မဲခေါင်၊ ဧပြီ ၁၈
ဧပြီ ၁၈ ရက်နေ့မှာ အီရန်ဟာ အမျိုးသားတပ်မတော်နေ့အခမ်းအနား စစ်ရေးချီတက်ပြသမှုကို ပြုလုပ်ခဲ့ရာမှာ လုံခြုံရေးတင်းကြပ်ခဲ့ပြီး လက်နက်အင်အားတွေကိုတော့ တိုးမြှင့်ပြသခဲ့ပါတယ်။
အစ္စရေးကို ဆီးရီးယား ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရပြီး စစ်ဗိုလ်ချုပ် ၃ ယောက် သေဆုံးခဲ့မှုအတွက် လက်စား ချေမှုအဖြစ် ဒုံးကျည်နဲ့ ဒရုန်း ၂၀၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ရေးတင်းမာနေချိန် ဖြစ်တာကြောင့် တပ်မတော်နေ့ စစ်ရေးပြသမှုမျာ နိုင်ငံခေါင်းဆောင် အလီခါမီနီအပါ ထိပ်တန်း ခေါင်းဆောင်တွေ တက်ရောက်လို့ လုံခြုံရေးတင်းကြပ်ခဲ့ပါတယ်။
ရိုက်ကူးရေးအဖွဲ့တွေကိုလည်း အနည်းငယ်သာထားရှိပြီး တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ခွင့်ကိုပါ ပိတ်ပင်လို့ စစ်ရေးပြချီတက်မှုတွေ၊ နောက်ဆုံးပေါ် ဒရုန်းတွေ၊ ဒုံးကျည်တွေကိုတော့ တိုးမြှင့်ပြသခဲ့တယ်လို့ သိရပါတယ်။
အီရန်နိုင်ငံဟာ တခြားနိုင်ငံနဲ့မတူညီဘဲ တပ်မတော်နေ့ကို တစ်နှစ်နှစ်ကြိမ်အဖြစ် ဧပြီနဲ့ စက်တင်ဘာလတွေမှာ ကျင်းပလေ့ရှိပါတယ်။
Ref:CGTN
MKF-001