ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

မဲခေါင် 20 Apr - 2024
ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

နန်းမွန်း

ရှမ်းတောင်အခြေစိုက် ကလောတပ်မ ၅၅ မှ စစ်အင်အားနဲ့ လက်နက်တွေကို ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က မော်လမြိုင်လေဆိပ်ကနေတဆင့် ဘားအံကို သံချပ်ကာ ၂ စီး အပါအဝင် စစ်ကားအစီး ၁၀၀ ခန့် ယာဥ်တန်းနဲ့ အာရှလမ်းမကြီးအတိုင်း စစ်ကူ ၂ ခါခွဲပို့ခဲ့ပါတယ်။ ပထမအသုတ်မှာ သံချပ်ကာ ၂ စီး ရှေ့ကဦးဆောင်ကာ တပ်မ၅၅ နဲ့ တပ်မ ၇၇က စစ်ကောင်စီ တပ်သားတွေကို စစ်ကားအစီး ၃၀ နဲ့ တင်ဆောင်သွားပြီး နောက်တသုတ်မှာတော့ စစ်ကားဖောကား ၇၀ခန့်နဲ့ လက်နက်ခဲယမ်းသီးသန့် သယ်ဆောင်ခဲ့တာပါ။

ဒီလို တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က အထိနာနေတဲ့ ကရင်ပြည်နယ်၊ မြဝတီကို စစ်ကူဖို့ ရှမ်းတောင် ကလော၊ တပ်မ၅၅ မှ စစ်လက်နက်၊ အင်အားတွေကိ စစ်ကူပို့ပေးခဲ့တဲ့ လေကြောင်းလိုင်းကတော့ မင်္ဂလာ – Mingalar လေကြောင်း (ယခင် Air KBZ) သယ်ယူပို့ဆောင်ရေးပဲဖြစ်ပါတယ်။ ကလောတပ်မ ၅၅ ထဲက လက်နက်နဲ့ အင်အားတွေကို ဟဲဟိုးလေဆိပ်ကနေတဆင့် မော်လမြိုင်လေဆိပ်ကို Mingalar လေကြောင်းက လေယာဥ်နဲ့ အခေါက်ခေါက် အခါခါ သယ်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ – Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

နိုင်ငံတွင်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်းဖြစ်တဲ့ Air KBZ ကို KBZ Group က ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ မှာတည်ထောင်ခဲ့ပြီး MAI ရဲ့ ၈၀ရာခိုင်နှုန်းကို KBZ Group အနေနဲ့ပိုင်ဆိုင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကုန်ပိုင်းလောက်က Air KBZ ကို ဥက္ကဌဖြစ်သူ ဦးအောင်ကိုဝင်း ထံကနေ 24 Hour Group က ဝယ်ယူခဲ့ပြီး ဒီနှစ် ဇန်နဝါရီ ၆ ရက်နေ့က LOTTE Hotel မှာ အခမ်းအနားပြုလုပ်က တရားဝင်ကြေညာခဲ့တာပါ။ အဲ့ဒီနေ့မှာပဲ Air KBZ ကိုလည်း မင်္ဂလာ – Mingalar လို့ အမည် ပြောင်းလဲခဲ့ပါတယ်။

ဘယ်လိုသဘောတူညီမှုတွေနဲ့ ရောင်းဝယ်တယ်ဆိုတာကိုတော့ ဘယ်ကုမ္ပဏီဘက်ကမှ ထုတ်မပြောထားပါဘူး။ သို့သော်လည်း အစိုးရတစ်ဦးတည်းကသာ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို Mingalar လေကြောင်းပို့ဆောင်ရေး လုပ်ငန်းက လုပ်ပိုင်ခွင့်ရသွားတာပါ။

စစ်ကောင်စီ အစိုးရအဖွဲ့ကတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ဥပဒေ ပုဒ်မ ၄ အရ ပေးအပ်ထားသည့် အခွင့်အာဏာကို ကျင့်သုံးခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအရ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန က လေကြောင်းပို့ဆောင်ရေး ကြီးကြပ်ခွင့်ကို 24 Hour Group အား လုပ်ပိုင်ခွင့်ပေးခဲ့တာဖြစ်တယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်ပပြေးဆွဲနိုင်တဲ့ လေကြောင်းလိုင်း ၃ လိုင်းအနက် 24 Hour Group က ဝယ်ယူခဲ့တဲ့ MAI နဲ့ Air KBZ ၂ခုပါဝင်ပါတယ်။ ကျန်တစ်ခုကတော့ နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ပဲဖြစ်ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွေကို ဦးအောင်အောင်ဇော်အနေနဲ့ လက်ဝါးကြီးအုပ်လိုတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။

ဦးအောင်အောင်ဇော်ရဲ့ Linkedin လူမှုကွန်ယက်အကောင့်မှာ ဖော်ပြထားချက်တွေအရ ဦးအောင်အောင်ဇော်ဟာ ရန်ကုန်တက္ကသိုလ်ကနေ ၁၉၉၄ ခုနှစ်မှာ BSc ဘွဲ့ရခဲ့သူဖြစ်ပြီး 24 Group ကို ၂၀၀၃ ခုနှစ်မှာ တည်ထောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဦးအောင်အောင်ဇော်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိတွေနဲ့ ရင်းနှီးတဲ့ ခရိုနီတစ်ဦးဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် တပ်ချုပ်ဖြစ်တဲ့ ၂၀၁၁ နောက်ပိုင်း မှာပဲ 24 Hour Group ဟာ အလျင်အမြန်နဲ့ အောင်မြင်တဲ့ လုပ်ငန်းကြီးဖြစ်လာခဲ့ပါတယ်။

ဦးအောင်အောင်ဇော်ဟာ KBZ Group ပိုင်ဆိုင်တဲ့ MAI ရှယ်ယာတွေကိုပါ ၂၀၁၈ခုနှစ်မှာ ပိုင်ဆိုင်ခဲ့ပါတယ်။ သူကိုယ်တိုင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိတွေနဲ့ ရင်းနှီးတဲ့ ခရိုနီတစ်ဦးဖြစ်ပြီး မြန်မာ့လေတပ်အလိုအတိုင်း လေယာဥ်တွေကို ထုတ်သုံးခွင့်ပြုတာ စစ်ခေါင်းဆောင်တွေရဲ့ ခရီးစဥ်တွေအတွက် MAI လေကြောင်းကို အသုံးပြုစေပြီး စစ်တပ်ရဲ့လုပ်ငန်းတွေကို ကူညီပေးနေတာလည်းဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် ပါဝင်ခဲ့တဲ့ မြန်မာ့စစ်တပ်က လက်နက်တွေသွားတင်ဆောင်လာတဲ့ ရုရှားခရီးစဥ်ကိုလည်း MAI လေယာဥ်ကို အသုံးပြုပြီး သွားစေခဲ့တာပါ။

လက်ရှိအချိန်ထိ MAI နှင့် Air KBZ လေကြောင်းလိုင်းမှာ ခရီးသည်တင်လေယာဉ် အစင်း ၂၀ ရှိပြီး Airbus အမျိုးအစား လေယာဉ် ၈ စင်း ၊ ART 72 လေယာဉ် ၈ စင်း နှင့် Embraer 190 လေယာဉ် ၄ စင်း တို့ဖြစ်ကြောင်း 24 Hour ကုမ္ပဏီ၏ ထုတ်ပြန်ထားပါတယ်။

၂၀၁၉ ခုနှစ်မှာ ပြင်သစ်နိုင်ငံထုတ် Airbus A319-112 နဲ့ ဘရာဇီးနိုင်ငံထုတ် Embraer ခရီးသည်လေယာဥ် ၁၀ စင်းခန့်ဝယ်ယူခဲ့ပါတယ်။ အဲ့ဒီလေယာဥ်အမျိုးအစားတွေဟာ တစ်စင်းကို အမေရိကန်ဒေါ်လာ သန်း ၆၀ နဲ့ ၈၀ ကြားရှိတယ်လို့ သိရပါတယ်။

Air KBZ အား Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း အဖြစ်အမည်မပြောင်းလဲခင် ၅ ရက်အလို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ဦးအောင်အောင်ဇော်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတစ်ခုကို သွားရောက်ခဲ့ပါတယ်။

အဲ့ဒီဒေသဟာ တရုတ်-မြန်မာနယ်စပ်မှာရှိပြီး သူသွားရောက်စဉ်က ကိုးကန်းနယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်နယ်မြေဖြစ်ပြီး စစ်ကောင်စီက တရားမဝင် မူးယစ်ဆေးဝါးနဲ့ ကျားဖြန့်လုပ်ငန်းတွေကို စိတ်တိုင်းကျလုပ်ကိုင်ခွင့်ပေးထားတဲ့ ဒေသတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းက ဦးအောင်အောင်ဇော်က အဲ့ဒီကိုးကန့်နယ်ခြားစောင့်တပ်က ရဟတ်ယာဥ်နဲ့ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမှာ နည်းပညာအကူအညီပေးပြီး ပါဝင်ဖို့သွားရောက်ဆွေးနွေးခဲ့တာပါ။ ဆွေးနွေးပွဲမှာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးပယ်စောက်ချိန်၊ ကိုးကန့်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးလျှိုအားပေါက်၊ ဒုဥက္ကဌဖြစ်သူ ဦးကျောက်တယ်ချန်၊ အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ် တပ်ရင်းမှူး ရန်ရှောက်ကျင့်၊ ဒေသတွင်း နာမည်ကြီး ဟိုတယ်နှင့် အိမ်ခြံမြေလုပ်ငန်းကြီးတွေဖြစ်တဲ့ Hanley Group နဲ့ Yu Xiang တို့လည်းပါဝင်ပါတယ်။

ရဟတ်ယာဥ်ဖြင့် ခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းအတွက် ကိုးကန့်BGF က ကိုယ်ပိုင်ရဟတ်ယာဥ်တွေဝယ်ယူပြီး ဦးအောင်အောင်ဇော်ရဲ့ Mingalar ပို့ဆောင်ရေးလုပ်ငန်းက ရဟတ်ယာဥ်မောင်းနှင်ရန် နဲ့ ပြုပြင်ထိန်းသိမ်းရေး နည်းပညာတွေနဲ့ ပံ့ပိုးကူညီပါဝင်မယ်လို့ သဘောတူခဲ့ကြတယ်လို့ The Kokang News က အဲဒီတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

ဒီအချက်တွေကို ကြည့်ရင် ဦးအောင်အောင်ဇော်ဟာ မြန်မာခရိုနီတွေထဲကမှာ ကိုးကန့်ပြည်သူ့စစ်နဲ့ ရင်းရင်းနှီးနှီးတွေ့ရတဲ့ ခရိုနီတယောက်ဖြစ်ပြီး စီးပွားရေး ဆက်နွယ်မှုလည်း အထိုက်အလျောက်ရှိသူလို့ ကောက်ချက်ချနိုင်ပါတယ်။ သူနဲ့ရင်းနှီးသူအများစုဟာ ကျားဖြန့်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သူတွေဖြစ်တာကြောင့် ဦးအောင်အောင်ဇော်ရော ကျားဖြန့်လုပ်ငန်းတွေနဲ့ ကင်းရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။

ဒီအချိန်မှာ သူနဲ့တွေဆုံခဲ့တဲ့ ကိုးကန့်ပြည်သူ့စစ်ထိပ်ပိုင်းခေါင်းဆောင် အများစုကို ကျားဖြန့်လုပ်ငန်းလုပ်ကိုင်မှုနဲ့ တရုတ်အစိုးရက ဖမ်းဆီးသွားပြီဖြစ်ပေမယ့် ဦးအောင်အောင်ဇော်တယောက် အခြေအနေမပျက်ရှိနေဆဲပါ။

ဦးအောင်အောင်ဇော်ဟာ စစ်ခေါင်းဆောင်တွေနဲ့ပေါင်းပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အဲဒီကနေတဆင့် အကျိုးအမြတ်တွေ အများအပြား ရရှိနေသူ ၁ ဦးလည်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်ထိပ်တန်းအရာရှိတွေနဲ့ သူတို့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းတွေအကြောင်း အစဉ်တစိုက် စုံစမ်းဖော်ထုတ်နေတဲ့ Justice For Myanmar ရဲ့ ဒေတာအရ 24 Hour Group ဟာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ရွှေ၊ သတ္တု၊ ထုံးကျောက်၊ ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းတွေမှာလည်း 24 Hour Group အနေနဲ့ စစ်ကောင်စီနဲ့ သဘောတူညီစာချုပ်နဲ့ ပိုင်ဆိုင်မှုတွေ အများအပြား ရရှိထားသလို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရိုဟင်ဂျာတွေဆီက သိမ်းယူထားတဲ့မြေကွက်တွေအပေါ်မှာ ကမ်းနားဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းလို့ဆိုကာ စစ်တွေကမ်းနားလမ်းကို စစ်ကောင်စီလက်အောက်ကနေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

JFM ရဲ့ တွေ့ရှိမှုအရ သတ္တုတူးဖော်ရေးကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Bright Mountain Resources(Myanmar) Limited ကို MAI ဆီ ရောင်းချခဲ့ပါသေးတယ်။ Bright Mountain Resources ကုမ္ပဏီဟာ သြစတျေးလျ စတော့အိတ်ချိန်းစာရင်းဝင် Mallee Resources Limited (ယခင်မြန်မာနာမည် Myanmar Metals) က ကုမ္ပဏီခွဲတစ်ခုဖြစ်ပါတယ်။

24 Hour Group နဲ့ ပတ်သတ်ပြီး Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံမှာ အရှိန်မြင့်လာတဲ့ ငွေကြေးခဝါချမှုအန္တရာယ်တစ်ရပ် ရှိနေပါတယ်” လို့ ပြောပါတယ်။

24 Hour Group ရဲ့ လူသိများထင်ရှားတဲ့ လုပ်ငန်းကတော့ တနင်္သာရီတိုင်းက ဧက ၁၂၀၀၀ ကျော်တဲ့ ဆီအုန်းလုပ်ငန်းပဲဖြစ်ပါတယ်။ အဲ့တာအပြင် သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ နည်းပညာဝန်ဆောင်မှုလုပ်ငန်းတွေအထိ ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့် ဦးအောင်အောင်ဇော်ဟာ အာဏာရှင်အဆက်ဆက် ပေါ်ပေါက်ခဲ့တဲ့ ခရိုနီတွေလိုပဲ စစ်ကောင်စီလက်ထက်မှာ ထိပ်တန်းရောက်လာတဲ့ ခရိုနီ ၁ဦးဆိုတာ ထင်ထင်ရှားရှားတွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။ ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now