လင်းမောင်
ရှမ်းမြောက် လောက်ကိုင်က အွန်လိုင်းငွေလိမ်ကွန်ရက်ကြီး ပြိုလဲပျက်ဆီးပြီးနောက် တရုတ်ရဲ့ တတ်နိုင်စွမ်းရှိမှုမှာ ဒုတိယပစ်မှတ်က ကရင်ပြည်နယ် နယ်စပ်မြို့ မြ၀တီမြို့ ဖြစ်လာနိုင်ပါတယ်။
ဂုဏ်သိက္ခာရှိတဲ့ သတင်းရင်းမြစ်တွေအရ လောက်ကိုင်မှာ ဖမ်းဆီးရမိတဲ့ အွန်လိုင်းငွေလိမ်ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တွေအပေါ် စုံစမ်းစစ်ဆေးနေရာမှာ မြ၀တီမြို့ သောင်ရင်းမြစ်ကမ်းက တရုတ်ကာစီနိုဝင်း KK Park နဲ့ ရွှေကုက္ကိုလ်ဟာ ပိုမိုကွဲပြားခြားနားပြီး ကမ္ဘာလုံးဆိုင်ရာအပေါ် ပိုမိုခြိမ်းခြောက်နိုင်တဲ့ ကွန်ရက်တွေဖြစ်ကြောင်း သိရှိထားပြီးပါပြီ။
မြ၀တီမြို့ဟာ လက်ရှိ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်ချစ်သူ အမိန့်အောက်မှာ ရှိနေပြီး ၂၀၁၇ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့တဲ့ ဒီဒုစရိုက်ကွန်ရက်တွေကို ဖျက်သိမ်းဖို့ ဗိုလ်ချုပ်သူကိုယ်တိုင်အပေါ် ဖိအားတွေကြီးမားစွာ သက်ရောက်နေပါပြီ။ ဒီလုပ်ငန်းတွေဟာ BGF ကို ဖြတ်ပြီး စစ်ကောင်စီအတွက်လည်း အကျိုးအမြတ်များစွာကို ရရှိနေစေပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရဟာ တရုတ်ရဲ့ မြ၀တီက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ဖိအားပေးမှုအပေါ် ကူညီသွားမယ်လို့ ကတိပြုထားပြီး ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်နေပါစေ ပြင်းထန်တဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှု၊ ဆိုက်ဘာရာဇဝတ်မှုများ ဖျက်သိမ်းရေး ကြီးမား တဲ့ ဖိအားပေးမှုတွေအပေါ် မြန်မာ စစ်ကောင်စီဘက်က မယုတ်မလွန် နှုတ်ဆွံ့ပြီး မငြင်းသလို ဝန်ခံခြင်းလည်း တရားဝင် မလုပ်ထားပါတယ်။ သူတို့ ဒီလိုတွေ ကြားသိထားခြင်းမရှိပါဘူးလို့တောင် စစ်ကောင်စီက ငြင်းဆိုထားပါသေးတယ်။ ဒီအခြေအနေမှာ ရှင်းလင်းသိသာသွားတာကတော့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ လက်ရှိမှာ ဗိုလ်ချစ်သူရဲ့ BGF အပေါ် တံတိုင်းသဖွယ် ကာကွယ်မှုတွေကို ဆက်လက် မလုပ်ဆောင်နိုင်တော့တာ သေချာသွားပါတယ်။
ပြီးခဲ့တဲ့ ၂ လအတွင်း ကိုးကန့်မှာ ဖမ်းဆီးရမိတဲ့ ဒုစရိုက်ဂိုဏ်းသားတွေဆီက ရထားတဲ့သတင်းအချက်အလက် တွေအရ ဒီလူတွေဟာလည်း ရွှေကုက္ကိုလ်နဲ့ မြ၀တီက ဆိုက်ဘာမှုခင်းဂိုဏ်းတွေနဲ့ ဆက်စပ်နေတာကို တရုတ် က သိရှိထားပြီးဖြစ်တယ်လို့ သတင်းတွေ ထက်နေပါတယ်။ ဒီ အွန်လိုင်းငွေလိမ်ဂိုဏ်းကွန်ရက်ဟာ မြန်မာမှာသာမက ထိုင်းနဲ့ လာအိုဘက်ကလည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပါတယ်။ မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံ အစိုးရအားလုံးဟာလည်း ဒီအရေးနဲ့ပတ်သက်လို့ တရုတ်ရဲ့ ဖိအားပေးခြင်းကို ခံနေကြရတယ်။
၂၀၂၃ ဒီဇင်ဘာ ၂၇ ရက်မှာ တော်ဝင်ထိုင်းတပ်မတော်ရဲ့ ပူးပေါင်းစစ်ဆင်ရေး ဒါရိုက်တာ ဒုတိယဗိုလ်ချုပ်ကြီး ဂျက်ကာပါအိုဂျန့်ပန်ဟာ နေပြည်တော်မှာ စစ်ကောင်စီတပ်ချုပ် မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်။ အဓိက ဆွေးနွေးမှုကတော့ မြ၀တီက အွန်လိုင်းငွေိလိမ်ဂိုဏ်းတွေကို အမြစ်ဖြုတ် တိုက်ဖျက်သွားဖို့ ဆွေးနွေးတာဖြစ်ပါတယ်။ တနင်္သာရီနဲ့ ပဲခူးက ခရိုင်တွေမှာပါ စစ်ရေးလှုပ်ရှားနေတဲ့ KNU ဟာလည်း မဲဆောက်-မြ၀တီ အာရှလမ်းမကြီးကို ထိန်းချုပ်ထားတယ်။ ဒါပေမဲ့ KNU ဘက်ကလည်း ရွှေကုက္ကိုလ်အကြောင်း တစ်ခွန်းတစ်ပါဒ မှ ဖွင့်ပြောထားတာမရှိတော့ တချို့သော ခေါင်းဆောင်တွေဟာလည်း ဒီဒေသက အင်တာနက်ငွေလိမ်လုပ်ငန်းနဲ့ ငွေကြေးခဝါချမှုတွေမှာ ပါဝင်နေတာမျိုးလည်း ဖြစ်နိုင်ချေပိုများလာတယ်။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဟာ လူပုဂ္ဂိုလ်ထက် ရင်းမြစ်တွေများစွာအပေါ်မှာ မူတည်တယ်။ စစ်ကောင်စီနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ BGF ခေါင်းဆောင် ဗိုလ်ချစ်သူကတော့ စီးပွားရေးဆိုင်ရာ အထူးအခွင့်အရေးအားလုံးကို မြ၀တီဒေသမှာ ပျော်ပျော်ကြီး ခံစားစံစားနေတယ်။ နိုင်ငံတကာက မြ၀တီက ဗိုလ်ချစ်သူ အကာအကွယ်ပေးထားတဲ့ ငွေကြေးခဝါချဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ဖိအားတွေ ပေးသထက်ပေးလာတယ်။ လက်ရှိမှာ KNU ကလည်း ဒီဒေသမှာ တိုက်ပွဲတွေ ဖော်ဆောင်မှုရှိနေတယ်။ ဒါလည်း စစ်ကောင်စီဟာ စောချစ်သူအပေါ် အရေးယူဖို့ ဆန္ဒလုံး၀မရှိတာ ထင်သာမြင်သာ ဖြစ်နေတယ်။ ကရင်လူမျိုးအသိုင်းအဝိုင်းမှာ စောချစ်သူဟာ KNU နဲ့ ပြန်ပေါင်းစည်းဖို့လုပ်နေတယ်ဆိုတဲ့ သတင်းတွေအပေါ်လည်း ဝေဖန်မှုမြင့်တက်နေတယ်။
တကယ်တမ်းက မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ စစ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ် ကတည်းက စောချစ်သူနဲ့ BGF ခေါင်းဆောင်တွေကို ဒီ တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းအဖွဲ့အစည်းတွေထဲက ထွက်မှ ဆက်လက်တွဲလို့ရမယ်ဆိုပြီး သတိပေးပြောကြားခဲ့ပြီးသားပါ။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း လပိုင်းအကြာ မှာ စစ်ကောင်စီရဲ့ ဘဏ္ဍာရေးလိုအပ်ချက်ဟာ မြင့်သထက်မြင့်လာတော့ ဆက်မျှောနေခဲ့တယ်။ စစ်ကောင်စီက KNU ကို ချေမှုန်းခြင်းနဲ့အတူ တစ်နိုင်ငံလုံးရဲ့ နယ်မြေအားလုံးကို ပြန်လည် သိမ်းဆည်းနိုင်ဖို့ ကြိုးစားလာချိန်မှာ စောချစ်သူဘက်ကလည်း ဘယ်တုန်းကမှ KNU ကို ပုန်ကန်ခြင်းမလုပ်ဖို့ ခံယူထားတာကြောင့် တရုတ်ရဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသအားလုံး ထိန်းချုပ်နိုင်ရေးက ပိုပြီး လွယ်ကူသွားတယ်။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်း၊ အနောက်တံခါး အားလုံးအပေါ် အခြေအနေတွေကို ကောင်းကောင်းသိလေ တရုတ်ဟာ လိုချင်တဲ့ ဒိုင်းနမစ်ရွေ့လျားမှုတွေကို ပိုပြီးပြောင်းလဲ ထိန်းချုပ်နိုင်လေ ဖြစ်လာရတာပါပဲ။
#MeKongNews