စစ်ရေးသတင်း

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့က စစ်ကောင်စီဝန်ထမ်း၊ တပ်မိသားစုတွေ တရုတ်ဘက် ထွက်ပြေးဖို့ ညှိုနှိုင်းနေ

မဲခေါင် 29 Mar - 2024
စစ်ကောင်စီနဲ့ ဝန်ထမ်း၊ တပ်မိသားစုတွေ မတ်လ ၂၉ ရက်နေ့ မနက်မှာ တရုတ်နယ်စပ်ဘက် ဝင်ရန် ညှိနှိုင်း‌နေကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ မတ် ၂၉

ကချင်ပြည်နယ်၊ တရုတ် – မြန်မာ နယ်စပ် လွယ်ဂျယ်မြို့က စစ်ကောင်စီနဲ့ ဝန်ထမ်း၊ တပ်မိသားစုတွေ မတ်လ ၂၉ ရက်နေ့ မနက်မှာ တရုတ်နယ်စပ်ဘက် ဝင်ရန် ညှိနှိုင်း‌နေကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

“ စစ်ကောင်စီတွေဘက်က မပစ်ဖို့ ညှိနှိုင်းလာတယ်။ သူတို့ဘာသာ သူတို့ ထွက်သွားမယ်လို့ပြောတယ်။ မနက်အစော ၄ နာရီကျော်ဝန်းကျင်က သူတို့တော့ ပစ်နေတယ်။ တရုတ်ဘက် ဝင်ဖို့ ညှိ‌နေတယ်လို့ ကြားတယ်” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ယမန်နေ့ မွန်းလွဲပိုင်းကစ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လွယ်ဂျယ်မြို့ကို ဝန်းရံ ပိတ်ဆို့ထားလို့ စစ်ကောင်စီဘက်က မပစ်ဖို့ ညှိနှိုင်းဝောာင်းဆိုလာတာလို့ ပြောပါတယ်။

အရပ်သား ပြည်သူတွေ ထိခိုက်မှု မရှိအောင် အတတ်နိုင်ဆုံး ကြိုးစားနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ မနက်အစောပိုင်းကတော့ တရုတ်ဘက်က တံခါးမဖွင့်ပေးသေးဘူး။ တရုတ်ဘက်ကတော့ တံခါးဖွင့်ရင် ‌အရပ်သား ပြည်သူတွေ ဝင်မလာဖို့ပြောတယ်။ မပစ်တော့ဘူးပေါ့” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

နယ်စပ်ဒေသခံ အမျိုးသားတစ်ဦးကဝောာ့ လွယ်ဂျယ်မြို့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတယ်လို့ သိရပေမယ့် အတိအကျ ဂဃနဏ မသိရသေးဘူးလို့ ပြောပါတယ်။

မတ်လ ၂၇ ရက်နေ့ကစ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ လွယ်ဂျယ် – ဗန်းမော် လမ်းမကြီး အနီးနားက စစ်ကောင်စီ တပ်စခန်းတွေ ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ရာ ‌နှစပေါင်းများစွာ စခန်းချထားတဲ့ ယောယုံ ဗျူဟာ အပါအဝင် စစ်ကောင်စီ ကာကင်းစခန်း ၉ ခုခန့် သိမ်းပိုက်ရရှိထားကြောင်း KIA ရှေ့တန်းနဲ့ နီးစပ် သူတွေဆီက သိရပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KA အပတ်စဥ် (၇၅) စစ်သင်တန်းဆင်း

ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဥ် (၇၅) စစ်သင်တန်းဆင်းပွဲကို ကရင်နီပြည်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KnIC က ဒီနေ့ ဧပြီ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုံးကိုးမြို့က KIA ရုံးကို MNDAA ချိတ်ပိတ် စာကပ်

၊ မုံးကိုးမြို့ထဲက ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA) ရဲ့ မြို့နယ်ရုံးကို ကိုးကန့် MNDAA တပ်ဖွဲ့က ချိပ်ပိတ် စာလာကပ်ထားကြောင်း ‌KIA အသိုင်းအဝိုင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖာပွန်အခြေစိုက် ခမရ-၄၃၄ တပ်ရင်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ-၄၃၄ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now