စစ်ရေးသတင်း

ခိုလမ်မြို့အထွက်က စစ်ကောင်စီဂိတ်မှာ သွားလာသူတွေကို ငွေတောင်းနေ

မဲခေါင် 17 Apr - 2024
စစ်ကောင်စီဂိတ်မှာ သွားလာတဲ့သူတစ်ချို့ကို စစ်ကောင်စီတပ်သားတွေက ဧပြီ ၁၆ ရက်မှာ သေနတ်ထောက်စစ်ဆေးပြီး တစ်ဦးကို ငွေတစ်သိန်းတောင်းလို့ ပေးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၁၇

ရှမ်းပြည်တောင်ပိုင်း၊ ခိုလမ်မြို့အထွက်က စစ်ကောင်စီဂိတ်မှာ သွားလာတဲ့သူတစ်ချို့ကို စစ်ကောင်စီတပ်သားတွေက ဧပြီ ၁၆ ရက်မှာ သေနတ်ထောက်စစ်ဆေးပြီး တစ်ဦးကို ငွေတစ်သိန်းတောင်းလို့ ပေးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဂိတ်မှာ ဖြတ်သွားလာတဲ့သူတွေကို ဂိတ်ကြေးပေးဆောင်တာတွေရှိပြီး အခုလိုငွေညစ်တာလဲ မကြာခဏကြုံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ မနေ့က သင်္ကြန်အလှူသွားတာ အိမ်ကားနဲ့လူ ၅ ယောက်ပါတယ် ဂိတ်ကြေးပေးတာ မယူဘူးတဲ့။ သေနတ်နဲ့ထောက်ပြီး တစ်ယောက်တစ်သိန်းမပေးရင် မသွားရဘူးတဲ့။ တစ်ခြားဖြတ်တဲ့ကားတွေ စစ်တယ် ပိုက်ဆံတောင်းတယ်၊ လွတ်ပေးတယ်၊ ကျွန်တော်ကံပဲပြောရမှာလား ၄ သိန်းနဲ့ညှိပြီး လာရတယ်” လို့ မဲခေါင် ကိုပြောပါတယ်။

ခိုလမ်မြို့နဲ့ မိုင်းနောင်မြို့ကြားမှာလည်း စစ်ကောင်စီတပ်ဖွဲ့က လမ်းကြီးတွေမှာ မကြာခဏ စစ်ဆေးမှုတွေပြုလုပ်ပြီး ဖြတ်သွားလာတဲ့ ကားနဲ့ဆိုင်ကယ်တွေကို သေနတ်ထောက် ငွေညစ်ကြတယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီ့ခိုလမ်မြို့ စစ်ကောင်စီဂိတ်မှာ ဂိတ်ကြေးကို တစ်သောင်းအထက်ပေးဆောင်ရတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။

“ ပိုက်ဆံတောင်းတာလည်း စည်းကမ်းမရှိဘူး။ သူတို့ပိုက်ဆံမရှိတဲ့အချိန်ဆို ကားတစ်စီးကို ၅ သောင်းပေးရတယ်၊ တခါတစ်လေ ခရီးသည်တွေကို မှတ်ပုံတင်စစ်တယ်၊ မပါတဲ့သူတွေကို တစ်သိန်း ၅ သောင်း ထက်ပေးရတယ်။ ပုံမှန်ဆို တစ်သောင်းပဲပေးရတယ် “ လို့ မဲခေါင်ကိုပြောပါတယ်။

ရှမ်းတောင်နဲ့ ရှမ်းမြောက်နယ်စပ်ဖြစ်တဲ့ ကျေးသီးမြို့နဲ့ မိုင်းရယ်မြို့ ကြားက စစ်ကောင်စီဂိတ်မှာလည်း ဂိတ်ကြေးအများပေးဆောင်ရတယ်လို့ သူကဆက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီအုပ်ချုပ်ထားနိုင်တဲ့ မြို့နယ်အလိုက် စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ထားပြီး စစ်ဆေးမှုတွေ ဂိတ်ကြေးတွေ ပေးဆောင်နေရပါတယ်။

MK 011

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆင်ဘို ခလရ – ၁၄၁ စစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဧရာဝတီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ၁၄ မိုင်ခန့်အကွာမှာ ရှိတဲ့ ဆင်ဘိုမြို့ အနီးက စစ်ကောင်စီ ခလရ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်က ရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် စစ်မှုထမ်းဖို့ လူသစ်စု

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ မက်ကျန်ပြည်သူ့စစ် အဖွဲ့တွေဟာ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းပြီး ပအိုဝ်းပြည်သူ့စစ် စစ်ဆေးရေးဂိတ်နဲ့ပူးပေါင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်မှာ စစ်အာဏာသိမ်း ကာလကတည်းက အထိုင်ချထားတဲ့ ကံကြီး-သံလမ်း စစ်ဆေးရေးဂိတ်ကို အပြီးတိုင်ဖျက်သိမ်းလိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် တစ်အိမ်ကို ငွေကျပ် ၄၀,၀၀၀ နီးပါး ကောက်ယူနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်မှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တစ်အိမ်ကို ငွေကျပ် ၃၆,၅၀၀ ကျပ် ကောက်ယူနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီးမော့ဆိုက စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ မိုးကာလိုအပ်နေ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ရှောင်‌နေရတဲ့ စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ မိုးကာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ဧပြီလ ၂၈ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် သဘက်ချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ကျေးရွာက သဘက်ချောင်းတံတားဟာ ဧပြီလ ၂၇ရက်ညပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် တစ်အိမ်ကို ငွေကျပ် ၄၀,၀၀၀ နီးပါး ကောက်ယူနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်မှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တစ်အိမ်ကို ငွေကျပ် ၃၆,၅၀၀ ကျပ် ကောက်ယူနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သရက်ကုန်းရွာ တိုက်ပွဲ စစ်ကောင်စီ ၅၉ ဦး သေပြီး ၄၀ ခန့် ဒဏ်ရာရ

မန္တလေး PDF (MDY-PDF) တို့က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး၀န်ကြီးဌာနက ဒီနေ့ ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now