ဆောင်းပါး

တရုတ်က မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာလား

မဲခေါင် 22 Jan - 2024
၂၀၂၄ နှစ်သစ်ကူးချိန် ဇန်နဝါရီ ၁ ရက်နေ့က နောက်ပြန်လှည့်ကြည့်တော့ တရုတ်ဟာ မြန်မာပြည်ရဲ့ အချုပ်အခြာ အာဏာပိုင်မှုနဲ့ပတ်သက်လို့ အဓိက အခန်းကဏ္ဍက ပါနေတာ ထင်သာမြင်သာခဲ့ပါတယ်။

လင်းမောင်

၂၀၂၄ နှစ်သစ်ကူးချိန် ဇန်နဝါရီ ၁ ရက်နေ့က နောက်ပြန်လှည့်ကြည့်တော့ တရုတ်ဟာ မြန်မာပြည်ရဲ့ အချုပ်အခြာ အာဏာပိုင်မှုနဲ့ပတ်သက်လို့ အဓိက အခန်းကဏ္ဍက ပါနေတာ ထင်သာမြင်သာခဲ့ပါတယ်။ NUG အစိုးရကလည်း ပါးနပ်လွန်းတဲ့ နှစ်သစ်ထုတ်ပြန်ချက်အဖြစ် ၂၀၂၄ ဇန်နဝါရီ ၁၁ ရက်မှာ မြန်မာစစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့တို့ ကူမင်း(ယူနန်)မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ တရုတ်အစိုးရရဲ့ One China Policy ကို လက်ခံကြောင်း ထုတ်ပြန်ခဲ့တယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒိုင်းနမစ်အသစ် တစ်ခုပြောင်းလဲမှုကို ညွှန်းဆိုလိုက်တာပါ။

လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ ဒီအခြေအနေအရ အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်သွားစေပါတယ်။ အနည်းဆုံးတော့ ရှမ်းမြောက်မှာ အောင်ပွဲခံသွားနိုင်တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဟာ ကူမင်း အခြေစိုက် အကြီးအကဲတွေရဲ့ တိုက်ပွဲရပ်တန့်လိုက်ဖို့ ဖိအားပေးမှုကို နာခံလိုက်ရတာ မြင်သာစေတယ်။ တရုတ် အစိုးရရဲ့ စိုးရိမ်ပူပန်မှုက ရှမ်း၊ စစ်ကိုင်းနဲ့ ရခိုင်ဒေသတွေအတွက် မပါဘဲ သူနဲ့နယ်စပ် ရှမ်းမြောက်ဒေသအတွက်ပဲ ပါဝင်တယ်။

ပြီးခဲ့တဲ့ ၁ နှစ်တာကာလအတွင်း မြန်မာနိုင်ငံထဲမှာရှိတဲ့ တရုတ်အကျိုးစီးပွားဆိုင်ရာ စီမံကိန်းတွေကို ဘယ်လက်နက်ကိုင်တပ်ဖွဲ့က ဖျက်လိုဖျက်ဆီးလုပ်ခဲ့တယ်လို့ ကြားမိမြင်မိကြပါသလဲ။ တကယ်တမ်းမှာတော့ ဘယ်သူမှ မဖျက်ဆီးခဲ့ပါဘူး။ တရုတ်ဆိုတာ ပြဿနာဖြစ်လာနိုင်မှုတွေကို ကြိုတင်ကိုင်တွယ်ဖြေရှင်းတဲ့ စကေး ပိုင်းမှာ သိပ်ကျွမ်းကျင်တဲ့ နိုင်ငံပါ။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတဲ့ စစ်ဆင်ရေး ၁၀၂၇ ဟာလည်း တရုတ်က ရေးတဲ့ဇာတ်ညွှန်းလိုပါပဲ။ အနှစ်ချုပ်အရ ကိုးကန့်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင်မှာပဲ တခြားကိုးကန့်တွေနဲ့ စစ်ပွဲဖြစ်ပွားစေလိုက်တာမျိုးပါပဲ။ တရုတ်နိုင်ငံထဲမှာ အထိုင်ချတဲ့ ကိုးကန့် အုပ်စုဟာ လောက်ကိုင်ကိုရအပြီး စစ်ဆင်ရေးကို ရပ်စဲလိုက်တယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုသဘောတူလိုက်ကြရတယ်။ တရုတ်ဆိုတာ မြန်မာနိုင်ငံရဲ့ ဒိုင်းနမစ်တွေကို သင့်တော်တဲ့အခြေအနေ အကြောင်းတရားအပေါ် မူတည်ပြီး ပြောင်းလဲနိုင်တဲ့ အာဏာရှိသူဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတာ ပါပဲ။

မဟာမိတ် ၃ ဖွဲ့ထဲက TLNA နဲ့ MNDAA တပ်တွေဟာ သူတို့အုပ်ချုပ်ခွင့်ရဒေသတွေကိုပါ ကျော်ပြီး ဆက်တိုက်လာသလို တခြားနယ်မြေတွေကို ဆက်တိုက်မယ်ဆိုတာ သိသွားတော့လည်း တရုတ်ဟာ ဒီအဖွဲ့တွေရဲ့ သဘောထားကို နောက်ကြောင်းပြန်လှည့်ခိုင်းနိုင်ခဲ့တယ်။ တရုတ်ဟာ သူ့အကျိုးစီးပွားအတွက်ပဲ ဦးစားပေးတာဖြစ်ပြီး တခြား အငြင်းပွားမှုပဋိပက္ခတွေကို ဂရုမစိုက်ပါဘူး။ ဒီလို မြန်မာပြည်တွင်းက ပဋိပက္ခတွေကို သူတို့အကျိုးစီးပွားအတွက် ပိုအားသာစေမယ့် အလှည့်အပြောင်းတွေကိုသာ အန္တရာယ်ကို ဘေးဖယ်ထားပြီး ကျင်လည်စွာ ဖန်တီးတာပါ။

စစ်ကောင်စီနဲ့ ကိုးကန့်တွေရဲ့ တရုတ်ကြားဝင် အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှု (Haigeng Agreement) မှာ တရုတ်နဲ့မြန်မာနိုင်ငံအကြားကုန်သွယ်မှုပြန်စဖို့၊ မြေပြင်အကောင်ခွန်ဂိတ်တွေပြန်ဖွင့်ဖို့သဘောတူညီခဲ့တယ်ဆို တာကလည်း တရုတ်အလိုကျပါပဲ။ ဘယ်လောက် သိသာထင်ရှားတဲ့အကြောင်းပြချက်တွေ ရှိနေသလဲဆိုရင် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှာပါတဲ့ ရခိုင်တပ်မတော် AA ဟာ တိုက်တုန်းကပါပြီးနောက်ပိုင်း တိုးတိတ်စွာ နေထိုင် ခဲ့တယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုမှ ရှိမနေဘူး။ အခု အဲဒီ ရခိုင်မြောက်ပိုင်းမှာပဲ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေပြီး AA ဘက်က အောင်ပွဲရတာတွေ ထင်ထင်ရှားရှား မြင် တွေ့လာရတယ်။ ဒီတော့ ကူမင်း (ယူနန်)ဟာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ဗဟိုအမိန့်ပေးထိန်းချုပ်မှု ဌာနဖြစ်နေ တာ မြင်သာပြီး တရုတ်ကပဲ ဘယ်နေရာမှာ မြန်မာနိုင်ငံအတွင်း တိုက်ပွဲတွေ ဖြစ်ပါ၊ ဘယ်နေရာမှာ သူတို့ ရင်းနှီး ထားတဲ့ အကျိုးစီးပွားအဆောက်အအုံတွေကို စစ်မဖြစ်စေဘဲ ကာကွယ်ပါဆိုတာကို လမ်းညွှန်ဂုတ်စီးထားတာ ပေါ်လွင်ထင်ရှားနေခဲ့ပါပြီ။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now