စစ်ရေးသတင်း

ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေ

မဲခေါင် 27 Mar - 2024
ပအိုဝ်ေးဒသ ဆီဆိုင်မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PNLA က ဒီနေ့ မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ မတ် ၂၇

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်ေးဒသ ဆီဆိုင်မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PNLA က ဒီနေ့ မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက မြို့တွင်းကို တင့်ကားတွေ အသုံးပြု ထိုးစစ်ဆင်နေသလို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အဆမတန် ပစ်ခတ်နေတာကြောင့် အိုးအိမ်တွေ ပျက်စီးနေရတယ်လို့ ပါရှိပါတယ်။

လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ မြို့ထဲကို အချို့ပြည်သူတွေက အရဲစွန့်ပြီး ဝင်ရောက်ဖို့ ကြိုးစားနေတာတွေကြောင့် စစ်ကောင်စီနဲ့အပေါင်းပါ လက်ပါးစေတွေက ပစ်ခတ်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာမှာ ပြည်သူအချို့ထိခိုက်သေဆုံးတာ၊ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေတာတွေရှိ နေတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ဇုံအတွင်းကျရောက်နေပြီး တိုက်ပွဲလဲ ပြင်းထန်နေတာဖြစ်လို့ အရဲစွန့်ကာ မြို့တွင်းကို ဝင်ရောက်ခြင်းတွေ လုံးဝ(လုံးဝ)မပြုလုပ်သင့်ဘူး လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ PNLA ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖို့နဲ့ တရားဝင် အသိပေးထုတ်ပြန်ချင်းတွေ မရှိမခြင်း မြို့တွင်းကို အရဲစွန့် ဝင်ရောက်ခြင်းတွေ မပြုလုပ်ကြဖို့ အထူးတိုက်တွန်းလိုတယ်လို့ ပါရှိပါတယ်။

ထို့အပြင် မဲနယ်တောင်ဒေသကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပအိုဝ်းကျေးရွာက အမားပြည်သူပိုင် အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးခိုးယူမှုတွေလုပ်နေပြီး ယမန်နေ့ မတ်လ ၂၆ ရက်က လုံးဒါကျေးရွာအတွင်းကိုဝင်ရောက်ကာ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူပြီး အဲ့ဒီ့ကျေးရွာမှာပဲ တပ်စွဲနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ လွယ်မောတောင် ဒေသကိုလည်း လက်နက်ကြီးနဲ့ ၄ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါရှိပါယ်။

ဆီဆိုင်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်က ယနေ့အထိ မြို့ကို ပစ္စည်းယူတာ အကြောင်းအမျိုးမျိုးနဲ့ပြန်တဲ့သူ ၆၀ ဦးကျော် မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသလို ဆီဆိုင်မြို့ကို ပြန်လို့ရပြီဆိုပြီး သတင်းအတုတွေ ဖော်ပြပေးနေတဲ့ အွန်လိုင်းပေါ်က စစ်ကောင်စီရဲ့အလိုတော်ရိပိုစ်တွေကို မယုံကြည်ကြဖို့ စစ်ဘေးရှောင်သူ အချင်းချင်း သတိပေးနေကြပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်မရှိတော့တဲ့ လိုင်ဇာမုခ်ဝအသစ် KIA ပြန်ဖွင့်

KIO/KIA ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အဝင် မုခ်ဝကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်ရယူ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

AA ဒုစစ်ဦးစီးချုပ် SSPP/SSA အရာရှိကျောင်းသို့ သွားရောက်တွေ့ဆုံ

AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ SSPP/SSA က ဖွင့်လှစ်ထားတဲ့ အရာရှိသင်တန်းကျောင်းကို သွားရောက်ကာ ကျောင်းအလုပ်အမှုဆောင်တွေ၊ သင်တန်းတက်ရောက် နေသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ SSPP/SSA

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသတွင်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူမယ်လို့ DPLF သတိပေး

ရွာငံနဲ့ ပင်းတယမြို့နယ်တွေမှာ စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ဝင်ဦးရေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ ဓနု DPLF ပြော

ရွာငံနဲ့ ပင်းတယမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကြောင့် လာရောက် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင် အသစ်တွေ ၈၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့ DPLF တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီက ဒဏ်ငွေ ၃ သိန်း ဆောင်ခိုင်း

ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုံးကိုးမြို့က KIA ရုံးကို MNDAA ချိတ်ပိတ် စာကပ်

၊ မုံးကိုးမြို့ထဲက ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA) ရဲ့ မြို့နယ်ရုံးကို ကိုးကန့် MNDAA တပ်ဖွဲ့က ချိပ်ပိတ် စာလာကပ်ထားကြောင်း ‌KIA အသိုင်းအဝိုင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖာပွန်အခြေစိုက် ခမရ-၄၃၄ တပ်ရင်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ဖာပွန်အခြေစိုက် စစ်ကောင်စီ ခမရ-၄၃၄ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now