ဆောင်းပါး

စီးပွားရေးမျက်နှာစာမှာ မျှော်လင့်ချက်မဲ့အကျပ်ရိုက်မှု ဖြေရှင်းရေး တရုတ်ရဲ့ Two Sessions အစည်အဝေးကြီးစတင်

မဲခေါင် 19 Mar - 2024
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ တစ်ပတ်ကစလို့ ၂ ဆက်ရှင် (Two Sessions) လို့ ခေါ်တဲ့ တွေ့ဆုံဆွေးနွေးပွဲကြီး စတင် ကျင်းပနေပါပြီ။

လင်းမောင်

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ တစ်ပတ်ကစလို့ ၂ ဆက်ရှင် (Two Sessions) လို့ ခေါ်တဲ့ တွေ့ဆုံဆွေးနွေးပွဲကြီး စတင် ကျင်းပနေပါပြီ။ Two Sessions ဆိုတာ တရုတ်ပြည်သူ့လွှတ်တော်နဲ့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ညီလာခံ အဖွဲ့ဖြစ်တဲ့ CPPCC ဆိုတဲ့ နိုင်ငံ ထိပ်ဆုံးအဆင့် အဖွဲ့အစည်း ၂ ခု ပြုလုပ်တဲ့ အစည်းအဝေးပါ။ တကယ်တမ်း သူတို့ ဒီစည်းဝေးပွဲကနေ ဘာတွေကို အဓိက လမ်းစဉ်ချမှတ်လုပ်ဆောင်ပါသလဲ။

တရုတ်အစိုးရပိုင်မီဒီယာတွေကတော့ ဒီအစည်းအဝေးဟာ နိုင်ငံတ ကာအသိုင်းအဝိုင်းက တရုတ်နိုင်ငံအကြောင်း နားလည်ဖို့ ကမ်းလှမ်းတဲ့ ပြတင်းတံခါးပေါက်လို့ တင်ပြကြတယ်။ တရုတ်ဒီမိုကရေစီရဲ့ ပြတင်းတံခါးပေါ့။ ဥပမာပေးရရင် နိုင်ငံတကာအသိုင်းအဝိုင်းက တရုတ်ပြည်တွင်း ဒီမိုကရေ စီ အနှစ်သာရဖြစ်တည်မှုကြီးကို နက်နက်နဲနဲ နားလည်သိရှိကြစေဖို့။ နောက်တစ်ချက်က တရုတ်ရဲ့ ဒီမဏ္ဍိုင်နှစ်ရပ်ပေါင်း ဒီမိုကရေစီဖြစ်စဉ်ကြီး တစ်ခုလုံးဆိုတာ အကျိုးဖြစ်ထွန်းစွာသက်ရောက်နေကြောင်းကို ပြသဖို့၊ တရုတ်ပြည်ကြီးရဲ့ ဖြစ်တည်မှုကြီးတစ်ရပ်လုံးမှာ ပြည်သူ့ဒီမိုကရေစီအရေးက ကွက်ကွက်ကွင်းကွင်း ဖြစ်စေတဲ့ အလေ့အကျင့်တွေရှိတာကို ပြချင်တာ။ အဖွဲ့အစည်းတွေ၊ လုပ်ငန်းစဉ်တွေကို ပြီးပြည်စုံစွာ ထုတ်ပြန် ထားနိုင်ရုံမဟုတ်ဘဲ ရှိသမျှ ပြည်သူအားလုံးက လက်တွေ့ကျကျ ပါဝင်ဆောင်ရွက်ခြင်းအလေ့အထကို ပုံစံသွင်း ထားတဲ့ ဒီမို့ကရေစီကို ပြသတာ။ ဒါပေမဲ့ နောက်တစ်ခုက အများသူငှာသိတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကြီးအဖြစ် အထင်အမြင်လွဲမှားယူဆကြတာမျိုးကို မဖြစ်စေလိုတာပဲဖြစ်တယ်။ ဒီဖြစ်စဉ်ကြီးကို whole-process people’s democracy လို့ သတ်မှတ်တာဖြစ်တယ်။

ဒီအစီအစဉ်ကြီး မတိုင်ခင် သူတို့မူဝါဒက အစိုးရ မူဝါဒအပေါ် ဆန့်ကျင်တဲ့ အမြင်ရှိသူ ပြည်သူတွေကို လုံး၀ တံခါး ပိတ်အိမ်သွင်းအကျဉ်းချ Lock Down လုပ်စေတယ်။ အတိုက်အခံဆန့်ကျင်သူအားလုံးကို နေအိမ်အကျဉ်းချတာ မျိုးတော့မဟုတ်ဘဲ တချို့ကိုတော့ အားလပ်ရက်ခရီးစဉ်ပေးထွက်ပြီး ရဲတွေနဲ့အတူ ရှိစေတာမျိုး။ အဆိုးရွားဆုံး အားလပ်ရက်ခရီးစဉ်ပုံစံကတော့ ကိုးကားမှတ်ချက်တွေလိုအပ်တယ်ဆိုပြီး ချုပ်ကိုင်ထားတာမျိုးပါ။ ဒါကြောင့် ၂ ဆက်ရှင်အစည်းအဝေးကြီးမှာ သူတို့ဟာ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ၅ ရာခိုင်နှုန်း မြင့်တက်လာစေရမယ်ဆိုပြီး အတည်ပြုမယ်။ ဒီအဆိုကိုလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကုန်ကတည်းက တရားဝင် ထုတ်ပြန်ထားပြီးသား။

ကမ္ဘာက တရုတ် ထုတ်ပြန်တဲ့ စီးပွားရေးဖွံ့ဖြိးတိုးတက်မှု အချက်အလက်တွေအပေါ် မယုံကြည်ကြပါဘူး။ တရုတ်မှာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြိုလဲခဲ့ပြီးသားဖြစ်တဲ့ကြားက အပေါ်လေတိုက်ပြနေတာလို့ပဲ ယုံကြည်ကြတယ်။ သူတို့မှာ မှော်မီးအိမ်ရှိတယ်ဆိုရင်တောင် ထုတ်ပြန်ခဲ့သလို စီးပွားရေး တိုးတက်မှုရာနှုန်းတွေ ဟာ တကယ့်လက်တွေဖြစ်လာဖို့ မဖြစ်နိုင်ပါဘူး။ တကယ်တမ်းလည်း မနှစ်က တရုတ်ကြေညာသလို သူတို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတယ်ဆိုတာကလည်း မမှန်ကန်ဖို့ များလွန်းပါတယ်။ သူတို့ဖော်ပြခဲ့တဲ့ ကိန်းဂဏန်း အချက်အလက်တွေမှာကို ကွဲလွဲချက်တွေများစွာရှိနေတဲ့အတွက် တရုတ်ပိုက်လိုင်း အင်ဂျင်နီယာကုမ္ပဏီ လီမိတက် (CPP) တင်ပြခဲ့တဲ့ အချက်အလက်တွေဟာ လိုတာထက်ပိုတင်ပြထားတဲ့လိမ်လည်မှုတွေပဲဆိုတာ မြင်သာစေပါတယ်။

ကမ္ဘာဦးဆောင် ရင်းနှီးမြှုပ်နှံမှုဘဏ်၊ လုံခြုံရေးနဲ့ ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေး လမ်းညွှန်အဖွဲ့ကြီး (Goldman Sachs) က တရုတ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြပါနဲ့လို့ အကြံပေးထုတ်ပြန်ခဲ့တဲ့အတိုင်းပါပဲ။ ဒီအဖွဲ့ကြီးရဲ့ ဓနစီမံခန့်ခွဲမှု CIO က Bloomberg Television မှာ ဒီလိုပြောခဲ့တယ်။

“ကျွန်တော်တို့ ဖောက်သည်တွေအားလုံး က ဒီလို မေးခွန်းတွေချည်းမေးခဲ့တယ်။ တရုတ်ထုတ်ကုန်တွေ ဘယ်လောက်စျေးပေါကြသလဲ။ လျှော့စျေးပေး တယ်ဆိုပြီးလူတွေ မလွှဲမရှောင်သာပြောကြတာက အဆိုးရွားဆုံးသတင်းပဲ။ ဒါကြောင့် ကျွန်တော်တို့ အမြင်က တရုတ်မှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ကြပါနဲ့လို့ အကြံပေးဖို့ပဲ ထွက်တယ်” တဲ့။

ဘာကြောင့်လဲဆိုတော့ တရုတ် စီးပွားရေးမှာ အဓိကအကျဆုံး အိမ်ခြံမြေလုပ်ငန်း၊ အခြေခံအဆောက်အအုံလုပ်ငန်းနဲ့ ပို့ကုန်လုပ်ငန်းအားလုံးက စီးပွားရေးကျဆင်းနေတယ်။ ဒါကြောင့် တရုတ် စီးပွားရေးဟာ နောက် ဆယ်စုနှစ်တစ်ခုအထိ ဆက်လက်ကျဆင်း ဖို့ပဲ ရှိတယ်လို့လည်း အကြံပေးသွားခဲ့တယ်။

ပိုပြီးအရေးကြီးတဲ့အချက်က တရုတ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဘယ်လောက်တောင် ကြီးမားတဲ့ စိစစ် ခြင်း၊ နိုင်ငံရေးဖိအားပေးခြင်း၊ နိုင်လိုမင်းထက် ဖမ်းဆီးချုပ်နှောင်ခြင်း၊ အမျိုးသားလုံခြုံရေးအကြောင်းပြ အမြစ် ဖြတ်စီမံကိန်းတွေချခြင်း၊ ရှင်းကျန်းပြည်နယ်မှာ မွတ်ဆလင် အိုက်ဂါလူမျိုးသန်းချီကို ဖမ်းဆီးထိန်းချုပ်ထားပြီး လူ့အခွင့်အရေးတွေချိုးဖောက် အဓမ္မ အလုပ်ခိုင်းစေမှုတွေ လုပ်နေခြင်း၊ နိုင်ငံတကာနဲ့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနိုင်လုအခြေအနေအထိ ဆိုးရွားတင်းမာတဲ့ စစ်ရေးအပြုအမူတွေ လုပ်ဆောင်နေခြင်းတွေပါပဲ။ ဒါဟာ တရုတ်နိုင်ငံ စီးပွားရေးအကျပ်ရိုက်နေခြင်းကို သက်သေပြနေမှုတွေပါ။ ဒါပေမဲ့ သူတို့ စီးပွားရေးအခြေအနေက ကောင်မွန်တဲ့အဆင့်မျိုးမှာတော့ ရှိနေသေးတယ်ဆိုနိုင်ပါတယ်။ ဒါကြောင့် Goldman Sachs အကြံပေးမှုအတိုင်း နိုင်ငံတကာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကို တရုတ်ပြည်တွင်းမှာ ဆက်မလုပ်ရင် သူတို့ရဲ့ ကျဆင်းဆုတ်ယုတ်မှုက မြန်သထက်မြန်ပြီး အောက်စိုက် ထိုးဆင်းသွားမှာပါ။

ဒီထက် ပိုပြောရရင် တရုတ်ပြည်တွင်းထုတ်ကုန်တွေကို သုံးစွဲတဲ့နိုင်ငံတွေဟာ လုံခြုံရေးချိုးဖောက်ခံရမှု အန္တရာယ် နဲ့ ကြုံတွေရတဲ့ အစဉ်အလာပါ။ ဥပမာတစ်ခုအဖြစ် တရုတ်ထုတ် လျှပ်စစ်စမတ်ဗီဒီယိုတံခါးခေါင်းလောင်းကို တစ်စုံတစ်ယောက်က ဝယ်တယ်ဆိုပါတော့။ စားသုံးသူ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတစ်ခုမှာ ဖော်ပြချက်အရ ဒီ ဗီဒီယိုတံခါးခေါင်းလောင်းပေါင်းများစွာထဲမှာ ကိုယ်ရေးလုံခြုံရေးအချက်အလက်တွေကို ခိုးယူတဲ့ Chips ပြားတွေ ကွယ်ဝှက်ထည့်သွင်းထားတာ တွေ့ရှိရပြီးဖြစ်ပါတယ်။ လုံခြုံရေးစည်းကို ကြောက်ခမန်းလိလိ ခြိမ်းခြောက်တဲ့ မဖွယ်မရာလုပ်ရပ်ပါ။ ဒါပေမဲ့ Amazon လိုကုမ္ပဏီကြီးက ဒီလို မလုံခြုံတဲ့ တရုတ်ပစ္စည်းတွေကို သူတို့ဝင်ငွေရဖို့ အရေးသာ ရှေးရှုပြီး ရောင်းချပေးနေတာပါပဲ။ တခြားသော တရုတ်ထုတ်ကုန်ပစ္စည်းပေါင်းများစွာဟာ စျေးလည်း အင်မတန်သက်သာလွန်းနေလို့ FISHBOT တံခါးခေါင်းလောင်းတစ်ခုတန်ကြေးဆို ၃၃ . ၉၈ ဒေါ်လာနဲ့သာ စျေးပေါ စွာရောင်းချပါတယ်။

စားသုံးသူများအစီရင်ခံစာမှာ တရုတ်လျှပ်စစ်ဗီဒီယိုတံခါးခေါင်းလောင်း ၂ ခုမှာ အန္တရာယ်ပေးနိုင်သူက ဒီတံခါးက မြင်ကွင်းကို ထိန်းချုပ်ဖောက်ဖျက်ရယူပြီး သူတို့ပစ်မှတ်ထားတဲ့ အိမ်ရှင်ကို ပစ်မှတ်ထားစောင့်ကြည့်နိုင်တဲ့အထိ လုံခြုံရေးကျိုးပေါက်နေစေတယ်လို့ ဆိုတယ်။ အိမ်ရှင်တွေ အဝင်အထွက်ကို စမတ်ဖုန်းတစ်လုံးကနေ စောင့်ကြည့် နေနိုင်တယ်။ တံခါးဖွင့်ဝင်မယ်ဆိုလည်း Password နဲ့ Authentication ဘာမှမလိုဘဲ ဖွင့်ဝင်သွားရုံပဲ။ ဒါကြောင့် အမေရိကမှာ တရုတ်ထုတ် လျှပ်စစ်ဗီဒီယိုတံခါးခေါင်းလောင်းတချို့ကို ရောင်းချခွင့်တရားဝင် ပိတ်ထားတယ်။ ဒါပေမဲ့ အွန်လိုင်းကနေ ရောင်းချပေးနေပြီး Amazon ၊ Wal-Mart ၊ Sears နဲ့ Temu လိုလုပ်ငန်းကြီးတွေကနေ အိမ် အရောက် ဒလီဗာရီပို့ပေးနေတော့ လူတွေရဲ့ လုံခြုံရေးချိုးဖောက်ခံရမှုက ဘယ်လောက်များဆိုးရွားနေပြီလဲ မသိ။

ဒီလို တရုတ်ပစ္စည်းတွေကို လုံခြုံရေးစိတ်မချရအောင် လုပ်ထားတဲ့သူတွေက Amazon က လုပ်သားတွေဖြစ်မယ် လို့ လူတွေ ထင်မြင်ကြတယ်။ အမေရိကန် FAQ အဆိုအရ Amazon လို ဂုဏ်သိက္ခာကြီးတဲ့ ကုမ္ပဏီကြီးတွေဟာ ရောင်းကုန်ပစ္စည်းတွေကို စံသတ်မှတ်ရာမှာ စျေးနှုန်း၊ လူကြိုက်များမှု၊ ပစ္စည်း ဝယ်ယူရရှိဖို့ လွယ်ကူမှု၊ မြန်ဆန်စွာ ပို့ဆောင်ပေးနိုင်မှုဆိုတဲ့ စံတွေကိုပဲ ထည့်သွင်းပြီး algorithm စနစ် တစ်ခုနဲ့သာ စံသတ်မှတ်တာလို့ ဆိုတယ်။ ဒါကြောင့် စမတ်ပစ္စည်းတွေအလိုရှိရင် တရုတ်ထုတ်ကုန်တွေနဲ့ အဝေးဆုံးမှာသာ နေသင့်ပါတယ်။ ဒီလို ပစ္စည်း တွေကို Amazon ကုမ္ပဏီကြီးက စျေးအပေါဆုံးနဲ့ ရောင်းချပေးနေ၊ ရတနာသိုက်ကြီးလို ပေါက်ကြားနေတဲ့ အချက်အလက်တွေ၊ ဖိုင်လ်တွေဟာ တရုတ်အစိုးရဆီ သူတို့ငှားရမ်းခိုင်းစေထားတဲ့ Hacker တွေကနေ တစ်ဆင့် ပြန်ရောက်ရှိနေပါတော့တယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကပဲ အမည်မဖော်ပြတဲ့ အွန်လိုင်းသုံးစွဲသူတစ်ယောက်က တရုတ်ဆိုက်ဘာလုံ ခြုံရေးချိုးဖောက်ရောင်းချတဲ့ I-Soon က ပေါက်ကြားတဲ့ မှတ်တမ်းအချက်အလက်များစွာကို လိုင်းပေါ်တင်ခဲ့တယ်။ I-Soon ကို မန်ဒရင်းလိုဆိုရင် Ānxún လို့ ခေါ်တယ်။ ဒီအဖွဲ့က တရုတ်ပြည်တွင်းက အထင်ကရ ဝက်ဘ်ဆိုက်တွေ၊ ပြည်ပက ဝက်ဘ်ဆိုက်တွေဆီကနေ Software အမျိုးမျိုး ခိုးယူရောင်းစားတယ်။ iPhone အပါအဝင် တခြားသော personal devices တွေဆီကနေပါ ခိုးယူနေတဲ့ အဖွဲ့ပါ။ သူတို့ကိုယ်တိုင်က X (ယခင်တွစ်တာ) ပလက်ဖောင်းကနေ အများစုကို ပစ်မှတ်ထားပြီး အီးမေးလ်၊ ဖုန်းနံပါတ်၊ တခြားသော ကိုယ်ရေးအချက်အလက်တွေကို ချိုးဖောက် ရယူ တယ်လို့ ထုတ်ပြန်ထားတယ်။ ငွေပေးရင် တခြားသူတွေရဲ့ Account တွေကိုပါ Hack ပေးဖို့ ကူညီတယ်လို့ လည်း အတိအလင်း ကြေညာထားတယ်။ သူတို့ဟာ တရုတ်အစိုးရရဲ့ အမျိုးသားလုံခြုံရေးဝန်ကြီးဌာန၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တရုတ် ရဲတပ်ဖွဲ့အပါအ၀င် အစိုးရအဖွဲ့အစည်းများစွာအတွက်လည်း အလုပ်လုပ်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

ဒါကြောင့်တရုတ်နိုင်ငံမှာ အစိုးရစပွန်ဆာပေးထားတဲ့ Hacking ကုမ္ပဏီပေါင်းများစွာ ရှိနေတာ သေချာလွန်းပါ တယ်။ ဘယ်အဖွဲ့အစည်းတွေလဲဆိုတာတော့ ဘယ်တုန်းကမှ နာမည်မထုတ်ပြန်ပေမယ့် လူတွေရဲ့ ပုဂ္ဂလိက ကိုယ်ရေး၊ အတွင်းရေးအချက်အလက်ပေါင်းများစွာကို ကာယကံရှင်တွေ သတိမပြု၊ မသိလိုက်ရဘဲ ခိုးယူမှုတွေ အများအပြားတည်ရှိနေပါပြီ။ ဒါကြောင့် အွန်လိုင်းပေါ်မှာ အားလုံးဟာ ကိုယ်ရေးအချက်အလက်တွေလုံ့ခြုံမှု ရှိစေမယ့် အကာအရန်အတားအဆီးခြေလှမ်းသစ်တွေ လှမ်းနိုင်ဖို့ မဖြစ်မနေ လိုအပ်နေပြီဖြစ်ပါကြောင်း . . .

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now