ဆောင်းပါး

နွေဉီးတော်လှန်ရေးကာလရဲ့ အမေ့လျော့ခံ ပုံရိပ်များ

မဲခေါင် 9 Jan - 2024
“ဒီတော်လှန်ရေးကာလမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ကိစ္စတွေအတွက် စိတ်တော်တော်လေး ထိခိုက်ခဲ့ရတယ်။ ဒါပေမဲ့ ကိုယ့်ကိုကိုယ်နှစ်သိမ့်မှုတွေခံယူရင်း ကျော်လွှားခဲ့ရတယ်။ တော်လှန်ရေးမှာ မလိုလားအပ်တဲ့အရာတွေ ရလာမှာစိုးတာကြောင့်ပါ” လို့ သက္ကရာဇ်က ပြောလာပါတယ်။

ဝေဟင်စိုး

Photo – ဖိုတိုဒါန

“ဒီတော်လှန်ရေးကာလမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ကိစ္စတွေအတွက် စိတ်တော်တော်လေး ထိခိုက်ခဲ့ရတယ်။ ဒါပေမဲ့ ကိုယ့်ကိုကိုယ်နှစ်သိမ့်မှုတွေခံယူရင်း ကျော်လွှားခဲ့ရတယ်။ တော်လှန်ရေးမှာ မလိုလားအပ်တဲ့အရာတွေ ရလာမှာစိုးတာကြောင့်ပါ” လို့ သက္ကရာဇ်က ပြောလာပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် လိုက်ဖမ်းလို့ရှောင်တိမ်းရစဉ် သူမကိုလက်ခံကယ်တင်ထားတဲ့ ဘုန်းကြီးတစ်ပါးက ခြိမ်းခြောက်ပြီးလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့ပုံ၊ အဲဒီနောက် သူမတာဝန်ထမ်းဆောင်ရာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရပုံများကို ရှင်းပြနေရင်း သက္ကရာဇ်ရဲ့အသံ တိမ်ဝင်သွားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်‌နေ့မှာ အာဏာသိမ်းပြီးနောက် ပြည်သူတွေ ကန့်ကွက်ဆန္ဒပြကြရာမှာ LGBT အသိုင်းအဝိုင်းကလည်း တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ရာ မသက် (အမည်လွှဲ)လည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့ပါတယ်။

သူမ နည်းတူ လိင်အကြမ်းဖက်ခံခဲ့ရတဲ့ အခြားသော LGBT တစ်ဦးလည်း ရှိနေပါသေးတယ်။

သို့သော် ယင်းကိစ္စရပ်များအပေါ် ပြန်ပြောင်းပြောဆိုရန် စိတ်ပိုင်းဆိုင်ရာအဆင်သင့်မဖြစ်သေးကြောင်း ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှနိုင်ငံများရှိ အမျိုးသမီးများအနက် တစ်နှစ်တာစွမ်းဆောင်ရည်အကောင်းဆုံးဆု (Women of the Future Awards South East Asia) ဆုရှင် LGBT အလှမယ်ဖြစ်ပြီး ယခင်ကတော်လှန်ရေးတပ်ဖွဲ့တစ်ခုအတွင်း ရဲဘော် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အတာကလည်း ပြောလာပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟုဆိုရာမှာ အမျိုးသမီးတွေသာ ကျူးလွန်ခံနေရခြင်းမဟုတ်ဘဲ LGBT များ အပါအဝင် အမျိုးသားအချို့ပါ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံနေရတာ ဖြစ်ပါတယ်။

ယခင်ကတည်းက မြန်မာနိုင်ငံမှာ လိင်အကြမ်းဖက်မှုတွေ သိသာစွာဖြစ်ပွားနေပေမဲ့ တော်လှန်ရေးကာလအတွင်း လူသတိထားမှုနည်းပါးလာတာဖြစ်ပါတယ်။

ဒါပေမဲ့ တော်လှန်ရေးအသိုင်းအဝိုင်း အပါအဝင် ငရဲခန်းလို့ခေါ်တဲ့ စစ်ကောင်စီရဲ့စစ်ကြောရေးတွေမှာ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ လက်နက်အားကိုး၊ အာဏာအားကိုး၊ ငွေကြေးအားကိုးပြီးတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်းစုံကို ကျွန်မတို့ကြုံတွေ့နေရတယ်။ နဂိုကတည်းက မြန်မာနိုင်ငံက ဖိုဝါဒကြီးစိုးတဲ့နိုင်ငံ ဖြစ်တယ်။ ကျူးလွန်ပြီးသွားရင်လည်း လက်နက်အားကိုး၊ အာဏာအားကိုး၊ ငွေကြေးအားကိုး ပြီးတော့ ဖြေရှင်းနေကြတာကလည်း လုံးဝကို ဥပဒေမဲ့ကာလလိုဖြစ်နေခဲ့တယ်။ ဒါဟာ အင်မတန်အောက်တန်းကျလွန်းတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်” ဟု အတာက ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်ဖမ်းဆီးတာ၊ ပုဒ်မအမျိုးမျိုးတပ် နှစ်ရှည်ထောင်ချတာ၊ စစ်ကြောရေးမှာ နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်ညှင်းပန်းတာတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအထဲမှာ အမျိုးသမီးတွေအပါအဝင် လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBT တွေဟာ စစ်ကောင်စီရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ခံစားခဲ့ကြရတာဖြစ်ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးကာလအချိန်ကြာလာတာနဲ့အမျှ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ စစ်ကောင်စီက အမျိုးသမီးတွေအပေါ်သာမက တော်လှန်ရေးအတွင်းပါဝင်နေတဲ့ LGBT တွေကိုပါ အမုန်းစိတ်နဲ့ ပစ်မှတ်ထားကာ လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း LGBT (၁၀)ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့လည်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

LGBT တစ်ဦးဖြစ်သူ စာရေးဆရာမ စောဟန်နွေဦး ကိုလည်း စစ်ကောင်စီကဖမ်းဆီးပြီး စစ်ကြောရေးမှာ သူမခန္ဓာကိုယ်ကို ဓားနဲ့မွှန်းတာ၊ ရေနွေးပူနဲ့လောင်းတာ၊ ဝါယာကြိုးနဲ့ ရိုက်နှက်တာတွေတို့ ရက်ရက်စက်စက်ပြုလုပ်ခဲ့တဲ့အပြင် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်မှုတွေလည်း ရှိခဲ့ပါတယ်။

LGBT ဟုဆိုလျှင် လူအများစုက လိင်မှုဆိုင်ရာကိစ္စတွေနဲ့ အိပ်ယာပေါ်က ကိစ္စတွေနဲ့သာ ထုံမွှန်းနေသူတွေလို့ မြင်နေကြပြီး အခု နွေဦးတော်လှန်ရေးကာလ အတွင်းမှာတော့ တက်ကြွလှုပ်ရှာသူတွေအဖြစ် အများက လက်ခံလာကြပြီလို့ ရဲဘော်အတာက သူမရဲ့အမြင်ကို ပြောပါတယ်။

“LGBT တွေဆိုရင် မိတ်ကပ်လိမ်းရမယ်၊ ဒီဇိုင်နာလုပ်ရမယ်၊ နတ်ကရမယ်ဆိုတဲ့ ရှေးရိုးစွဲမူဘောင်ကြီးတစ်ခုကိုကျော်ပြီး လူမှုပတ်ဝန်းကျင်နေရာကဏ္ဍအသီးသီးမှာ ပါဝင်လာကြတယ်။ ဒီလိုပါဝင်လာကြလို့လည်း တစ်ဖြည်းဖြည်း လက်ခံလာကြတာ တွေ့ရတယ်” လို့ သူ့မရဲ့ယုံကြည်ချက်ကို ဖွင့်ဟလာပါတယ်။

ဒါကြောင့် LGBT တွေသာမက တခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရသူတွေအနေနဲ့ ဒီအခြေ အနေတွေကိုမမေ့ပစ်ဘဲ မှတ်တမ်းတင်ထားရှိကာ တော်လှန်ရေးအလွန်မှာကျူးလွန်သူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်ထားသင့်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က ထောက်ပြလာပါတယ်။

“ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်တဲ့ ဖြစ်ရပ်တွေက ကျူးလွန်ခံလိုက်ရတဲ့သူတွေရဲ့ လူသားဂုဏ်သိက္ခာကို ထိခိုက်စော်ကားလိုက်တာဖြစ်တယ်။ အမျိုးသမီးတွေ ကလေးသူငယ်တွေနဲ့ LGBT တွေအပေါ် ကျူးလွန်ခြင်းဟာ ကျူးလွန်ခံရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်ပေါ်စေတာကြောင့် လူ့အခွင့်အရေး ချိုးဖောက်တာလည်းဖြစ်တယ်” လို့ သူမက မှတ်ချက်ပြုပြောပါတယ်။

လိင်အကြမ်းဖက်ခံရမှုလို့ဆိုလိုက်ရင် အမျိုးသမီးတွေကိုသာ ကာကွယ်ပေးနေတဲ့ဥပဒေတွေ၊ အခွင့်အရေးတွေသာရှိနေပြီး၊ LGBT တွေအတွက် တိတိကျကျပြဌာန်းတာတွေမရှိသေးတာကြောင့် ဥပဒေတွေပြဌာန်းပေးဖို့ လိုအပ်တယ်လို့ LGBT အသိုင်းအဝိုင်းက ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။

“တော်လှန်ရေးမှာ LGBT အများစုပါဝင်နေကြပါတယ်။ ထောက်ပို့လုပ်ငန်းစဉ်တွေမှာဖြစ်စေ တောထဲမှာ လက်နက်ကိုင်ပြီးတော်လှန်နေတဲ့နေရာမှာပဲဖြစ်စေ LGBT များစွာပါဝင်နေတာကိုတွေ့ရတယ်။ တော်လှန်ရေးလို့ပြောလိုက်တာနဲ့ နိုင်ကျဉ်းအနေနဲ့ထောင်ကျနေတဲ့ LGBT တွေကိုလည်း မေ့လို့မရပါဘူး” လို့ သက္ကရာဇ်က ဆိုပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေအကြား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေရှိနေတာကို သိရှိတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အတည်ပြုထားပါတယ်။

“ခွဲခြားဆက်ခံရမှုတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေလိုပြဌာန်းမှုမျိုးတွေ ခိုင်ခိုင်မာမာရေးဆွဲဖို့လိုတယ်။ LGBT အပေါ်မြင်တဲ့ ဖိုဝါဒအစွဲတွေ၊ ဘာသာရေး၊ လူမျိုးရေးလို့သတ်မှတ်ထားတဲ့တချို့သော အယူအဆဟောင်းတွေကို မြောင်းထဲပစ်ဖို့ အချိန်ရောက်နေပါပြီ။ LGBT အပါအဝင် လူသားအားလုံးအကြမ်းဖက်ခံရခြင်းက ကင်းလွတ်ဖို့အတွက် လုပ်ဆောင်ပေးမှုက အစိုးရရဲ့ တာဝန်တစ်ရပ်ဖြစ်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အမျိုးသမီးများ၊ ကလေးသူငယ်များနဲ့ LGBT များအပေါ် အကြမ်းဖက်မှုများ မရှိစေရ ဆိုတဲ့ ပြဌာန်းချက်ကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်သည်ကျင့်ဝတ်နဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ မူဝါဒတွေမှာ ထင်ရှားစွာဖော်ပြထားပြီးဖြစ်ပါတယ်။

သက္ကရာဇ်ဟာ တော်လှန်ရေးကာလအတွင်း လိင်ပိုင်းဆိုင်ရာကျူးလွန်ခံခဲ့ရပေမဲ့ သူမယုံကြည်ထားတဲ့ တော်လှန်ရေးအတွက် သူမတတ်စွမ်းတဲ့ဘက်ကနေ တောတွင်းရဲဘော်တွေအတွက် ထောက်ပို့လုပ်ပေးတာ၊ ထိုင်းနိုင်ငံအတွင်း စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်တာ နဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို နိုင်ငံတကာကသိလာစေဖို့ သရုပ်ပြတာတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

“အကြမ်းဖက်မှုတွေနဲ့ တခြားရာဇဝတ်မှုတွေကိုအရေးယူဆောင်ရွက်ဖို့အတွက် ခိုင်မာတဲ့တရားစီရင်ရေးနဲ့ လွတ်လပ်တဲ့တရားစီရင်ရေး မရှိသေးတာကြောင့် အရေးယူဆောင်ရွက်မှုမှာ အားနည်းနေသေးတာဖြစ်တယ်။ ဒါတွေ ပပျောက်ဖို့ဆိုရင် တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေ တည်ဆောက်ရမယ်” လို့ သက္ကရာဇ်က တော်လှန်ရေးအပြီး ရောင်နီကိုမျှော်လင့်ရင်း ဆိုပါတယ်။

ခွဲခြားဆက်ဆံမှုတွေအတွက် ဥပဒေကဲ့သို့ ကျင့်သုံးနိုင်တဲ့ စာရိတ္တတွေ ဖော်ဆောင်ပေးခြင်း၊ ဥပဒေပေါ်လစီများ ပြုပြင်ပြောင်းလဲပစ်ခြင်းနဲ့ လူတိုင်းရဲ့အတွေး အခေါ်အယူအဆတွေကို ပြောင်းလဲဖို့လုပ်ဆောင်ရမယ်လို့ LGBT အသိုင်းအဝိုင်းက ညွှန်းဆို ထောက်ပြထားပါတယ်။

“ကျွန်မအနေနဲ့ LGBT ဖြစ်တည်မှုအပေါ် အားငယ်နေမှာမဟုတ်ဘူး။ ဒီတော်လှန်ရေးကာလမှာ ကျွန်မ ဘယ်အတိုင်းအတာထိ လုပ်နိုင်ခဲ့သလဲ။ တော်လှန်ရေးအလွန် ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရေးမှာလည်း တစ်ထောင့်တနေရာကနေပါဝင်ပြီး လောကကိုအလှဆင်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်” ဟု ရဲဘော်အတာက သူမရဲ့သံဓိဌာန်ကို ဖွင့်ဟလာပါတယ်။

LGBT တွေဟာ အဖိနှိပ်ခံမဟုတ်ဘဲ ပြည်သူလူထုတစ်ရပ်လုံး လိုချင်တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပန်းတိုင်ရောက်ရှိဖို့ တော်လှန်ရေးအတွင်း ကျရာအခန်းကဏ္ဍတွေမှာ ရှင်သန်ရပ်တည်လှုပ်ရှားရင်း လောကကိုအလှဆင်နေကြတဲ့ အမေ့ခံပုံရိပ်တွေအဖြစ် ကျန်ရှိနေပါတော့တယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now