မဲခေါင်၊ မတ် ၂၉
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြောင်းခြံတွေထဲ ကျပြီး မီးကူးစက်လောင်ကျွမ်းမှုတွေ ရှိခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
မနေ့ မတ်လ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်မှာ ဖယ်ခုံစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ နန်းတုတ်ရွာက ပြောင်းခြံတွင် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးဟာ ပြောင်းခြံတွေနား ကျရောက်ပေါက်ကွဲ မီးလောင်ခဲ့တာကြောင့် တခြားခြံတွေ မကူးစက်အောင် မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
မတ်လ ၂၇ ရက် နေ့လည်ပိုင်းကလည်း နန်းတုတ်ရွာကို လေယာဉ်နဲ့မီးလောင်ဗုံးကြဲချသလို ပြောင်းတင်လှေဆိပ်ကိုလည်း လေယာဉ်နဲ့ပစ်ခတ်လို့ အနားမှာရပ်ထားတဲ့ ကား ၁ စီး ထိမှန်ပျက်စီးခဲ့ရပါတယ်။
နန်းတုတ်ကျေးရွာမှာ တော်လှန်ရေးတပ်တွေမရှိဘဲ မတ်လ ၂၂ ရက် ညပိုင်းကတည်းက လေယာဉ်နဲ့ဗုံးကြဲတာ မတ် ၂၃၊ ၂၄ ရက်တွေမှာ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ နေ့စဉ်လိုပြုလုပ်နေလို့ အိမ်တွေ၊ ဆေးခန်းတွေ၊ ကုန်စုံဆိုင်တွေ ထိခိုက်ပျက်စီးခဲ့လို့ ဒေသခံအများစု ထွက်ပြေးပုန်းရှောင်နေရတယ်လို့ သိရပါတယ်။
MK-012