စစ်ရေးသတင်း

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

မဲခေါင် 28 Mar - 2024
ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မဲခေါင်၊ မတ် ၂၈

ကချင်ပြည်နယ်၊ တရုတ် – မြန်မာ နယ်စပ် ကုန်သွယ်ရာ ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ ဗန်းမော် နဲ့ လွယ်ဂျယ်ကြားက စိန်လုံလမ်း တကြော မှာရှိတဲ့ လော့်ဒန် အူဒါန်ဘွမ်၊ လော့်မွန်ရွာ ကာကင်း၊ ရှန်တိုင် ကာကင်း၊ ဘန်ယောက်ဝ် ကာကင်းတွေကို သိမ်းလိုက်တယ်” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အဲဒီထဲက လော့်မွန်ရွာ ကာကင်းကို မနက် ၁၁ နာရီ ခွဲခန့်က၊ လော့်ဒန် အူဒါန်ဘွမ် ကာကင်းကို နေ့လည် ၁၂ နာရီခန့်က၊ ဘန်ယောက်ဝ် ကာကင်းကို နေ့လည် ၁၂ နာရီခွဲခန့်က နဲ့ ရှန်တိုင်ဘွမ်ကာင်းကို မွန်းလွဲ ၂ နာရီခွဲခန့်က စသဖြင့် သိမ်းနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဗန်းမော် – မိုးမောက် – စိန်လုံ – လွယ်ဂျယ် ကုန်သွယ်ရေး လမ်းကြောင်း တလျှောက်ရှိတဲ့ စစ်ကောင်စီ စခန်း ၇ နေရာကို ယမန်နေ့ မတ်လ ၁၇ ရက်နေ့ မနက် ၇ နာရီခန့်ကစ KIA နဲ့ ပူးပေါင်းအဖွဲ့တွေ တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ နောက်ထပ် KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“ သိမ်းထားတဲ့ စစ်ကောင်စီစခန်းတွေဘက် စစ်ကောင်စီတွေ လေကြောင်နဲ့ ဗုံးကြဲနေတယ်။ ဒီ မိုးမောက်နဲ့ လွယ်ဂျယ်ကြားမှာတော့ စစ်ကောင်စီ တပ်စခန်း ၃ နေရာ လောက်ပဲ ကျန်တော့တယ်။ စစ်ကောင်စီဘက်ကလည်း တာပိန်ဘက် အင်အားတွေ ရာချီတက်လာနေတယ် ကြားတယ်” လို့ သူက ပြောပါတယ်။

အခုလ မတ်လ ၇ ရက်နေ့ကစ KIA နဲ့ ပူးပေါင်းတော်လှန် ရေးတပ်ဖွဲ့တွေဟာ လိုင်ဇာအနီး ဝန်းကျင်က စစ်ကောင်စီ တပ်စခန်းတွေနဲ့ ဗန်းမော် – မြစ်ကြီးနား လမ်း တလျှောက်က စစ်ကောင်စီ စခန်းတွေကို တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်စခန်း အကြီး အသေး ၄၀ နီးပါး သိမ်းဆည်း ရှိခဲ့ပြီးနောက် ယမန်နေ့ မတ်လ ၂၇ ရက်နေ့မှာတော့ ဗန်းမော် – လွယ်ဂျယ်လမ်းတလျှောက်က စစ်ကောင်စီစခန်းတွေကို စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ကြီးနား – ဖားကန့် လမ်းနဲ့ မြစ်ကြီးနား – ပူတာအို လမ်းဘက်လည်း နှစ်ဖက် စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုံးကိုးမြို့က KIA ရုံးကို MNDAA ချိတ်ပိတ် စာကပ်

၊ မုံးကိုးမြို့ထဲက ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA) ရဲ့ မြို့နယ်ရုံးကို ကိုးကန့် MNDAA တပ်ဖွဲ့က ချိပ်ပိတ် စာလာကပ်ထားကြောင်း ‌KIA အသိုင်းအဝိုင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖာပွန်အခြေစိုက် ခမရ-၄၃၄ တပ်ရင်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ-၄၃၄ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now