စစ်ရေးသတင်း

အင်းလေး PDF တောတွင်း နေထိုင်တိုက်ခိုက်ရေးသင်တန်း ဖွင့်လှစ်

မဲခေါင် 2 Apr - 2024
အင်းလေးဒေသကိုယ်စားပြု အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၀၀၉ IPDF က တောတွင်း နေထိုင်တိုက်ခိုက်ရေးသင်တန်းတွေ လေ့ကျင့်နေတယ်လို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသကိုယ်စားပြု အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၀၀၉ IPDF က တောတွင်း နေထိုင်တိုက်ခိုက်ရေးသင်တန်းတွေ လေ့ကျင့်နေတယ်လို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လက်ရှိမှာ လူသစ်တွေ တိုးလာတာဖြစ်လို့ စစ်ရေးတိုက်ပွဲဝင်သင်တန်းတွေမှာ ပါဝင်တဲ့ ခြေရာခံခြေရာကောက်၊ အရပ်မျက်နှာထိန်းသိမ်းတာ၊ တောတွင်းနေထိုင်စားသောက်တဲ့သင်ခန်းစာတွေ၊ အခြေခံလက်နက်သင်ခန်းစာတွေသာမက ရန်သူလက်နက် မိမိလက်နက် လက်တွေ့လေ့ကျင့်ခန်းတွေ ပြုလုပ်နေတယ်လို့ တပ်ရင်းတာဝန်ရှိသူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“တော်လှန်ရေးဟာ စျေးမပေါဘူးဆိုတာ လက်တွေ့လေ့ကျင့်တာပေါ့ဗျာ၊တပ်ဖွဲ့မှာ အင်းသားရော ဓနုကအစ လူမျိုးစုံပါဝင်တာမှာ သေဖော်သေဖက် ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့်အဝ ခံယူကျင့်သုံးဖို့ကအစ လူထုအပေါ်အနိုင်မကျင့်မိဖို့၊ ရိုးသားယဉ်ကျေးစွာဆက်ဆံတတ်ဖို့တွေပါ လေ့ကျင့်ရပါတယ်၊ မတရားတာကို မကြိုက်လို့ တော်လှန်တာမှာ ကိုယ်တိုင်က မတရားမလုပ်မိဖို့ အရမ်းအရေးကြီးပါတယ်” လို့ သူကပြောပါတယ်။

အစားကို လျှော့စားလို့ရပေမယ့် တိုးလာတဲ့ လူအင်အားအတွက် လက်နက်ခဲယမ်းကအစ အဝတ်အထည် အသုံးအဆောင်နဲ့သွားလာရေး၊ နေထိုင်ရေးတွေ အများအပြားလိုအပ်လာနေတယ်လို့ ပြောပါတယ်။

ဒီလကုန်မှာ သင်တန်းဆင်းမယ့် ရဲဘော်သစ်တွေအတွက် တပ်ရင်းထောက်ပို့အဖွဲ့အနေနဲ့ ကျည်ကာဦးထုပ်မရရင်တောင် ပျောက်ကြား ဦးထုပ်တွေလိုအပ်နေတာ သွားလာဖို့ကားလိုအပ်တာကအစ ဒီဇယ်ဆီ စတာတွေအတွက် Campaign တွေလုပ်ပြီး ရန်ပုံငွေစုဆောင်းကာ ဝယ်ယူနေရတာမှာ M-79 ၁လက်အတွက် အင်းလေးတိုက်တေး ကဏ္ဍပြီးဆုံးသွားပြီဖြစ်လို့ စေတနာရှင်တွေကို အထူးကျေးဇူးတင်တယ်လို့ ထောက်ပို့သူ တစ်ဦးက ပြောပါတယ်။

လက်ရှိ အင်းလေး ၁၀၀၉ IPDF တပ်ရင်းဟာ အခြားရှမ်းတောင်တော်လှန်ရေးတပ်ဖွဲ့တွေ၊ KNDF ကရင်နီတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး အင်းလေးဖယ်ခုံ၊ မိုးဗြဲဒေသတွေမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အင်းလေးဒေသကိုယ်စားပြု တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆင်ဘို ခလရ – ၁၄၁ စစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဧရာဝတီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ၁၄ မိုင်ခန့်အကွာမှာ ရှိတဲ့ ဆင်ဘိုမြို့ အနီးက စစ်ကောင်စီ ခလရ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်က ရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် စစ်မှုထမ်းဖို့ လူသစ်စု

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ မက်ကျန်ပြည်သူ့စစ် အဖွဲ့တွေဟာ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းပြီး ပအိုဝ်းပြည်သူ့စစ် စစ်ဆေးရေးဂိတ်နဲ့ပူးပေါင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်မှာ စစ်အာဏာသိမ်း ကာလကတည်းက အထိုင်ချထားတဲ့ ကံကြီး-သံလမ်း စစ်ဆေးရေးဂိတ်ကို အပြီးတိုင်ဖျက်သိမ်းလိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် တစ်အိမ်ကို ငွေကျပ် ၄၀,၀၀၀ နီးပါး ကောက်ယူနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်မှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တစ်အိမ်ကို ငွေကျပ် ၃၆,၅၀၀ ကျပ် ကောက်ယူနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီးမော့ဆိုက စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ မိုးကာလိုအပ်နေ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ရှောင်‌နေရတဲ့ စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ မိုးကာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ဧပြီလ ၂၈ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် သဘက်ချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ကျေးရွာက သဘက်ချောင်းတံတားဟာ ဧပြီလ ၂၇ရက်ညပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် တစ်အိမ်ကို ငွေကျပ် ၄၀,၀၀၀ နီးပါး ကောက်ယူနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်မှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တစ်အိမ်ကို ငွေကျပ် ၃၆,၅၀၀ ကျပ် ကောက်ယူနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး၀န်ကြီးဌာနက ဒီနေ့ ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now