ဆောင်းပါး

CCP ညံ့ဖျင်းမှုနဲ့ အိမ်ခြံမြေလုပ်ငန်း ကပ်ဆိုက်မှုက တရုတ်စီးပွားရေးကျဆင်းမှုကို ပိုနာတာရှည်စေမယ်

မဲခေါင် 28 Mar - 2024
တရုတ် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ကပ်ဆိုက်နေမှုဟာ အခုအထိ ထိန်းချုပ်နိုင်မှုမရှိတဲ့ အနေအထားမှာ ဆက်ရှိနေတုန်းပါပဲ။

လင်းမောင်

တရုတ် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ကပ်ဆိုက်နေမှုဟာ အခုအထိ ထိန်းချုပ်နိုင်မှုမရှိတဲ့ အနေအထားမှာ ဆက်ရှိနေတုန်းပါပဲ။ တရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ အိမ်ခြံမြေကဏ္ဍ ကပ်ဆိုက်မှုအပေါ် တုံ့ပြန်ပုံဟာလည်း ဆိုးရွားညံ့ဖျင်း တဲ့ စီမံခန့်ခွဲမှုအမှားတွေ၊ စနစ်မကျတဲ့ စီးပွားရေးပြဿနာ ဖြေရှင်းပုံတွေဖြစ်နေခဲ့လို့ ပိုပြီး ဆိုးသထက်ဆိုးလာ ပါတယ်။ မကြာသေးခင်က ချမှတ်ခဲ့တဲ့ White List Scheme စီမံကိန်းဟာ အိမ်ခြံမြေလုပ်ငန်းအပေါ် အနှောင့် အယှက်ဖြစ်စေတဲ့ မပြေလည်မှုတွေိကို ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ပေမယ့် အရင် Band-Aid အစီအစဉ်ထက် နည်းနည်းလေးသာ ပိုတိုးတက်တဲ့အခြေအနေကိုရောက်စေနိုင်ပြီး ပြဿနာရဲ့ အခြေခံရင်းမြစ်ကို မဖြေရှင်းနိုင် လို့ နောက်ထပ် စီးပွားရေးမတည်ငြိမ်မှုတွေကို ထပ်ဖြစ်လာစေတယ်။

white lists အစီအစဉ်ဆိုတာ ကျဆုံးခဲ့တဲ့ အိမ်ခြံမြေလုပ်ငန်းတွေမှာ ဒေသတွင်းအစိုးရပါ ပါဝင်ပြီး အစိုးရပိုင် ဘဏ် တွေကနေ ငွေကြေးထည့်ဝင်ဖြေရှင်းပေးတဲ့ စနစ်ပါ။ ဒါပေမဲ့ အစိုးရဘဏ်ထုတ်ပေးတဲ့ ငွေဟာ မြို့ပေါင်း ၅၇ မြို့က စီမံကိန်းပေါင်း ၁၆၂ ခုအတွက် ဒေါ်လာ ၁၇ . ၂ ဘီလီယံသာ ထုတ်ပေးနိုင်တာမျိုးပါ။ တကယ်တမ်း Evergrande Group တစ်ခုတည်းတင်ရှိနေတဲ့ ကြွေးမြီက ဒေါ်လာ ဘီလီယံ ၃၀၀ အထိရှိပြီး တခြား ကုမ္ပဏီပေါင်း များစွာဟာလည်း ပြိုလဲလုအနေအထားအထိ ကြွေးတင်နေတဲ့ ရပ်ဝန်းကြီးအတွက် ဆင်ပါစပ် နှမ်းပက်သလိုသာ ဖြစ်စေနိုင်ခဲ့ပါတယ်။ ဒီအထဲမှာ ဆောက်လက်စနဲ့ မလည်ပတ်နိုင်တော့ဘဲ ရပ်ထားရတဲ့ စီမံကိန်းတွေအတွက် မပါ သေးတော့ ဇောက်ထိုးကျနေရတဲ့ အိမ်ခြံမြေစီးပွားရေးကဏ္ဍအတွက် ဘာမှ ထွေထူးပြီး ကူညီဖြေရှင်းပေးနိုင်တာ မျိုး မဟုတ်ခဲ့ဘူး။ ဒီလောက် အိမ်ခြံမြေကဏ္ဍတစ်ခုတည်းမှာ ကြွေမြီပေါင်း ဘီလီယံပေါင်းများစွာ တင်ရှိနေခြင်း ဟာ တခြားသော တရုတ်စီးပွားရေးနယ်ပယ်အားလုံးအပေါ် ပြင်းထန်စွာ ရိုက်ခတ်မှာပါပဲ။ နိုင်ငံ ဘဏ္ဍာရေး စနစ်၊ စီးပွားရေးကြီးထွားနိုင်မှုနဲ့ ချဲ့တွင်နိုင်မှုပိုင်းအားလုံးကိုပါ သက်ရောက် ထိခိုက်စေတယ်။ White List Scheme က စားသုံးသူစျေးကွက်ယုံကြည်မှုပြန်တက်လာဖို့ မဆိုစလောက်လေးပဲ အကျိုးသက်ရောက်ခဲ့တယ်။ အိမ်ခြံမြေလုပ် ငန်းသဘောသဘာ၀အရ အိမ်ခြံမြေအသစ်တွေ ဝယ်ယူလိုမှု မြင့်တက်စေမှ ဒီစျေးကွက်က အသက်ဝင်မှာပါ။ အခု CCP ရဲ့ အဆက်မပြတ်လုပ်ဆောင်မှုနဲ့ ပြီးပြည့်စုံတဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် အကောင်အထည်ဖော်ဖို့ ပျက်ကွက်မှုဟာ အကျပ်အတည်းကို ပိုဆိုးရွားစေခဲ့ပြီး ဘဏ္ဍာရေးနဲ့ယုံကြည်မှုဆိုင်ရာ ပြဿနာတွေကို နှစ်ပေါင်းများစွာ မစစ်ဆေးခဲ့ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကိုဖြစ်ပေါ်စေခဲ့တယ်။ ပြသနာအစကတော့ ၂၀၂၀ ခုနှစ်မှာ တရုတ်အစိုးရဟာ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့တွေကို ရုတ်ခြည်းရုပ်သိမ်းလိုက် ရာက စတယ်။ အရင်မူဝါဒတွေကနေ လွယ်ကူတဲ့ အကြွေးစနစ်၊ အလွန်အကျွံ စီမံကိန်းတိုးချဲ့တည်ဆောက်မှုတွေကို အားပေးအားမြှောက်လုပ်လိုက်ခြင်းကနေ လုပ်ငန်းရှင်တွေနဲ့ ဝယ်ယူလိုသူတွေအကြား ချိန်ထိုးစဉ်းစားဖို့ အချိန်မှရိတော့ဘဲ ဖြစ်ချင်သလိုတွေ ဖြစ်ကုန်တာဟာ မျက်မှောက် မတည်ငြိမ်မှုတွေကို ဖြစ်တည်လာစေတာပါပဲ။

စိတ်ကူးယာဉ် အိမ်ယာစီမံကိန်းမူဝါဒအပြောင်းအလဲကြီးက ရောင်းမထွက်တဲ့ လူနေတိုက်ခန်းပေါင်း ၇ သန်းအထိ စျေးကွက်ထဲ တင်ကျန်ခဲ့မှုကြီးက လူဦးရေလည်း ကျုံ့လာတဲ့ တရုတ်ပြည်ရဲ့ အိမ်ခြံမြေလုပ်ငန်းက ငွေပြန်ဝင်ဖို့ ကာလရှည်မဖြစ်နိုင်တဲ့ ကပ်ဆိုးကြီးဖြစ်လာတယ်။ ဒါကြောင့်ပဲ လုပ်ငန်းရှင်တွေ ကြွေမြီမတန်တဆ တင်ရှိခြင်းနဲ့ စီးပွားရေးကဏ္ဍကြီးတစ်ခုလုံး ပြိုလဲသွားတယ်။ ဒါကြောင့် CCP ရဲ့ White Lists Scheme စီမံကိန်းသစ်ဟာလည်း အိမ်ခြံမြေလောကကို ပြန်လည် ကာမိစေဖို့ အလှမ်းကွာဝေးလွန်းသွားရတာပဲဖြစ်ပါတယ်။ ကောလာဟလ သတင်းတွေအဖြစ် တရုတ်အစိုးရက မရှုနိုင်မကယ်နိုင်တော့တဲ့ အိမ်ခြံမြေလုပ်ငန်းကြီးတစ်ခုလုံးကို အစိုးရပိုင် အဖြစ် လက်လွှဲပြီး ပြန်ဆယ်ဖို့ စီစဉ်နေတာသိရပေမယ့် စီမံခန့်ခွဲမှုအလွဲတွေ၊ အကျင့်ပျက်ခြစားမှုတွေက အစိုးရ ပိုင်းထဲမှာကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တည်နေသလို စျေးကွက်မူဝါဒကြီးတစ်ခုလုံးကိုလည်း အလုံးစုံပြောင်းလဲလိုက်ရမှာမို့ အကောင်အထည်ပေါလာနိုင်ဖို့ ပိုခဲယာဉ်သွားဦးမှာပါ။

CCP ဟာ ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည်ဖော်ဖို့နဲ့ အိမ်ခြံမြေကဏ္ဍ မပြေလည်မှုတွေရဲ့ မူလဇစ်မြစ်ကို ဖြေရှင်းဖို့ ပျက်ကွက်ခြင်းက နိုင်ငံရဲ့ စီးပွားရေး ထိန်းကျောင်းနိုင်စွမ်းအရည်အချင်း မပြည့်မီမှုကို ထင်ထင်ရှားရှား သက်သေပြပါတယ်။ အကျပ်အတည်းကို ဖြေရှင်းဖို့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရမယ့် အစား အရင်းခံပြဿနာတွေကို သက်သာစေဖို့ အနည်းငယ်သာ တွန်းအာဖြစ်စေတဲ့ တစ်ဝက်တစ်ပျက် အစီအမံတွေိကို ဖော်ဆောင်ဖို့ ကြိုးစားပြီးရင်း ကြိုးစားနေခဲ့တယ်။

အကျပ်အတည်ပိုဆိုက်သထက်ဆိုက်လာခြင်း၊ စီးပွားရေးဘက်စုံကျဆင်းလာခြင်းတွေက တရုတ်ပြည်သူတွေကိုပဲ ထိခိုက်စေပြီး ဒါဟာ တရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ ညံ့ဖျင်းမှုကြောင့် ခါးစည်းခံနေကြရတာလည်းဖြစ်တယ်။ ပိုင်ဆိုင်မှုတန်ဖိုးကျဆင်းလာခြင်း၊ အိမ်ထောင်စုတိုင်းရဲ့ ဓနကြွယ်၀မှုကျဆင်းလာခြင်း၊ စားသုံးသူ အသုံးစားရိတ် ကန့်သတ်မှုရှိလာခြင်းတွေဟာ ဆက်စပ်နေပြီး နိုင်ငံတော်ရဲ့ စီးပွားရေးအလားအလာပေါ်လည်း တရုတ်ပြည်သူ တွေရဲ့ ယုံကြည်မှုပိုင်းကလည်း ဆုတ်ယုတ်ကျဆင်းလာတာပဲ။ ဒီဂယက်လှိုင်းတွေဟာ တခြားသော စီးပွားရေး လုပ်ငန်းတိုင်းအပေါ် ကူးစက်လောင်ကျွမ်းစေလို့ အားနည်းချက်တွေဟာ ပိုဆိုးသထက်ဆိုးလာတယ်။ တရုတ် ကွန်မြူးနစ်ပါတီ CCP ဟာ ဒီအချိန်မှာ ကပ်ဘေးဆိုက်နေမှုကို ဖြေရှင်းဖို့ သေးငယ်တဲ့ ချဉ်းကပ်မှုတွေလုပ်နေတာ၊ ထိပ်တိုက်ဖြေရှင်းဖို့ ရဲရင့်ပြတ်သားမှု မရှိတဲ့ လုပ်ထုံးတွေကို လုံး၀ စွန့်ပစ်ချိန်တန်ပါပြီ။ ကြွေးမြီတွေ အလွန်အကျူးမြင့်တက်နေတာ၊ အဆောက်အအုံတွေကို လိုတာထက်အများကြီးပိုပြီးဆောက်လုပ်ခဲ့တာ၊ စားသုံးသူယုံကြည်မှု လျော့ကျသွားတာတွေအပေါ် အားလုံးပါဝင်တဲ့ ပြန်လည်ထူထောင်ဖွဲ့စည်းခြင်းမျိုး မဖြစ်မနေကို လုပ်ရပါတော့မယ်။ ဒီလို ပြင်ဆင်တည့်မတ်ပေးဖို့ပျက်ကွက်ခြင်းဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး ကျဆင်းခြင်းကိုပိုပြီးနာတာရှည်စေမယ်။ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလားကိုလည်း ပိုပြီး ထိခိုက်စေမယ်။ ဒီလိုဆိုရင် ဘဏ္ဍာထိန်းလုပ်နေရတဲ့ CCP အပေါ် ယုံကြည်ကိုးစားမှုတွေကလည်း ထိခိုက်ကျဆင်း သထက်ကျဆင်းသွားဖို့ပဲရှိတော့တယ်။

CCP ရဲ့ ဗဟိုချုပ်ကိုင်မှုရှိတဲ့ စီးပွားရေးစီမံကိန်းတွေမှာ မွေးရာပါ ချို့ယွင်းချက်တွေ၊ စျေးကွက်အင်အားစုတွေ အပေါ် အကျိုးရှိအောင် တုံ့ပြန်နိုင်စွမ်းမရှိခြင်းတွေဟာ ထင်ရှားပေါ်လွင်စွာနဲ့ သတိပေးခေါင်းလောင်းသံ ညံနေစေ ခဲ့ပါပြီ။ တရုတ်အစိုးရဟာ အဓိပ္ပာယ်ရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လက်ခံပြီး ရေတိုနိုင်ငံရေး အရှိန်အဟုန်ထက် ရေရှည်စီးပွားရေးတည်ငြိမ်မှုကို ဦးစားပေးတဲ့ မူဝါဒတွေကို အကောင်အထည်မဖော်မချင်း နိုင်ငံစီးပွားရေးကမောက်ကမဖြစ်မှုတွေက ဆက်လက်ရှိနေမှာဖြစ်သလို CCP ရဲ့ စီမံခန့်ခွဲမှုမှားယွင်းမှု အကျိုးဆက်တွေကို ပြည်သူတွေပဲ ဆက်လက်ခံစားနေကြရဦးမှာ ဖြစ်ပါကြောင်း။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now