စစ်ရေးသတင်း

ရှမ်းမြောက်တိုက်ပွဲတွေမှာ MDY PDF နဲ့ BPLA ပါ၀င်တိုက်ခိုက်နေ

မဲခေါင် 27 Oct - 2023
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေနဲ့ အတူ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)-MDY PDF နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော်-BPLA တို့ ပါ၀င် တိုက်ခိုက်နေတယ်လို့ MDY PDF တာ၀န်ရှိသူ ကိုအော်စမွန်က မဲခေါင်သတင်းဌာနကို ဒီကနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေနဲ့ အတူ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)-MDY PDF နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော်-BPLA တို့ ပါ၀င် တိုက်ခိုက်နေတယ်လို့ MDY PDF တာ၀န်ရှိသူ ကိုအော်စမွန်က မဲခေါင်သတင်းဌာနကို ဒီကနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။

“ရှမ်း‌မြောက် တိုက်ပွဲတွေမှာ ပါ၀င်တိုက်ခိုက်နေတာ မှန်ပါတယ်။ ဒါပေမဲ့ တိုက်ပွဲ အခြေအနေ အသေးစိတ် ကိုတော့ ပြောပြလို့ မရသေးပါဘူး။ နောက်မှ ထုတ်ပြန်ပါ့မယ်” လို့ သူကရှင်းပြပါတယ်။

ရှမ်းမြောက်က စစ်ကောင်စီ အထိုင် တပ်စခန်းတွေကို မဟာမိတ် ညီနောင် တပ်ဖွဲ့တွေဖြစ်တဲ့ TNLA၊ MNDAA၊ AA တို့အပြင် MDY PDF နဲ့ BPLA တပ်ဖွဲ့တို့ အော်ပရေးရှင်း ၁၀၂၇ စစ်ဆင်ရေး အဖြစ် ပါ၀င် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

BPLA တည်ထောင်သူ ကိုဆောင်းခ က “ကျွန်တော်တို့ BPLA က စိတ်ရှည်လက်ရှည်နဲ့ လူတွေ အထင်အမြင်လွဲခံ၊ ပင်ပန်းဆင်းရဲဒဏ်ခံပြီး ၂ နှစ်ကျော်ကာလ တည်ဆောက်ခဲ့ရတာတွေကို အခုတခေါက်မှာတော့ ဗမာပြည်သူတွေ နားလည်လာနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အတွက်တော့ တိုက်ပွဲက အခုမှစတာ ဖြစ်ပါတယ်” လို့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသား ပြောဆိုထားပါတယ်။

လက်ရှိ တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်တွေ နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်စခန်း တော်တော်များများကို သိမ်းပိုက်ထားနိုင်ပြီလို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

MK-007

#MekongNews

#ရှမ်းမြောက်

#MDY_PDF

#BPLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် ပြည်သူတွေ စိုးရိမ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သာလေးကျေးရွာမှာ စစ်မှုထမ်း ဆင့်ခေါ်စာကြောင့် စစ်မှုထမ်း အကြုံးဝင်သူတွေရဲ့ မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေရတယ်လို့ စုံစမ်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ ပြီးနောက် ဖြိုဖျက်လိုက်ပြီး အသစ်ပြန်လည် ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now