ကမ္ဘာ့သတင်း

ဟားမက်စ်ကို စစ်တပ်လို့သုံးနှုန်းခဲ့တဲ့ သတင်းထောက် ၇ ယောက်ကို စုံစမ်းအရေးယူမယ်လို့ ဘီဘီစီထုတ်ပြန်

မဲခေါင် 16 Oct - 2023
ဟားမက်စ်ကို အကြမ်းဖက်အဖွဲ့လို့ မသုံးနှုန်းဘဲ စစ်တပ်လို့သာ သုံးနှုန်းတဲ့ သတင်းထောက် ၇ ယောက်ကို ဘီဘီစီ သတင်းဌာနက အားချင်း စုံစမ်းအရေးယူသွားမယ်လို့ အောက်တိုဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၆

ဟားမက်စ်ကို အကြမ်းဖက်အဖွဲ့လို့ မသုံးနှုန်းဘဲ စစ်တပ်လို့သာ သုံးနှုန်းတဲ့ သတင်းထောက် ၇ ယောက်ကို ဘီဘီစီ သတင်းဌာနက အားချင်း စုံစမ်းအရေးယူသွားမယ်လို့ အောက်တိုဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးတောင်ပိုင်းကို ဝင်တိုက်ခိုက်ခဲ့တဲ့ ဟားမက်စ်အဖွဲ့ကြောင့် အရပ်သား ၁၄၀၀ ကျော် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရပြီး အယောက် ၁၅၀ ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဗြိတိန်ရဲ့ ကန်တာဘာရီနယ်မြေ ခရစ်ယာန်ဂိုဏ်းချုပ်ဟောင်း လော့ဒ်ကာရေက အစိုးရတစ်စိတ်တစ်ပိုင်း ကိုယ်စား ပြု ဘီဘီစီဟာ ဟားမက်စ်ကို နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်သတ်မှတ်ကြောင်း ကြေ ညာထားပါလျှက် ဘီဘီစီဟာ ဟားမက်စ်စစ်တပ်လို့သာ သုံးနှုန်းနေတာ အလွန်ရှက်စရာကောင်းကြောင်း ဝေဖန် ပြောဆိုသွားပါတယ်။

ဘီဘီစီရဲ့ အာရဘီသတင်းထောက် ဆယ်လီနာဘီအပြင် တခြား သတင်းထောက် ၆ ယောက်ဟာ ဒီကာလမှာ ဟားမက်စ်ကိုထောက်ခံပြီး အစ္စရေးကိုဆန့်ကျင်တဲ့ လူမှုကွန်ရက် မှတ်ချက်တွေ၊ သဘောထားတွေကို တင်နေခဲ့လို့ လည်း ဘီဘီစီက အားချင်း စုံစမ်းပြီး အပြစ်ပေးသွားမယ်လို့ ထုတ်ပြန်လိုက်ရပါတယ်။

ဟားမက်စ်ဘက်က အစ္စရေးကိုကျူးကျော်ပြီး လူအစုလိုက်အပြုံလိုက်သတ်ကာ ကားပေါ် ဆွဲတင်ပြန်ပေးဆွဲနေတဲ့ ဗီဒီယိုမှာ ဘီဘီစီ သတင်းထောက်တစ်ယောက်က ဟားမက်စ်တွေကို လွတ်လမ်းရေးတိုက်ပွဲဝင်သူများလို့ မှတ်ချက်ရေးခဲ့သလို နောက်တစ်ဦးက မျှော်လင့်ချက်မနက်ရောင်ချည်လို့ ရေးသားခဲ့ပါတယ်။

ဟားမက်စ်ဘက် ယိမ်းပြီးဘက်လိုက်တဲ့ လူမှုကွန်ရက်မှတ်ချက်ရေးတဲ့ ဘီဘီစီသတင်းထောက် ၇ ယောက်ဟာ မာမွတ်ရှယ်လိုက်ဘ်၊ ဆယ်လ်မာခက်တက်ဘ်၊ အာယာဟော့ဆန်၊ ဆယ်လီနာဘီ၊ ဆန်နာခါအိုရီ၊ နာဒါအဘဒယ် ဆမတ်နဲ့ အီဂျစ်အားကစးပိုင်း သတင်းထောက် အေမာဖီကာရီတို့ဖြစ်ပါတယ်။

ဒီအာရပ်ပိုင်း သတင်းထောက်တွေ ထဲက တစ်ယောက်ဟာ ဟားမက်စ်တွေ အဖွားဖြစ်သူကို ပြန်ပေးဆွဲသွားလို့ ဝမ်းနည်းငိုကြွေးနေတဲ့ အမျိုးသမီးတစ်ဦး ဗီဒီယိုမှာ နင်အမွေတောင်းလိုက်ပေါ့လို့ ရေးသားခဲ့မှုလည်း ရှိတာကြောင့် ဗြိတိန် လွှတ်တော်အမတ်တွေဟာ ဘီဘီစီအပေါ် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်နေကြပါတယ်။

Ref: thesun
MKF-001

#MeKongNews

#ဟားမက်စ်

#အစ္စရေး

#ဘီဘီစီ

#စစ်တပ်

#အကြမ်းဖက်အဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now