ဆောင်းပါး

သတင်းလွတ်လပ်ခွင့် ဖိနှိပ်မှု ပိုမိုအားကောင်းနေဆဲ တရုတ်

မဲခေါင် 20 May - 2024
မေ ၃ ရက်နေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ထုတ်ပြန်ချက်မှာ မီးမောင်းထိုးပြလိုက်တဲ့ သတင်းအချက်အလက် တွေမှာတော့ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ စာရေးဆရာတွေ၊ သတင်းသမားတွေကို ထောင်သွင်းအကျဉ်းချမှု အများဆုံးနိုင်ငံကြီးအဖြစ် ရှိနေကြောင်း သိရှိရပါတယ်။

လင်းမောင်

မေ ၃ ရက်နေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ထုတ်ပြန်ချက်မှာ မီးမောင်းထိုးပြလိုက်တဲ့ သတင်းအချက်အလက် တွေမှာတော့ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ စာရေးဆရာတွေ၊ သတင်းသမားတွေကို ထောင်သွင်းအကျဉ်းချမှု အများဆုံးနိုင်ငံကြီးအဖြစ် ရှိနေကြောင်း သိရှိရပါတယ်။ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) အဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၈၀ မှာ တရုတ်ရဲ့ သတင်းလွတ်လပ်ခွင့်အဆင့်က ၁၇၂ မှာ ရှိနေတယ်။ လက်ရှိတင်ဂျာနယ်လစ်ပေါင်း ၁၀၀ ကျော် ဖမ်းဆီးထားပြီး ပေကျင်းအစိုးရဟာ ကမ္ဘာမှာ ဂျာနယ်လစ်အများဆုံး ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံ ကြီးအဖြစ် ထပ်မံသက်သေထူလိုက်ပြန်တယ်။

တရုတ်ကွန်မြူနစ်ပါတီ CCP ဟာ သတင်းအချက်အလက် ချန်နယ်တွေ၊ ဆင်ဆာဖြတ်တောက်မှုစနစ်တွေ၊ စည်းမျဉ်းတွေနဲ့ မူဝါဒဖောက်ဖျက်မှုရှိမရှိ တင်းကျပ်စွာစောင့်ကြည့်ပိတ်ပင်မှုတွေ၊ ပါတီကိုဆန့်ကျင်လာနိုင်တဲ့ သတင်းအချက်အလက်တွေ မပျံ့နှံ့ဖို့ ဆတ်ဆတ်ထိမခံလိုက်လံပိတ်ဆို့မှုတွေကို တင်းကျပ်သထက် တင်းကျပ်လာ ခဲ့တာဖြစ်ပါတယ်။ RSF က CCP ရဲ့ ပါတီလမ်းစဉ်နဲ့ ဆင်ဆာဖြတ်တောက်မှုတွေ အလွန်အကျူးလုပ်ဆောင်နေမှု ဟာ လွတ်လပ်စွာပြောဆိုထုတ်ပြန်ဖော်ပြခွင့်အတွက် အမှိုက်၊ အလေအလွင့်ဖြစ်မှုတွေသာဖြစ်တယ်လို့ ဝေဖန် သွားပါတယ်။

သက်ဦးဆံပိုင်စနစ်ကျင့်သုံးနေတဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်လက်အောက်မှာ စာပေလွတ်လပ်ခွင့်ဆိုတာဟာ တစ်နှစ်ပြီးတစ်နှစ် ပျောက်ဆုံးလာတယ်။ တရုတ်နိုင်ငံရဲ့ ကဏ္ဍအသီးသီး ဆုတ်ယုတ်ကျဆင်းလာမှုတွေဟာ အာဖဂန်နစ္စတန်အလားမှတ်ထင်ရပြီး ဆိုးသထက်ဆိုးလာခြင်းကြောင့် ဖိနှိပ်မှုကလည်း တိုးသထက်တိုးတာတာဖြစ်ပါတယ်။ ဒါဟာတရုတ်ကွန်မြူနစ်ပါတီရဲ့ အပြုသဘောဆောင်တဲ့ တိုးတက်ကောင်းမွန်ရေးလမ်းစဉ်ကို ဦးမလှည့်တာကြောင့်ပဲဖြစ်ကြောင်း RSF က ထောက်ပြသုံးသပ်သွားတယ်။

တရုတ်ဟာ ဟောင်ကောင်မှာ ဒီမိုကရေစီထောက်ခံ တက်ကြွလှုပ်ရှားမှုတွေကို နှိမ့်ကွပ်ဖို့ ၂၀၂၀ မှာ အမျိုးသား လုံခြုံရေးဥပဒေသစ်ကို ပြဌာန်းပြီး ဖိနှိပ်ခဲ့တယ်။ ဟောင်ကောင်ဟာ သတင်းလွတ်လပ်ခွင့် မြင့်တက်လာတယ်လို့ တရုတ်က ပြောပေမယ့်တကယ်တမ်းဂျာနယ်လစ်တွေကို ဖမ်းဆီးညှင်းပန်းနှိပ်စက်မှုတွေများတာကို နားလည်မှု လွဲအောင် လိမ်လည်ဖော်ပြခြင်းမျိုးသာဖြစ်ခဲ့ပါတယ်။

မကြာသေးခင်က PEN America သတင်းစဉ်မှာ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာ ဂျာနယ်လစ်ပေါင်း ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုတယ်။ ဒီနှုန်းဟာ ကမ္ဘာမှာ နိုင်ငံအားလုံးထက် မြင့်မားတဲ့နှုန်းပါ။ အင်တာနက် ပေါ်ကနေ လူမှုကွန်ရက်ပေါ် ဝေဖန်ရေးသားသူပေါင်း ၅၀ ဖမ်းဆီးခံရတယ်။ စွဲချက်တွေက မငြိမ်သက်မှုကို ဖြစ်စေဖို့ ပြဿနာကို အစပျိုးဖန်တီးဖို့လုပ်တဲ့ ရာဇဝတ်မှုဆိုပြီး ဖမ်းဆီးခဲ့တာသာဖြစ်တယ်။ ကိုယ့်အတွေးအခေါ် ကို နည်းနည်းလေး ကန့်သတ်ချက်ကျော်ပြီး လူမှုကွန်ရက်ပေါ် ရေးသားတာလေးနဲ့ ဒီရာဇဝတ်မှုသင့်ပြီး ဖမ်းဆီးခံရသူပေါင်းက အများဆုံးဖြစ်ခဲ့တယ်။

တရုတ်နိုင်ငံသား လူ့အခွင့်အရေးရှေ့နေ လိုင်ကျင်းဖျင်က တရုတ်နိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ကျဆင်း သထက်ကျဆင်း ယိုယွွင်းသထက် ယိုယွင်းလာခဲ့ကြောင်း၊ ဒါဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပိုင်း၊ စီးပွားရေးပိုင်း၊ လူထုမငြိမ်သက်မှုအပိုင်းတွေ ဆိုးသထက်ဆိုးလာတဲ့အကြောင်းကို ဖုံးဖိချင်လို့ မီဒီယာတွေ လွတ်လပ်စွာ ဖော် ပြခွင့်ကို ခြိမ်းခြောက် ပိတ်ဆို့မှု တိုးမြှင့်လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ သုံးသပ်သွားတယ်။ ဒီလိုမှ မချုပ်ခြယ်ရင် အစိုးရ အာဏာ ယုတ်လျော့ကျဆင်းလာမှာ သေချာလို့ ကွန်မြူနစ်ပါတီရဲ့ တင်းကျပ်လွန်းတဲ့ စနစ်တွေကို ထပ်ပြီး တင်းကျပ်လိုက်တာသာဖြစ်ကြောင်း သုံးသပ်ဝေဖန်သွားပါတယ်။

သတင်းလွတ်လပ်ခွင့်ကို တရုတ်အစိုးရက စနစ်တကျ ရည်ရွယ်ချက်ရှိစွာနဲ့ ဖျက်ဆီးပစ်တယ်။ ပြည်တွင်း စည်းမျဉ်းတွေထုတ်ပြန်မှုမှာကိုက အထူးခြိမ်းခြောက်မှုတွေ ထည့်ထားတယ်။ လွတ်လပ်စွာပြောဆိုခွင့်၊ လူ့အခွင့် အရေး၊ လွတ်လပ်စွာအတွေးအခေါ်ဖလှယ်ခွင့်အားလုံးကို ဒီစည်းမျဉ်းတွေက တားဆီးပိတ်ပင်ထားတယ်။ ရာဇဝတ် မှုအဖြစ် သတ်မှတ်တယ်။ ဆင်ဆာစနစ်မှာ အာဏာအလွဲသုံးစားမှု၊ အကျင့်ပျက်လာဘ်စားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခွင့်ပြုပေးထားပြီးကို တားမြစ်ခွင့်ပြုထားခဲ့တယ်။

ပေကျင်းအစိုးရ့ရဲ့ စာရေးဆရာတွေ၊ ဂျာနယ်လစ်တွေကို တိုက်ခိုက်ခြင်းဟာ ဒက်ထိအမှန်တရားကို တိုက်ခိုက် ခြင်းမျိုးသာဖြစ်ပါတယ်။ အတိုက်အခံနဲ့အမှီအခိုကင်းတဲ့ အသံတွေကို ဖိနှိပ်မှုမပြုရဆိုတဲ့ Orwellian ဝါဒကို လက်တစ်လုံးခြား ဗန်းပြပြီး အားလုံးကို ပါးစပ်မဟရဲအောင် CCP ခေါင်းဆောင်တွေဟာ ကြိုးကိုင်စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီဝါဒဟာ သတင်းအချက်အလက်စီးဆင်းမှုကို မတားဆီးရ၊ အမြင်တွေကို မပိတ်ပင်ရလို့ ပြဌာန်း ထားပေမယ့် ပြည်သူတွေကတော့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကို မထိပါးစေရင် ခွင့်ပြုတယ်ဆိုပြီး ပြည်သူ့ အခွင့်အရေးကို တစ်ဖက်လှည့်နဲ့ ပြန်ပိတ်ထားလိုက်တာသာဖြစ်ပါတယ်။

ဒီလုပ်ရပ်တွေဟာ အာဏာရှင်စနစ်ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာရပ်တည်မှုကို အကာအကွယ်ပေးပြီး တရားဝင်မှု အားနည်းချက်တွေကို ဖုံးဖိခြင်းအဖြစ် အသံကျယ်လောင်လာစေတယ်။ အစိုးရထုတ်ပြန်တဲ့ ဥပဒေတွေဟာလည်း အများပြည်သူအကြိုက်သဘောတူညီချက်မျိုးတွေကို ပြန်အကျပ်ကိုင်တဲ့ ဥပဒေတွေသာ ထုတ်ထားပြီး ဘယ်တော့ မှာ လွတ်လပ်တဲ့ စာနယ်ဇင်းသဘောတရားကို ခွင့်ပြုမှာမဟုတ်ပါဘူး။ ဒါမှလည်း အာဏာအပြည့်အ၀ကိုင်စွဲလုပ် ဆောင်နိုင်မှာဖြစ်တာကြောင့်ပါ။

စာရေးဆရာတွေ၊ ဂျာနယ်လစ်တွေဟာ ဘယ်တုန်းကမှ ရာဇဝတ်သားမဖြစ်ပါဘူး။ လူ့အသိုင်းအဝိုင်းက လေးစား တန်ဖိုးထားရတဲ့ အမှန်တရားပြောဆိုသူ၊ လွတ်လပ်စွာတွေးခေါ်ခွင့်ရဲ့ ခံစစ်မှူးတွေပါ။ တရုတ်အစိုးရက ကမ္ဘာ့ ခေါင်းဆောင်တွေကို ဘယ်လိုအကြောင်းပြချက်တွေပေးပြီး အယုံသွင်းစကားတွေပြောဆိုနေပါစေ CCP ပါတီက တော့ ရက်စက်စွာနဲ့ အခြေခံလွတ်လပ်ခွင့်ကို တင်ပြသူတွေအပေါ် ကရုဏာကင်းတဲ့ အာဏာရှင်တွေအဖြစ် ထောင်သွင်းအကျဉ်းချမှုတွေ တိုးမြှင့်လုပ်ဆောင်နေတုန်းပါပဲ။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက တရုတ်ရဲ့ သတင်းလွတ်လပ်ခွင့်အတွက် ကမ်ပိန်းတစ်ရပ်အဖြစ် အတူပူးပေါင်းပြီး မဖြစ်မနေ ဖိအားပေးရပါလိမ့်မယ်။ မှားယွင်းစွာ ဖမ်းဆီးထောင်ချထားတဲ့ စာရေးဆရာ၊ ဂျာနယ်လစ်တွေကို ချက်ချင်းလွှတ်ပေးရေး တောင်းဆိုကြရ ပါမယ်။ Made In China လို့ ခေါ်တဲ့ ပြည်တွင်း အာဏာရှင်အရင်းရှင်စနစ်သုံးပြီး ကိုယ်ကျိုးချမ်းသာမှုကိုရယူနေ တဲ့ လစ်ဘရယ်ဒီမိုကရေစီ စနစ်ထက် သာလွန်တဲ့ အစိုးရဖွဲ့စည်းပုံအသစ် မဖြစ်လာနိုင်သရွေ့ သူတို့ စနစ်တွေ၊ ဥပဒေတွေဟာ လက်ခံနိုင်စရာ အကြောင်း မရှိပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now