မဲခေါင်၊ ဖေဖော်ဝါရီ ၂၀
ရုရှားစစ်တပ်က ရဟတ်ယာဉ်မောင်း မက္ကဆင်ကက်ဇ်မီနော့ဗ်ဟာ ဩဂုတ်လက ရုရှားတပ်ပိုင် ပေါင် ၁၅ သန်းတန် Mi-8 ကျည်ကာရဟတ်ယာဉ်ကို မောင်းပြေးပြီး ယူကရိန်းနိုင်ငံ ခါကိဗ်မြို့ လေဆိပ်ကို ဆင်းသက်ဘက်ပြောင်းခဲ့ရာ က ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ စပိန်နိုင်ငံထဲ သေနတ်နဲ့ ပစ်သတ်လုပ်ကြံခံလိုက်ရပါတယ်။
ကက်ဇ်မီနော့ဗ်ဟာ ပူတင်ရဲ့ လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်တဲ့ ယူကရိန်းကျူးကျော်စစ်ကို မုန်းတီးပြီး ဝင်မပါချင် လို့ ယူကရိန်းတပ်ဘက် ဆက်သွယ်ပြီး ဘက်ပြောင်းခိုလှုံကာ ဇနီးနဲ့သမီးက ယူကရိန်းနိုင်ငံထဲမှာပဲရှိပြီး သူကတော့ စပိန်နိုင်ငံ ဗလန်စီယာမြို့တောင်ပိုင်း ဗီလာဂျိုရိုဆာကမ်းခြေမြို့ ကားပါကင်ဂိုထောင်ထဲမှာ သေနတ်နဲ့ပစ်သတ်ခံ ထားရတာတွေ့ရှိရတာပဲဖြစ်ပါတယ်။
တရားခံဘယ်သူမှန်း အတိအကျမသိရသေးပေမယ့် ပူတင်ရဲ့ GRU စစ်ထောက်လှမ်းရေးအေးဂျင့်အဖွဲ့က ကက်ဇ်မီနော့ဗ်ဟာ ယူကရိန်းထံကနေ ဆုကြေး ပေါင် ၄၀၀၀၀၀ ယူပြီး ရဟတ်ယာဉ် ပေါ်ပါလာတဲ့ ရဲဘော်နှစ်ဦးကိုပါ သူဦးဆောင်တဲ့နောက်မလိုက်လို့ ပစ်သတ်ခဲ့တယ်လို့ စွပ်စွဲ ထားပြီး သုတ်သင် ရှင်းလင်းရမယ့် အမျိုးသားသစ္စာဖောက်ဆိုပြီး ကြေညာခဲ့တဲ့အတွက် ရုရှားရဲ့ လုပ်ကြံမှု ခံရတာသာဖြစ်နိုင်တယ် လို့ သုံးသပ်နေကြပါတယ်။
ရုရှားအစိုးရပိုင်မီဒီယာကတော့ ကက်ဇ်မီနော့ဗ်သေဆုံး ခြင်းဟာ ယူကရိန်းဘက်က သူတို့အတွက် အကျိုးမပြုတော့လို့ လက်စဖျောက်လိုက်တာဖြစ်တယ်ဆိုပြီး ဝါဒ ဖြန်ဖော်ပြခဲ့ပါတယ်။
Ref:Thesun
MKF-001