရန် ဂရုတစိုက်ပြုလုပ်ကြရပါတယ်။ မတော်တဆပေါက်ကွဲမှု မဖြစ်စေဖို့အတွက် မီးလုံးကောင်းမွန်စွာလွှတ်တင်နိုင်ရေး အထူးဂရုပြုလုပ်ဆောင်ရတာက လက်မှတ်ရ ယမ်းဆရာတွေကိုယ်တိုင်ပြုလုပ်ကြရတာဖြစ်ပြီး အကူ ၁ ဦးကလည်း လုပ်ဆောင်ပေးရပါတယ်။

ရှေ့ယခင်က သစ်သားဆုံ၊ သစ်သား ကျည်ပွေ့နဲ့ အထူးဂရုစိုက်ပြုလုပ်ကြပေမယ့် ခေတ်ကာလ ပြောင်းလာတဲ့နောက်မှာတော့ ယမ်းကြိတ်စက်ဖြင့် ယမ်းစပ်ခြင်းတွေပြုလုပ်လာကြပါတယ်။

“အဲယမ်းကြိတ်စက်က တော်တန်ရုံယမ်းဆရာကိုင်ဖို့တော့မလွယ်ဘူး၊ ပွတ်တိုက်မှုက ပေါက်ကွဲစေတာလေ၊ အခု အောင်ပန်းမှာ ပေါက်ကွဲတာတွေက အဲတာတွေကြောင့်လို့ ယူဆရတယ်၊ ကျနော်တော့ မသုံးဖူးဘူး”လို့ ယမ်းဆရာတစ်ဦးက ပြောပါတယ်။

ယမ်းစပ်၊ ယမ်းထောင်းရာမှ ပြွန်အတွင်းသို့ ဖောက်ထည့်ရတဲ့အပိုင်းမှာ အန္တရာယ်အများဆုံးလို့ဆိုကြပါတယ်။ လွန်နဲ့ အပေါက်ဖောက်ထည့်ရတဲ့အတွက် ပွတ်တိုက်မှုတွေဖြစ်ပြီး ပေါက်ကွဲနိုင်ခြေ အများဆုံးအဆင့်ဖြစ်တယ်လို့ ယမ်းဆရာက ရှင်းပြပါတယ်။

ယမ်းပြွန်လုပ်ရာတွင် ဝါးပိုးဝါးတွေကိုပြုလုပ်ကြပြီး ကားဘောဂျွိုင်းလို၊ အမြောက်အခွံလိုမျိုး သံပိုက်၊ ကြေးပိုက်တွေနဲ့ပါ ပြုလုပ်လာကြတာပါ။ ပြွန်အတွင်းသို့ ယမ်းကို အကန့်လိုက်ထည့်သွင်းရတာကလဲ ပညာပါပြီး ကျွမ်းကျင်သူမှသာ လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။

မီးလုံးထောင်တက်ချိန်(Booster Phase) အတွက် တွန်းပို့ယမ်းအကန့်၊ ပျံသန်းချိန်(Flying Phase) အတွက် ပေါက်ကွဲယမ်းနဲ့ အားကူယမ်း၊ ပစ်မှတ်ကျချိန်(Drop-down Phase) အတွက် ဦးဆောင်ယမ်းတွေကို အကန့်လိုက် ဖောက်ပြီး ထည့်ရတာဖြစ်တဲ့အတွက် ယမ်းဆရာတစ်ဦးနဲ့တစ်ဉီး ကျွမ်းကျင်မှုနဲ့ ပညာရပ်အလိုက် အသုံးပြုတဲ့ ကုန်ကြမ်းတွေလဲ မတူညီကြပါဘူး။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးအနေနဲ့ စနက်တံတပ်ရတာဖြစ်တယ်လို့ သိရပါတယ်။

မီးလုံးတစ်ခု ကို မီးရှို့ပြီးတာနဲ့ စနက်တံရဲ့လောင်အား၊ တွန်းပို့ယမ်းကြောင့် မီးလုံးအထက်တိမ်တိုက်တွေကြားရောက်ရှိသွားပြီး ပြိုင်ပွဲသတ်မှတ်ချက်အကွာအဝေးကို ရောက်ရှိဖို့ တွက်ဆမှုနဲ့ သတ်မှတ်ဧရိယာအတွင်း အလိုက်သင့်ကျဆင်းနိုင်မှုတို့က မီးလုံးဆရာရဲ့ ပညာစွမ်းရည်တွေဖြစ်ပါတယ်။ တွန်းပို့အားမကောင်းရင် အပေါ်သို့မတက်ဘဲ စင်ပေါ်နှင့်အနီးအနားတွင် ပေါက်ကွဲခြင်း၊ ပေါက်ကွဲအားချိန်ကိုက်မှုမကောင်းရင် သတ်မှတ်ဧရိယာအတွင်း မကျရောက်တာတွေလဲ ရှိပါတယ်။

မီးလုံးပြိုင်ပွဲသတ်မှတ်ဧရိယာတွေမှာ အများအားဖြင့်တော့ ဒုံးကြီးမှာ ဘယ်၊ ညာ ပေ ၃၀၀ ၊ ရှေ့ကို ပေ ၁၀၀၊ အပိုင်းပေါင်း ၂၄ ပိုင်းနဲ့ ပေ ၂၄၀၀ သတ်မှတ်ပြီး မီးလုံး ကျရောက်သည့် အဆင့်အပိုင်းအလိုက်နဲ့ ရှေ့ဆုံးရောက်ရှိမှုက ဆုအနိုင်အရှုံးကို သတ်မှတ်ပေးတာဖြစ်ပါတယ်။

ပြိုင်ပွဲကျင်းပရေးကော်မတီက ရွာအလိုက်၊ ဒေသအလိုက် အကဲကြည့်များ၊ စည်းဒိုင်များ စနစ်တကျဖွဲ့စည်းလုပ်ဆောင်ကြရတာဖြစ်ပါတယ်။ မီးလုံးကော်မတီတွေကို ရွာဦးကျောင်းဘုန်းတော်ကြီးတွေက ဦးစီးပြီး ယမ်းဆရာများက ဦးဆောင်ကြလေ့ရှိပြီး ရွာလူထုနဲ့ အဖွဲ့သားများအဖြစ်ဆောင်ရွက်ကြတာပါ။ မီးလုံး ၁ လုံးတွင် ကျပ် ၁ သောင်းထည့်ဝင်ရင် မီးလုံး ပေါင်း ၂၀၀ ကျော်ပြိုင်ပြီး ဆုကြေးအမြင့်ဆုံး ကျပ် သိန်းထောင်ချီအနိုင်ရကြတာဖြစ်ပါတယ်။ ရွာက ကလေးကအစ ဖိုးအို၊ မယ့်အိုအဆုံး အားလုံးပါဝင်ကြတာဖြစ်ပြီး ရွာလုံးကျွတ်ပြိုင်ပွဲတွေဖြစ်ပြီး နိုင်ရင်ပျော် ရှုံးရင်ငိုနဲ့ ပြိုင်ပွဲရဲ့ အနှစ်သာရကို ခံစားကြတာဖြစ်ပါတယ်။

မီးလုံးပြိုင်ပွဲကို ရှမ်းဘာသာဖြင့် (ညူဖိုင်း)လို့ခေါ်တွင်သလို (ပွယ်ဟာနမ့်)ဟု မိုးကြိုမိုးခေါ်ပွဲလို့လဲ ခေါ်ဆိုကြပြီး ကျင်းပကြတာပါ။ မြန်မာ့မြေနှင့်ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံဘက်တွင်လည်း ကျင်းပကြရာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင် ၊ ဟွေခန်းရွာတွင် ပြီးခဲ့တဲ့မေလ ၁၈ ရက်က စည်ကားစွာကျင်းပခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ ပြုလုပ်သည့် လုတ်ဖုဲင် ပွဲသည် မြန်မာပြည်၊ ပအိုဝ်းဒေသကပွဲနှင့် အတူတူဖြစ်သော်လည်း အန္တရာယ်အနည်းဆုံး နည်းလမ်းနှင့်လွှတ်တင်တာကိုတွေ့ရပါတယ်။ မီးလွှတ်တင်စင်ပေါ်ကို ကြိုးဆိုင်းနဲ့ဆွဲတင်ပြီး စင်ပေါ်မှာ အထပ်သားနဲ့ကာထားတဲ့အခန်းကနေ ယမ်းဆရာက ချိန်ပေးကာ မီးရှို့လွှတ်တင်တာဖြစ်လို့ မြန်မာပြည်ကထက် အန္တရာယ်နည်းတာဖြစ်ပါတယ်။

မြန်မာပြည်မှာတော့ ယမ်းစပ်ရာကအစ မီးလုံးလွှတ်တင်တဲ့အထိ သတ်မှတ်ထားသူကလွဲပြီး မည်သူမျှ ကိုင်တွယ်ခြင်း၊ အနားကပ်ခြင်းတွေကို ခွင့်မပြုဘဲ ၀ါသနာရှင် ဘုန်းတော်ကြီးတွေက ကာကွယ်စောင့်ရှောက်ကာ လွှတ်တင်ပြီးသည်အထိ လူထုကို ထိန်းသိမ်းသည့်တာဝန်တွေကို ထမ်းဆောင်ကြရပါတယ်။

အချုပ်ဆိုရလျှင် မီးလုံး ခေါ် လုဖိုင်/ လုဖုဲင်၊ လုတ်ဖိုင်၊ လူးဖိုင်၊ ညူးဖိုင်း လို့ခေါ်တဲ့ မီးရှူး၊ ဒုံးပြိုင်ပွဲတွေဟာ ဘာသာရေးမဟုတ်ပေမယ့် သီးနှံများကောင်းစေဖို့၊ မိုးကောင်းဖို့ မိုးရွာဖို့နဲ့ သီးနှံအထွက်တိုးစေဖို့ပြုလုပ်တဲ့ မိရိုးဖလာရိုးရာဓလေ့ ယဉ်ကျေးမှုတွေကို ဘိုးဘွားဘောင်စဉ် အစဉ်အလာမပျက် ကျင်းပပြုလုပ်ကြတဲ့ လူထုဆိုင်ရာ၊ ပျော်ပွဲ ပြိုင်ပွဲဖြစ်သည့်အတွက် အတတ်နိုင်ဆုံး အန္တရာယ်ကင်းအောင် ပြုလုပ် ကျင်းပသွားနိုင်ကြဖို့ လိုအပ်နေသေးတာဖြစ်ပါတယ်။

MeKongNews

မီးလုံးပွဲတော်

ဒုံးလွှတ်ပွဲ

ပအိုဝ်းဒေသ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now