စစ်ရေးသတင်း

သိန္နီမှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

မဲခေါင် 28 Mar - 2024
MNDAA တပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်တိုင် စတင်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ SSPP က မနေ့ မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ မတ် ၂၈

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ်ထဲက SSPP တပ်စခန်းတစ်ခုကို မတ်လ ၂၆ ရက်ကစပြီး MNDAA တပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်တိုင် စတင်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ SSPP က မနေ့ မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သိန္နီမြို့နယ်အတွင်းက နမ့်စလပ်နဲ့စယ်အူကျေးရွာအုပ်စုမှာ လှုပ်ရှားနေတဲ့ SSPP လှုပ်ရှားစစ်ကြောင်းကို MNDAA က မတ်လ ၂၆ ရက် ညနေ ၃ နာရီကျော်မှာ MNDAA က တိုက်ခိုက်ရေးဒရုန်းနဲ့ လိုက်လံ တိုက်ခိုက်ခဲ့ရာမှာ စယ်အူကျေးရွာအုပ်စု ကုန်းညောင်ကျေးရွာအနီးမှာ ၁၀ မိနစ်ကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ မတ်လ ၂၇ ရက် မနက် ၉နာရီမှာလည်း စယ်အူကျေးရွာအုပ်စု၊ ပန်နားကျေးရွာအနီးက လယ်ကွက်ထဲကနေ MNDAA အင်အား ၂၀၀ ခန့်က အနီးနားရှိ SSPP ရဲ့ အထူးတပ်စခန်းတစ်နေရာကို တိုက်ခိုက်ရေးဒရုန်းနဲ့ အကြိမ်ပေါင်း ၅၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မနက် ၁၁ နာရီကျော်အချိန်မှာ မြေပြင် စစ်အင်အား ၂၀၀ ကျော်နဲ့ SSPP တပ်စခန်းကို ထပ်မံတိုက်ခိုက်လို့ နေ့လည် ၁၂ နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

MNDAA ကတိုက်လာလို့ SSPP က ခုခံကာကွယ်တဲ့အနေအထားနဲ့သာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုင်းရင်းသားအချင်းချင်းပြန်လည်သင့်မြတ်ရေးအတွက် ရှေ့ရှုကာ တွေ့ဆုံဆွေးနွေးတဲ့လမ်းစဉ်နဲ့ အတတ်နိုင်ဆုံး ဖြေရှင်းသွားနိုင်ရန်လည်း ကြိုးပမ်းသွားမှာဖြစ်ပြီး လုံးဝဖြေရှင်းမရမှသာ မိမိအဖွဲ့အစည်း မိမိအုပ်ချုပ်ရေးနယ်မြေအတွင်းက ပြည်သူတွေကို ထိပါးစော်ကားလာပါက SSPP အနေနဲ့ ထိထိရောက်ရောက် ပြန်လည်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

မတ်လ ၂၇ ရက် က မဲခေါင်သတင်းဌာနရဲ့ ဆက်သွယ်စုံစမ်းချက်အရ စယ်အူက MNDAA တပ်စခန်းမှာ မတ်လ ၂၆ ရက် ညနေပိုင်း တန်းစီချိန် SSPP က လာရောက်ပစ်ခတ်လို့ တပ်ဖွဲ့ဝင် ၁ ဦးဒဏ်ရာရတဲ့အပေါ် MNDAA တွေက ပြန်လည် တုံ့ပြန်တိုက်ခိုက်တယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ်နဲ့ပတ်သက်လို့ MNDAA အနေနဲ့ ပြောကြားချက် တစ်စုံတစ်ရာ မရှိသလို မဲခေါင်အနေနဲ့လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဆိုပါစယ်အူကျေးရွာမှာ MNDAA အပြင် TNLA နဲ့ KIA တပ်ဖွဲ့တွေပါရှိကြပြီး တိုက်ပွဲဘာကြောင့် ဖြစ်ပွားရတယ်ဆိုတာတော့ မသိရသေးပါဘူး။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုံးကိုးမြို့က KIA ရုံးကို MNDAA ချိတ်ပိတ် စာကပ်

၊ မုံးကိုးမြို့ထဲက ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA) ရဲ့ မြို့နယ်ရုံးကို ကိုးကန့် MNDAA တပ်ဖွဲ့က ချိပ်ပိတ် စာလာကပ်ထားကြောင်း ‌KIA အသိုင်းအဝိုင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖာပွန်အခြေစိုက် ခမရ-၄၃၄ တပ်ရင်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ-၄၃၄ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now